• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Health

ကလေးတွေဆီကလည်း ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနိုင်သလား

by ဒေါက်တာသက်ဦး
18 August 2020
in Health
A A
ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိတဲ့ ကလေးတွေမှာ လူကြီးတွေထက် ပိုပြီး များတဲ့ ဗိုင်းရပ်စ်တွေကို သူတို့ရဲ့ နှာခေါင်းတွေမှာ တွေ့ရတယ်လို့ဆိုလာပြန်ပါတယ်။

ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိတဲ့ ကလေးတွေမှာ လူကြီးတွေထက် ပိုပြီး များတဲ့ ဗိုင်းရပ်စ်တွေကို သူတို့ရဲ့ နှာခေါင်းတွေမှာ တွေ့ရတယ်လို့ဆိုလာပြန်ပါတယ်။

6.6k
VIEWS
Share on FacebookShare on Twitter

ကိုဗစ် ၁၉ က သင်ခန်းစာတွေ ပေးလို့ မဆုံးသေးပါဘူး။ တကမ္ဘာလုံးလည်း စမ်းတဝါးဝါးလုပ်လိုက်၊ ဖြစ်စဉ် တခုခုတွေ့ရင် ပြန်ပြီး သတ်မှတ်ချက် တခုပြင်လိုက် နဲ့ အတောမသတ်ပါဘဲ။ အရင်တုန်းကတော့ ကလေးတွေက ပြဿနာ မကြီးလှပါဘူး ဆိုခဲ့ရာက နောက်ပိုင်း ကလေးလူနာတွေကို သုတေသနပြုရာတွေကနေ စိတ်မအေးဖြစ်လာကြပြန်ပါတယ်။

ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိတဲ့ ကလေးတွေမှာ လူကြီးတွေထက် ပိုပြီး များတဲ့ ဗိုင်းရပ်စ်တွေကို သူတို့ရဲ့ နှာခေါင်းတွေမှာ တွေ့ရတယ်လို့ဆိုလာပြန်ပါတယ်။ ဒါကနေ ကျောင်းတွေ၊ နေ့ကလေးထိန်းဌာနတွေ ပြန်ဖွင့်လှစ်ရေးကို ကူးစက်မှု ပိုများစေမယ့် အနေအထားအဖြစ် အငြင်းပွားဖွယ် ဖြစ်လာပြန်ပါတယ်။

မတ်လနဲ့ ဧပြီ လထဲတုန်းက ချီကာဂိုမြို့မှာ ကိုရိုနာ ဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှုတွေကနေ ကလေးငယ်နဲ့ ဆယ်ကျော်သက်တွေရဲ့ နှာခေါင်းလမ်းကြောင်း တလျောက်မှာ ဗိုင်းရပ်စ် ပမာဏက အများကြီးရှိနေတာ တွေ့ရတယ်လို့ ဇူလိုင် ၃၀ ရက်နေ့ထုတ် Jama Pediactric သုတေသန စာတမ်းမှာ ဆိုပါတယ်။

ဗိုင်းရပ်စ် ပမာဏ အများဆုံးကို အသက် ၅ နှစ်အောက် ကလေးတွေမှာ တွေ့ရတာပါ လို့ သုတေသနက ဆိုပြန်ပါတယ်။

အဲဒီ သုတေသန ရဲ့ ခေါင်းဆောင် ချီကာဂိုဆေးရုံကြီးက ကလေးသူငယ် ကူးစက်ရောဂါ အထူးကု ဆရာဝန်ကြီး Dr. Taylor Heald-Sargent က “ အငယ်ဆုံးကလေးတွေက ပမာဏ အများဆုံး ဗိုင်းရပ်စ်ပိုးတွေ ရှိနေတာလို့ စိုးရိမ်စရာဖြစ်လာတယ်“ လို့ ဆိုပါတယ်။ ဒါကလည်း ကလေးတွေက လက်မကြာခဏဆေးတာ နဲ့ နှာခေါင်းစည်းတပ်တာမျိုး လုပ်ဖို့ အဆင်မပြေကြတာကြောင့်လို့ သူက ယူဆပါတယ်။

ဒီတွေ့ရှိချက်က ကနဦးကာလ ကူးစက်မှုဆိုင်ရာ လေ့လာချက်တွေအရ ကလေးတွေကနေ တဆင့် ကိုဗစ် ကူးစက်မှုကို သိပ်အလေးထားစရာမလိုဘဲ ကလေးချင်းရော လူကြီးတွေကိုပါ ကလေးကနေ ကူးစက်တာ သိပ် အရေးမကြီးသလို ဆိုခဲ့တာတွေ အတွက် မေးခွန်းထုတ်စရာ ဖြစ်လာပြန်ပါတယ်။

ဒီတွေ့ရှိချက်အပေါ် အခြေခံပြီး အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ရေး CDC ကလည်း ကျောင်းတွေ၊ နေ့ကလေးထိန်းဌာနတွေ ပြန်ဖွင့်ရေးအတွက် သဘောမတူချင်သယောင်တွေ ပြလာပြန်ပါတယ်။

“တချို့ ငြင်းဆန်မှုတွေကတော့ ကျောင်းတွေနဲ့ ကလေးထိန်းဌာနတွေမှာ လက္ခဏာ မရှိတဲ့ကလေးတွေအနေနဲ့ သူတို့ရဲ့ နှာခေါင်းလမ်းကြောင်းက ပိုးတွေ ကူးစက်မှု မရှိအောင် လုပ်ဆောင်နိုင်စွမ်း မရှိကြတာကို ထောက်ပြပါတယ်။ ကလေးတွေရဲ့ နှာခေါင်းလမ်းကြောင်းမှာ ရှိတဲ့ပိုးတွေက ပွားများမှုလည်း ဆက်ဖြစ်နေကြတာကြောင့် လူကြီးတွေလို ဘဲ ကူးစက်ပျံ့ပွားစေမှာကြောင့်ပါ “ လို့ Heald-Sargent က ဆိုပါတယ်။

သူနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဒီတွေ့ရှိချက်ကို ကိုဗစ် ၁၉ ကူးစက်ခံနေရတဲ့သူ ၁၄၉ ယောက်ရဲ့ နှာခေါင်းတို့ဖတ်တွေ လေ့လာသုတေသေန ပြုတာကနေ ရရှိတာပါ။ သုတေသန တွေ့ရှိချက်အရဆိုရင် ငယ်ရွယ်တဲ့ကလေးတွေမှာ လူကြီးတွေထက် ရောဂါပိုး ပမာဏက ၁၀ ဆကနေ အဆ ၁၀၀ အထိ တွေ့ရတယ် လို့ဆိုပါတယ်။

ကလေးတွေမှာလည်း ဗိုင်းရပ်စ်တွေ ရှိနေရင် နှာခေါင်းထဲမှာ ပွားများလာကြတာပါဘဲ၊ လူကြီးတွေနဲ့ တူတူပါဘဲ လို့ Heral-Sargent က ဆိုပါတယ်။ ဒါက တဆင့်ပြန်လည် ပျံ့နှံဖို့ သေချာပါတယ်လို့ ယုတ္တိသဘောအရ ဆိုပြန်ပါတယ်။

ဒါပေမယ့် ရောဂါကူးစက်ပျံ့နှံ့မှုကို လေ့လာထားတဲ့ ပကတိ ရလာဒ်တွေ အရတော့ မခိုင်မာပါဘူး လို့ Johns Hopkins Center for Health Security, in Baltimore က senior scholar Dr.Amesh Adalja က တုန့်ပြန်ပါတယ်။ သူက ကလေးတွေရဲ့ နှာခေါင်းလမ်းကြောင်း ကနေ ဗိုင်းရပ်စ်တွေ တခြားသူတွေဆီ ပျံ့နှံ့တဲ့ အထောက်အထားကို ရှာဖွေဖို့တော့လိုသေးတယ်လို့ဆိုပါတယ်။

“အခု လက်ရှိအနေအထားအရတော့ ကလေးတွေရဲ့ နှာခေါင်းလမ်းကြောင်းမှာ ပိုးတွေ ရှိနေတဲ့တိုင်အောင် လူကြီးတွေလို ကပ်အသွင် ပျံ့နှံ့ကူးစက်တဲ့ ပုံစံကို မတွေ့ရသေးဘူး “ လို့ သူကဆိုပါတယ်။

အမေရိကန် CDC အဆိုအရ အသက် ၁၈ နှစ်အောက်တွေက ကိုဗစ် ၁၉ ဖြစ်ပွားမှု ၇% နဲ့ သေဆုံးမှုက ၀.၁% သာတွေ့ရှိရပြီး ရာသီတုပ်ကွေး သေဆုံးမှုထက် နည်းပါးတယ် လို့ဆိုပါတယ်။ ကလေးတွေကနေ လူကြီးတွေလို သိသာတဲ့ ကပ်အသွင်ကူးစက်မှု မတွေ့ရတာက ပဟေဠိတခုဖြစ်နေဆဲပါလို့ Adalja က ပြောပါတယ်။ ဖြစ်နိုင်ခြေ တခုက ကလေးတွေက ပိုးရှိပေမယ့် ဖျားနာတာ သိပ်မဖြစ်သလို ချောင်းဆိုးတာလည်း မဖြစ်ကြလို့ ကူးစက်စေနိုင်စွမ်း နည်းတာ ဖြစ်မယ်လို့ Adalja က ပြောပါတယ်။

ကလေးတွေက ကိုယ်ခန္ဓာ သေးငယ်ကြတော့ သူတို့ဆီက ထွက်လာတဲ့ အမှုန်အမွှားတွေက လေထဲရောက်တာထက် မြေပေါ်ကိုသာကျတာများပြီး တခြားသူ ရှုရှိုက်မိတာ အဖြစ်နည်းပုံဘဲ လို့ ထင်မြင်ကြောင်း သူက ဆိုပါတယ်။

Heald-Sargent ကတော့ ကလေးငယ်တွေကနေ ပျံ့ပွားမှုက နည်းပါးတယ် ဆိုတာကို သက်သေပြဖို့ အချိန်နဲ့တပြေးညီ ကူးစက်ရောဂါဆိုင်ရာ လေ့လာမှုတွေက မပြောနိုင်ကြသေးတာ ပြဿနာ တခုလို့ထင်နေပါတယ်။

ကူးစက်ရောဂါဆိုင်ရာ ဆန်းစစ်မှုတွေ လုပ်ကြတာက ကျောင်းတွေ ပိတ်ထားချိန် နဲ့ လူမှုအကွာအဝေးတွေ၊ သီးသန့်ခွဲထားတာတွေ လုပ်နေကြချိန်မှ ဖြစ်ကြတာမို့ ပြောရခက်တာလည်း ပါတာပေါ့။ လူတွေထဲ သွားလာနေကြတာ များတာက အလုပ်သွား၊ ဈေးဝယ်သွားတဲ့ လူကြီးတွေ ဖြစ်နေကြတာကြောင့် လည်းဖြစ်ပါတယ်။

ပိတ်ပင်တားဆီးတာတွေ လျှော့ပေါ့ပေးချိန်မှာ ကူးစက်မှု များလာတာကတော့ ကလေးသူငယ်တွေ အကြားမှာပါလို့ Heald-Sargent က ဆိုပါတယ်။

ဥပမာ-တောင်ကိုရီးယား မှာ ကျောင်းတွေ ပြန်ဖွင့်အပြီး အသက် ၁၀ နှစ်နဲ့အထက် ကလေးသူငယ်တွေမှာ ကူးစက်ခံရတာက လူကြီးတွေနဲ့ တူတူနီးပါး ဖြစ်နေခဲ့လို့ပါ လို့ ဆိုပါတယ်။

ဒါပေမယ့် Heald-Sargent က “ အခု ပြောနေတာတွေက ကျောင်းတွေ ပြန်မဖွင့်သင့်ဘူးလို့ ဆိုချင်နေတာ လုံးဝ မဟုတ်ပါဘူး၊ ဒါက အလွန်ခက်ခဲ နက်ရှိုင်းသလို ရှုပ်ထွေးတဲ့ ဆွေးနွေးမှု တခုပါဘဲ၊ ဒေသအလိုက် မတူကွဲပြားမှုတွေကလည်း အများကြီး ရှိနေပါတယ် “ လို့ ဆိုပါတယ်။ “ မိမိတို့အနေနဲ့ ကလေးတွေကနေ ကူးစက်ပျံ့ပွားမှု မရှိနိုင်ဘူး လို့ ထင်မြင် ယူဆမနေကြဖို့ အရေးကြီးတာပါ၊ လူတွေက မမြင်ရသေးလို့၊ မဖြစ်သေးဘူးလို့ ထင်မြင် ကောက်ချက်ချထားတာတွေကို မဖြစ်စေချင်တာပါ၊ အဲဒီလို ယူဆထားတာတွေအတွက် အခု တွေ့ရှိချက်တွေက စိန်ခေါ်မှု ဖြစ်လာတာ ကို သတိမူစေချင်ကြတာပါ “ လို့ Heald-Sargent က ပြောပြပါတယ်။

ဘာပြောပြော လက်ရှိ ကမ္ဘာ့ ဖြစ်စဉ်တွေအရ ကိုဗစ်က ကျဆင်းလျော့ပါး မသွားသေးတာကို နေ့စဉ် ကိန်းဂဏန်းတွေက ပြဆိုနေပါတယ်။ ကလေးတွေက ဖြစ်တာနည်းတယ်၊ အသေအပျောက် နည်းတယ် ဆိုပေမဲ့ လုံးဝ မဖြစ်တာ မဟုတ်သလို ကလေးကတဆင့် ကူးစက်မှု မဖြစ်နိုင်ဘူးလို့ မှတ်ယူ မရတော့တာတွေ တွေ့လာနေတာပါ။ ကာကွယ်ဆေးတွေ တွင်ကျယ်လာတဲ့အထိ၊ ရောဂါဖြစ်ပွားမှုတွေ ထိုးဆင်းသွားတဲ့အထိတော့ လူမှု အကွာအဝေးတွေ၊ နှာခေါင်းစည်းတွေ၊ လက်ဆေးတာတွေ က အလေးဂရုထားပြီး ဆက်လက် ဆောင်ရွက် သွားနေရဦးမယ် ဆိုတာကို ခေါင်းလောင်းထိုး အချက်ပေးနေတုန်းပါဘဲ ။

ကိုးကား။ ။HealthDay News မှ Dennis Thompson ၏ New Study Shows Kids Are COVID Spreaders Too

RelatedPosts

အိန္ဒိယ-မြန်မာ နယ်စပ်၌ ဝမ်းပျက်ဝမ်း‌လျှောကြောင့် စစ်ဘေးရှောင် အပါအဝင်  ၇ ဦး သေဆုံး

အိန္ဒိယ-မြန်မာ နယ်စပ်၌ ဝမ်းပျက်ဝမ်း‌လျှောကြောင့် စစ်ဘေးရှောင် အပါအဝင် ၇ ဦး သေဆုံး

14 November 2025
289
အရှေ့တောင်အာရှတွင် ဆေးလိပ်သောက်မှု လျော့ကျ

အရှေ့တောင်အာရှတွင် ဆေးလိပ်သောက်မှု လျော့ကျ

25 October 2025
699
ART ဆေး ထုတ်ပေးမှု စစ်ကော်မရှင် ကန့်သတ်

ART ဆေး ထုတ်ပေးမှု စစ်ကော်မရှင် ကန့်သတ်

9 August 2025
1.1k

You may also like these stories:

ကူးစက်မှု ၁၀ ဆမြန်တဲ့ ပုံစံပြောင်း ကိုဗစ်ပိုးတမျိုး မလေးရှားမှာ တွေ့ရှိ

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မှာ ကိုဗစ် ကူးစက်မှုအသစ် ဆက်တိုက်တွေ့

ကိုဗစ်ကြောင့် နယူးဇီလန် ရွေးကောက်ပွဲ နောက်ဆုတ်

Your Thoughts …
Tags: COVID-19ချီကာဂိုဆေးသုတေသနပြန့်ပွားနိုင်အမေရိကန် CDC
ဒေါက်တာသက်ဦး

ဒေါက်တာသက်ဦး

Contributor

Similar Picks:

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့

ထိုင်းမှာ အယုဒ္ဓယမြို့ဟောင်း ပြန်ဖွင့်ပြီ

by ညီညီသူ
25 May 2020
8.5k

အခုချိန်မှာတော့ ရှေးဟောင်းအယုဒ္ဓယမြို့တော်ကို တခြားပြည်နယ်ကလူတွေ လာရောက် လည်ပတ်နေကြပြီး အများစုကတော့ ဘန်ကောက်မြို့ကလူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်  / Thin Zar Wint Kyaw's Facebook

Stay home ကာလ နေထိုင် စားသောက်မှု ပုံစံကို မျှဝေခဲ့တဲ့ သင်ဇာဝင့်ကျော်

by ဧရာဝတီ
13 July 2021
52.2k

ဒီကာလမှာ ပိုစားပါ။ ပိုအိပ်ပါ။ ကိုယ်ခံအား ကောင်းနေဖို့ အရေးကြီးပါတယ်။ စိတ်ညစ်စရာတွေ သိပ်မတွေးပါနဲ့။

--

ကိုဗစ်လှိုင်းကြားက မြန်မာ့ရိုးရာ သင်ဖြူးဖျာ

by အောင်ကျော်ထက်
28 August 2020
6.5k

စီးပွားရေးအကျပ်အတည်းရင်ဆိုင်နေရသော လုပ်ငန်းကဏ္ဍများစုံထဲတွင် မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်လည်းဖြစ်၊ မြန်မာ့ရိုးရာလက်မှုထုတ်ကုန်တခုလည်းဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့က သင်ဖြူးဖျာလုပ်ငန်းများသည်လည်း တခုအပါအဝင် ဖြစ်သည်။

ခုတ်ထွင်ရှင်းလင်းခံထားရတဲ့ ဒီရေတောတတော /  Oliver S. - Madagascar General  / Alamy Stock Photo 

သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများလေ လူတွေ ဘေးဒုက္ခများလေ

by သဇင်လှိုင်
9 July 2020
8.6k

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဒေါက်တာ မြင့်ဇော်နဲ့ ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါတယ်။

၂၀၂၀ အတွင်း ကွယ်လွန်သွားခဲ့တဲ့ အနုပညာရှင်များ

၂၀၂၀ ပြည့်နှစ်အတွင်း ကြွေလွင့်သွားခဲ့တဲ့ အနုပညာရှင်များ

by ချစ်ပိုး
30 December 2020
9.7k

၂၀၂၀ ပြည့်နှစ်ဟာ COVID-19 ရောဂါကြောင့် ကမ္ဘာတဝှမ်းမှာ စိတ်မချမ်းမြေ့စရာ သတင်းတွေ ကြုံတွေ့ခဲ့ရပြီး ဒီနှစ်ထဲမှာလည်း အနုပညာရှင်များစွာ ကြွေလွင့်ခဲ့ရပါတယ်။

မြန်မာနိုင်ငံရှိ နေရာဒေသတချို့မှ KTV၊ ဘား၊ အနှိပ်ခန်း တို့ကို ဖမ်းဆီးမှုများ ပြုလုပ်နေစဉ် / ရဲဇာနည်

တောင်ကြီးမြို့ရှိ KTV အယောင်ပြ ပြည့်တန်ဆာလုပ်ငန်း လုပ်သူများအား ဖမ်းဆီး

by လဲ့လဲ့
7 September 2020
30.4k

COVID-19 ကာလအတွင်း ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရန်အတွက် ဖွင့်လှစ်ခွင့် မရှိသေးသည့် သက်ဖူးဝေ KTV အား စက်တင်ဘာ ၆ ရက်တွင် ဝင်ရောက်စစ်ဆေးရာတွင် ၎င်းတု့ိ ၇ ဦးအား ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

Next Post
သရုပ်ဆောင် ယွန်းဝတီလွင်မိုး / Yun Waddy Lwin Moe's Facebook

ဘွဲ့ရပြီးရင် အနုပညာနဲ့တွဲပြီး အလုပ်လုပ်မယ့် ယွန်းဝတီလွင်မိုး

မနေ့က UPDJC အစည်းအဝေးသို့ တက်ရောက်လာသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  / ထက်နိုင်ဇော် / ဧရာဝတီ

“စကားလုံးတလုံး” အပေါ်မှာ ဆက်လက် ငြင်းခုံနေရတဲ့ နေပြည်တော်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved