• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုဗစ်ပိုးတွေ့လူနာ ဆက်တိုက် ကျဆင်းမှု အခြေအနေကောင်းတရပ် ဟုဆို

by ဇူးဇူး
28 December 2020
in သတင်း
A A
၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၁၆ရက်က ရန်ကုန်မြို့တွင် သွားလာနေကြသူများ / ထက်ဝေ / ဧရာဝတီ

၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၁၆ရက်က ရန်ကုန်မြို့တွင် သွားလာနေကြသူများ / ထက်ဝေ / ဧရာဝတီ

5.1k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် ဒီဇင်ဘာ ၁၉ ရက်မှ စ၍ ကိုဗစ်- ၁၉ ပိုးတွေ့လူနာသစ် တွေ့ရှိမှု အရေအတွက် ၁၀၀၀ အောက်၊ ပိုးတွေ့ရှိမှု ၅ ရာခိုင်နှုန်းအောက် ကျဆင်းလာခဲ့ပြီး ယင်းသည် အခြေအနေကောင်း တရပ်ဟု ပြောနိုင်ကြောင်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက သုံးသပ်ပြောဆိုသည်။

“ပိုးတွေ့နှုန်းဟာ စစ်ဆေးတဲ့ ပမာဏရဲ့ ၅ ရာခိုင်နှုန်းအောက်ဆိုရင် ကောင်းတယ်လို့ ပြောလို့ရပါတယ်။ သို့သော် ဒီလောက် မှာတင် ကျေနပ်နေလို့ မရပါဘူး။ အခုအခြေအနေကတော့ အခြေအနေကောင်းတခုကို ရောက်ရှိနေပြီလို့ ပြောလို့ရပါ တယ်။ ဒီအခြေအနေကို ဆက်လက်ပြီး ဆုပ်ကိုင်သွားဖို့ လိုပါတယ်” ဟု ၎င်းက ပြောသည်။

သို့သော် စည်းကမ်းလိုက်နာမှုများ အားနည်းသည့်အချိန်တွင် ပြန်လည်၍ များလာနိုင်ဖွယ်ရှိကြောင်း ဒေါက်တာ ခင်ခင်ကြီး က သတိပေးသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဒုတိယလှိုင်း ကူးစက်မှုဟု ဆိုနိုင်သည့် သြဂုတ်လ ၁၆ ရက် နောက်ပိုင်းမှစ၍ ကူးစက်ခံရသူ အရေအတွက် ဆယ်ဂဏန်း၊ ရာဂဏန်းမှသည် ထောင်ဂဏန်းနှင့် အထက်ထိ ရှိခဲ့ရာမှ ပြီးခဲ့သည့် အပတ်ကမှ စတင်ကာ ၁၀၀၀ အောက် ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။

ရာခိုင်နှုန်းအားဖြင့် ဒီဇင်ဘာ ၁၈ ရက်မှစ၍ ၅ ရာခိုင်နှုန်းအောက်၊ ဒီဇင်ဘာ ၂၅ ရက်မှစ၍ ၄ ရာခိုင်နှုန်းအောက် ကျဆင်း လာသည်ကို တွေ့ရပြီး ဒီဇင်ဘာ၂၇ ရက်တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲ နမူနာပေါင်း ၁၆,၆၀၇ ခုအနက် အတည်ပြုလူနာ ၆၀၆ ဦး (၃.၇ ရာခိုင်နှုန်း) ရှိကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ဒီဇင်ဘာ၂၇ ရက်၊ ည ၈ နာရီအချိန်ထိ ထုတ်ပြန်ချက်အရဆိုလျှင် မြန်မာနိုင်ငံ တွင် ကိုဗစ်-၁၉ စစ်ဆေးခဲ့သည့် ဓာတ်ခွဲနမူနာပေါင်း ၁,၇၄၀,၀၃၇ ခုရှိပြီး အတည်ပြုလူနာ ၁၂၁,၈၈၆ ဦး၊ ဆေးရုံဆင်းခွင့် ရရှိသူ ၁၀၃,၂၂၃ ဦးနှင့် သေဆုံးလူနာ ၂,၆၀၁ ဦး ရှိပြီ ဖြစ်သည်။

RelatedPosts

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
29
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
797
အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

10 January 2026
53

သေဆုံးလူနာများအနက် အများဆုံး အုပ်စုမှာ အသက် ၆၁ နှစ်မှ ၇၅ နှစ် ဖြစ်ကြောင်း၊ အသက်အရွယ် အပိုင်းအခြား အ လိုက် ကြည့်ပါက ၇၅ နှစ်အထက် သေဆုံးမှုသည်၂၁ ရာခိုင်နှုန်း (၅ ယောက်တွင် ၁ ယောက်သေနိုင်)၊ ၆၁ နှစ်မှ ၇၅ ကြား သေဆုံးမှုမှာ ၁၁ ရာခိုင်နှုန်း (၁၀ ယောက်တွင် ၁ ယောက်သေဆုံးနိုင်) ဖြစ်ကြောင်း ဒေါက်တာ ခင်ခင်ကြီးက ရှင်းပြသည်။

ထို့ကြောင့် ကာကွယ်နိုင်စွမ်း၊ တုံ့ပြန်နိုင်စွမ်းနည်းသည့်၊ ကိုယ်ခံအားနည်းသည့် အသက်ရွယ်ကြီးသူများ ရောဂါကူးစက်မှု ဖြစ်ပွားပါက သေစေနိုင်သည့်အတွက် စိုးရိမ်ကြောင်း၊ လက်ရှိ အနေအထားအရ အခြေအနေကောင်း တခုဟု ဆိုနိုင်သော် လည်း ပြည်သူလူထုအနေဖြင့် စည်းကမ်းများကို ဆက်လက် လိုက်နာရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

ဒေါက်တာခင်ခင်ကြီးက “New normal (နေထိုင်မှု ပုံစံအသစ်) နဲ့ အသားကျဖို့ လိုပါတယ်။ New normal နဲ့ အသားမကျ ဘူးဆိုရင် နောက်နှစ်ကိုတောင်မှ ကြိုဆိုခွင့် မရလိုက်တဲ့ အဖြစ်မျိုးတွေ ဖြစ်သွားနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ မကြာ ခင်မှာ နှစ်သစ်ကူး ပိတ်ရက်တွေလည်း ရှိလာကြမယ်။ အဲဒီအခါမှာလည်း စည်းကမ်းတွေကို ဆက်ပြီး လိုက်နာသွားမယ် ဆိုရင် သေချာပါတယ် ရောဂါဖြစ်ပွားမှုက မတက်တော့ဘဲနဲ့ အခုကျဆင်းနေတဲ့ အခြေအနေကနေ ဆက်လက် ကျဆင်း သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

တဖက်၌လည်း အစိုးရက မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေးရရှိရန် ကြိုးပမ်းနေပြီး မကြာသေး မီရက်ပိုင်းကပဲ အိန္ဒိယ ထိပ်တန်းဆေးကုမ္ပဏီတခုဖြစ်သည့် Serum Institute တို့ကြား ကိုဗစ်ကာကွယ်ဆေး လူ ၁၅ သန်း စာအတွက် ဝယ်ယူရေး နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။

မကြာခင်ကာလတွင် ကာကွယ်ဆေးထိုးမည့် အစီအစဉ်များ စရန် စီစဉ်ထားပြီး ဖြစ်ကြောင်း၊ ကာကွယ်ဆေး မရခင်နှင့် တ တိုင်းပြည်လုံးကို ကာကွယ်ဆေးထိုးပေးမှု မပြီးမချင်း ကြားကာလ၌ အထူးသတိထားရန် လိုအပ်ကြောင်း ဒီဇင်ဘာ ၂၄ ရက် တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများသို့ အစီရင်ခံ တင်ပြသော ကိုဗစ်ဖြစ်ပွားမှု နောက်ဆုံး အခြေအနေနှင့် ပတ်သက်သည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုဗစ်ပိုးတွေ့လူနာ ကျဆင်းလာပြီးနောက် ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီး/ ခနောင်တိုမြို့နယ်၊ တွံတေးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၊ ကချင်ပြည်နယ် ဖား ကန့်မြို့နယ်တို့ အတွင်းမှ ရပ်ကွက်/ကျေးရွာအုပ်အချို့နှင့် မော်လမြိုင်၊ ဘီးလင်း၊ ကဝ၊ သနပ်ပင်၊ ဖျာပုံ၊ မအူပင်နှင့် မိုးညှင်း မြို့နယ်တို့အား ဒီဇင်ဘာ ၂၇ ရက်၊ နံနက် ၈ နာရီမှ စတင်ကာ Stay at Home ပယ်ဖျက်လိုက်ကြောင်း ကြေညာခဲ့သည်။

ကမ္ဘာပေါ်တွင် ဆက်လက် တည်ရှိ ကူးစက်ဖြစ်ပွားနေမည့် ကိုဗစ်-၁၉ နှင့် အတူယှဉ်တွဲ၍ ဆက်လက်ရှင်သန် နေထိုင်ရ မည်ဖြစ်ရာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတို့နှင့် ပတ်သက်ပြီး နေထိုင်မှုပုံစံသစ်များဖြင့် လုပ်ငန်းများ ဆောင် ရွက်နိုင်ရေး ကြိုးပမ်းကြရန်လည်း ကျန်းမာရေး ဝန်ကြီးဌာနက ဒီဇင်ဘာ၂၂ ရက်တွင် အသိပေး ထုတ်ပြန်ခဲ့သည်။

ထို့ပြင် သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ပြည်တွင်းလေကြောင်းလိုင်း ပြန်လည် ပြေးဆွဲခွင့်နှင့် Stay at Home မဟုတ်သည့် မြို့နယ်များ၌ သတ်မှတ်ချက်နှင့် ကိုက်ညီသော လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များကိုလည်း ပြန်လည် ဖွင့်လှစ်ခွင့် ပြုနေပြီ ဖြစ်သည်။

You may also like these stories:

အိန္ဒိယထံမှ ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၅ သန်း မြန်မာဝယ်ယူမည်

ကိုဗစ်လူနာများ ကုသရန် နေရာလုံလောက်မှု ရှိကြောင်း ရန်ကုန်တိုင်း ကျန်းမာရေးပြော

Your Thoughts …
Tags: ကူးစက်မှုပိုးတွေ့လူနာ
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

“တရုတ် ဟာဝိုင်အီ” လို့ တင်စားကြတဲ့ ဟိုင်နန်ကျွန်း

ခရီးသွားတွေနဲ့ ပြန်လည် သက်ဝင်လာတဲ့ တရုတ် ဟာဝိုင်အီ

by Aurora
12 December 2020
5.7k

နိုင်ငံရဲ့ တောင်ဘက်စွန်းပိုင်းမှာရှိတဲ့ ဒီကျွန်းလေးပေါ်မှာ ဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ပြည်တွင်းခရီးသွား အရေအတွက် ကျဆင်းသွားခဲ့ပါသေးတယ်။

ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီး  / သီဟလွင် / ဧရာဝတီ

ပိုးတွေ့ လူနာ၂ ဦး စိုးရိမ်စရာမရှိ၊ သတင်းမှားများကို မယုံကြရန် သတိပေး

by သီဟလွင်
24 March 2020
322.6k

မြန်မာနိုင်ငံတွင် COVID-19 ပိုးတွေ့ လူနာရှိလာသောကြောင့် WHO မှ ထုတ်ပြန်ထားသည့် ပိုးတွေ့နိုင်ငံများ လုပ်ဆောင်ရမည့် အချက် ၅ ချက်အတိုင်း လုပ်ဆောင်နေကြောင်း သိရသည်။

ဗီယက်နမ်တွင် ပြည်တွင်းကူးစက်မှု မရှိသည်မှာ လအတန်ကြာပြီ ဖြစ်သည်။

ဗီယက်နမ်ရှိ မြို့ကြီးများနှင့် ပြည်နယ်တိုင်းတွင် ကိုဗစ် အန္တရာယ်ရှိနေ

by ဧရာဝတီ
29 July 2020
3.5k

လူဦးရေ ၉၅ သန်းရှိသော ဗီယက်နမ်နိုင်ငံသည် COVID-19 ကြောင့် သေဆုံးမှု မရှိသည့် လူဦးရေအများဆုံးနိုင်ငံဖြစ်ပြီး ပြည်တွင်းကူးစက်မှု မရှိသည်မှာ လအတန်ကြာပြီ ဖြစ်သည်။

ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်

ဧဝရတ်တောင် တက်နေတဲ့ တောင်တက်သမားတဦး ကိုဗစ် ကူးစက်ခံရ

by Aurora
26 April 2021
7.6k

မြို့တော် ခတ္တမန္ဒူမှာရှိတဲ့ ဆေးရုံကလည်း ဧဝရတ်တောင်တက်သမားတဦးမှာ COVID-19 ကူးစက်ခံထားရတယ် ဆိုတာ အတည်ပြုပေးခဲ့ပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီး / သီဟလွင် / ဧရာဝတီ

လက်ရှိဖြစ်နေတဲ့ အခြေအနေက စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်ပါတယ်

by သဇင်လှိုင်
15 September 2020
49k

ကိုဗစ်ရောဂါ ထိန်းချုပ်ကုသရေးနဲ့ ပတ်သက်ပြီး မည်သို့မည်ပုံ ဆက်လက်ဆောင်ရွက်နေသည်ကို သိရှိနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနှင့် ဧရာဝတီသတင်းထောက် သဇင်လှိုင်က ဆက်သွယ် မေးမြန်းထားပါသည်။

Air KBZ လေကြောင်းလိုင်းမှ သြဂုတ်လ ၂၆ ရက်တွင် ကာကွယ်ရေးပစ္စည်းများ စစ်တွေသို့ ပို့ဆောင်ရန် ပြင်ဆင်နေစဉ်  / Air KBZ

Air KBZ နှင့် MAI အနေဖြင့် ကိုဗစ် ကာကွယ်ရေး ရာနှုန်းပြည့် ဆောင်ရွက်ထားဟု ဆို

by ဧရာဝတီ
28 August 2020
7.4k

Air KBZ လေကြောင်းလိုင်းသည် ရခိုင်ပြည်နယ်အတွင်း လိုအပ်နေသည့် ဆေးဝါးနှင့် Swab Test Sample များ သယ်ယူပို့ဆောင်ရေး၊ ခရီးသည် သယ်ယူပို့ဆောင်ရေးတို့ကို လုပ်ကိုင်နေပြီး၊ MAI အနေဖြင့် တခြားသော တိုင်းပြည်များတွင် ပိတ်မိနေသည့် နိုင်ငံသားများအား...

Next Post
ပုသိမ်စက်မှုဇုန်မှ အထည်ချုပ်လုပ်သားများ  / ဆလိုင်းသန့်စင် / ဧရာဝတီ

အစိုးရက ဧရာဝတီတိုင်း အထည်ချုပ်အလုပ်သမားများကို ကျပ်သိန်း ၈၀၀၀ ထောက်ပံ့

စင်ကာပူမြို့လည် အော်ချဒ်လမ်းပေါ် ခရစ်စမတ်အကြို ဈေးဝယ်ထွက်ကြသူများ/Getty Images

ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်ကြောင့် အနာဂတ်အတွက် မရေရာမှုက ပိုတိုးလာ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved