• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဆိုက်ဘာလုံခြုံရေး ဥပဒေကြမ်းကို အရပ်ဘက် အဖွဲ့အစည်း၂၀၀ ကျော် ကန့်ကွက် ရှုတ်ချ

by ဧရာဝတီ
12 February 2021
in သတင်း
A A
ပြည်ပမှ အဖျက်အမှောင့် လုပ်ငန်းများကို စောင့်ကြည့် ကာကွယ်ရန် လူမှုကွန်ရက်စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းခြင်းဖြစ်သည် / ကျော်ခ / ဧရာဝတီ

ပြည်ပမှ အဖျက်အမှောင့် လုပ်ငန်းများကို စောင့်ကြည့် ကာကွယ်ရန် လူမှုကွန်ရက်စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းခြင်းဖြစ်သည် / ကျော်ခ / ဧရာဝတီ

8.8k
VIEWS
Share on FacebookShare on Twitter

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက အတည်ပြုရန် ကြိုးပမ်းနေသည့် ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်းမှာ ပြည်သူလူထု၏ အခြေခံအကျဆုံးသော ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို ဆိုးရွားစွာ ချိုးဖောက်ထားသည့်အတွက် လက်မခံကြောင်း ပြည်တွင်းအခြေစိုက် အရပ်ဘက်အဖွဲ့အစည်း၂၂၀ က ဖေဖော်ဝါရီ ၁၀ ရက်က ကြေညာချက် ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံ၏ အစိုးရ ခေါင်းဆောင်များကို ဖေဖော်ဝါရီလ ၁ ရက်က ဖမ်းဆီးထိန်းသိမ်းပြီးနောက် နိုင်ငံတော် အာဏာ ကို ရယူခဲ့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက ၎င်းတို့ အုပ် ချုပ်ရေး တာဝန်ယူပြီးနောက် ရက်ပိုင်းအတွင်းမှာပင် ဆိုက်ဘာလုံခြုံရေး ဥပဒေကို အတည်ပြုပြဋ္ဌာန်းရန် ကြိုးပမ်းလာ ခြင်းဖြစ်ပြီး ယင်းလုပ်ရပ်အပေါ် ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းများက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ကြေ ညာခဲ့ခြင်း ဖြစ်သည်။

ဖွံ့ဖြိုးမှုအတွက် မြန်မာ ICT အဖွဲ့ (MIDO) ၏ အမှုဆောင်ဒါရိုက်တာ မထက်က “သူတို့ဟာ ပြည်သူလူထုမဲပေးပြီးတော့ ရွေးကောက်ထားတဲ့ အဖွဲ့အစည်း မဟုတ်ဘူး။ ဥပဒေပြုရေးမှာလည်း အာဏာရှိတဲ့ အဖွဲ့ မဟုတ်ဘဲနဲ့ ဒီအဖွဲ့က ဥပဒေပြု လာတယ်၊ ဥပဒေ မူကြမ်းတွေ တင်သွင်းလာတဲ့အပေါ်မှာ ကျမတို့ လက်မခံပါဘူး။ ပြီးတော့ ဒီဥပဒေမူကြမ်းဟာ အာ ဏာသိမ်း စစ်အစိုးရက ပြည်သူလူထုကို ဥပဒေသုံးပြီး ဖိနှိပ်ဖို့အတွက် ပြင်ဆင်လာတဲ့ ခြေလှမ်းဖြစ်နေလို့ ကျမတို့ လုံး၀ လက်မခံပါဘူး။ ကန့်ကွက်ရှုတ်ချပါတယ်” ဟု ဧရာဝတီကို ပြောသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
48
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
40
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
60

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၉ ရက်တွင် ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်းအပေါ် မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများနှင့် ဆက်သွယ်ရေးဝန်ဆောင်မှု လိုင်စင်ရရှိသူများ၏ သဘောထားမှတ်ချက် တောင်းခံခဲ့ပြီး အဆိုပါ တောင်းခံစာမှာ လူမှုကွန်ရက် Facebook ပေါ်သို့ ရောက်ရှိလာခဲ့ပြီးနောကက် အများပြည်သူ သိရှိခဲ့သည်။

အဆိုပါ ဥပဒေမူကြမ်းကို ရေးဆွဲသူများမှာ အများပြည်သူက အပ်နှင်းသော အာဏာကို ရရှိထားသူ အစိုးရက ခန့်အပ် ထားခြင်း မဟုတ်သည့်အတွက် တရားဝင်ခြင်း မရှိကြောင်း၊ အဆိုပါ ဥပဒေကြမ်းတွင် ပါဝင်သည့်အချက်များမှာ အများ ပြည်သူ၏ အွန်လိုင်းပေါ် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ အချက်အလက်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံပိုင်ခွင့် အစရှိ သည့် အခွင့်အရေးများအပြင် အခြား အခြေခံအကျဆုံးသော ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကိုလည်း ဆိုးရွားစွာ ချိုးဖောက်ထားသည်ကို တွေ့ရကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။

အာဏာသိမ်းစစ်အုပ်စုက ၎င်းတို့အား ပြည်သူလူထုက အွန်လိုင်းတွင် ဆန့်ကျင်ရေးသား၊ လှုပ်ရှားနေမှုများကို ကန့် သတ်ရန် ရည်ရွယ်လုပ်ဆောင်ထားသည်ကို တွေ့ရှိရကြောင်း၊ အာဏာသိမ်းစစ်အုပ်စုက အုပ်ချုပ်မှုအာဏာကို မတရား သိမ်းယူရုံ သာမက၊ ဥပဒေပြုရေးအာဏာကို တရားမဝင် ကျင့်သုံးပြီး လူထုကို နည်းမျိုးစုံဖြင့် ဖိနှိပ်ရန် စတင် ကြိုးပမ်းမှုဖြစ်သည့်အတွက် ကန့်ကွက်ရှုတ်ချကြောင်း အရပ်ဘက် အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

မြန်မာနိုင်ငံရှေ့နေများကွန်ရက် ဦးဆောင် ကော်မတီဝင် တရားလွှတ်တော်ရှေ့နေ ဦးတင်အောင်ထွဋ်က “ဥပဒေရဲ့ အသက်က တရား မျှတမှု ဖြစ်ပါတယ်။ ဥပဒေတခုသည် လူတွေကို ဖိနှိပ်ဖို့ မဖြစ်ရဘူး။ တရားမျှတမှုနဲ့ သမာသမတ် ကျမှုရှိဖို့ လိုအပ်တယ်။ အခု သူတို့ ဆွဲထားတဲ့ ဥပဒေသည် တရားမျှတမှု ရှိတယ်၊ မရှိဘူးဆိုတာ ပြောနေစရာတောင် မလိုဘူး။ ဘာလို့ဆိုတော့ အာဏာသိမ်းပိုင်ခွင့် မရှိတဲ့လူက အာဏာသိမ်းလို့ ဥပဒေအရ သူ့ကိုအစိုးရအဖြစ် အသိ အမှတ် ပြုမထားဘူး။ သူ့ဘာသူ အစိုးရလုပ်ထားတာ။ ဒါကြောင့် အာဏာသိမ်းပြီးကာမှ ဖြစ်ပေါ်လာတဲ့ ဥပဒေ မှန် သမျှဟာ ဥပဒေနဲ့ မညီဘူး” ဟု ပြောဆိုသည်။

You may also like these stories:

ဆန္ဒဖော်ထုတ်သည့် အလုပ်သမားများကို မခြိမ်းခြောက်ဖို့ ILO ပြော

ဆန္ဒပြသူတွေကို တပ်နဲ့ရဲ လိုက်လံဖမ်းဆီး

Your Thoughts …
Tags: ကန့်ကွက်ဆိုက်ဘာလုံခြုံရေးဥပဒေပို့/ဆက်အရပ်ဘက်အဖွဲ့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီ၏ အွန်လိုင်းစောင့်ကြည့် ထောက်လှမ်းမှုများကြောင့် ဖမ်းဆီးခံရသူ၊ ဖမ်းဝရမ်းထုတ်ခံရသူ၊ ပိုင်ဆိုင်မှု ဆုံးရှုံးသူ၊ တရားစီရင်ခံရသူနှင့် နေအိမ်မှထွက်ပြေးနေရသူ အရေအတွက် တိုးလာနေသည်

အွန်လိုင်းမှ ဝေဖန်သူများကို နှိမ်နင်းရန် စစ်ကောင်စီ အရှိန်မြှင့်နေ

by ခင်နဒီ
16 June 2023
6.8k

"လူမှုကွန်ရက်မှာ ပို့စ်တင်တဲ့အခါ၊ မှတ်ချက်ပေးတဲ့အခါ အရင် အရပ်သား အစိုးရအောက်မှာလို မလုံခြုံဘူးလို့ ခံစားနေရတယ်"

ထိုင်းနိုင်ငံ၊ ကုလသမဂ္ဂရုံးရှေ့ တွင် ဆန္ဒထုတ်ဖော်နေကြသော ထိုင်းရောက် မြန်မာနိုင်ငံသားများ/CJ

စစ်ခေါင်းဆောင်မွေးနေ့ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့ ဆန္ဒပြခွင့် မရ

by ဧရာဝတီ
3 July 2023
12.5k

ဆန္ဒပြပွဲတွင် စစ်ကောင်စီအစိုးရကို အသိမှတ်မပြုရေး၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကို အစိုးရ အဖြစ် အသိအမှတ်ပြုရေး ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများ အားလုံးလွှတ် ပေးရေး စသည်တို့ကို တောင်းဆိုခဲ့ကြပြီး မြန်မာနိုင်ငံအတွင်းက...

၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်း စစ်သားများ သယ်ဆောင်လာသော ရေယာဉ်တစီး ရခိုင်ပြည်နယ် ဘူးသီးတောင်ဆိပ်ကမ်းတွင် ဆိုက်ကပ်စဉ် / AFP

လှူဒါန်းထားသော သင်္ဘောများကို စစ်တပ်က သုံးနေသောကြောင့် ဂျပန်က ကန့်ကွက်

by ဧရာဝတီ
27 April 2023
6.6k

အထူးဖွံ့ဖြိုးရေးအစီအစဉ်ကို စစ်ရေးနှင့် မသက်ဆိုင်သော ကိစ္စများတွင်သာ အသုံးပြုရမည်ဖြစ်သောကြောင့် နောက်နောင် ထိုသို့မဖြစ်ပွားစေရန် ဂျပန်က မြန်မာကိုတောင်းဆိုလိုက်သည်

၂၀၂၀ ဖေဖေါ်ဝါရီ ၁၁ရက်နေ့ ရန်ကုန်မြို့ တရုတ်သံရုံးရှေ့တွင်မြင်တွေ့ရသည့် ဆန္ဒပြမှုများ  / ဧရာဝတီ

စစ်တပ်နှင့် ဆက်ပေါင်းပါက တရုတ်စီမံကိန်းများ တိုက်ခိုက်ခံရနိုင်ဟု သမ္မတ ရှီကျင့်ဖျင်ထံ စာပို့

by ဧရာဝတီ
27 April 2022
7.3k

မြန်မာအဖွဲ့အစည်းများအနေနှင့် မြန်မာပြည်တွင်းစစ် အလွန်ကာလ မြန်မာစစ်တပ် ရှုံးနိမ့်ပြီး စစ်တန်း လျား ပြန်ရောက်သည့်အခါမှသာ တရုတ်နိုင်ငံကို မြန်မာနိုင်ငံ ပြန်လည် တည်ဆောက်ရေးတွင် အဓိက ဇာတ်ကောင် အဖြစ် ပါဝင်ရန် ကြိုဆိုကြောင်း အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။

လွိုင်ကော်မြို့၊ အရှေ့ဘက်ခြမ်းက ဆင်စခန်း စစ်ဘေးရှောင်စခန်းကို ဖေဖော်ဝါရီ ၃ ရက်က စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်၍ စာသင်ကျောင်းနှင့် ဆေးပေးခန်းများ ပျက်စီးနေမှုကိုတွေ့ရစဉ်  / CJ

စစ်တပ်ကြောင့် ကယားပြည်နယ်တွင် ရပ်ကွက်နှင့် ကျေးရွာ ၈၀ ကျော် ပျက်စီး

by ဧရာဝတီ
9 February 2023
1k

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် စစ်ကြောင်းထိုးဝင်ရောက်ပြီး နောက် မီးရှို့သွားခြင်းတို့ကြောင့် လူနေရပ်ကွက်နှင့်ကျေးရွာများ ပျက်စီးရခြင်းဖြစ်ကြောင်း ကယားပြည်နယ်အခြေစိုက် အရပ်ဘက်အဖွဲ့များက ဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားနေသည့် TNLA တပ်ဖွဲ့ဝင်များ  / ကျော်ခ  / ဧရာဝတီ

စစ်ကောင်စီနှင့် အပစ်ရပ်သည့် TNLA ကို တအန်း အရပ်ဘက်အဖွဲ့အစည်းများ ကန့်ကွက်

by ဧရာဝတီ
5 March 2021
33.7k

ကျနော်တို့က အာဏာရှင်စနစ်ကို မလိုလားဘူး။ မလိုလားတာကို သူတို့ကိုလည်း လူထုသဘောထား နဲ့တူညီတဲ့ ရပ်တည်ချက်ကို ဖြစ်စေချင်ပါတယ်

Next Post
ယနေ့အင်းစိန်ထောင်မှ ပြန်လွှတ်လာသည့် မျိုးချစ် တဦး  / ဧရာဝတီ

လွတ်ငြိမ်းချမ်းသာခွင့်၌ မျိုးချစ်ဆိုသူများပါ လွတ်မြောက်

အင်းစိန်မြို့နယ် ဆရာ၊ဆရာမများ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ (ရုပ်/သံ)

အင်းစိန်မြို့နယ် ဆရာ၊ဆရာမများ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved