• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီကို နိုင်ငံတော် ပုန်ကန်မှုဖြင့် တရားစွဲရန် မြန်မာနိုင်ငံရှေ့နေများအဖွဲ့ အကြံပြု

by ဧရာဝတီ
17 February 2021
in သတင်း
A A
ယနေ့နံနက်ပိုင်းက နိုင်ငံတော်သမ္မတအိမ်တော်၌ ပြုလုပ်သည့် "အမျိုးသားက ာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ" အစည်းအဝေး / တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့  / Facebook

ယနေ့နံနက်ပိုင်းက နိုင်ငံတော်သမ္မတအိမ်တော်၌ ပြုလုပ်သည့် "အမျိုးသားက ာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ" အစည်းအဝေး / တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ / Facebook

26.8k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီကို နိုင်ငံတော်အား သစ္စာဖောက်ဖျက်ပုန်ကန်မှုဖြင့် တရားစွဲဆိုရန် မြန်မာနိုင်ငံ ရှေ့နေများအဖွဲ့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို အကြံပြုလိုက်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတ ဦးဝင်းမြင့်၊ နိုင် ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရအဖွဲ့အားလုံးကို ဖမ်းဆီးချုပ်နှောင်ကာ အာဏာသိမ်း ယူခဲ့ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (စစ်ကောင်စီ)ကို ဖွဲ့စည်းပြီး နိုင်ငံတော်အာဏာကို ရယူထားသည်။

ထိုကဲ့သို့ လက်နက်အားကိုးဖြင့် အစိုးရကို ဖမ်းဆီးချုပ်နှောင်ကာ အာဏာသိမ်းသည့် စစ်ကောင်စီအား ပြည်တွင်း၊ ပြည်ပ တရားရုံးများ၌ တရားစွဲဆိုရန် CRPH က ဥပဒေကြောင်းအရ အကူအညီ တောင်းထားရာ မြန်မာနိုင်ငံရှေ့နေများအဖွဲ့က နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲဆိုသင့်ကြောင်း ဖေဖော်ဝါရီ ၁၅ ရက်စွဲဖြင့် အကြောင်းပြန်စာ ပေးပို့လာခြင်း ဖြစ်သည်။

အဆိုပါ အကြောင်းပြန်စာတွင် “စစ်ကောင်စီ၏ နိုင်ငံတော်အာဏာကို လက်နက်စွဲကိုင်၍ သိမ်းယူထားခြင်းသည် ရာဇသတ် ကြီးပုဒ်မ ၁၂၂ (၁) အရ မြန်မာနိုင်ငံတော်အစိုးရကို သစ္စာဖောက်ဖျက်ပုန်ကန်မှုကို ကျူးလွန်ခြင်းဖြစ်၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၌ တရားစွဲဆို မှတ်တမ်းတင်သင့်ပါကြောင်း အကြံပြုအပ်သည်” ဟု ရေးသားထားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းယူခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၁၊ ၂၀၃၊ ၃၄၇၊ ၃၇၅ တို့နှင့် ညီညွတ်ခြင်း မရှိသည့်အပြင် နိုင်ငံအား အရေးပေါ်အခြေအနေ ကြေညာရာ၌လည်း ကာကွယ်ရေးဦးစီးချုပ် တဦးတည်းက ကြေညာခဲ့ခြင်း ဖြစ်သည်ဟု ဆိုထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၁၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းမှုတွင် ကာကွယ်ရေး ဦးစီးချုပ် သည် အဆင့် ၆ ၌သာရှိပြီး အဆင့် ၁ မှ ၅ အတွင်းရှိ နိုင်ငံတော်သမ္မတ၊ ဒု-သမ္မတ ၂ ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့ ပါဝင်သည့် အစည်းအဝေးမခေါ်ဘဲ နိုင်ငံကိုလည်း အရေးပေါ် အခြေအနေ ကြေညာခွင့် မရှိ ကြောင်း မြန်မာနိုင်ငံရှေ့နေများအဖွဲ့က ထောက်ပြသည်။

CRPH ကော်မတီဝင်၊ မန္တလးတိုင်းဒေသကြီး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးနိုင်က “သူတို့က ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေကို ကိုင်ပြောနေတယ်။ ကျနော်တို့ကလည်း ဒီဥပဒေအရ ဥပဒေနဲ့ မညီဘူးဆိုတဲ့ အထောက်အထားနဲ့ ကျနော်တို့ သွားမှာပါ။ ကျနော်တို့ဘက်မှာ ဥပဒေက အားသာချက် ရှိပါတယ်။ နောက်တခုက ကျနော်တို့က ပြည်တွင်း ရော၊ ပြည်ပရော တရားစွဲနိုင်ခွင့် ရရှိအောင် ဆောင်ရွက်သွားမှာပဲ။ ရသလောက်တိုးပြီး လုပ်မှာပါ” ဟု ပြောသည်။

CRPH အနေဖြင့် စစ်ကောင်စီကို ပြည်တွင်းပြည်ပ တရားရုံးများ၌ အမှုဖွင့်နိုင်ရေး ဆောင်ရွက်နေဆဲ ဖြစ်သဖြင့် တရားစွဲမည့် အသေးစိတ် အစီအစဉ်ကို ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။

ထိုကဲ့သို့ CRPH က စစ်ကောင်စီအား တရားစွဲနိုင်ရေး ပြင်ဆင်နေချိန် စစ်ကောင်စီကလည်း ၎င်းတို့နှင့် စင်ပြိုင်အစိုးရ ဖွဲ့သည်ကို အရေးယူရန် ပြောဆိုပြီး သက်ဆိုင်ရာ မြို့နယ်အသီးသီး၏ ရဲတပ်ဖွဲ့များက CRPH အဖွဲ့ဝင်များကို ဖမ်းဝရမ်း ထုတ် ထားသည်။

ဦးမျိုးနိုင်က “လူထုက စုပေါင်းအားနဲ့ တကယ်လုပ်နေကြတယ်။ ကျနော်တို့ကလည်း တတ်နိုင်သရွေ့ လမ်းညွှန်ပြီး တဆင့် ပြီးတဆင့် သွားနိုင်အောင် သွားနေပါတယ်။ အားလုံးက တူညီတဲ့ ဘုံကတော့ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးပဲ။ တသား တည်း၊ စိတ်တဝမ်းတည်း၊ တစိတ်တည်း ရပ်ကြဖို့ လိုပါတယ်။ အကုန်လုံး တသားတည်း ဖြစ်အောင် ကျနော်တို့ လည်း ဆောင်ရွက်နေပါတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံရှေ့နေများအဖွဲ့က CRPH ကို ဥပဒေပိုင်း အကြံပြုချက်များ ပြုလုပ်ပေးနေသည့်အပြင် စစ်ကောင်စီကို တရားစွဲဆို နိုင်ရေးအတွက်လည်း ဥပဒေကြောင်းအရ တတ်စွမ်းသမျှ အကူအညီ ပေးပါမည်ဟုလည်း ဆိုထားသည်။

စစ်ကောင်စီကို တရားစွဲဆိုမည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၂ (၁) သည် မည်သူမဆို ပြည်ထောင်စုနိုင်ငံအတွင်း နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုကြီးကို ကျူးလွန်လျှင် သေဒဏ်ဖြစ်စေ၊ တသက်တကျွန်းပို့ဒဏ်ဖြစ်စေ ချမှတ်ခြင်း ခံရမည်ဟု ပြဋ္ဌာန်းထားသည်။

CRPH မှ စစ်ကောင်စီကို နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲဆိုနိုင်ရေး ဥပဒေအကြံပြုချက်များ တောင်းခံနေစဉ် ရက်ပိုင်း အတွင်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရာဇသတ်ကြီး ဥပဒေ၏ နိုင်ငံတော်ပုန်ကန်မှုဆိုင်ရာ ပုဒ်မ ၁၂၁ ကို ပြင်ဆင်ဖြည့်စွက်ခြင်းများ ပြုလုပ်ခဲ့သည်။

မူရင်းရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၁ တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြင့် တည်ထောင် ခန့်အပ်ထား သည့် ပြည်ထောင်စုအစိုးရကို လက်နက်ဖြင့်ဖြစ်စေ၊ သောင်းကျန်းသော နည်းလမ်းဖြင့်ဖြစ်စေ ဖြိုဖျက်ရန် အားထုတ်ခြင်း၊ ဖြိုဖျက်ခြင်း ပြုပါက နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုကြီးကို ကျူးလွန်ကြောင်း ပြဋ္ဌာန်းထားသည်။

စစ်ကောင်စီက ပြည်ထောင်စုအစိုးရကို ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့် မညီဘဲ လက်နက်ဖြင့် ဖြိုဖျက်မှ နိုင်ငံတော် သစ္စာ ဖောက်ဖျက် ပုန်ကန်မှု မြောက်ကြောင်း ပြင်ဆင် ဖြည့်စွက်လိုက်ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရာဇသတ်ကြီး ဥပဒေကို ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြင်ဆင်ဖြည့်စွက်ကြောင်း ကြေညာ လိုက်သော်လည်း လူထု၏ တရားဝင် ရွေးကောက်ခံ ကိုယ်စားလှယ်များ ဖြစ်သည့် CRPH က အဆိုပါ ဥပဒေ ပြင်ဆင်ချက် များကို လက်မခံကြောင်း၊ လူထုကလည်း အသိအမှတ်ပြုရန် မလိုကြောင်း တုံ့ပြန်ကြေညာခဲ့သည်။
ဧရာဝတီက တရားလွှတ်တော်ရှေ့နေများကို ဆက်သွယ် မေးမြန်းထားရာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေတခုကို ပြင်ဆင်ခြင်း၊ ပြဋ္ဌာန်းခြင်း ပြုလုပ်မည်ဆိုပါက ဥပဒေကြမ်းကို လွှတ်တော်တွင် ဦးစွာတင်ပြီး ဆွေးနွေးရမည်ဟု ဆိုသည်။

ဥပဒေကြမ်းကို ဆွေးနွေးကာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သို့မဟုတ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုရန် သဘောတူပြီးနောက် သမ္မတက လက်မှတ်ရေးထိုးပြီးမှသာ ဥပဒေတခုကို ပြဋ္ဌာန်း၍ ရကြောင်း တရား လွှတ်တော်ရှေ့နေများက သုံးသပ်ပြောဆိုထားသည်။

You may also like these stories:

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
322
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
131
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

ဗဟိုဘဏ် ဝန်ထမ်းများ CDM မှာ ပါဝင်ကြဖို့ အနုပညာရှင်များ မေတ္တာရပ်ခံ

စစ်ကောင်စီက နိုင်ငံတော် ပုန်ကန်မှုနှင့် အကြည်ညိုပျက်စေမှု ပုဒ်မများကို ပြင်ဆင်ပြဋ္ဌာန်း

Your Thoughts …
Tags: CRPHစစ်ကောင်စီတရားစွဲနိုင်ငံတော်ပုန်ကန်မှုမြန်မာနိုင်ငံရှေ့နေများအဖွဲ့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
သရုပ်ဆောင် အရိုင်း  / ဧရာဝတီ

“အာဏာသိမ်းလိုက်တာဟာ တိုင်းပြည်ရဲ့ မျက်နှာကို မကြည့်ရာ ရောက်တယ်”

ရန်ကုန်မြို့ပေါ်ရှိ တရုတ်နှင့် ရုရှားသံရုံးများရှေ့တွင် မြန်မာပြည်သူများ တောင်းဆိုမှု  / ဧရာဝတီ

အာဏာသိမ်း စစ်တပ်ကို ထောက်ပံ့နေတာတွေ ရပ်လိုက်ပါ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved