• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Coronavirus Update

ကမ္ဘာတဝှမ်း COVID-19 ကြောင့် သေဆုံးသူ ၁ သန်းကျော်ပြီ

by Aurora
29 September 2020
in Coronavirus Update
A A
COVID-19 ကပ်ရောဂါကြီး စတင်ကူးစက်လာချိန် ၉ လအတွင်းမှာ သေဆုံးသူ အရေအတွက်ဟာ ၁ သန်းကျော်သွားပြီ ဖြစ်ပါတယ်။

COVID-19 ကပ်ရောဂါကြီး စတင်ကူးစက်လာချိန် ၉ လအတွင်းမှာ သေဆုံးသူ အရေအတွက်ဟာ ၁ သန်းကျော်သွားပြီ ဖြစ်ပါတယ်။

3.3k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာပေါ်မှာ COVID-19 ကပ်ရောဂါကြီး စတင်ကူးစက်လာချိန် ၉ လအတွင်းမှာ သေဆုံးသူ အရေအတွက်ဟာ ၁ သန်းကျော်သွားပြီ ဖြစ်ပါတယ်။ အခုချိန်ထိလည်း ကမ္ဘာတဝှမ်းမှာ ကာကွယ်ဆေးကို ရှာဖွေနေဆဲဖြစ်သလို၊ ပြောင်းလဲသွားတဲ့ လူမှုဘဝပုံစံသစ်မှာ လိုက်လျောညီထွေဖြစ်အောင် နေထိုင်လာရပါတယ်။

“သေဆုံးသွားသူတွေဟာ ကိန်းဂဏန်းချည်းပဲ သက်သက် မဟုတ်ပါဘူး။ လူသားတွေပါ။ ကျနော်တို့ ချစ်ရတဲ့ လူတွေပါ” လို့ မီချီဂန်တက္ကသိုလ် ဆေးပညာဆိုင်ရာ သမိုင်းပါမောက္ခ ဒေါက်တာ Howard Markel က ဆိုပါတယ်။ ဒေါက်တာ Markel ရဲ့ အသက် ၈၄ နှစ်အရွယ် မိခင်ဖြစ်သူလည်း ဖေဖော်ဝါရီလက COVID-19 ကြောင့် အသက် ဆုံးရှုံးခဲ့ရပါတယ်။

ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ စက်တင်ဘာ ၂၈ ရက် ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်မှာ COVID-19 ကြောင့် သေဆုံး သူ ၁ သန်းကျော်သွားပါပြီ။ အဆိုပါ အရေအတွက်ဟာ ဂျေရုဆလင်မြို့နေ လူဦးရေ ဒါမှမဟုတ် တက္ကဆပ်ပြည်နယ်၊ အော်စတင်မြို့နေ လူဦးရေထက်ကို ကျော်လွန်သွားတာပါ။ ဒါ့အပြင် ၂၀၀၄ ခုနှစ်က အိန္ဒိယသမုဒ္ဒရာမှာဖြစ် ပေါ်ခဲ့တဲ့ ဆူနာမီနဲ့ ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့သူ အရေအတွက်ထက် ၄ ဆလောက် ရှိပါတယ်။

သေဆုံးသူ အရေအတွက်ဟာ ဆက်လက် မြင့်တက်နေဦးမယ်လို့ ခန့်မှန်းထားကြပါတယ်။ နေ့စဉ် COVID-19 ကြောင့် သေဆုံးသူ ပျမ်းမျှ ၅,၀၀၀ ကျော် ရှိပါတယ်။ တချို့နိုင်ငံတွေမှာ ရောဂါရှာဖွေစမ်းသပ်မှု အားနည်းတာ၊ မပြည့်စုံတာတွေကြောင့် သေဆုံးသူ ပမာဏဟာ လက်ရှိ ကိန်းဂဏန်းတွေထက် ပိုများနိုင်တယ်လို့ ဆိုပါတယ်။

အခုလို ကမ္ဘာကပ်ရောဂါကြီးကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့သူတွေထဲမှာ အိန္ဒိယနိုင်ငံက အသက် ၂၇ နှစ်အရွယ် ဒေါက်တာ Joginder Chaudhary လည်း တယောက် အပါအဝင်ပါ။ သူဟာ ဆင်းရဲသား လယ်သမားတဦးရဲ့ သားဖြစ်သလို ဖခင်ကလည်း ရွာမှာ ပထမဆုံး ဆရာဝန်ဘွဲ့ ရခဲ့တဲ့ သားအတွက် အမြဲ ဂုဏ်ယူနေသူပါ။ ကံအကြောင်း မလှစွာပဲ ဒေါက်တာ Chaudhary ဟာ ဇူလိုင်လက COVID-19 ကူးစက်ခံရပြီး သေဆုံးခဲ့ရပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
136
သဇင်ပန်း

သဇင်ပန်း

10 January 2026
147
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

အသက်ငယ်ငယ်နဲ့ သေဆုံးသွားရတဲ့ သားအတွက် ပူဆွေးဝမ်းနည်းပြီး ကျန်ရစ်ခဲ့တဲ့ မိခင်ဖြစ်သူ Premalata Chaudhary လည်း သားသေဆုံးပြီး သုံးပတ်အကြာ သြဂုတ် ၁၈ ရက်မှာ COVID-19 ကူးစက်ခံရပြီး အသက် ဆုံးရှုံးခဲ့ရပြန်ပါတယ်။ “ဒီကပ်ရောဂါဆိုးကြီးက ကျနော်တို့ရဲ့ မိသားစု ဘဝလေးကို ဖျက်ဆီးလိုက်တာပါ” လို့ ဖခင်ဖြစ်သူ Rajendra Chaudhary က ဆိုပါတယ်။

အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ COVID-19 ကူးစက်မှု ဒုတိယ အများဆုံး နေရာမှာ ရှိနေပြီး သေဆုံးသူအရေအတွက်လည်း ၉၅,၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကို ၂၀၁၉ ခုနှစ်အကုန်ပိုင်းမှာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ကြပြီးမကြာခင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာ ပထမဆုံး လူသေဆုံးခဲ့တာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက် ၁ သန်းကျော်သွားတာဟာ နှစ်စဉ် AIDS ကြောင့် သေဆုံးသူ ၆၉၀,၀၀၀ ထက်ကိုတောင် ကျော်လွန်သွားခဲ့တာပါ။ ကမ္ဘာပေါ်မှာ နှစ်စဉ် သေဆုံးသူ ၁ ဒသမ ၅ သန်း နဲ့ အများဆုံးဖြစ်နေတဲ့ တီဘီရောဂါနီးပါး ဖြစ်လာပါပြီ။

လက်ရှိအချိန်မှာ ဗြိတိန်၊ စပိန်၊ ရုရှားနဲ့ အစ္စရေးနိုင်ငံတွေမှာ ကူးစက်မှုနှုန်း ပြန်မြင့်တက်လာပါတယ်။ ကူးစက်မှု အများဆုံးဖြစ်နေတဲ့ အမေရိကန်မှာလည်း တက္ကသိုလ်တွေ ပြန်ဖွင့်ချိန်ဖြစ်တာကြောင့် ကူးစက်မှုတွေ ပိုများလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။

Ref: AP News

You may also like these stories:

အမေရိကန်မှာ ကလေး ၅ သိန်းကျော် COVID-19 ကူးစက်ခံထားရ

ကလေးတွေဆီကလည်း ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနိုင်သလား

အာဆီယံနိုင်ငံများအတွင်း ကိုဗစ် ကူးစက်မှု အခြေအနေ

Your Thoughts …
Tags: ကမ္ဘာ့ကပ်ရောဂါကမ္ဘာတဝှမ်းသေဆုံးသူ
Aurora

Aurora

Contributor

Similar Picks:

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် မိုခါမုန်တိုင်းဝင်ရောက်ပြီးနောက် ဒေသခံများက အပျက်အစီးများကို ပြန်လည်စစ်ဆေး ပြင်ဆင်နေကြစဉ်/ AFP

ဆိုင်ကလုန်း မိုခါ ကြောင့် ရခိုင်တွင် သေဆုံးသူ ၇ ဦးထိ ရှိလာ

by ဧရာဝတီ
15 May 2023
3.8k

စစ်တွေမြို့တွင် ဆေးရုံ၊ ကျောင်းနှင့် မြို့မဈေး အစရှိသည့် အထင်ကရ အဆောက်အဦးများ အပါအဝင် မြို့၏ ၉၀ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ကြောင်း မြို့ခံများထံမှ သိရပြီး လူမှုကွန်ရက် စာမျက်နှာတွင် ပြန့်နှံ့လာသော ရုပ်သံများနှင့် ဓာတ်ပုံများတွင်လည်း နေအိမ်၊...

အသက် ၂၁ နှစ် အရွယ်၊ အမေရိကန်နိုင်ငံသူ Lexie Alford

အသက် ၂၁ နှစ်အရွယ်နဲ့ ကမ္ဘာမှာ ရှိသမျှ နိုင်ငံအားလုံးကို လည်ပတ်ခဲ့တဲ့ အမျိုးသမီး

by ညီညီသူ
6 June 2019
9.2k

၂၀၁၉ ခုနှစ်၊ မေလ ၃၁ ရက်နေ့မှာ သူဟာ မြောက်ကိုရီးယား နိုင်ငံကို ခြေချနိုင်ခဲ့ပြီး ကမ္ဘာတဝှမ်း လည်ပတ်ခဲ့တဲ့ ကမ္ဘာ့အသက်အငယ်ဆုံး အမျိုးသမီးတယောက်အဖြစ် ဂင်းနစ်မှတ်တမ်းမှာ ပါဝင်လာနိုင်ခဲ့ပါတယ်။

မန္တလေးမြို့ ၈၄ လမ်းနှင့် လမ်း ၃၀ ထောင့်တွင် ကျဆုံးခဲ့သူ မိန်းကလေး/ဧရာဝတီ

ဆန္ဒပြသူ အနည်းဆုံး ၁၄ ဦး ပစ်သတ်ခံရ

by ဧရာဝတီ
3 March 2021
8.6k

ဖေဖေါ်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း သေဆုံးသူ အနည်းဆုံး ၃၆ ဦးရှိပြီဖြစ်သည်။

အာဏာရှင် ဆန့်ကျင်ရေးမှာ ပါဝင်တဲ့ အလင်းရောင်နဲ့ ခင်ဝင့်ဝါ

ပြည်သူနဲ့ တသားတည်း ဆက်လက် တိုက်ပွဲဝင်မယ့် အလင်းရောင်နဲ့ ခင်ဝင့်ဝါ

by ဧရာဝတီ
17 March 2021
8.2k

ခင်ဝင့်ဝါက “ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ပြည်သူနဲ့ တသားတည်း ဆက်လက် တိုက်ပွဲဝင်သွားမှာဖြစ်ပြီး၊ လိုအပ်သည်များကို ဆက်လက် ကူညီပံ့ပိုးသွားပါမယ်”လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ၏ National Medical Products Administration က Favilavir ဟုခေါ်သည့် ဆေးဝါးကို ပထမဆုံးသော ကုသဆေးအဖြစ် အတည်ပြုလိုက်သည်

Favilavir ကို COVID-19 ကုသဆေးအဖြစ် တရုတ် အတည်ပြု

by ဧရာဝတီ
20 March 2020
52.2k

တရုတ်နိုင်ငံက Favilavir ဟုခေါ်သည့် ဆေးဝါးကို ပထမဆုံးသော ကုသဆေးအဖြစ် အတည်ပြုလိုက်သည်

ဝူဟန်မြို့ရဲ့ အလှ

ဝူဟန်မြို့ကို ခရီးသွားတွေ လာရောက် လည်ပတ်ကြဖို့ ဖိတ်ခေါ်

by Aurora
6 December 2020
4.5k

ကမ္ဘာ့ကပ်ရောဂါကြီး စတင်ခဲ့ရာ ဗဟိုချက်ဖြစ်ခဲ့တဲ့ ဝူဟန်မြို့ဟာ ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ၇၆ ရက်ကြာ တင်းကျပ်တဲ့ Lockdown စည်းမျဉ်းက ကမ္ဘာကြီးနဲ့ အဆက်သွယ်ဖြတ်ခဲ့ပါသေးတယ်။

Next Post
SNLD ပါတီ ဥက္ကဋ္ဌ အဖြစ်မှ နုတ်ထွက်သွားသည့် ဦးခွန်ထွန်းဦး  / ဧရာဝတီ

SNLD ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ရာထူးက နှုတ်ထွက်မှုအပေါ် သူတို့အမြင်

“Avatar 2” ရုပ်ရှင်

“Avatar 2” ရုပ်ရှင် ရိုက်ကူးရေး ပြီးစီးသွားပြီလို့ ဒါရိုက်တာ James Cameron ဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved