သတင်းတို

Air KBZ နှင့် MAI အနေဖြင့် ကိုဗစ် ကာကွယ်ရေး ရာနှုန်းပြည့် ဆောင်ရွက်ထားဟု ဆို

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်သို့ ပျံသန်းနေသည့် Air KBZ အပါအဝင် MAI လေကြောင်းလိုင်း အနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနမှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းနှင့်အညီ ကာကွယ်ရေးများ လုပ်ဆောင်ထားပြီး ခရီးသွားများ အား COVID 19 ပိုးကူးစက်မှု မရှိရေး ရာနှုန်းပြည့် အာမခံဆောင်ရွက်နေကြောင်း လေကြောင်းလိုင်းမှ ထုတ်ပြန်သည်။

လေကြောင်းလိုင်း အနေဖြင့် ရောဂါပိုးပျံ့နှံမှု မြင့်တက်နေသည့် ရခိုင်ပြည်နယ် စစ်တွေ၊ သံတွဲ၊ ကျောက်ဖြူ မြို့ များသို့ နယ်မြေဒေသ လိုအပ်ချက်အရ ဆေးဝါးနှင့် Swab Test Sample ယူရန်နှင့် မဖြစ်မနေ ခရီးသွားရမည့် ခရီးသည် များ အတွက် ခရီးစဉ်များကို ပျံသန်းပြေးဆွဲပေးနေရခြင်းဖြစ်ပြီး၊ လေယာဉ် အမှုထမ်းများကို PPE ဝတ်စုံ ဝတ်ဆင်စေခြင်း၊ ပျံသန်းပြေးဆွဲသော လေယာဉ်များကို ပိုးသတ်ဆေးဖြန်းခြင်းများကို နေ့စဉ် မပျက်မကွက် လုပ်ဆောင်ထားကြောင်း လေကြောင်းလိုင်း၏ အထွေထွေ မန်နေဂျာ ဦးတင်မောင်သန်းက ပြောသည်။

ယမန်နေ့နံနက် ၈ နာရီ ထုတ်ပြန်ချက်တွင် ပါရှိသည့် လူနာအမှတ် ၅၈၄ အမျိုးသမီးမှာ Air KBZ လေကြောင်းလိုင်း၏ မန်နေဂျာ အဆင့်ရှိသည့် ရုံးဝန်ထမ်း အမျိုးသမီးသာဖြစ်ပြီး လေယာဉ်အမှုထမ်းများ မဟုတ်ကြောင်းလည်း ထုတ်ပြန် ချက်တွင် ပါရှိသည်။

အဆိုပါ ဝန်ထမ်းသည် သြဂုတ်လ ၁၁ ရက်မှ ၁၄ ရက်အထိ စစ်တွေမြို့သို့ ခရီးသွားခဲ့ပြီး အလုပ်ပြီးချိန်တွင် စစ်တွေမြို့ ၏ View Point သို့ သွားရောက် လည်ပတ်ခဲ့ကာ နေ့လည်စာနှင့် ညစာများကို မြို့ထဲတွင် သွားရောက် စားသောက် ခဲ့ခြင်း ကြောင့် အဆိုပါ နေရာများမှ ကူးစက်ခံရနိုင်ဖွယ်ရှိကြောင်း၊ ၎င်းသည် ဖျားနာခြင်း၊ ချောင်းဆိုးခြင်းများ မရှိဘဲ ရေးမွှေးဆွတ်သည့်အခါနှင့် ဆပ်ပြာသုံးသည့်အခါ အနံ့မရ ခြင်းများကြောင့် ဆေးခန်း သွားရောက်ပြခဲ့ရာ Swab Test Sample များ စစ်ဆေးမှသာ ရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ပိုးတွေ့လူနာနှင့် ထိတွေ့ ဆက်စပ်ခဲ့သည့် ဝန်ထမ်း ၁၆ ဦးနှင့် ၎င်းနှင့်အတူ ခရီးသွားရောက်ခဲ့သော မန်နေဂျာတဦး တို့ကို ရွှေပြည်သာ ကွန်ပျူတာ တက္ကသိုလ်ရှိ Quarantine စင်တာတွင် အသွားအလာ ကန့်သတ်နေ ထိုင်လျက် ရှိကြောင်း သိရသည်။

Air KBZ လေကြောင်းလိုင်းသည် ရခိုင်ပြည်နယ်အတွင်း လိုအပ်နေသည့် ဆေးဝါးနှင့် Swab Test Sample များ သယ်ယူပို့ဆောင်ရေး၊ ခရီးသည် သယ်ယူပို့ဆောင်ရေးတို့ကို လုပ်ကိုင်နေပြီး၊ MAI အနေဖြင့် တခြားသော တိုင်းပြည်များတွင် ပိတ်မိနေသည့် နိုင်ငံသားများအား သက်ဆိုင်ရာ မြန်မာသံရုံးနှင့် ဆက်သွယ်၍ ကယ်ဆယ်ရေး လေယာဉ်များအဖြစ် ပျံသန်းနေသည်။

You may also like these stories:

မြန်မာလေကြောင်းလိုင်းများကို အနီးကပ် ကြည့်ရှုခြင်း အပိုင်း – ၁

မြန်မာလေကြောင်းလိုင်းများကို အနီးကပ် ကြည့်ရှုခြင်း အပိုင်း – ၂

Did you find apk for android? You can find new Free Android Games and apps.
Loading