• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တရားစွဲခံရမှုအတွက် NLD ငှားရမ်းပေးသည့် ရှေ့နေကို ဒေါ်အောင်ဆန်းစုကြည် လက်ခံမည်

by ထက်နိုင်ဇော်
16 February 2021
in သတင်း
A A
NLD က တာဝန်ပေးထားသည့် ရှေ့နေ ဦးခင်မောင်ဇော် မြို့နယ် တရားရုံးသို့ ရောက်ရှိလာစဉ် / သီဟလွင် / ဧရာဝတီ

NLD က တာဝန်ပေးထားသည့် ရှေ့နေ ဦးခင်မောင်ဇော် မြို့နယ် တရားရုံးသို့ ရောက်ရှိလာစဉ် / သီဟလွင် / ဧရာဝတီ

17k
VIEWS
Share on FacebookShare on Twitter

ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ၊ သဘာဝဘေး စီမံခန့်ခွဲမှု ဥပဒေပုဒ်မတို့ဖြင့် တရားစွဲခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD)က ငှားရမ်းပေးသည့် ရှေ့နေကို လက်ခံမည်ဟု
အကြောင်းပြန်လာကြောင်း သိရသည်။

ယနေ့ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် အထက်ပါအမှု ၂ ခုအတွက် Video Conferencing စနစ်ဖြင့် ရုံးထုတ် တရား စွဲဆိုစဉ် တရားရုံး၏ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်ကြောင်း သိရ သည်။

“ဒီနေ့က Video Conferencing စနစ်နဲ့ ရုံးတင်လာတယ်။ မြင်ရတယ်ပေါ့။ မြင်ရတာမှာ အန်တီ ဒေါ်အောင်ဆန်းစုကြည်က သူကတော့ ရှေ့နေငှားရမ်း ထုချေမယ်လို့ ပြောတယ်။ ရှေ့နေကိုတော့ သူက အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်က ငှားရမ်းပေး တဲ့ အတည်ပြုပေးတဲ့ ရှေ့နေကိုပဲ လက်ခံမယ်လို့ ပြောသွားတယ်”ဟု တွဲဖက်မြို့နယ် တရားသူကြီး ဒေါ်နန်းအေးမြသီရိက သတင်းထောက်များကို ပြောသည်။

ဇမ္ဗူသီရိမြို့နယ် တရားရုံး၏ သတင်းပြန်ကြားရေး အရာရှိ ဖြစ်သူ ၎င်းက လာမည့် ရုံးချိန်းကို မတ်လ ၁ ရက်နေ့သို့ ချိန်းဆို လိုက်ကြောင်း၊ လက်ရှိ ကိုဗစ်ကပ်ရောဂါ အခြေအနေအရ ယခုအမှုကို Video Conferencing စနစ်ဖြင့် ဆက်လက် စစ်ဆေးလိမ့်မည်ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖြစ် NLD ပါတီမှ တာဝန်ပေးထားသူ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ယ နေ့ ရုံးချိန်းတွင် ၎င်းမှာ ရှေ့နေ ပါဝါ မရသေးသဖြင့် Video Conferencing လုပ်သည့် အခန်းထဲသို့ ဝင်ခွင့် မရခဲ့ကြောင်း၊ နောက်ရုံးချိန်းတွင် ရှေ့နေပါဝါ ရရှိရန် ရဲမှူးတဦးမှတဆင့် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဆက်သွယ်ပြီး ကိုယ်စားလှယ် လွှဲ စာ ရရှိရန် ကြိုးစားမည်ဟု ပြောသည်။

“ဘယ်သူ့ကို တာဝန်ပေးမလဲဆိုတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (CEC) အဖွဲ့ကနေပြီးတော့ ဗဟိုအလုပ်မှုဆောင် အဖွဲ့ ကနေ တာဝန်ပေးတဲ့သူကိုပဲ ရှေ့နေကိုပဲ သူတာဝန်ယူပါမယ်လို့ ပြောပါတယ်တဲ့။ ၂ မှု စလုံး အတွက်ပေါ့နော်’’ဟု ဦး ခင်မောင်ဇော်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးသို့ စွဲတင်ခံရသည့် ပုဒ်မ ၂ ခုအနက် တခုမှာ ရွေးကောက်ပွဲအကြိုကာလ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့က မဲဆွယ်သည့် ကားယာဉ်တန်းတခုကို ထွက်၍ လက်ပြနုတ်ဆက်သည့်အတွက် သဘာဝ ဘေး စီမံခန့်ခွဲမှု ခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့် အရေးယူခံရခြင်း ဖြစ်သည်။

နောက်ပုဒ်မတခုမှာ နေအိမ်တွင် စကားပြောစက်များ တရားမဝင် တင်သွင်းထားသည်ဟု ဆိုကာ ပို့ကုန်သွင်းကုန် ပုဒ်မ ၈ ဖြင့် အမှုဖွင်၍ တရားရုံးသို့ တင်ထားခြင်း ဖြစ်ကြောင်း ဇမ္ဗူသီရိမြို့နယ် တရားရုံးက အတည်ပြုသည်။

သမ္မတ ဦးဝင်းမြင့်ကိုမူ ရွေးကောက်ပွဲအကြိုကာလ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့က မဲဆွယ်သည့် ကား ယာဉ်တန်းတခုကို ထွက်၍ လက်ပြနုတ်ဆက်သည့်အတွက် သဘာဝဘေး စီမံခန့်ခွဲမှု ခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့် တရားရုံး တင်ထားခြင်း ဖြစ်သည်။

သမ္မတ ဦးဝင်းမြင့်က ၎င်းကိုယ်တိုင်လည်း ဥပဒေသမား၊ ရှေ့နေတဦး ဖြစ်သဖြင့် ယခုအမှုကို ကိုယ်တိုင် ထုချေမည်ဟု ယနေ့ Video Conferencing စနစ်ဖြင့် ပြုလုပ်သည့် ရုံးချိန်းတွင် ပြောဆိုသည်ဟု သိရသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
48
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
40
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
60

တပ်မတော်က အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆက်လက် ဖမ်းဆီးထိန်းသိမ်း နိုင်ရန် မကျူးလွန်သည့် ပြစ်မှုများအတွက် ယခုလို ပုဒ်မများ တပ်၍ အရေးယူခြင်းသည် မတရား ဆောင်ရွက်ခြင်းဟု ပြောချင်ကြောင်း နေပြည်တော်ခရိုင် NLD ဥက္ကဌ ဦးမင်းသူက ပြောသည်။

“အာဏာသိမ်းနိုင်ဖို့အတွက် သမ္မတကြီးကို ဖယ်ရှားဖို့အတွက် မမှန်တဲ့ မဟုတ်တဲ့ ဇာတ်လမ်းတွေနဲ့ အမှုဆင်လိုက်တာပဲ” ဟု ဦးမင်းသူက ပြောသည်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးကမူ လက်ရှိ အချိန်အထိ တရားစီရင်ရေးကို ဥပဒေနှင့်ညီအောင် ဆောင်ရွက်လျက် ရှိကြောင်း၊ လွတ်လပ်စွာ တရားစီရင်ရေးဟု ဆိုသည့်အတိုင်း လွတ်လပ်စွာ တရားစီရင်လျက်ရှိကြောင်း တွဲဖက် မြို့နယ် တရားသူကြီး ဒေါ်နန်းအေးမြသီရိက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုလိုက် ရှေ့နေအဖြစ် ကြိုးစားနေသည့် ဦးခင်မောင်ဇော်က ၎င်းတို့အနေဖြင့် သမ္မတ ဦးဝင်းမြင့် အတွက်လည်း ရှေ့နေပါဝါ ရရှိရန် ကြိုးစားမည် ဖြစ်ကြောင်း၊ ယခု အမှုများအတွက် လက်ရှိ တရားရုံးများတွင် ကျင့်သုံးနေ သည့် Case Management Program (CMP) စနစ်အတိုင်း အချိန်ကာလ သတ်မှတ်ချက် ရရှိရန် နောက်ရုံးချိန်းများတွင် ကြိုးစားမည်ဟု ပြောသည်။

“သမ္မတကြီးကတော့ သူပြောတာက သူကတော့ ရှေ့နေပဲ။ သူကိုယ်တိုင်လည်း ဥပဒေသမားဆိုတော့ သူ့ဘာသာသူ ခုချေ လို့ ရတယ်ပေါ့လေ။ ဒါပေမယ့် ကျနော်တို့ကတော့ တင်လိုက်တဲ့အခါမှာ သူလက်မှတ်ထိုးလိုက်တယ်ဆိုရင်လည်း ကျနော် တို့က လိုက်ပါဆောင်ရွက်သွားမယ်”ဟု တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည့် NLD ပါတီကို ပြည်ထောင်စု လွှတ်တော် ခေါ်ယူခွင့် တပ် မတော်က မပေးတော့ဘဲ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိနိုင်သည်ဟုဆိုကာ လက်ရှိ အစိုးရထံမှ နိုင်ငံတော် အာဏာ ကို တပ်မတော်က ရယူထားသည်။

ယာယီသမ္မတအဖြစ် ဗိုလ်ချုပ်ကြီးဟောင်း ဒုတိယ သမ္မတ ဦးမြင့်ဆွေကို တာဝန်ပေးထားပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌအဖြစ် နိုင်ငံတော် အာဏာကို ထိန်းချုပ်ထားသည်။

You may also like these stories:

အာဏာသိမ်း တပ်မတော်က CRPH အဖွဲ့ဝင်များကို ဖမ်းဝရမ်းထုတ်ထား

စဝ်စံထွန်းဆေးရုံ ကျန်းမာရေးဝန်ထမ်းများ လူထုအကူအညီဖြင့် လွတ်မြောက်

ဆိုက်ဘာဥပဒေမူကြမ်း နိုင်ငံတကာစံနှုန်းနှင့်မညီဟု အမေရိကန်နှင့် EU ကုန်သည်များအသင်းတို့ ထုတ်ပြန်

Your Thoughts …
Tags: NLDဇမ္ဗူသီရိမြို့နယ် တရားရုံးဒေါ်အောင်ဆန်းစုကြည်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.8k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

Next Post
၂၀၂၁ ဖေဖေါ်ဝါရီ ၁၅ရက်က မန္တလေးမြို့တွင် ငြိမ်းချမ်းစွာ  ဆန္ဒပြသည့် သူများကို တပ်မတော်နှင့် ရဲတပ်ဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ ရိုက်နှက်ဖမ်းဆီးခြင်းများ လုပ်နေစဉ် / ဧရာဝတီ

လူထုကို အကြမ်းမဖက်ဘဲ အခြေခံအခွင့်အရေး ကာကွယ်ပေးဖို့ တရုတ်သံအမတ်ပြော

မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များနှင့် သစ်ကုန်သည်ကြီးများအသင်းမှ ထုတ်ပြန်သော ကြေငြာချက်တခုတွင် နိုင်ငံခြားသို့ သစ်တင်ပို့ရောင်းချရန် ရှိပြီး ဥပဒေနှင့်အညီ တရားဝင်ဖြစ်ကြောင်း ဖော်ပြထားသည် / EIA

သစ်ရောင်းရန် ရှိသည်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved