• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာသင်္ဘောသားများ ပြန်လွှတ်ပေးရေး အီရန်ဘက်က တိကျသည့် အဖြေမပေး

by ဇင်လင်းထက်
25 January 2021
in သတင်း
A A
ရေနံနှင့် ဓာတုပစ္စည်းများ တင်ဆောင်သည့် HANKUK CHEMI အမည်ရ တောင်ကိုရီးယား သင်္ဘော / MarineTraffic.com

ရေနံနှင့် ဓာတုပစ္စည်းများ တင်ဆောင်သည့် HANKUK CHEMI အမည်ရ တောင်ကိုရီးယား သင်္ဘော / MarineTraffic.com

20.1k
VIEWS
Share on FacebookShare on Twitter

မြန်မာသင်္ဘောသား ၁၁ ဦးအပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသော သင်္ဘောသား ၂၀ ဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန် အီရန်နိုင်ငံအစိုးရထံ တောင်းဆိုထားသော်လည်း အီရန်ဘက်က တိကျသည့် အဖြေမပေးသေးကြောင်း မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနထံမှသိရသည်။

မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနအောက်ရှိ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို က “ဒီနေ့ပဲ ကျနော် နယူးဒေလီ မြန်မာသံရုံးက သံမှူးကြီးနဲ့ ဖုန်းပြောဖြစ်တယ်။ သူတို့ဘက်ကတော့ အီရန်သံရုံးနဲ့ မပြတ်ဆက်သွယ်နေတယ်။ ဒါပေမယ့် အီရန်ဘက်ကတော့ တိုးတက်မှု တစုံတရာမရသေးဘူး” ဟု ဧရာဝတီသို့ပြောကြားသည်။ 

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
22
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
25
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
625

အီရန်နိုင်ငံအား ပူးတွဲတာဝန်ယူထားသည့် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမိုးကျော်အောင်သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်က နယူးဒေလီမြို့ရှိ အီရန်သံရုံးသို့ သွားရောက်၍ မြန်မာသင်္ဘောသားများ ပြန်လည်လွတ်မြောက်ရေး အတွက် တောင်းဆိုခဲ့ပြီး မြန်မာသင်္ဘောသား ဦးထွန်းထွန်းအေးနှင့်လည်း ဖုန်းဖြင့်ဆက်သွယ် စကားပြောခဲ့သေးသည်။

မြန်မာသင်္ဘောသားများကို HANKUK CHEMI သင်္ဘောပေါ်တွင်သာ ထိန်းသိမ်းထားပြီး သင်္ဘောသည် အီရန်နိုင်ငံရေပိုင်နက်ထဲမှာပင် ကျောက်ချရပ်နားထားကြောင်း သိရသည်။

ဦးအေးကိုကို က “အားလုံးက ကျန်းကျန်းမာမာရှိကြတယ်။ ပထမတော့ သင်္ဘောသားတွေရဲ့ ဖုန်းတွေကို သိမ်းထားတယ် လို့ကြားရတယ်။ အခုတော့ မိသားစုတွေနဲ့လည်း ဖုန်းပြောလို့ရတယ်။ သင်္ဘောကပ္ပတိန်နဲ့ ဖုန်းပြောတာတော့ စိတ်မပူဖို့ ပြောထားတယ်။ မြန်မာသံရုံးဖုန်းနံပါတ်ကိုလည်း ဆက်သွယ်နိုင်အောင်ပေးထားတယ်။ အဲဒီသင်္ဘောမှာ အစားအစာနဲ့ သောက်ရေ၊ Medical Equipment တွေလည်းပေးထားတယ်” ဟု ပြောပြသည်။

မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနအနေနှင့် ဖမ်းဆီးထိန်းသိမ်းခံ မြန်မာသင်္ဘောသားများ ပြန်လည်လွတ်မြောက်နိုင်ရေး တတ်နိုင်သမျှနည်းလမ်းရှာပြီး အကူအညီပေးနေကြောင်း ၎င်းက ရှင်းပြသည်။

မြန်မာ၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ် သင်္ဘောသားများ တာဝန်ထမ်းဆောင်နေသည့် တောင်ကိုရီးယား နိုင်ငံပိုင် MT Hankuk Chemi အမည်ရှိ သင်္ဘောသည် ဇန်နဝါရီလ ၄ ရက်တွင် ပါရှန်ပင်လယ်ကွေ့၌ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

အဆိုပါသင်္ဘောသည် ပါရှန်ပင်လယ်ကွေ့နှင့် အီရန်နိုင်ငံထိန်းချုပ်ထားသော ဟောမုဇ်ရေလက်ကြားကို ညစ်ညမ်းစေသည်ဟု စွပ်စွဲကာ အီရန်တော်လှန်ရေးအစောင့်တပ်က ဖမ်းဆီးလိုက်ခြင်းလည်းဖြစ်သည်။

Hankuk Chemi သင်္ဘောသည် ဟောမုဇ်ရေလက်ကြားကို ညစ်ညမ်းစေခဲ့ကြောင်း ခိုင်လုံသည့် အထောက် အထားများရှိပါက အီရန်ဘက်က ထုတ်ဖော်ပြသရန် တောင်ကိုရီးယားအစိုးရဘက်က တောင်းဆိုထားသော်လည်း အီရန်ဘက်က လက်ရှိအချိန်အထိ ထုတ်ဖော်ပြသလာခြင်းမရှိသေးပေ။

လူသားချင်းစာနာသည့် အနေနှင့် သင်္ဘောသားများအားလုံးပြန်လွှတ်ပေးရန် တောင်ကိုရီးယားအစိုးရဘက်က တောင်းဆိုထားသော်လည်း အီရန်ဘက်က တိကျသည့် အဖြေတစုံတရာမပေးသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံရုံး၏ သတင်းပေးပို့ချက်ကို ကိုးကားရေး၍ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုက ပြောကြားသည်။

You may also like these stories:

အီရန်ဖမ်းထားသည့် မြန်မာသင်္ဘောသားများ လွတ်မြောက်ရေး နိုင်ငံခြားရေးဝန်ကြီးဌာန ကူညီနေ

Your Thoughts …
Tags: HANKUK CHEMIတောင်ကိုရီးယားသင်္ဘောသားအီရန်
ဇင်လင်းထက်

ဇင်လင်းထက်

ဧရာဝတီ

Similar Picks:

မြောက်ကိုရီးယား လုပ်ကြံရေးသမားကို ဖမ်းဆီးခဲ့သည့် အမေ့ခံ ဒေါ်ဓားစန်းရီ

မြောက်ကိုရီးယား လုပ်ကြံရေးသမားကို ဖမ်းဆီးခဲ့သည့် အမေ့ခံ ဒေါ်ဓားစန်းရီ

by ဧရာဝတီ
11 October 2023
10k

"သူ့ရဲ့ ဘယ်လက် ပြတ်သွားတယ်။ ညာဘက်လက်မှာ လက်ချောင်း လေးချောင်းပြတ်ပြီး လက်မပဲ ကျန်တော့တယ်" ဟု ဒေါ်ဓားစန်းရီက ပြောသည်။

တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

by ဧရာဝတီ
19 July 2025
7.6k

တောင်ကိုရီးယားနိုင်ငံရှိ စစ်ကောင်စီသံရုံးတွင် ငလျင်ဘေးအတွက် ကိုရီးယားနိုင်ငံအတွင်း လှူဒါန်းငွေများ အပါအဝင် အမေရိကန်ဒေါ်လာ ၇ သိန်းကျော် အလွဲသုံးစားပြုလုပ်ခဲ့သူ သံရုံးဝန်ထမ်း မနှင်းဦးလှိုင်ကို နေပြည်တော်၌ ဖမ်းဆီးထား ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နီးစပ်သူတဦးက ပြောသည်။

လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဗိုလ်ချုပ်ကြီး နေဝင်း

မြန်မာအာဏာရှင်တို့ မှီခိုရာ ရက်စက်ကြမ်းကြုတ်သော စစ်ထောက်လှမ်းရေးအဖွဲ့

by Bertil Lintner
22 April 2023
22.1k

ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် သူ့လူများသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီးတွင် ၎င်းတို့အဖွဲ့၏ အရက်စက်ဆုံး ထောက်လှမ်းရေးများကို အင်ပြည့်အားပြည့် အသုံးချတော့သည်။

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

by Amin Saikal
14 June 2025
5.9k

နျူကလီးယားဆွေးနွေးပွဲများ လမ်းဆုံးသို့ ရောက်နေပုံရသောအခါ ဝန်ကြီးချုပ် နေတန်ရာဟုက ယခုအချိန်သည် တိုက်ခိုက်ရမည့်အချိန်ဟု ဆုံးဖြတ်လိုက်သည်။

ထရမ့် လက်ထက်မှာ အမေရိကန်က မြန်မာကို ပြန်ပြီး အာရုံစိုက်မလား

ထရမ့် လက်ထက်မှာ အမေရိကန်က မြန်မာကို ပြန်ပြီး အာရုံစိုက်မလား

by ဧရာဝတီ
28 December 2024
5.6k

အစိုးရသစ်အောက်တွင် အမေရိကန် ပြည်ထောင်စု၏ ဦးစားပေးများ ပြောင်းလဲနေစဉ် ထရမ့်က အာရှမှ မဟာမိတ်များ၊ မိတ်ဖက်များနှင့် (ပြိုင်ဘက် တရုတ်) ကို မည်သို့ ဆက်ဆံမည်နည်း။

အစ္စရေး- ဟားမတ်စ် စစ်ပွဲအကြောင်း သိကောင်းစရာ

အစ္စရေး- ဟားမတ်စ် စစ်ပွဲအကြောင်း သိကောင်းစရာ

by ဧရာဝတီ
17 October 2023
5.4k

အရပ်သား အများအပြား သေဆုံးသည့် ယခုလောက် ကြီးမားသော အကြမ်းဖက် တိုက်ခိုက်မှုမျိုးကိုလည်း အစ္စရေး မကြုံဖူးပေ။

Next Post
UWSA နှစ် ၃၀ ပြည့် အခမ်းအနား စစ်ရေးပြ မြင်ကွင်း  / ဧရာဝတီ

“ဝ” ပြည်နယ်တောင်းဆိုမှု သို့မဟုတ် အစိုးရ ဖြေရှင်းရခက်မယ့် ပုစ္ဆာ

ကမာရွတ်မြို့နယ်၌  COVID-19 ကာကွယ်ဆေးထိုးရန် စာရင်းပေးနေကြစဉ်  / ထက်ဝေ / ဧရာဝတီ

ကိုဗစ် ကာကွယ်ဆေးထိုးရန် တိုင်းနှင့် ပြည်နယ်များတွင် စာရင်းကောက်ယူ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved