• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လွတ်ငြိမ်းချမ်းသာခွင့်၌ မျိုးချစ်ဆိုသူများပါ လွတ်မြောက်

by ဧရာဝတီ
12 February 2021
in သတင်း
A A
ယနေ့အင်းစိန်ထောင်မှ ပြန်လွှတ်လာသည့် မျိုးချစ် တဦး  / ဧရာဝတီ

ယနေ့အင်းစိန်ထောင်မှ ပြန်လွှတ်လာသည့် မျိုးချစ် တဦး / ဧရာဝတီ

9.5k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်း တပ်မတော်အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသူများထဲတွင် ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့သည့် လူသတ်သမား ကြည်လင်းနှင့် အပေါင်းအပါများကို အားပေး ထောက်ခံခဲ့သည့် မျိုးချစ်ဆိုသူ တချို့ ပြန်လည် လွတ်မြောက်လာခဲ့သည်။

“မင်းတို့ ထမင်း ဝအောင် စားထား” ဟုဆိုကာ လူသတ်တရားခံ ကြည်လင်းနှင့် အပေါင်းအပါများအား ဝန်းရံမှုကြောင့် ဖမ်းဝရမ်း ထုတ်ခံရပြီး ၃ နှစ် နီးပါးကြာ ထွက်ပြေးတိမ်းရှောင်ပြီးနောက် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်မှ လာရောက် အဖမ်းခံခဲ့သည့် မြတ်ဖုန်းမိုရ် ဆိုသူနှင့် လူတချို့တို့ ဖြစ်သည်။

၎င်းတို့ ပြန်လည် လွတ်မြောက်လာမှုကို အမျိုးသားရေး တက်ကြွလှုပ်ရှားခဲ့သူ ဆရာတော် ဦးပါမောက္ခနှင့် အမျိုးသားရေး လှုပ်ရှားသူ ဦးဝင်းကိုကိုလတ် အပါအဝင် မျိုးချစ်ဆိုသည့် လူတချို့ လာရောက် ဝန်းရံခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျန်းမာပါစေ အစရှိသည့် ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြသည်။

ထို့ပြင် ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဦးဝေဟင်အောင် အပါအဝင် အကျဉ်းသား ရာနှင့်ချီကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အင်းစိန်အကျဉ်းထောင်မှ ယနေ့ ပြန်လည်လွှတ် ပေးခဲ့သည်။

အာဏာသိမ်းအစိုးရ၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြည်ထောင်စုနေ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ မြန်မာနိုင်ငံတဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်း အသီးသီးတွင် အကျဉ်းကျခံ နေကြရသော အကျဉ်းသားပေါင်း ၂၃၃၁၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။

အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသူ အများစုသည် မူးယစ်ဆေးဝါး သုံးစွဲမှု၊ လက်ဝယ်တွေ့ရှိမှုဖြင့် ပြစ်ဒဏ် ကျခံနေရသူများဖြစ်ပြီး ပြစ်ဒဏ်ကို လေးပုံတပုံ လျှော့ချခံထားရသော လူသတ်မှုဖြင့် အကျဉ်းကျနေသည့် အကျဉ်း သားများလည်း ပါဝင်ကြောင်း ယနေ့တွင် ပြန်လည် လွတ်မြောက်လာသူတချို့က ဧရာဝတီသို့ ပြောသည်။

ဥပဒေအကြံပေး ဦးခင်မောင်မြင့်က “အခုက အာဏာသိမ်းအဖွဲ့အစည်းကို နိုင်ငံသူနိုင်ငံသားတွေက နိုင်ငံတဝန်းမှာ အပြင်း အထန် ကန့်ကွက်နေတဲ့အချိန်၊ တဖက်မှာလည်း ဆန္ဒဖော်ထုတ်ပြီး ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေအထဲက ဦးဆောင် သူတွေကို ညစဉ်ညတိုင်း ဖမ်းဆီးနေတဲ့ အခြေအနေမျိုးမှာ ဒီလို ရုတ်တရက်ကြီး တနိုင်ငံလုံးမှာ ရှိတဲ့ အကျဉ်းသားဦးရေရဲ့ ၄ ပုံ ၁ ပုံ လွှတ်ပေးလိုက်တာကြောင့် အစုလိုက်အပြုံလိုက် လူဖမ်းပွဲကြီး စမလား ဆိုတာတော့ စိုးရိမ်စရာရှိတယ်” ဟု ပြော ဆိုသည်။

၁၉၈၈ ခုနှစ်ကို ကျော်ဖြတ်လာသည့် မျိုးဆက်အနေဖြင့် ယခုလို အကျဉ်းသား အများအပြား လွှတ်ပေးမှုကို ပို၍ စိုးရိမ် ကြောင်း၊ ၁၉၈၈ ခုနှစ်တွင် ယင်းသို့ အစုအလိုက် အပြုံလိုက် လွှတ်ပေးပြီး နောက်တွင် မြို့ရွာများတွင် တရားဥပဒေစိုးမိုးရေး ပျက်စီးခြင်း၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို ပုံဖျက်ခြင်း၊ အဓိကရုဏ်းများ ဖြစ်ပေါ်လာခြင်း၊ ခိုးဆိုးလုယက်မှုများနှင့် လူ သတ်မှုများ ဖြစ်ပေါ်လာခဲ့ကြောင်း ၎င်းက ဆိုသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
53
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
41
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
65

ယနေ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ သေဒဏ်ကျခံနေရသူများသည် ထောင်ဒဏ် တသက် (လွတ်ရက်မရှိ)၊ ထောင် ဒဏ်တသက်နှင့် နှစ်အကန့်အသတ်မရှိ ပြစ်ဒဏ်ကျခံနေရသူများသည် ထောင်ဒဏ် နှစ် ၄၀ ၊ ယခင်ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်များအရ သေဒဏ်မှ ထောင်တသက်ပြစ်ဒဏ်သို့ ပြောင်းလဲထားသူများသည် ထောင်ဒဏ် နှစ် ၅၀ သို့ လျှော့ပေါ့ ခံစားရမည် ဖြစ်သည်။

ထို့ပြင် ထောင်ဒဏ် နှစ် ၄၀ အထက် ကျခံနေသူများသည် ထောင်ဒဏ် နှစ် ၄၀ သို့ လျှော့ပေါ့ကျခံ ရမည်ဖြစ်ပြီး ထောင် ဒဏ် နှစ် ၄၀ အောက် ကျခံနေသူများသည် ၎င်းတို့ ကျခံနေရသော ထောင်ဒဏ်၏ လေးပုံတပုံကို လျှော့ပေါ့ ခံစားရမည် ဖြစ်သည်။

ယနေ့ လွတ်မြောက်လာသူများသည် အကျဉ်းထောင်တွင် အကျဉ်းကျ ခံနေရသူများ ပါဝင်လာခဲ့ပြီး အချုပ်ကျခံနေရသူများ မပါဝင်ကြောင်း သိရသည်။

You may also like these stories:

အကျဉ်းသားများ လွှတ်ရာတွင် ဒေါက်တာအေးမောင် ပါဝင်

မြန်မာ့စစ်ခေါင်းဆောင် ၁၀ ဦးကို အမေရိကန် ဒဏ်ခတ်အရေးယူ

“မျိုးချစ်” အမည်ခံ ဝရမ်းပြေးများ အဖမ်းခံမှု နောက်ကွယ်မှာ ဘာရှိမလဲ

Your Thoughts …
Tags: မျိုးချစ်လွတ်ငြိမ်းချမ်းသာခွင့်အကျဉ်းသား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အာဏာရှင်အသစ်၊ ကစားကွက်အဟောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်

အာဏာရှင်အသစ်၊ ကစားကွက်အဟောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်

by ဗညားအောင်
6 August 2023
4.1k

၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးသည် လူပုဂ္ဂိုလ်တယောက်၊ နိုင်ငံရေးပါတီတရပ်က လက်နက်ကိုင် တိုက်ခိုက်မည်ဟု ဆုံးဖြတ်ချပြီး လှုံ့ဆော်၍ ပေါ်ပေါက်လာခြင်း မဟုတ်ပေ။

ထားဝယ်ထောင်မှ ထွက်ပြေးသည့် အကျဉ်းသား ၅ ဦး PDF အဖွဲ့ထံ ရောက်

ထားဝယ်ထောင်မှ ထွက်ပြေးသည့် အကျဉ်းသား ၅ ဦး PDF အဖွဲ့ထံ ရောက်

by ဧရာဝတီ
4 October 2023
3.3k

ထားဝယ်မြို့နှင့် ရှစ်မိုင်ခန့်အကွာ ဇီးကျရွာအနီး၌ ရာဘာထင်း များကို သယ်ဆောင်ရန်အတွက် ခေါ်ဆောင်ခြင်းခံရသူများဖြစ်ကာ၊ ၎င်းတို့နှင့်အတူ အကျဉ်းထောင်ဝန်ထမ်း၂ ဦးလည်း လိုက်ပါခဲ့ကြောင်း

စစ်ကောင်စီက လွိုင်ကော်ထောင်ကို ခံတပ်သဖွယ် အသုံးချနေဟုဆို

စစ်ကောင်စီက လွိုင်ကော်ထောင်ကို ခံတပ်သဖွယ် အသုံးချနေဟုဆို

by ဧရာဝတီ
22 December 2023
2.9k

စစ်ရေးပြင်းထန်နေသည့် ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့ အကျဉ်းထောင်တွင် စစ်ကောင်စီနှင့် ရဲများ တပ်စွဲခြေကုပ်ယူထားပြီး ခံတပ်သဖွယ်အသုံးချနေကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများက ပြောသည်။

လားရှိုးထောင် ဘယ်လိုပွင့်ခဲ့သလဲ (ရုပ်/သံ)

လားရှိုးထောင် ဘယ်လိုပွင့်ခဲ့သလဲ (ရုပ်/သံ)

by မိုးသောက်
19 August 2024
2.1k

စစ်ကောင်စီက လားရှိုးအကျဉ်းထောင်မှာ ဖမ်းဆီးထောင်ချထားတဲ့ ပြည်သူလွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေနဲ့ အခြားအကျဉ်းသားတွေဟာ လားရှိုးမြို့သိမ်းတိုက်ပွဲအပြီးမှာ လွတ်မြောက်လာခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရန်နှင့် အပစ်ရပ်ရေး စစ်ကောင်စီကို ကုလသမဂ္ဂ တောင်းဆို

ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရန်နှင့် အပစ်ရပ်ရေး စစ်ကောင်စီကို ကုလသမဂ္ဂ တောင်းဆို

by ဧရာဝတီ
13 April 2025
1.3k

အကျဉ်းချခံထားရသည့် ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းထားသည့် အခြားသူများကို ခြွင်းချက်မရှိ လွှတ်ပေးရန် ကုလသမဂ္ဂက တောင်းဆိုလိုက်သည်။

ဘယ်တပ်ဖွဲ့က လုပ်လုပ် သေဒဏ်ကို လက်ခံလို့ မရဘူး (ရုပ်/သံ )

ဘယ်တပ်ဖွဲ့က လုပ်လုပ် သေဒဏ်ကို လက်ခံလို့ မရဘူး (ရုပ်/သံ )

by ဘုန်းအောင်
26 April 2024
631

ကိုးကန့်အဖွဲ့လို့ လူသိများတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က အကျဉ်းသားတွေကို သေဒဏ်ပေးတဲ့ လုပ်ရပ်အပေါ် ဥရောပသမဂ္ဂ (EU) က အပြင်းအထန် ဆန့်ကျင်ကြောင်း ထုတ်ပြန်ပါတယ်။

Next Post
အင်းစိန်မြို့နယ် ဆရာ၊ဆရာမများ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ (ရုပ်/သံ)

အင်းစိန်မြို့နယ် ဆရာ၊ဆရာမများ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ (ရုပ်/သံ)

ယနေ့ မနက်ပိုင်းက ရန်ကုန်မြို့ရှိ ရုရှားသံရုံးနှင့် တရုတ်သံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသူများ / ဧရာဝတီ

အာဏာသိမ်းစစ်တပ်ကို မကာကွယ်ဖို့ တရုတ်နှင့် ရုရှားသံရုံးရှေ့ ဆန္ဒပြ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved