• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လက်ပံတောင်းသို့ ပစ္စည်းပို့သည့် ကားသမား ၇ ဦး၌ ကိုဗစ်ပိုးတွေ့

by လဲ့လဲ့
2 October 2020
in သတင်း
A A
ဖေဖေါ်ဝါရီလက လက်ပံတောင်းရှိ မြန်မာ – ယန်စီကြေးနီစီမံကိန်း လုပ်ငန်းခွင်မှ တရုတ်နိုင်ငံသားအချို့ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံရသည်ဆိုသည့် သတင်းကြောင့် ကျန်းမာရေးအဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ လာရောက် စစ်ဆေးစဉ်  /  ကိုနိုင်ဖြိုး  /  မုံရွာ

ဖေဖေါ်ဝါရီလက လက်ပံတောင်းရှိ မြန်မာ – ယန်စီကြေးနီစီမံကိန်း လုပ်ငန်းခွင်မှ တရုတ်နိုင်ငံသားအချို့ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံရသည်ဆိုသည့် သတင်းကြောင့် ကျန်းမာရေးအဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ လာရောက် စစ်ဆေးစဉ် / ကိုနိုင်ဖြိုး / မုံရွာ

15.4k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် အနောက်ဘက် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ရှိ မြန်မာ- ယန်စီ ကြေးနီ စီမံကိန်း သို့ ရန်ကုန်မှ သွားကာ ပစ္စည်းပို့သည့် ကားသမား ၇ ဦးတွင် ကိုဗစ်ရောဂါပိုး တွေ့ရှိကြောင်း သတင်းရရှိသည်။

ထိုသို့ရောဂါပိုး တွေ့ရှိခဲ့သည့်အတွက် ၎င်းကားများကို စစ်ဆေးခဲ့သည့် စည်ပင်ဝန်ကြီး ဦးမြင့်ကြည် အပါအဝင် စစ်ကိုင်း တိုင်း အစိုးရအဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများအပြင် ၎င်းတို့နှင့် ထိတွေ့ ဆက်စပ်ခဲ့သည့် ထမင်းဆိုင်မှ ဝန်ထမ်းများ အပါအဝင် စုစုပေါင်း လူ ၂၃ ဦးခန့်ကို အသွားအလာကန့်သတ် (Quarantine) ထားသည်ဟု သိရသည်။

စစ်ကိုင်းတိုင်း စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က“ဝမ်ပေါင်မှာ အက်ဆစ်ပို့တဲ့ ရန်ကုန်ကနေ လာတဲ့ကား ၁၄ စီး မုံရွာမှာ ကားရပ်နားနေတာ တွေ့တော့ ကျနော်တို့မှာ အဝေးပြေးကားတွေ လမ်းမရပ်ရဘူးဆိုတာ ရှိတော့ အဲဒါကြောင့် ဝန်ကြီးချုပ် တာဝန်ပေးချက် အရ သွားပြီး စစ်ဆေးတဲ့အခါ ရန်ကုန်က လာတဲ့ကားတွေ ဖြစ်နေတယ်။ အဲဒီကားသမားအဖွဲ့ ၂၇ ယောက်မှာ ၇ ယောက်မှာ ပိုးတွေ့တာ”ဟု ဧရာဝတီသို့ ပြောသည်။

လက်ပံတောင်းကြေးနီစီမံကိန်းသို့ ပစ္စည်းလာပို့သည့် ကုန်တင်တွဲကား ၁၄ စီးသည် ချင်းတွင်း တံတားအနီးတွင် ရပ်တန့် ထား သဖြင့် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့၊ ရဲတပ်ဖွဲ့မှူးများနှင့် အုပ်ချုပ်ရေးမှူးများက စစ်ကိုင်းတိုင်းဝန်ကြီးချုပ်၏ ညွှန်ကြားချက် အရ စက်တင်ဘာ ၂၆ ရက်က သွားရောက်စစ်ဆေးမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထိုတွဲကားများကို စစ်ဆေးမေးမြန်းပြီးနောက် ကားများကို ဝမ်ပေါင်ကားဝင်းအတွင်းသို့ ထားကာ ကားမောင်းသမားများ ကို အိုးဘိုတောင်စာသင်ကျောင်းတွင် အသွားအလာကန့်သတ်၍ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ရာမှ ကားသမား ၂၇ ဦး အနက် ၇ ဦးတွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ပြီး အောက်တိုဘာ ၁ရက်၊ ညပိုင်းက ကျန်းမာရေးဝန်ကြီးဌာန၏ အတည်ပြု လူနာသစ် ထုတ်ပြန်ချက်တွင် ၎င်းတု့ိလည်း ပါဝင်သည်။

ဝန်ကြီး ဦးမြင့်ကြည်က“ကျနော်တို့က ဖြစ်နိုင်ခြေက နည်းပါတယ်။ စပြီး ကျနော်တို့ သွားပြီး စိစစ်ကတည်းက ကားသမား တွေနဲ့ နီးစပ်မှု မရှိဘူးလေ။ ၆ ပေလောက်ခွာပြီး စီမံခန့်ခွဲတာ၊ မေးတာ မြန်းတာလောက်ပါပဲ။ ဘာပဲ ဖြစ်ဖြစ် စိတ်ချရ အောင်လို့။ နောက်ပြီး ကျနော်တို့ကိုယ်တိုင်က ကိုဗစ်ဥပဒေကိုလေးစားလိုက်နာတဲ့အနေနဲ့ ကွာရန်တင်း ဝင်လိုက်တာပါ”ဟု ဆိုသည်။

ဝမ်ပေါင်စီမံကိန်းအတွင်း တရုတ်လုပ်ငန်းရှင်၊ ကျွမ်းကျင်လုပ်သားများ မည်မျှရှိပြီး ၎င်းတို့ကို ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ရန် ရှိ၊ မရှိ ဝန်ကြီးအား ဧရာဝတီမှ မေးမြန်းသည့်အခါ ၎င်းက မသိပါဟုသာ ဖြေကြားခဲ့သည်။

မုံရွာမြို့နယ် ကိုဗစ်ကာကွယ် ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌလည်းဖြစ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးလည်းဖြစ်သည့် ဦးခင်မောင် စိုး က ၎င်းတို့နယ်မြေနှင့် ဝေးသောကြောင့် တရုတ်ဝန်ထမ်းအင်အား မည်မျှရှိသည်ကို မသိရှိပါဟု ပြောသည်။

နယ်မြေဖြတ်ကျော်လာပြီး ဟိုင်းဝေးကားများ လမ်းဘေး မရပ်ရ ဆိုသည့် ဥပဒေကို ချိုးဖောက်ခြင်းကြောင့် ကား သမားများ အား အရေးယူရန် ရှိ၊ မရှိမေးမြန်းသည်အပေါ် ဦးခင်မောင်စိုးက“ကုန်လမ်းပို့ဆောင်ရေးက ထုတ်ထားတာက ဒီကားတွေ ကျတော့ သွားခွင့်ပြုတယ်။ သူတို့က ကုန်ကားတွေဖြစ်နေတယ်။ သူတို့ကကျတော့ ကုန်စည် စီးဆင်းမှု မပြတ်ဖို့အတွက် သွားလာခွင့်ရှိတယ် ဆိုတဲ့ ညွန်ကြားချက်ရှိတယ်။ သူတို့ကားနဲ့သက်ဆိုင်တာတွေ ကတော့ အကုန်ပါလာပြီးသားပါ”ဟု ရှင်းပြသည်။

မုံရွာမြို့တွင် အောက်တိုဘာလ ၂ရက်အထိ ကိုဗစ်အတည်ပြုလူနာစုစုပေါင်း ၁၁ ဦးရှိပြီး Quarantine စင်တာပေါင်း ၃၆ ခုတွင် Quarantine ဝင်နေသူ စုစုပေါင်း၂၂၀ ဦးရှိသည်ဟု မုံရွာကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ကော်မတီထံမှ သိရသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
292
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
20
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
42

You may also like these stories:

ကိုရိုနာဗိုင်းရပ်စ်ကောလာဟလကြောင့် ယန်စီကြေးနီစီမံကိန်းလုပ်သားများ လုပ်ငန်းခွင် ရပ်ဆိုင်း

Your Thoughts …
Tags: လက်ပံတောင်း ကြေးနီစီမံကိန်းဝမ်ပေါင်
လဲ့လဲ့

လဲ့လဲ့

ဧရာဝတီ

Similar Picks:

စစ်ကောင်စီက တရုတ်ထံမှ ဒေါ်လာဘီလီယံချီ အထောက်အပံ့ရနေ

စစ်ကောင်စီက တရုတ်ထံမှ ဒေါ်လာဘီလီယံချီ အထောက်အပံ့ရနေ

by ဧရာဝတီ
25 August 2023
6.1k

တရုတ် ရင်းနှီးမြှုပ်နှံမှုသည် မြန်မာမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၂၃ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး အများစုသည် လျှပ်စစ်စွမ်းအင်ကဏ္ဍတွင် ဖြစ်ကြောင်း ၎င်းကပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ဒုက္ခသမိုင်း

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ဒုက္ခသမိုင်း

by မောင်ကဝိ
24 October 2024
2.7k

ပထမအကြိမ် တိုက်ခိုက်မှုဟာ လွန်ခဲ့တဲ့ ၅၇ နှစ်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ရန်ကုန်မြို့ရှိ တရုတ်သံရုံးကို ၁၉၆၇ ခုနှစ်က တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းအတွင်း တိုက်ခိုက်တာ ဖြစ်ပါတယ်။

တရုတ်သတ္တုမိုင်းများ စစ်ကောင်စီ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးနေ

တရုတ်သတ္တုမိုင်းများ စစ်ကောင်စီ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးနေ

by ယုဇန
27 September 2023
1.8k

"နေအိမ်စွန့်ခွာထွက်ပြေးရတာ ဘယ်နှစ်ကြိမ်ရှိလဲဆိုတာ မမှတ်မိတော့ဘူး" ဟု ဦးမြင့်လွင်က ဧရာဝတီသတင်း ဌာနသို့ ပြောသည်။

သွေးစွန်းနေတဲ့ လက်ပံတောင်းတောင်က ကြေးနီ (ရုပ်/သံ)

သွေးစွန်းနေတဲ့ လက်ပံတောင်းတောင်က ကြေးနီ (ရုပ်/သံ)

by ဧရာဝတီ
11 November 2025
30

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စကတည်းက သံဃာတော်များ မီးလောင်ဗုံးဖြင့် ပစ်ခတ်ခံခဲ့ရသည့်အပြင် ယခု ပြင်းထန်သည့် စစ်ပွဲကာလတွင် ပို၍ ရက်စက်ကြမ်းကြုတ်မှုများကြောင့် လက်ပံတောင်းတောင်မှထွက်သည့် ကြေးနီများအား ‘သွေးစွန်းသည့်ကြေးနီများ’ ဟု ခေါ်ဆိုရပေမည်။

လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု ပြုလုပ်နေကြသည့် ဝမ်ပေါင်ကုပ္မဏီက မြန်မာလုပ်သားများ

ဝမ်ပေါင်ကုမ္ပဏီက မြန်မာအလုပ်သမားများ အာဏာသိမ်းအစိုးရကို ဆန္ဒပြ

by ဧရာဝတီ
9 February 2021
9.7k

မြန်မာဝမ်ပေါင်ကုမ္ပဏီက မြန်မာအလုပ်သမား ၁၃၀၀ ခန့်သည် အာဏာသိမ်း တပ်မတော်အစိုးရကို ဖေဖော်ဝါရီလ ၉ တွင် စတင်ဆန္ဒပြနေပြီဖြစ်ကြောင်း ဆန္ဒပြမြန်မာဝန်ထမ်းများ ထံမှ သိရသည်။

၂၀၁၆ မေလ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြပွဲတခု / မျိုးမင်းစိုး / ဧရာဝတီ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရဲ့ နောက်ဆက်တွဲ ပြဿနာ

by သွေး (စစ်ကိုင်း)
6 March 2017
24.8k

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (Amnesty International) က ဒီစီမံကိန်းကို ရပ်ဆိုင်းပစ်သင့်တယ် လို့ တိုက်တွန်းထားပါတယ်။

Next Post
ပလက်၀မြို့နယ်ရှိ ကျေးရွာ ၃၀၀ ခန့် ဆန်ပြတ်လပ်နေ (ရုပ်/သံ)

ပလက်၀မြို့နယ်ရှိ ကျေးရွာ ၃၀၀ ခန့် ဆန်ပြတ်လပ်နေ (ရုပ်/သံ)

ဒေါ်နယ်ထရမ့်သည် လူစုလူဝေးဖြင့် မဲဆွယ်ဟောပြောပွဲများ လုပ်သော်လည်း အများအားဖြင့် နှာခေါင်းစည်း မတပ်ပေ / Getty Images 

အသက်အရွယ်ကြောင့် ဒေါ်နယ်ထရမ့် အန္တရာယ်ရှိနိုင်လား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved