• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Coronavirus Update

အသက်အရွယ်ကြောင့် ဒေါ်နယ်ထရမ့် အန္တရာယ်ရှိနိုင်လား

by ဧရာဝတီ
2 October 2020
in Coronavirus Update
A A
ဒေါ်နယ်ထရမ့်သည် လူစုလူဝေးဖြင့် မဲဆွယ်ဟောပြောပွဲများ လုပ်သော်လည်း အများအားဖြင့် နှာခေါင်းစည်း မတပ်ပေ / Getty Images 

ဒေါ်နယ်ထရမ့်သည် လူစုလူဝေးဖြင့် မဲဆွယ်ဟောပြောပွဲများ လုပ်သော်လည်း အများအားဖြင့် နှာခေါင်းစည်း မတပ်ပေ / Getty Images 

13k
VIEWS
Share on FacebookShare on Twitter

ကိုရိုနာဗိုင်းရပ်စ်သည် လူတဦးချင်းစီကို မည်သို့ထိခိုက်စေမည်ကို ခန့်မှန်းရသည်မှာ အန္တရာယ်များလှသည်။

သို့သော် ထင်ရှားသည့် အန္တရာယ်ရှိစေသော အချက်များရှိနေသည်။ အသက်ကြီးလေလေ ကိုရိုနာဗိုင်းရပ်စ်က အသက်အန္တရာယ်ကို ခြိမ်းခြောက်လေလေပင် ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုမှ အသက် ၆၄ နှစ်နှင့် ၇၄ နှစ်ကြား ကိုဗစ်ကူးစက်ခံရသူများသည် အသက် ၂၀ အရွယ် လူငယ်များထက် ဆေးရုံတွင် ကုသမှုခံယူရန် လိုအပ်နိုင်ခြေ ၅ ဆ ပိုမိုမြင့်မားပြီး အသက်ဆုံးရှုံးနိုင်ခြေ အဆ ၉၀ ပိုမိုများပြားသည်။

ကိုဗစ်-၁၉ ကြောင့်သေဆုံးသူ ၁၀ ဦးလျှင် ၈ ဦးသည် အသက် ၆၅ နှစ်အထက်များဖြစ်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးဌာနက ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ်သည် အမျိုးသားများနှင့် အဝလွန်သူများကို ပိုမိုဆိုးရွားစွာထိခိုက်စေသည်ဟုလည်း ဆိုသည်။

ဤသည်မှာ အမေရိကန် တနိုင်ငံလုံးတွင်ဖြစ်နေသည့် အခြေအနေတရပ်လုံးကို ခြုံကြည့်ခြင်းသာဖြစ်ပြီး အမေရိကန်သမ္မတ မည်သို့ဖြစ်မည်ကို ပြောဆိုခြင်း မဟုတ်ပေ။

ဤသည်မှာ အမေရိကန် တနိုင်ငံလုံးတွင်ဖြစ်နေသည့် အခြေအနေတရပ်လုံးကို ခြုံကြည့်ခြင်းသာဖြစ်ပြီး အမေရိကန်သမ္မတ မည်သို့ဖြစ်မည်ကို ပြောဆိုခြင်း မဟုတ်ပေ။

အသက် ၇၄ နှစ်ရှိပြီးဖြစ်သော လူနှစ်ဦးကြားတွင်ပင် အခြေအနေ လွန်စွာ ကွဲပြားနေနိုင်ပြီး အခြားသော ကျန်းမာရေး အခြေအနေများကြောင့်လည်း ဗိုင်းရပ်စ်ကြောင့်ဖြစ်နိုင်သည့် အန္တရာယ်သည် အကြီးအကျယ် ကွဲပြားနိုင်သည်။

ဒေါ်နယ်ထရမ့်တွင် ရောဂါလက္ခဏာ ပြမပြကို မိမိတို့မသိရသေးပေ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဇနီးသည်တို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည် ဟု သမ္မတ ထရမ့်၏ Twitter စာမျက်နှာပေါ် အတည်ပြုရေးသားခဲ့သည်။

ယင်းသည် သမ္မတ ထရမ့်၏ ယုံကြည် စိတ်ချရဆုံးသူ တဦးဖြစ်သူ Hope Hicks တွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိရကြောင်း သတင်းများ ထွက်ပေါ်လာပြီး သမ္မတ ထရမ့်နှင့် ဇနီးသည်တို့ ကွာရန်တင်း ဝင်ကာ ပိုးရှိ မရှိ စစ်ဆေးခဲ့အပြီး ဖြစ်သည်။

ရွေးကောက်ပွဲအပေါ်မည်သို့သက်ရောက်မည်နည်း

“ဒီရောဂါက သက်ကြီးရွယ်အိုတွေနဲ့နှလုံးရောဂါရှိသူတွေကလွဲလို့ ဘယ်သူ့ကိုမှ မထိခိုက်စေသလောက်ပဲမို့ စိတ်မပူပါနဲ့” ဟု အမေရိကန်များကို ပြောကြားပြီး တပတ်အကြာ ထရမ့်ကိုယ်တိုင် ဗိုင်းရပ်စ် ကူးစက်ခံရခြင်းဖြစ်သည်။

ရွေးကောက်ပွဲမတိုင်မီ ၃၂ ရက်အလိုတွင် ထိုသို့ ရောဂါကူးစက်ခံရခြင်းသည် မည်မျှ တုန်လှုပ်စရာကောင်းသည်ကို အတိအကျ အလွန်အကျွံပြောရန် ခက်သည်။

သမ္မတသည် ကုသမှုခံယူရန် သီးခြားနေရမည်ဖြစ်သည်။ မဲဆွယ်ပွဲများ ပိတ်လိုက်ရသည်။ လာမည့် နှစ်ပတ်တွင် ကျင်းပမည့် သမ္မတလောင်း စကားစစ်ထိုးပွဲသည်လည်း မရေမရာဖြစ်သွားသည်။

ဗိုင်းရပ်စ်ပိုးကူးစက်မှုကို ကိုင်တွယ်ကာ နိုင်ငံသည် တဆစ်ချိုးပြောင်းလဲမည် ဟူသည့် သမ္မတက ထပ်ခါထပ်ခါပေးနေသည့် သတင်းစကားမှာ သူ့ကို ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ထိခိုက်သွားသည်။

ဗိုင်းရပ်စ်ပိုးကူးစက်မှုကို ကိုင်တွယ်ကာ နိုင်ငံသည် တဆစ်ချိုးပြောင်းလဲမည် ဟူသည့် သမ္မတက ထပ်ခါထပ်ခါပေးနေသည့် သတင်းစကားမှာ သူ့ကို ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ထိခိုက်သွားသည်။

ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒင်သည် မကြာခဏ နှာခေါင်းစည်းမျက်နှာဖုံးဝတ်ပြီး သူကဲ့သို့ကြီးမားသည့် လူစုလူဝေးဖြင့် မဲဆွယ်ပွဲ မကျင်းပသောကြောင့် ပထမအကြိမ် သမ္မတလောင်း စကားစစ်ထိုးပွဲပြုလုပ်သည့် လွန်ခဲ့သော နှစ်ရက်ကပင် ထရမ့်က ချိုးနှိမ်ခဲ့သေးသည်။

သမ္မတသည် သူ့ကိုယ်သူကာကွယ်ရန် အတွက် ယခုကဲ့သို့ မည်သည့်အတွက် ပေါ့ဆသည့် သဘောထားရှိနေသည်နှင့် အိမ်ဖြူတော်နှင့် အမေရိကန်အစိုးရထိပ်တန်းအရာရှိ မည်မျှကို ထိခိုက်စေမည်ကို အိမ်ဖြူတော်နှင့် မဲဆွယ်ပွဲအဖွဲ့က ဖြေကြားရတော့မည်ဖြစ်သည်။

အမျိုးသားရေး အကျပ်အတည်းဖြစ်နေချိန်တိုင်း အမေရိကန်ပြည်သူများသည် သမ္မတကို စုရုံးထောက်ခံလေ့ရှိသည်။ သို့သော် ထိုသို့ ထရမ့်အား တခဲနက် ထောက်ခံ မထောက်ခံမှာ နောက်ဆက်တွဲ မေးရန် ရှိနေသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
423
ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
64
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
505

အိမ်ဖြူတော်တွင် အခြား ကူးစက်မှုများ ရှိခဲ့သလား

ဒုတိယသမ္မတ မိုက်ပန့်စ်၏ ပြန်ကြားရေးအတွင်းရေးမှူး ကက်တီ မေးလားသည် မေလက ကိုဗစ် ကူးစက်ခံရပြီးနောက် ပြန်လည်ကောင်းမွန်လာသည်။

ထိုလတွင်ပင် ထရမ့်၏ကိုယ်ရေးကိုယ်တာများကိုလုပ်ဆောင်ပေးရသော အမေရိကန် ရေတပ်တပ်ဖွဲ့ဝင်တဦးကို ကိုဗစ်ကူးစက်သည်။

သမ္မတရော ဒုတိယသမ္မတကိုပါ ကူးစက်ခြင်းမရှိကြောင်း အိမ်ဖြူတော်က ထိုစဉ်ကပြောသည်။

အမျိုးသားလုံခြုံရေး အကြံပေး ရောဘတ် အိုဘရိုင်ယန်၊ လှို့ဝှက်ထောက်လှမ်းရေး အများအပြား၊ မရိန်း တပ်ဖွဲ့ဝင်တဦး၊ လေယာဉ်မှူတဦးနှင့် အိမ်ဖြူတော် အစားအသောက်ဝန်ထမ်းတဦးတို့ကိုလည်း ကူးစက်ခဲ့သည်။

အိမ်ဖြူတော်သည် သမ္မတ၏ လက်ထောက်များနှင့် သမ္မတနှင့် ထိတွေ့နေသူများကို နေ့စဉ် ဗိုင်းရပ်စ်စစ်ဆေးသည်။

ကိုးကား။ ။ BBC

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဇနီးသည်တို့ COVID-19 ကူးစက်ခံရ

အမေရိကန်မှာ COVID-19 ကူးစက်ခံရသူ ၇ သန်း ကျော်ပြီ

ကမ္ဘာတဝှမ်း COVID-19 ကြောင့် သေဆုံးသူ ၁ သန်းကျော်ပြီ

Your Thoughts …
Tags: ဒေါ်နယ်ထရမ့်ရောဂါထိန်းချုပ်ရေးဌာနရွေးကောက်ပွဲအမေရိကန် သမ္မတအိမ်ဖြူတော်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
၂၀၁၅ ရွေးကောက်ပွဲတွင် မဲလာပေးသူတဦး / ဧရာဝတီ

ကိုဗစ် အကျပ်အတည်းကြား မဲပေးရမည့် စည်းကမ်းများ UEC ကြေညာ

Beauty Blogger ဝင်းမင်းသန်း  / ဧရာဝတီ

အမျိုးသမီးတွေကို စော်ကားလာရင် အရင့်သီးဆုံး တုံ့ပြန်တယ်လို့ ဝင်းမင်းသန်း ပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved