• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ရေးတင်းမာမှုကြောင့် ကျောက်မဲဒေသခံများ ထွက်ပြေးနေရ

by နန်းလွင်နှင်းပွင့်
28 December 2020
in သတင်း
A A
စစ်ရှောင်ပြည်သူများကို သွားရောက်ခေါ်ဆောင်၍ ဝါဆိုကျောင်းတိုက်သို့ ပို့ဆောင်နေစဉ်  /  အိုမ်တမာဝ် လူမှုကူညီရေးအသင်း

စစ်ရှောင်ပြည်သူများကို သွားရောက်ခေါ်ဆောင်၍ ဝါဆိုကျောင်းတိုက်သို့ ပို့ဆောင်နေစဉ် / အိုမ်တမာဝ် လူမှုကူညီရေးအသင်း

3.7k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် လွယ်အံတင်းကျေးရွာအုပ်စုအနီး တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့ကြား စစ်ရေး တင်းမာနေသဖြင့် ဒေသခံများ ကျောက်မဲမြို့ပေါ်သို့ ထွက်ပြေးလာနေကြသည် ဟု သတင်းရရှိသည်။

TNLA နှင့် RCSS တို့ကြား စစ်ရေးတင်းမာမှုကြောင့် ဒီဇင်ဘာ၂၇ ရက်မှစ၍ ဒေသခံဦးရေ ၅၀ ခန့် ကျောက်မဲမြို့ပေါ်သို့ ရောက်လာပြီး ယနေ့လည်း ထပ်မံ ထွက်ပြေးလာနေကြသည် ဟု သတင်း ရရှိသည်။

စစ်ဘေးကြောင့် နေရပ်စွန့်ခွာလာသူများကို ကယ်ဆယ်ရေး လုပ်နေသည့် အိုမ်တမာဝ် လူမှုကူညီရေးအသင်းမှ ပြန်ကြား ရေး တာဝန်ခံ ကိုတမိုင်းက “မနေ့ကထိတော့ မြို့ပေါ်ကို ရောက်လာတာ ၅၀ ပဲ ရှိတယ်။ အခုတော့ ၄၀၀၊ ၅၀၀ လောက် ရှိ မယ်။ ကျနော်တို့ အခု သွားကြိုနေပါတယ်။ အဲဒီတကြောလုံးက လွယ်အံ၊ ကောင်းခါး၊ ပန်လော့ရွာက လူတွေ ထွက်လာနေ ကြတာပါ” ဟု ပြောသည်။

ကနဦးရောက်နှင့်နေသည့် ဦးရေ ၅၀သည် ကျောက်မဲမြို့နယ် ပိန္နဲကုန်းကျေးရွာအုပ်စု ဝါဆိုဘုန်းကြီးကျောင်းတွင် ခိုလှုံနေ ကြသည်ဟု သိရသည်။

ကိုတမိုင်းက “မနေ့ညကလည်း ဆိုင်ကယ်နဲ့ ဆင်းလာပြီး အသိအိမ်တွေမှာ သွားနေသူတွေလည်း ရှိတယ်။ သူတို့ကတော့ ဘယ်လောက်ရှိလဲတော့ အတိအကျ မသိရသေးဘူး။ တိုက်ပွဲကလည်း ဘာကြောင့် ဖြစ်တယ်ဆိုတာ ကျနော်တို့က မသိ ဘူး။ တိုက်ပွဲသတင်းပဲ ကြားတယ်။ တိုက်ပွဲဖြစ်တော့ ရွာက လူတွေလည်း ကြောက်ပြီး ကတုတ်ကျင်းတွေ တူးပြီး နေနေ ကြရတယ်။ ပြေးတဲ့သူကတော့ ဒီဘက်ပြေးလာတယ်” ဟု ပြောသည်။

ကျောက်မဲမြို့ စစ်ဘေးရှောင်များ ကူညီရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်သိန်းကလည်း ပြေးလာသူများအနက် ဝါဆို ဘုန်းကြီးကျောင်းသို့ မလာဘဲ ဆွေမျိုးအိမ်များတွင် သွားရောက်နေထိုင်သူဦးရေလည်း ၂၀ ကျော် ရှိကာ ယနေ့ညနေပိုင်း တွင်လည်း လူဦးရေ ၁၀၀ နှင့်အထက် ထပ်မံရောက်လာရန် ရှိသည်ဟု သတင်း ကြားသိထားသည်ဟု ပြောဆိုသည်။

ဦးတင်မောင်သိန်းက “စစ်ရှောင်တွေအတွက် အလှူရှင်တွေကတော့ အဖွဲ့အစည်း အသီးသီးက ရှိတယ်။ ဒါပေမယ့် ဒီအ ချိန်က ကျနော်တို့ဆီမှာ ချမ်းတယ်။ ညဆို ၈ ဒီဂရီစင်တီဂရိတ်လောက် ကျတယ်။ အေးတော့ သူတို့ ပြေးဆင်းလာသူ တွေက အိပ်ယာခင်း၊ စောင် မပါဘူး။ အဓိကတော့ စောင်လိုတာပါ။ ကျနော်တို့ အခု မန္တလေးဆင်းပြီး စောင်လာဝယ်နေ ကြပါတယ်။ ပေးဖို့ စီစဉ်နေပါတယ်” ဟု ပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ လွယ်အံတင်းကျေးရွာအုပ်စုသည် တအန်း(ပလောင်)လူမျိုးများ နေထိုင်သည့် ကျေးရွာ အုပ်စု ဖြစ်ကာ TNLA တပ်ဖွဲ့ဝင်များ လှုပ်ရှားနေသည့် နယ်မြေဖြစ်သည် ဟု သိရသည်။

RCSS တပ်ဖွဲ့ဘက်မှ လွယ်အံတင်းကျေးရွာအုပ်စုဘက်သို့ လှုပ်ရှားလာပြီး ဒီဇင်ဘာ၂၅ ရက် ခရစ္စမတ်နေ့တွင် တိုက်ပွဲ စတင် ဖြစ်ပွားကြခြင်း ဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

ယခုအခါ လွယ်အံတင်းကျေးရွာ အုပ်စု ပတ်ဝန်းကျင်တွင် RCSS တပ်ဖွဲ့ဝင်များက နေရာယူထားသဖြင့် ဒေသခံများက ကျောက်မဲမြို့သို့ ထွက်ပြေးနေကြခြင်း ဖြစ်သည်ဟု သိရသည်။

လွယ်အံတင်း ကျေးရွာအုပ်စုထဲမှ ထွက်ပြေးလာသည့် အမျိုးသားတဦးက “ကျနော်တို့ ရွာထဲမှာ ပြီးခဲ့တဲ့ ၃ ရက်လောက် တည်းက ပစ်ခတ်နေကြတာ ။ မနက်အစောကြီးတွေလည်း ပစ်သံတွေ ကြားနေရတာ။ ကျနော်တို့ မိသားစုဆို ပြေးလာတာ ဘာမှ သယ်မလာနိုင်ဘူး။ အခု ရွာပတ်ဝန်းကျင်မှာ ရှမ်းစစ်သားတွေ အများကြီးပဲရှိနေတယ်။ သူတို့ရှိနေရင်တော့ ရွာကို မပြန်ရဲသေးဘူး”ဟု ပြောသည်။

၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၃၀ တွင် ထုတ်ပြန်ထားသည့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ စာရင်းအရ လွယ်အံတင်းကျေးရွာအုပ်စုထဲတွင် လွယ်အံ၊ ခုံငင်း၊ ကောင်းခါး၊ ပန်မခံ၊ ပန်လော့၊ မန်စပ်ဟူသည့် ကျေးရွာများ တည်ရှိ
ပြီး အိမ်ခြေ ၃၇၆ အိမ် ရှိကာ လူဦးရေ ၁၄၀၀ ခန့် နေထိုင်သည်။

ဒီဇင်ဘာ ၂၅ ရက်က ခုံငင်းကျေးရွာအနီး TNLA နှင့် RCSS တို့ မနက် ၄ နာရီမှ ည ၉ နာရီအထိ တိုက်ပွဲ ဖြစ်ပွားရာမှ အစပြုကာ လွယ်အံတင်းကျေးရွာအုပ်စုအတွင်း နှစ်ဖက်တပ်များ ယနေ့ထိ စစ်ရေးတင်းမာနေခြင်း ဖြစ်သည်။

စစ်ရှောင်ပြည်သူများကို သွားရောက်ခေါ်ဆောင်၍ ဝါဆိုကျောင်းတိုက်သို့ ပို့ဆောင်နေစဉ် (ဓာတ်ပုံ- အိုမ်တမာဝ် လူမှုကူညီရေးအသင်း)

ဒီဇင်ဘာ ၂၆ ရက်တွင် ပန်လော့ကျေးရွာနှင့် ခုံငင်းကျေးရွာတို့ အနီးတဝိုက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခဲ့ပြီး ဒီဇင်ဘာ၂၇ ရက်တွင်လည်း ပန်လော့ကျေးရွာအနီး တိုက်ခိုက်မှုများ ရှိနေဆဲ ဖြစ်သည်။

ဧရာဝတီမှ TNLA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံသို့ ဖုန်းဖြင့်အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရသဖြင့် သီးခြားမှတ်ချက် ရယူနိုင်ခြင်းမရှိပါ။

သို့သော် TNLA ၏ သတင်းနှင့်ပြန်ကြားရေး ဌာနမှ တိုက်ပွဲဖြစ်ပွားခြင်းများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ထားရာ RCSS နှင့် အဓိက တိုက်ပွဲဖြစ်ပွားရသည့် အကြောင်းအရင်းမှာ RCSS က TNLA တပ်ဖွဲ့များ လှုပ်ရှားနေသည့် ခုံငင်းကျေးရွာဘက် သို့ ဝင်ရောက်လာရာမှ စ၍ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု ရေးသားထားသည်။

ဒီဇင်ဘာ၂၇ ရက်အထိ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားပါသည်ဟု TNLA က ထုတ်ပြန်ထားသော်လည်း RCSS ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒုဗိုလ်မှူးကြီး စိုင်းအုဏ်ခေးက ကျောက်မဲမြို့နယ်တွင်း ဒီဇင်ဘာ၂၆ ရက်၊ မနက်ပိုင်း အထိသာ တိုက်ပွဲ ဖြစ်ပွားပါသည်ဟု ပြောသည်။

ဒုဗိုလ်မှူးကြီး စိုင်းအုဏ်ခေးက “တိုက်ပွဲက ငြိမ်သွားတာ ကြာပြီ။ လူတွေကတော့ ဘာလို့ ထွက်ပြေးနေလဲ မသိပါဘူး။ တိုက်ပွဲကတော့ မဖြစ်တော့ပါဘူး။ အဓိက ပြဿနာက TNLA က RCSS တပ်ဖွဲ့တွေကို ရှမ်းပြည်မြောက်ပိုင်းမှာ မနေစေ ချင်တဲ့ သဘောပဲ။ RCSS တပ်ဖွဲ့တွေရှိတဲ့နေရာမှာ သူတို့သတင်းရရင် ရသလို ဝင်တိုက်နေတာ။ ဒါပေမယ့် RCSS တပ်ဖွဲ့က ကျောက်မဲ၊ နမ္မတူ အမြဲတမ်းရှိနေတာ ကြာပါပြီ” ဟု ပြောသည်။

နှစ်ဖက်တပ်များအကြား ပစ်ခတ်မှုများမရှိသော်လည်း စစ်ရေးတင်းမာနေဆဲ ဖြစ်သည်ဟု ဒုဗိုလ်မှူးကြီး စိုင်းအုဏ်ခေးက ဆိုသည်။

ဒီဇင်ဘာအတွင်း ကျောက်မဲမြို့နယ်နှင့် နမ္မတူမြို့နယ်အတွင်း TNLA နှင့် RCSS တို့ကြား တိုက်ပွဲဖြစ်ပွားသည်မှာ ၈ကြိမ်ခန့် ရှိပြီ ဖြစ်သည်။

TNLA နှင့် RCSS ၂၀၁၆ ခုနှစ်မှ စ၍ နယ်မြေ အငြင်းပွားကာ စစ်ရေးအရဆက်ဆံရေး မပြေမလည် ဖြစ်နေကြခြင်း ဖြစ် သည်။

၂၀၁၆ ခုနှစ်အတွင်း RCSS သည် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်အတွင်း ဝင်ရောက်လာသဖြင့် TNLA နှင့် တိုက်ပွဲများ စတင်ခဲ့ခြင်း ဖြစ်သည်။

RCSS သည် ထိုင်း-မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်အရှေ့တောင်ပိုင်း၊ လွယ်တိုင်းလျန်ဒေသတွင် ဌာနချုပ်အခြေစိုက်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းတကြောတွင်လည်း အခြေစိုက် လှုပ်ရှားသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားမှုနှင့်ပတ်သက်၍ RCSS က၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ တွင် တနိုင်ငံလုံး ပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ထိုးပြီးမှ နယ်မြေကျော်လွန် လှုပ်ရှားသည်ဟု တပ်မတော် ၊ TNLA နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) တို့က ပြောဆိုထားသည်။

နိုဝင်ဘာနှင့် ဒီဇင်ဘာအတွင်း ကျောက်မဲ၊ သီပေါ၊ နမ္မတူမြို့နယ်တို့တွင် ဖြစ်ပွားသည့် တိုက်ပွဲအကြိမ်ရေ ၂၀ ကျော်တွင် RCSS က နယ်မြေကျော်လွန်လှုပ်ရှားသဖြင့် တိုက်ပွဲဖြစ်ရသည်ဟု တပ်မတော်၊ SSPP နှင့် TNLA တို့က ပြောဆိုထားသည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
41
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
71
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
678

TNLA နှင့် RCSS သည်၂၀၁၈ ခုနှစ်အတွင်း နှစ်ဖက်အရာရှိများ တွေ့ဆုံကာ ၎င်းတို့ တပ်ဖွဲ့နှစ်ဖွဲ့ကြား ပဋိပက္ခများကို ရပ်တန့်နိုင်ရန် ညှိနှိုင်းခဲ့ကြသော်လည်းTNLA ဘက်မှ ၎င်းတို့ လှုပ်ရှားနေသည့် နယ်မြေများအတွင်းသို့ ဝင်ရောက်နေသည့် RCSS တပ်များကို ဆုတ်ခွာပေးရန် ပြောဆိုခဲ့ပြီး RCSS က ရှမ်းပြည်နယ်အတွင်း နေရာအားလုံးတွင် ၎င်းတို့ တပ်များ လှုပ် ရှားမည်ဖြစ်ကြောင်း ရပ်တည်ထားသဖြင့် နှစ်ဖက် ညှိနှိုင်းမရဘဲ ထပ်မံ တွေ့ဆုံနိုင်ခြင်းလည်း မရှိတော့ပါ။

You may also like these stories:

နမ္မတူတွင် RCSS နှင့် TNLA တို့ နယ်မြေအငြင်းပွားမှုဖြင့် တိုက်ပွဲပြန်ဖြစ်

Your Thoughts …
Tags: RCSSTNLAကျောက်မဲစစ်ရှောင်တိုက်ပွဲ
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
ရန်ကုန်တိုင်းအတွင်းရှိ မဲရုံတရုံတွင် မဲရေတွက်နေစဉ် / ဧရာဝတီ

ရွေးကောက်ပွဲ ကန့်ကွက်လွှာ၂၀၀ နီးပါး ကြံ့ခိုင်ရေးပါတီက UEC သို့ တင်ထား

၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၁၆ရက်က ရန်ကုန်မြို့တွင် သွားလာနေကြသူများ / ထက်ဝေ / ဧရာဝတီ

ကိုဗစ်ပိုးတွေ့လူနာ ဆက်တိုက် ကျဆင်းမှု အခြေအနေကောင်းတရပ် ဟုဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved