• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပိုးတွေ့ လူနာ၂ ဦး စိုးရိမ်စရာမရှိ၊ သတင်းမှားများကို မယုံကြရန် သတိပေး

by သီဟလွင်
24 March 2020
in သတင်း
A A
ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီး  / သီဟလွင် / ဧရာဝတီ

ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီး / သီဟလွင် / ဧရာဝတီ

322.6k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် COVID-19 ပိုးတွေ့ လူနာနှစ်ဦးမှာ ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိပြီး စိုးရိမ်စရာမရှိကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောဆိုလိုက်သည်။

နိုင်ငံရပ်ခြားမှ ပြန်လာကြသူများဖြစ်သော ချင်းပြည်နယ် တီးတိန်မြို့ ပြည်သူ့ ဆေးရုံရှိ လူနာ ၁ ဦးနှင့် ရန်ကုန်မြို့ဝေဘာဂီ အထူးကု ဆေးရုံတို့ရှိ လူနာ ၁ ဦးတို့တွင် COVID-19 ပိုး တွေ့ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ ထုတ်ပြန်ပြီးနောက်တွင် လူမှု ကွန်ရက်စာမျက်နှာ၌ အဆိုပါ လူနာ သေဆုံးသွားကြောင်း သတင်းမှားများ တက်လာကာ၊ ပြန်လည် မျှဝေမှုများလည်း ရှိနေ သည်။

ထိုသို့ သတင်းမှားများကြောင့် ပြည်သူလူထု၏ စိုးရိမ်ကြောက်လန့်မှုမှ တဆင့် နိုင်ငံ မတည်မငြိမ်ထိ ဖြစ်သွားစေနိုင်ကြောင်း ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။

၎င်းက “ချင်းပြည်နယ် တီးတိန်မှာ ရှိတဲ့လူနာဟာ ဒီနေ့ဆို အဖျားလည်း မရှိတော့ဘူး။ နဂိုကတည်းက သူက ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်း ရောဂါလက္ခဏာ မရှိဘူးဆိုတော့ သူက ကောင်းပါတယ်။ ဖွနေတဲ့ သတင်းမှားတွေက မဟုတ်ပါဘူးနော်။ အဲဒါလေးလည်း ပြောချင်ပါတယ်” ဟု ဆိုသည်။

ရန်ကုန်မြို့ ဝေဘာဂီ ဆေးရုံတွင် တက်ရောက် ကုသမှုခံယူနေသည့် အင်္ဂလန်နိုင်ငံမှ ပြန်လာသည့် အသက်၂၆ နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသား ၁ ဦးမှာလည်း ဖျားခြင်း၊ ချောင်းဆိုးခြင်းများ မရှိဘဲ အခြေအနေ ကောင်းမွန်ကြောင်း ၎င်းက ဆက်ပြောသည်။

ယခုကဲ့သို့ ပိုးတွေ့ အခြေအနေကြောင့် ပြည်သူလူထုအနေနှင့် စိုးရိမ်ကြောက်လန့်မှု မလွန်ကဲစေဘဲ ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည့် လမ်းညွှန်ချက်များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ရန် လိုအပ်သလို၊ သတင်းမှားများကိုလည်း မယုံကြရန် ဒေါက်တာ ခင်ခင်ကြီးက တိုက်တွန်း ပြောဆိုသည်။

ယခုအခါ မြန်မာနိုင်ငံတွင် COVID-19 ပိုးတွေ့ လူနာရှိလာသောကြောင့် ကမာ္ဘ့ကျန်းမာရေးအဖွဲ့ (WHO) မှ ထုတ်ပြန်ထား သည့် ပိုးတွေ့နိုင်ငံများ လုပ်ဆောင်ရမည့် အချက် ၅ ချက်အတိုင်း လုပ်ဆောင်နေကြောင်း သိရသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
546
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
172
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
66

ထို ၅ ချက်တွင်  နိုင်ငံတွင်း ပိုးစတင်တွေ့ပါက အစိုးရနှင့် လူ့အဖွဲ့အစည်း အားလုံး ပူးပေါင်း၍ နိုင်ငံတော် အရေးပေါ် တုံ့ပြန်မှု စီမံခန့်ခွဲမှု အမြင့်ဆုံးအဆင့် ဆောင်ရွက်ခြင်း၊ ပိုးတွေ့ လူနာနှင့် ထိတွေ့မှု ရှိခဲ့သူများကို ရှာဖွေစစ်ဆေးခြင်း၊ သီးခြားထား ကုသခြင်း၊ ပြည်သူများအား ပညာပေးခြင်း၊ စောင့်ကြပ် ကြည့်ရှုသည့်စနစ် တိုးချဲ့ဆောင်ရွက်ခြင်း၊ လူစုဝေးခြင်းများကို ပိတ်ပင်ကာ ဌာနပေါင်းစုံ ပါဝင်သည့် အစီအမံများချမှတ်ခြင်း အစရှိသည့် အချက်များ ပါဝင်သည်။

“ကျမတို့ရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကနေပြီးတော့ ဒီငါးချက်စလုံးကို အပြည့်အ၀ ဆောင်ရွက်ပြီး ဖြစ်ပါတယ်” ဟု ဒေါက်တာ ခင်ခင်ကြီးက ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံရှိ ပိုးတွေ့ အမျိုးသား၂ ဦးနှင့် ထိတွေ့ခဲ့သူများ အားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာ ကန့်သတ်ကာ စောင့်ကြပ် ကြည့်ရှုမှုများ လုပ်ဆောင်နေကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ပြောဆိုထားသည်။

မတ် ၂၃ ရက်ညပိုင်းက WHO ၏ ထုတ်ပြန်ချက်အရ ကမာ္ဘတဝန်း၌ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ခံရသူ ၃ သိန်း ကျော်၊ အဆိုပါ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁ သောင်း ၄ ထောင်ကျော် ရှိပြီဖြစ်ပြီး နိုင်ငံပေါင်း ၁၈၉ နိုင်ငံကို ကူးစက် ပြန့် ပွားလျက်ရှိကြောင်း သိရသည်။

You may also like these stories:

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများ သောင်းနှင့်ချီ၍ ပြည်တွင်းပြန်ဝင်

ရပ်ရွာတွေမှာ လူထုအားကိုယူပြီး စောင့်ကြည့် သတင်းပေးတဲ့စနစ် လုပ်နေတယ်

နယ်စပ်ဖြတ် ပြန်လာသူများ အိမ်ပြန်ပို့ပြီး ၁၄ ရက် စောင့်ကြည့်မည်

အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးနှင့် ကိုရိုနာအန္တရာယ်

Your Thoughts …
Tags: WHOကျန်းမာရေးဝန်ကြီးဌာနဒေါက်တာ ခင်ခင်ကြီးပိုးတွေ့လူနာသတင်းမှား
သီဟလွင်

သီဟလွင်

ဧရာဝတီ

Similar Picks:

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

by ဧရာဝတီ
17 November 2023
23.8k

စစ်ဘက်မှ အရပ်ဘက်ဝန်ကြီးဌာနသို့ ပြောင်းလဲခန့်အပ် တာဝန်ပေးခံရသည့် ဆရာဝန်များမှာ လက်ရှိ စစ်ခေါင်းဆောင် အသိုင်းအဝိုင်းနှင့် ပတ်သက် ဆက်နွှယ်သူများ ဖြစ်သည်

ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ

ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ

by စောအောင်ထွန်း
3 December 2024
8.4k

တဖက်မှာလည်း စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ အရေးယူမှုတွေကြောင့် အခမဲ့ဆေးခန်းတွေ၊ အစိုးရမဟုတ်တဲ့ ကျန်းမာရေး အဖွဲ့ အစည်းတွေ နိုင်ငံတွင်းမှ ထွက်ခွာသွားတာကြောင့် ယခင် လွယ်လင့်တကူရခဲ့တဲ့ ART ဆေးဝါးထောက်ပံ့မှုတွေဟာ တန်းစီစောင့်ရတဲ့ အခြေ အနေဖြစ်သွားပါတယ်။ ဒါတွေအပြင် နိုင်ငံတကာအလှူရှင်တွေ...

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

by ဧရာဝတီ
3 February 2025
7k

ကုန်ကျစရိတ် လျှော့ချရေးအတွက် အရင်ဖြတ်တောက်၊ နောက်မှပြင် နည်းလမ်းသည် မစ္စတာ မတ်စ်၏ ဘဝလမ်းကြောင်း တလျှောက်တွင် ရည်ရွယ်ချက်ရှိရှိ လုပ်ခြင်းဖြစ်သည်။

စစ်ကောင်စီနှင့် အရှေ့ဥရောပကြား လက်နက်ပွဲစား ဦးအောင်လှိုင်ဦး

စစ်ကောင်စီနှင့် အရှေ့ဥရောပကြား လက်နက်ပွဲစား ဦးအောင်လှိုင်ဦး

by အောင်ဇော်
17 July 2024
6.7k

ဦးအောင်လှိုင်ဦးကို အမြတ်အစွန်း အများအပြားပေးပြီး ထုံစံအားဖြင့် ယူကရိန်းမှ လက်နက်ရောင်းချမှုများအတွက် ကော်မရှင်ခ ၂၀ မှ ၃၀ ရာခိုင်နှုန်းအထိရသည်။

အစ္စရေး- ဟားမတ်စ် စစ်ပွဲအကြောင်း သိကောင်းစရာ

အစ္စရေး- ဟားမတ်စ် စစ်ပွဲအကြောင်း သိကောင်းစရာ

by ဧရာဝတီ
17 October 2023
5.4k

အရပ်သား အများအပြား သေဆုံးသည့် ယခုလောက် ကြီးမားသော အကြမ်းဖက် တိုက်ခိုက်မှုမျိုးကိုလည်း အစ္စရေး မကြုံဖူးပေ။

ကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ရဲ့ သမ္မတ ရက်သတ္တပတ်

ကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ရဲ့ သမ္မတ ရက်သတ္တပတ်

by နွေနေ
3 February 2025
3.8k

ထရမ့်ရဲ့ လုပ်ဆောင်ချက်တွေဟာ အန္တရာယ်ရှိတဲ့ အာဏာရှင်စနစ်ကို ဦးတည်နေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်း ညီညွတ်မှု မရှိဘူးလို့ ဆိုတယ်။

Next Post
ရောဂါကူးစက်မှုအကြောင်း ရေးသားနေကြသော သတင်းထောက်များ အနေဖြင့် WHO နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့၏ အကြံပြုချက်များကို စောင့်ကြည့်နေသင့်ပါသည် 

ကိုရိုနာဗိုင်းရပ်ရောဂါပျံ့နှံ့နေချိန် ဘယ်လိုသတင်းယူကြမလဲ

မန္တလေးကျောက်ဝိုင်း / ဇော်ဇော် / ဧရာဝတီ

မန္တလေးကျောက်ဝိုင်းနှင့် စားသောက်ဆိုင်များ ယာယီပိတ်မည် ‌

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved