• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တင်းမရွာသား ၁၈ ဦးကို တပ်မတော်က ဖမ်းဆီးသွားခေါ်ဆောင်မှု ရဲစခန်းသို့ တိုင်ကြား

by ခိုင်ရိုးလ
11 December 2020
in သတင်း
A A
ကျောက်တော် ရဲစခန်း / Kyaw Hla Myint / Facebook

ကျောက်တော် ရဲစခန်း / Kyaw Hla Myint / Facebook

8.5k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အထက်ပိုင်း ကုလားတန်မြစ်ကြောင်းရှိ တင်းမကျေးရွာမှ ရွာသား ၁၈ ဦးကို တပ် မတော်က ဖမ်းဆီးသွားမှုအား အရေးယူပေးရန် မိသားစုဝင်များက ကျောက်တော်မြို့မ ရဲစခန်းတွင် ဒီဇင်ဘာလ ၈ ရက်က အမှုဖွင့် တိုင်ကြားထားကြောင်း သတင်း ရရှိသည်။

အဆိုပါ တင်းမကြီးနှင့် တင်းမသစ်ကျေးရွာသား ၁၈ ဦးမှာ ကျေးရွာအတွင်းမှ ယခုနှစ် မတ်လ ၁၃ ရက်နှင့် ၁၆ ရက်တို့ တွင် တပ်မတော် စစ်ကြောင်း တပ်မ ၅၅ မှ ကျေးရွာအနီး တောင်ရှည်တောင်သို့ ဖမ်းဆီးသွားပြီး ယနေ့ အချိန်ထိ သတင်း အစအန မရသည့်အပေါ် ယင်းစစ်ကြောင်းမှ တာဝန်ရှိသူတို့အား အရေးယူပေးရန် တိုင်ကြားရခြင်း ဖြစ်ကြောင်း မိသားစု ဝင်များထံက သိရသည်။

တင်းမ ကျေးရွာသား ဦးထွန်းသိန်းက “ကျနော်တို့ တင်းမက ၁၀ ယောက်၊ တင်းမသစ်က ၈ ယောက်ကို တပ်က ဖမ်းဆီးခဲ့ တာလည်း ကြာပြီ။ အခုထက် ဘာမှ အစအန မရသေးဘူး။ အခုဆိုရင် ၉ လ၊ ၁၀ ထိရှိလာပြီဆိုတော့ ဖမ်းဆီးသွားသူတွေ ကို အရေးယူပေးဖို့ သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့်သွားတိုင်တာ။ ကျနော့်အစ်ကို တယောက်ပါသွားတယ်” ဟု ပြောသည်။

မတ် ၁၆ ရက်က တပ်မ ၅၅ မှ စစ်သားများမှာ တင်းမကြီး ကျေးရွာအတွင်း ဝင်ရောက်လာကာ နေအိမ်များအတွင်း ရှိနေ သည့် ရွာသားများကို လိုက်လံ ဖမ်းဆီးကာ ရွာခံ ဦးမောင်လှကြိုင်ဆိုသူ၏ နေအိမ်ရှေ့တွင် လူစုပြီး ၁၀ ဦးကို နောက်ပြန် ကြိုးတုပ်ကာ တောင်ရှည်တောင်ပေါ်သို့ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

တပ်မတော် စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားသူထဲတွင် ဦးထွန်းသိန်း၏ အစ်ကိုဖြစ်သူ အသက် ၇၀ အရွယ် ဦးမောင် စိတ်ကြီးလည်း တဦး အပါအဝင်ဖြစ်ပြီး လက်ရှိအချိန်ထိ တစုံတရာ သတင်းအစန မရရှိသဖြင့် မိသားစုဝင်များက စိုးရိမ်နေ ကြသည်။

ဆက်လက်ပြီး ဦးသိန်းထွန်းက “အခုအချိန်အထိ ဖမ်းဆီးခံရတဲ့သူတွေကို မတွေ့ရ၊ သတင်းမကြားရတဲ့အတွက် စစ်သား တွေ သတ်လိုက်ပြီလား၊ အသက်ရှင်ပြီး ရှိသေးလား ဆိုတာကို ဝေဝါး နေကြတယ်။ တချို့ကတော့ သေပြီဆိုပြီး အလှူတွေ လုပ်လိုက်ကြပြီ။ တချို့ကလည်း ပြန်လာဦးမယ် ဆိုပြီးတော့လည်း မျှော်လင့်နေကြတယ်” ဟု ဆိုသည်။

အဆိုပါ တင်းမကြီးကျေးရွာမှ ဖမ်းဆီးခံထားရသူများမှာ ဦးမောင်ဝင်းကြီး (၄၈ နှစ်)၊ ဦးမောင်ဝင်းချေ (၄၂ နှစ်)၊ ဦးကြည် လင်း (၃၆ နှစ်)၊ ဦးအောင်ညွန့် (၆၀ နှစ်)၊ ဦးမောင်ဝန်းစိန် ( ၅၀ နှစ်)၊ ဦးသန်းမောင်ထွန်း (၄၀ နှစ်)၊ မောင်ထွန်းထွန်းဝေ (၁၄ နှစ်)၊ ဦးယဉ်မောင် (၃၈ နှစ်)၊ ကိုနေလင်းဦး (၂၅ နှစ်) နှင့် ဦးထွန်းမောင်ဝင်း (၄၂ နှစ်) တို့ ဖြစ်ပြီး တင်းမ (သစ် ) ကျေးရွာမှ ဦးမောင်စိတ်ကြီး (၇၁ နှစ်)၊ ဦးကျော်ဝင်းမောင် (၃၆ နှစ်)၊ ဦးလှကျော်ကြီး (၇၀ နှစ်)၊ ဦးမောင်သန်းစိုး (၃၄ နှစ်)၊ ဦးစောရွှေသန်း (၄၅ နှစ်)၊ ဦးစံသာမောင် (၅၂ နှစ်)၊ ဦးမောင်မြင့်အေး (၄၉ နှစ်) နှင့် ဦးမောင်ထွန်းစိန် (၆၂ နှစ်) တို့ ဖြစ် ကြောင်း ကာယကံရှင် မိသားစုဝင်များက ပြောသည်။

ယင်းသို့ ဖမ်းဆီးခံရသည့်အထဲမှ ယခုနှစ် မတ်လ ၂၃ ရက်က ဖမ်းဆီးခံ ၁၀ ဦး၏ မိသားစုဝင်တို့က ကျောက်တော် ရဲစခန်းတွင် တိုင်ကြားခဲ့သော်လည်း တစုံတရာ ထူးခြားမှု မရှိသည့်အတွက် ယခုအခါ ဖမ်းဆီးခံ ၁၈ ဦး၏ မိသားစုဝင်တို့ အားလုံး လာရောက်တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ တိုင်ကြားရာတွင် ကျောက်တော်ရဲစခန်းမှ တာဝန်ကျ ရဲတဦးနှင့် တိုင်ကြားသူမိသားစုတို့ကြား အချေအတင် စကား များခဲ့ရပြီး တာဝန်ကျရဲက တိုင်ကြားလာသူ ကျေးရွာအုပ်ချုပ်ရေးမှူးအား ဖမ်းချုပ်မည် ဟု ခြိမ်းခြောက်မှုများရှိခဲ့ကြောင်း လည်း သိရသည်။

တင်းမ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ဝင်းက “ရဲစခန်းမှာ ကျနော့် သားကို တပ်မတော်က ဖမ်းသွားတဲ့ ကိစ္စ ကို တိုင်ကြားဖို့ လာပါတယ်လို့ စခန်းက တာဝန်ရှိသူကို ပြောတယ်။ အဲဒါကို ဂတ်စာရေးက အဲဒါက တပ်နဲ့ ဆိုင်တဲ့ ကိစ္စဆို ပြီး လက်မခံချင်ဘူး။ ဒါကြောင့် ဖုန်းဆက်ပြီးတော့ ကျနော့်ကို ဖမ်းချုပ်လိုက်လို့ရတယ်လို့ ပြောတယ်။ ဖမ်းမယ်၊ ဆီးမယ် ဆို ပြီးတော့ ခြိမ်းခြောက်တယ်။ ကျနော်လည်း ကြောက်ပြီးတော့ ခြံကျော်ပြီး ထွက်ပြေးလာရတယ်” ဟု ဆိုသည်။

ဦးမောင်ကျော်ဝင်းတွင် အသက် ၂၆ နှစ်အရွယ် နားမကြား၊ စကားမပြောတတ်သည့် မသန်စွမ်းဖြစ်နေသူ မောင်နေလင်း ဦးလည်း ဖမ်းဆီးခံခဲ့ရပြီး ယင်းသို့ ပျောက်ဆုံးနေမှုအပေါ်တွင် တပ်မတော်ဘက်က သက်ဆိုင်ရာသို့ တိုင်ကြားခွင့်ရှိကြောင်း ပြော ဆိုထားသည့်အတွက် လာရောက် တိုင်ကြားသည်ကို ခြိမ်းခြောက်ပြောဆိုမှုအပေါ် စိတ်မကောင်းဖြစ်ရကြောင်း မိသားစဝင်များက ပြောဆိုကြသည်။

ဆက်လက်ပြီး ဦးမောင်ကျော်ဝင်းက “ကျနော်က ရွာသားက တင်မြှောက်ထားတဲ့ အုပ်ချုပ်ရေးမှူးဖြစ်တယ်။ ပြီးတော့ သား တယောက်လည်း ဖမ်းဆီးခံထားရတယ် ဆိုတော့ တိုင်ဖို့ သွားတာကို ဒီလို ပြောဆိုလွှတ်လိုက်တာကို လုံးဝ စိတ်မကောင်း ဘူး။ မကျေနပ်နိုင်ဘူး” ဟု ဆိုသည်။

တင်းမ ရွာဆိုင်းဘုတ် (ဓာတ်ပုံ- Kyaw Kyaw Win/Facebook)

ဒေသခံများ အနေဖြင့် သံသယဖြင့် ဖမ်းဆီးခြင်းခံရသော အရပ်သားများ ပြန်လည် လွတ်မြောက်ရေးအတွက် မိသားစုဝင် များ အနေဖြင့် လက်ရှိ အပစ်ရပ်နေသည့်ကာလတွင် သက်ဆိုင်ရာ ရဲစခန်းများတွင် တိုင်ကြားနိုင်ကြောင်း တပ်မတော်ဘက် က ပြောဆိုထားသည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ပျောက်ဆုံးနေတဲ့သူတွေ ရှိလား၊ မရှိဘူးလား ဆိုတာ ကို ကျနော့်အနေနဲ့ အငြင်းမပွားလိုပါဘူး။ ရှိကောင်းလည်း ရှိနိုင်တယ်။ အခုလို အပစ်အခတ် ရပ်စဲနေတဲ့ ကာလအတွင်းမှာ ဒါတွေနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာတွေကို အကြောင်းကြားတာတို့၊ တရားဥပဒေနည်းလမ်းအတိုင်း သက်ဆိုင်ရာနဲ့ ပူးပေါင်း ဆောင်ရွက်တာတို့ လုပ်နိုင်တယ်ဆိုရင် ပိုပြီးအဆင်ပြေပါလိမ့်မယ်” ဟု ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်က ပြုလုပ် သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ယင်းပြင် တပ်မတော်အနေဖြင့် ဖမ်းဆီးထိန်းသိမ်း စစ်ဆေး မေးမြန်းမှုများ ရှိနိုင်သော်လည်း တရားစီရင်ရေး အပိုင်းတွင် တရားစီရင်ရေး ကဏ္ဍအတိုင်းသာ ဆောင်ရွက်လျက်ရှိကြောင်း ပြောဆိုထားသည်။

လက်ရှိတွင် တင်းမရွာသားတို့ တိုင်ကြားလာသော အမှုကို ရဲစခန်းက လက်ခံထားပြီး တိုင်ကြားသူ အုပ်ချုပ်ရေးမှူးအား ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ခဲ့သည်ဆိုသည့် ကျောက်တော်ရဲစခန်းမှ ဂတ်စာရေးဖြစ်သူကို ဧရာဝတီက ဆက်သွယ်ရာတွင် အဆိုပါ ကိစ္စမှာ ပြေလည်သွားပြီ ဖြစ်ကြောင်း သိရသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
62
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
43
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
295

ဂတ်စာရေး ကိုအေးထွန်းယဉ်က “ကျနော်တို့ကတော့ တင်းမကျေးရွာသား ကိစ္စကို တပ်ဘက်ကို တင်ပြထားတယ်။ သူတို့ တိုင်ကြားလာတဲ့ အမှုစာကိုလည်း လက်ခံထားလိုက်တယ်။ စစ်တပ်ဘက်ကို သူတို့ ကိစ္စကို စုံစမ်းပေးဖို့ ပြောဆိုထားပါ တယ်။ တိုင်ကြားလာသူတို့နဲ့ အချေအတင် စကားများတဲ့ ကိစ္စကတော့ ဘာမှမဟုတ်ပါဘူး။ ပြေလည်မှု ရသွားပါပြီ” ဟု ဆို သည်။

တပ်မတော်မှ ပြောဆိုထားသည့်အတိုင်း စစ်ပွဲနှင့် ဆက်စပ်ပြီး သေဆုံး၊ ပျောက်ဆုံးသွားသည့် မိသားစုများအနေဖြင့် သက် သေများဖြင့် ဥပဒေကြောင်အရ နစ်နာမှုရှိသည့်အပေါ် တိုင်ကြားမှုအား ရဲတပ်ဖွဲ့အနေဖြင့် လက်ခံရမည်ဖြစ်ပြီး တိုင်ကြားသူ တို့အပေါ်တွင် ခြိမ်းခြောက်မှုများ မလုပ်သင့်ကြောင်း ကျောက်တော်မြို့ခံများက ထောက်ပြကြသည်။

ရွာသားများအတွက် ကူညီပေးနေသူ ကျောက်တော်မြို့ခံ ဦးဇော်ဝင်းက “ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားဖို့သွားကြကို အမှုကို လက်ခံလို့ မရဘူးလို့ အစတုန်းက ငြင်းတယ်။ စစ်တပ်ကို သွားတိုင်လို့ ပြောတာ။ နောက်မှပဲ စာတွေကို ထားခဲ့ စစ်တပ်ဆီ ကို ပို့ပေးမယ်ဆိုပြီးတော့ ပြောလာတယ်။ ပြစ်မှု သဘောအရ တိုင်တန်းပြီး အမှုဖွင့်မဖွင့် ဆိုတာကတော့ ရဲအပိုင်း။ လက်မခံ ဆိုရင် ရဲဘက်က အမှု ထိန်ချန်ထားမှု ဖြစ်တယ်” ဟု ဆိုသည်။

ထို့သို့ တင်းမရွာသား ၁၈ ဦး ကိစ္စတိုင်ကြားမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ် မှူးကြီး မင်းသန်းနှင့် တပ်မတော် သတင်းမှန်ပြန်ကြားရေးမှာ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ထပ်မံ ဆက်သွယ်ခဲ့သော်လည်း အဆက်သွယ် မရရှိသေးပေ။

အဆိုပါ တင်းမကျေးရွာတွင် ပြီးခဲ့သည့် မတ်လက ဒေသခံများက ထိုသို့ တပ်မတော် စစ်ကြောင်းက ရွာသားများကို ဖမ်းဆီး မှုများရှိလာသည့်အတွက် တင်းမကျေးရွာသားမှာ အိုးအိမ်များကို စွန့်ခွာပြီး ရွာမှ ထွက်ပြေးခဲ့ရာ မတ်လ ၂၂ ရက်တွင် အိမ် ခြေ ၇၀၀ ကျော်ရှိသည့် ၎င်းကျေးရွာကို တပ်မတော်က မီးရှို့ခဲ့ကြောင့် ဒေသခံများက ပြောဆိုကြသည်။

ရွာမီးရှို့ခံရသည့် ဖြစ်စဉ်အပေါ် ကျောက်တော်မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်နိုင်နှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းတို့က လက်မှတ်ထိုးကာ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ အမျိုး သား လူ့အခွင့်အရေး ကော်မရှင်တို့ထံ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့်ပြည်သူများ နစ်နာ ဆုံးရှုံးမှုများကို ကွင်းဆင်း စစ်ဆေးပြီး ဥပဒေနှင့်အညီ ကူညီဖြေရှင်းပေးရန် မတ်လ နောက်ဆုံးပတ်က တိုင်ကြားစာများ ပေးပို့ခဲ့သော်လည်း တစုံ တရာ ထူးခြားမှု မရှိခဲ့ပေ။

မီးလောင်မှု ဖြစ်ပွားခဲ့သည့် နေအိမ် အလုံး ၅၀၀ ကျော်အတွက် ပြန်လည် တည်ဆောက်နိုင်ရန် ရခိုင်ပြည်နယ် ဘေးအန္တ ရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ငွေကျပ် သိန်း ၉၀၀ ကျော်အား ဧပြီလ၂၂ ရက် ထောက်ပံ့ ကူညီမှုပေးခဲ့သည်။

တပ်မတော်ကမူ ထိုသို့ မီးရှို့သည့် ဖြစ်စဉ်များ မရှိကြောင်း ပြောဆိုထားပြီး ပုံမှန်အခြေအနေ အတိုင်းသာ ရှိကြောင်း ဧပြီလ အတွင်းက ဓာတ်ပုံ မှတ်တမ်းများဖြင့် သတင်း ထုတ်ပြန်ခဲ့သည်။

You may also like these stories:

တင်းမရွာ ကြမ္မာဆိုးဝင်တဲ့နေ့

တပ်မတော်က ဖမ်းသွားသည့် တင်းမရွာသား ၁၈ ဦး သတင်း အစအန ပျောက်နေ

ကျောက်ဖြူ ဇိုင်ချောင်းကျေးရွာသားများကို တပ်မတော်က ထိန်းသိမ်းစစ်ဆေးနေ

Your Thoughts …
Tags: တင်းမရွာတပ်မတော်တိုင်ကြား
ခိုင်ရိုးလ

ခိုင်ရိုးလ

Similar Picks:

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

by ဉာဏ်သစ်
17 November 2024
8.5k

၁၉၉၁ ခုနှစ်က တက္ကသိုလ်များတွင် ကျောင်းသား ၂၀ ရှိတိုင်း သူလျှို ၁ ယောက်ကျ ရှိသည်ဟု ခန့်မှန်းထား… လက်နက်ကိုင် တပ်ဖွဲ့များတွင်မူ စစ်သည် ၁၀ ဦး ရှိတိုင်း “သူလျှို” ၁ ဦး...

တင်းမဗျူဟာကုန်း၏ ၇၀ရာနှုန်း AA သိမ်းထားဟုဆို

တင်းမဗျူဟာကုန်း၏ ၇၀ရာနှုန်း AA သိမ်းထားဟုဆို

by ဧရာဝတီ
3 January 2024
6.5k

ကုလားတန်မြစ်ကြောင်းရှိ စစ်ကောင်စီ၏ ထရွန်အိုင်နှင့် နှုံးဘူးဗျူဟာကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး နောက် ကျောက်တော်မြို့နယ်အတွင်းရှိ တောင်ရှည်တောင်ဗျူဟာကုန်းကို ဆက်လက် ထိုးစစ်ဆင်နေခြင်း ဖြစ်

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

by အောင်သူရ
16 October 2025
5.5k

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက် စားပွဲထိုးများ ကောင်းစားသည်ဟု စစ်တပ်အသိုင်းအဝိုင်းကြား တီးတိုးပြောတတ်ကြသည်။

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

by ဧရာဝတီ
22 May 2025
3.3k

ဒီနှစ်အကုန်မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ အတင်း ကြော်ငြာထိုးပြီး မင်းအောင်လှိုင် ပြောနေတာကတော့ သူဟာ သမ္မတ အဖြစ် ရာထူး ဆက်ယူထားဖို့ကို ကြံစည်နေတာပဲ ဖြစ်ပါတယ်။

မိုးကုတ်၊ မိုးမိတ်ပြန်ပေး၍ အပစ်ရပ်ရန် TNLA သဘောတူ

မိုးကုတ်၊ မိုးမိတ်ပြန်ပေး၍ အပစ်ရပ်ရန် TNLA သဘောတူ

by ဧရာဝတီ
29 October 2025
3.3k

စစ်တပ်အား အကြီးအကျယ်အထိနာစေခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ၂ နှစ်ပြည့်သည့်ရက်နှင့်တိုက်ဆိုင်စွာ ပြုလုပ် ခဲ့သည့် ဆွေးနွေးပွဲတွင် TNLA က မြို့နှစ်မြို့ပြန်ပေးကာ အပစ်ရပ်သဘောတူခဲ့ပြီဖြစ်သည့်အတွက် ၁၀၂၇ စစ်ဆင်ရေး ဦးဆောင်ခဲ့သူများထဲတွင် အာရက္ခတပ်တော်(AA) တဖွဲ့တည်းသာ စစ်တပ်အား ဆက်လက်...

၂၀၂၀ နိုဝင်ဘာ လပြည့်ည အင်းလျားကန်ဘောင်ပေါ်တွင် အပန်းဖြေနေကြသူများ / ဧရာဝတီ

အင်းလျားဘေးက စစ်အာဏာသိမ်းခေါင်းဆောင်၏ အိမ်ကြီးများ

by ပေါ်ထွန်း
15 January 2022
53.2k

သူများနှင့် မတူသည်က သူသည် အိမ် ၂ လုံး ပိုင်ဆိုင်ထားသည်။

Next Post
ကြည်လင်းနှင့်အမှုတွဲများရုံးချိန်းသို့ လာရောက်ခဲ့သည့် ဟိန်းဝေယံနှင့် ရဲတပ်ဖွဲ့မှ အလိုရှိနေသူ မြတ်ဖုန်းမိုရ် / မျိုးမင်းစိုး / ဧရာဝတီ

ဝရမ်းထုတ်ထားသည့် မျိုးချစ်အဖွဲ့ဝင် မြတ်ဖုန်းမိုရ် ယနေ့လာအဖမ်းခံ

အဆိုတော် ချယ်ရီသင်း  / Cherry Thin's Facebook

ကိုဗစ်ကာလပြီးရင် Single Album ထွက်ဖို့ ပြင်ဆင်နေတဲ့ ချယ်ရီသင်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved