• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လူထုကို အကြမ်းမဖက်ဖို့ တပ်မတော်အား ကာဒီနယ်ချားလ်စ်ဘို မေတ္တာရပ်ခံ

by ဧရာဝတီ
4 February 2021
in သတင်း
A A
ကာဒီနယ် ချားလ်စ်မောင်ဘို (မြန်မာနိုင်ငံ ကက်သလစ် ခရစ်ယာန်၊ ဂိုဏ်းချုပ်ဆရာတော်)

ကာဒီနယ် ချားလ်စ်မောင်ဘို (မြန်မာနိုင်ငံ ကက်သလစ် ခရစ်ယာန်၊ ဂိုဏ်းချုပ်ဆရာတော်)

8.8k
VIEWS
Share on FacebookShare on Twitter

ဒီမိုကရေစီအတွက် မဲပေးခဲ့ကြသည့် လူထု၏ ခံစားချက်နှင့် စိတ်ပျက်မှုကို တပ်မတော်အနေဖြင့် နားလည်ရန်လို အပ်ပြီး ငြိမ်းချမ်းစွာ ဂုဏ်သိက္ခာရှိရှိ ဆက်ဆံရန်နှင့် အကြမ်းဖက်မှု လုံးဝမပြုလုပ်ကြရန် ရန်ကုန်ကတ်သလစ် ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ် ချားလ်စ်မောင်ဘိုက ဖေဖော် ဝါရီ ၃ ရက်နေ့တွင် မေတ္တာရပ်ခံတောင်းဆို လိုက်သည်။

မဲစာရင်းများအကြောင်းပြကာ တပ်မတော်က တဖတ်သတ်အာဏာသိမ်းယူပြီးနောက် တကမ္ဘာလုံးက အံ့ဩထိတ်လန့် ဝမ်းနည်းခဲ့ရပြီး စိတ်ခေါ်မှုအကြီးမားဆုံးကာလကို ဖြတ်သန်းနေရချိန်တွင် ပြည်သူများအနေဖြင့် လူ့ဂုဏ်သိ က္ခာအတွက် လှုပ်ရှားဆောင်ရွက်ကြရာမှာ အခြေအနေကို ကောင်းမွန်စွာတုန့်ပြန်နိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ကာဒီနယ် ချားလ်စ်မောင်ဘိုက ဆိုထားပါတယ်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.3k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
76
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
60

ကာဒီနယ်ချားလ်စ်မောင်ဘိုက “တဦးတယောက်စီတိုင်းက ဘယ်သောအခါမှ အကြမ်းဖက်လမ်းစဉ်ကိုမလိုက်ဘဲ အခြေအနေကို တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ သွေးစွန်းခဲ့ရတဲ့ဖြစ်ရပ်တွေ အလွန် များ ပြားခဲ့ပြီဖြစ်လို့ ဒီနိုင်ငံမှာ နောက်တဖန်သွေးမစွန်းရစေဖို့ ကြိုးပမ်းကြပါစို့၊ ဒီလိုစိန်ခေါ်မှုကြီးမားတဲ့ ကာလမှာတောင် ငြိမ်းချမ်းရေးရဖို့ အလားအလာရှိသေးတယ်လို့ ယုံကြည်နေမိပါတယ်” ဟု ပြောထားသည်။

ကာဒီချားလ်စ်မောင်ဘိုအနေဖြင့် ယမန့်နေ့က ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့် တွေ့ဆုံအပြီးတွင် ပြည်သူများနှင့် အပြည်ပြည်ဆိုင်ရာမိတ်ဆွေများထံသို့ သတင်းစကားပြန်ကြားလွှာအား မြန်မာ နိုင်ငံကတ်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ဥက္ကဌ၊ အာရှကတ်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်ဥက္ကဌ၊ မြန် မာနိုင်ငံ ငြိမ်းချမ်းမေတ္တာအဖွဲ့အစည်း နာယကဆရာတော်နှင့် နိုင်ငံတကာ ငြိမ်းချမ်းမေတ္တာအဖွဲ့အစည်း တွဲဖက် ဥက္ကဌအနေဖြင့်လည်း ကိုယ်စားပြုကာ ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်အာဏာ ရယူပြီးနောက် ဘာသာပေါင်းစုံထံ သွားရောက်တွေ့ဆုံကာ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ လှူဒါန်းလျှက်ရှိရာတွင် အာဏာရယူမှုနှင့် ပတ်သက်၍လည်း ရှင်းပြမှုများ ပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်နေ့ကလည်း အစ္စလာမ်ဘာသားဝင်းများ၏ ဇဖရ်ရှားဒါလ်ဂါတော်သို့လည်း သွားရောက်ခဲ့ ကြောင်း သိရသည်။

ဗိုလ်မှူးချုပ်ညွန့်ဝင်းဆွေနှင့် တွေ့ဆုံရာတွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံပြီး ယှဉ်တွဲနေထိုင်သည့် မြန်မာနိုင်ငံ ၏ အင်မတန်လှပသည့် အခြေအနေအား မပြောင်းလဲပစ်ရန်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံ ဆွေးနွေးဖြင့်သာ ပြန်လည်ဖြေရှင်းပေးကြဖို့ မေတ္တာရပ်ခဲ့ကြောင်း ဇဖရ်ရှားဒါလ်ဂါမှ တာဝန်ရှိသူ ဟာဂျီဦးအေးလွင် က ပြောသည်။

အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး “ကျနော်တို့ ခနလေးပါဆိုတာ ထပ်ခါထပ်ခါပြောတယ်၊ မလွဲမရှောင်သာလို့ လုပ် လိုက်ရတာပါပြောတယ်။ မဲစာရင်းနဲ့ ပတ်သက်ပြီး ပြန်စစ်ပြီးရင် ဥပဒေအတိုင်းလုပ်မယ်ဆိုတာက အမှားတွေ့ရင် ဥ ပဒေအတိုင်းအရေးယူမှာတော့ ဟုတ်ပြီး၊ အမှန်တွေ့ရင် အာဏာပြန် အပ်မအပ်ဆိုတာတော့ မသိဘူး။ အမှား တွေ့ရင် အရေးယူမယ်ဆိုတာ တခုတည်းမဟုတ်ဘဲနဲ့ အမှန်တွေ့ရင်လည်း အမှန်အတိုင်းပဲ လက်ခံအသိအမှတ် ပြုပေးဖို့ ပြောခဲ့တယ်” ဟုလည်း ဟာဂျီဦးအေးလွင်ကပြောသည်။

ယင်းအပြင် ကာဒီနယ်ချားလ်မောင်ဘို၏ ရပ်တည်ချက်သတင်းစကားနှင့်လည်း ရပ်တည်ချက်ထပ်တူပင်ဖြစ် ကြောင်း ၎င်းကပြောသည်။

လတ်တလော ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်အပါ ဖမ်းဆီးထိန်းသိမ်းထား အားလုံးအား အမြန်ဆုံးပြန်လွှတ်ပေးရန်လည်း ၎င်းတို့က တောင်းဆိုထားကြသည်။

ကာဒီနယ်ချားလ်မောင်ဘိုက “သူတို့ဟာ စစ်သုံ့ပန်းတွေမဟုတ်ပါဘဲ ဒီမိုကရေစီခရီးလမ်းက နိုင်ငံရေးအကျဉ်း သားတွေသာ ဖြစ်ပါတယ်။ ဒီမိုကရေစီ ရပါစေ့မယ်လို့ သင်တို့ကတိပြုတယ်ဆိုရင် ပထမဆုံးသူတို့တွေကို အရင် လွှတ်ပေးလိုက်ပါ” ဟု ဆိုထားသည်။

ယင်းအပြင် နိုင်ငံအနေဖြင့် ယခုကဲ့သို့ အခြေအနေ ရောက်နေရခြင်းမှာလည်း အချင်းချင်းဆက်သွယ်ပြီး တွေ့ဆုံဆွေးနွေးမှု နည်းပါးကာ တဖက်နှင့်တဖက် လက်ခံနိုင်စိတ် နည်းပါးသည့် ဖြစ်လာရခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

You may also like these stories:

အာဏာသိမ်းခြင်းကို အကြမ်းမဖက် ဆန့်ကျင်ရန် ၈၈ ကျောင်းသားခေါင်းဆောင်များ ဆော်သြ

ရခိုင်လွှတ်တော် ဥက္ကဋ္ဌ ယနေ့ထိ ပြန်မလွတ်သေး

Your Thoughts …
Tags: ချားလ်စ်မောင်ဘိုတပ်မတော်အာဏာသိမ်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နေပြည်တော် အာဏာသိမ်း ညမှ ၃ နှစ်တိုင်သော်

by ဧရာဝတီ
1 February 2024
18.4k

အာဏာသိမ်းရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အဓိကထား တိုင်ပင်ခဲ့သူနှစ်ဦးမှာ ထိုအချိန်က ကာကွယ်ရေး ဝန်ကြီးဌာန အမှတ် ၆ စစ်ဆင်ရေးအဖွဲ့မှူး ( ကစထ-၆ ) တာဝန်ယူထားသူ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ပြည်ထဲရေး ဝန်ကြီးတာဝန်ယူ ထားသူ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်တို့ ဖြစ်သည်။

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

by ဉာဏ်သစ်
17 November 2024
8.5k

၁၉၉၁ ခုနှစ်က တက္ကသိုလ်များတွင် ကျောင်းသား ၂၀ ရှိတိုင်း သူလျှို ၁ ယောက်ကျ ရှိသည်ဟု ခန့်မှန်းထား… လက်နက်ကိုင် တပ်ဖွဲ့များတွင်မူ စစ်သည် ၁၀ ဦး ရှိတိုင်း “သူလျှို” ၁ ဦး...

စစ်အာဏာသိမ်းကာလမှာ ရာထူးတိုးလာတဲ့ “ဒွေး” မောင်နှမ (ရုပ်/သံ)

စစ်အာဏာသိမ်းကာလမှာ ရာထူးတိုးလာတဲ့ “ဒွေး” မောင်နှမ (ရုပ်/သံ)

by ဧရာဝတီ
28 August 2024
8.5k

စစ်တပ်က အာဏာာသိမ်းပြီးနောက် နောက်တဆင့် ရာထူးတိုးပေးခြင်းခံရသည့် မောင်နှမ နှစ်ယောက်ရှိသည်။ သူတို့နှစ်ဦးမှာ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဒေါက်တာ စုစုဒွေးတို့ ဖြစ်သည်။ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဒေါက်တာ စုစုဒွေးတို့သည် မောင်နှမ အရင်းများ ဖြစ်ကြသည်။

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

by အောင်သူရ
16 October 2025
5.5k

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက် စားပွဲထိုးများ ကောင်းစားသည်ဟု စစ်တပ်အသိုင်းအဝိုင်းကြား တီးတိုးပြောတတ်ကြသည်။

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

by ဧရာဝတီ
22 May 2025
3.3k

ဒီနှစ်အကုန်မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ အတင်း ကြော်ငြာထိုးပြီး မင်းအောင်လှိုင် ပြောနေတာကတော့ သူဟာ သမ္မတ အဖြစ် ရာထူး ဆက်ယူထားဖို့ကို ကြံစည်နေတာပဲ ဖြစ်ပါတယ်။

မိုးကုတ်၊ မိုးမိတ်ပြန်ပေး၍ အပစ်ရပ်ရန် TNLA သဘောတူ

မိုးကုတ်၊ မိုးမိတ်ပြန်ပေး၍ အပစ်ရပ်ရန် TNLA သဘောတူ

by ဧရာဝတီ
29 October 2025
3.3k

စစ်တပ်အား အကြီးအကျယ်အထိနာစေခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ၂ နှစ်ပြည့်သည့်ရက်နှင့်တိုက်ဆိုင်စွာ ပြုလုပ် ခဲ့သည့် ဆွေးနွေးပွဲတွင် TNLA က မြို့နှစ်မြို့ပြန်ပေးကာ အပစ်ရပ်သဘောတူခဲ့ပြီဖြစ်သည့်အတွက် ၁၀၂၇ စစ်ဆင်ရေး ဦးဆောင်ခဲ့သူများထဲတွင် အာရက္ခတပ်တော်(AA) တဖွဲ့တည်းသာ စစ်တပ်အား ဆက်လက်...

Next Post
ဦးစိုင်းလိတ် (ပြောရေးဆိုခွင့်ရှိသူ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) )

အာဏာသိမ်းမှုကို ရပ်တန့်ပြီး စေ့စပ်ညှိနှိုင်းရန် SNLD တိုက်တွန်း

ယနေ့ မနက်ပိုင်းက မန္တလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုကို တွေ့ရစဉ် / ဇော်ဇော် / ဧရာဝတီ

ပြည်သူတင်သည့် အစိုးရ ပြန်လာနိုင်ရေး ကြိုးစားသွားမည်ဟု NLD အမတ်များပြော

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

5 hours ago
2.3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved