• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

EU အရေးယူမှုမှ စစ်ကောင်စီ နောက်လိုက် အချို့ကင်းလွတ်နေ

by ဧရာဝတီ
22 April 2021
in သတင်း
A A
စစ်ကောင်စီ၏ နောက်လိုက် အရေးပါသော အရပ်သားများတွင် ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဒေါ်သက်သက်ခိုင်နှင့် ဦးဝဏ္ဏမောင်လွင်တို့ ပါသည် / ဧရာဝတီ

စစ်ကောင်စီ၏ နောက်လိုက် အရေးပါသော အရပ်သားများတွင် ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဒေါ်သက်သက်ခိုင်နှင့် ဦးဝဏ္ဏမောင်လွင်တို့ ပါသည် / ဧရာဝတီ

39.4k
VIEWS
Share on FacebookShare on Twitter

စစ်တပ်ပိုင် လုပ်ငန်းစု ၂ ခုအပါအဝင် စစ်ကောင်စီအဖွဲ့ဝင် အရပ်သားများနှင့် ဝန်ကြီးတဦး စုစုပေါင်း နောက်ထပ် ၁၀ ဦးကို ဥရောပသမဂ္ဂက တနင်္လာနေ့တွင် အရေးယူ ဒဏ်ခတ်ပိတ်ဆို့လိုက်သည်။ သို့သော် အချို့ အရေးယူပိတ်ဆို့ခံရခြင်းမှ ကင်းလွတ်နေဆဲဖြစ်သည်။

နောက်ဆုံးထုတ်ပြန်လိုက်သော အရေးယူပိတ်ဆို့မှုများသည် အာဏာသိမ်း စစ်ကောင်စီ အဖွဲ့ဖြစ်သော နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ၉ ဦးနှင့် စစ်တပ်ဝါဒဖြန့်ချိရေးများထုတ်ပြန်သည့် စစ်ကောင်စီပြန်ကြားရေးဝန်ကြီး ဦးချစ်နိုင်တို့ကို ပစ်မှတ်ထားသည်။

ဥရောပသမဂ္ဂ၏ အရေးယူမှုများတွင် စစ်ကောင်စီ၏ ဆုံးဖြတ်ချရာတွင် ပါဝင်သူများ၊ ဒီမိုကရေစီကို အင်အား ချည့်နဲ့စေသူများနှင့် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖေါက်သူများ ပါဝင်ပြီး ၎င်းတို့၏ ပိုင်ဆိုင်မှုများသိမ်းဆည်းခြင်းနှင့် ပြည်ဝင်ခွင့်ပိတ်ပင်ခြင်းတို့ ပါဝင်သည်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် စစ်ကောင်စီက လူအနည်းဆုံး ၇၃၈ ဦးကို ပစ်သတ်ပြီး ၃၂၆၁ ဦးကို ဖမ်းဆီးထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း၏ အဆိုအရသိရသည်။

ဦးချစ်နိုင်သည် နိုင်ငံပိုင်မီဒီယာမှတဆင့် သတင်းမှားဖြန့်ချိရေးတွင် တာဝန်ရှိသောကြောင့် အရေးယူပိတ်ဆို့မှု ချမှတ်ခြင်းဖြစ်ကြောင်း ဥရောပသမဂ္ဂက ပြောသည်။ သူသည် မြန်မာနိုင်ငံမှ မီဒီယာများကို ဖြိုခွဲရန်ဆုံးဖြတ်ချက်များအတွက်လည်း တိုက်ရိုက်တာဝန်ရှိကြောင်း ဥရောပသမဂ္ဂကလည်း ပြောသည်။

ပြန်ကြီးရေးဝန်ကြီးဌာနကို သိမ်းယူပြီးနောက် စစ်အာဏာသိမ်းမှု၊ စစ်ကောင်စီ၊၊ စစ်အုပ်စု စသည့် စကားလုံးများကို လွတ်လပ်သော မီဒီယာတွင် အသုံးမပြုရန် ပိတ်ပင်ခဲ့သည်။ မတ်လ ၈ ရက်နေ့တွင် ဦးချစ်နိုင်သည် မဇ္ဈိမ၊ မြန်မာနောင်း၊ ဆဲဗင်းဒေးနယူးစ်၊ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) နှင့် ခေတ်သစ် မီဒီယာတို့၏ လုပ်ငန်းဆောင်ရွက်ခွင့်များကို ရုတ်သိမ်းခဲ့သည်။ ထိုသတင်းဌာနများအားလုံးသည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများကို သတင်းဖေါ်ပြနေသော သတင်းဌာနများဖြစ်သည်။

စစ်ကောင်စီ အဖွဲ့ဝင် တိုင်းရင်းသားကိုယ်စားလှယ် ၇ ဦးလည်း အရေးယူပိတ်ဆို့ခံရသည့် စာရင်းတွင်ပါဝင်သည်။

ဥရောပသမဂ္ဂက တနင်္လာနေ့တွင် အရေးယူ ဒဏ်ခတ်ပိတ်ဆို့လိုက်သည့် စစ်ကောင်စီဝင် အရပ်သား ၉ ဦး/ဧရာဝတီ

ယခင် ကရင်အမျိုးသားအစည်းအရုံးခေါင်းဆောင်နှင့် နိုင်ငံရေးအကျဉ်းသားဟောင်း မန်းငြိမ်းမောင်သည် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရအတွက် ကရင်ပြည်သူပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သော်လည်း ရှုံးနိမ့်ခဲ့သူ ဖြစ်သည်။

ရခိုင်နိုင်ငံရေးသမား ဒေါ်အေးနုစိန်သည် ရခိုင်အမျိုးသားပါတီ၏ မူဝါဒချမှတ်ရေးအဖွဲ့တွင် ပါဝင်ပြီး ပါတီ ပြောခွင့်ရသူလည်းဖြစ်သည်။ ကယားနိုင်ငံရေးသမား စောဒန်နီရယ်သည် စစ်ကောင်စီတွင် ပါဝင်သောကြောင့် ရာထူးမှ မဖြုတ်ချခံရမီအထိ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ဒုတိယ ဥက္ကဌဖြစ်ခဲ့သည်။

ဒေါက်တာ ဗညားအောင်မိုးသည် မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ဖြစ်ပြီး မတ်လ ၁၇ ရက်နေ့တွင် စစ်ကောင်စီတွင် ပါဝင်လိုက်သောကြောင့် သူ၏ပါတီမှ ပါတီဝင်များ အများအပြားနုတ်ထွက်စေခဲ့သူဖြစ်သည်။

ရှမ်းနိုင်ငံရေးသမား စိုင်းလုံဆန်းသည် စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရးပါတီကို ကိုယ်စားပြုသည့် ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဖြစ်သည်။

စစ်ကောင်စီမှ အခြားတိုင်းရင်းသားကိုယ်စားလှယ်များဖြစ်သော ဂျန်ဖန်နော်တောင်နှင့် ဦးမောင်းဟာတို့သည်လည်း ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုကို ခံရသည်။

အမျိုးသားဒီမိုကရေစီသစ်ပါတီ ဥက္ကဋ္ဌ ဦးသိန်းညွန့်နှင့် အမျိုးသား ဒီမိုကရက်တစ် တပ်ပေါင်းစု ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေတို့လည်း အရေးယူခံရသည့် စာရင်းတွင် ပါဝင်သည်။ ထိုနှစ်ဦးစလုံးမှာ စစ်တပ်က ဦးစီးကျင်းပသည့် ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ယှဉ်ပြိုင်ရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ နုတ်ထွက်ခဲ့သူများဖြစ်ပြီး ၂၀၁၅ ခုနှစ်အထိ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ခဲ့သည်။

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် အများပိုင် ကုမ္ပဏီ လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း လီမိတက် (MEC) တို့ကိုလည်း ဥရောပသမဂ္ဂက အရေးယူပိတ်ဆို့လိုက်သည်။ ထိုလုပ်ငန်းစုနှစ်ခုသည် စစ်ကောင်စီအတွက် အဓိကဝင်ငွေ ရင်းမြစ်များဖြစ်ပြီး ဘဏ်လုပ်ငန်း၊ ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှု၊ ဆောက်လုပ်ရေး၊ ကျောက်မျက်တူးဖေါ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် လူသုံးကုန် ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းများကို လုပ်ကိုင်ကြသည်။

၎င်းတို့၏ ဆုံးဖြတ်ချက်သည် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို ရှုတ်ချရာတွင် ဥရောပသမဂ္ဂ၏ ညီညွတ်မှုနှင့် ဆုံးဖြတ်ချက်ပြသားမှုကို ပြသသည့် လက္ခဏာဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင်မှု အပြောင်းအလဲကို ရည်ရွယ်ကြောင်း ဥရောပသမဂ္ဂက ပြောသည်။

ထိုအရေးယူမှုများသည် စစ်အာဏာသိမ်းခေါင်းဆောင်များ၏ စီးပွားရေးအကျိုးစီးပွားကို ပစ်မှတ်ထားပြီး မြန်မာပြည်သူများကို မထိခိုက်စေရန် ရည်ရွယ်ကြောင်းလည်း အဖွဲ့ဝင် ၂၇ နိုင်ငံ ပါဝင်သော ဥရောပသမဂ္ဂ ကပြောသည်။

ဒဏ်ခတ်ခြင်းမှ အချို့ ကင်းလွတ်နေ

မတ်လတွင် ဥရောပသမဂ္ဂသည် စစ်ကောင်စီခေါင်းဆောင် ဗ်ိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စစ်ကောင်စီ အဖွဲ့ဝင် အဆင့်မြင့်စစ်အရာရှိ ၉ ဦးနှင့် ရွေးကောက်ပွဲကော်မရှင် အကြီးအကဲသစ်ကို ပိုင်ဆိုင်မှုသိမ်းဆည်းခြင်းနှင့် ပြည်ဝင်ခွင့်ပိတ်ပင်ခြင်းတို့ ချမှတ်ခဲ့သည်။

စစ်ကောင်စီခန့် ပြန်ကြားရေးဝန်ကြီး ချစ်နိုင် စိတ်ပညာ

တနင်္လာနေ့တွင် ဥရောပသမဂ္ဂက ထုတ်ပြန်သည့် အရေးယူပိတ်ဆို့မှုသစ်များမှာ စစ်ကောင်စီ နောက်မြီးဆွဲ အရပ်သားများကို ပစ်မှတ်ထားသော်လည်း အခြား အရေးပါသူ အချို့သည် အရေးယူပိတ်ဆို့မှုမှ လွတ်မြောက်နေဆဲဖြစ်သည်။

သမ္မတဦးသိန်းစိန်ခေတ်ကလည်း နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူခဲ့ပြီး ယခု စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အဓိကခေါင်းဆောင် ဦးဝဏ္ဏမောင်လွင်က ထိုစာရင်းတွင် ရှေ့ဆုံးက ပါဝင်သည်။ အာဏာသ်ိမ်းပြီးနောက် ရက်သတ္တပတ်များတွင် သူသည် ထိုင်းနှင့် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးများနှင့်တွေ့ဆုံခဲ့သည်။

အရေးယူခံရသည့် စာရင်းတွင် မပါသေးသူများတွင် စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးလည်း ပါဝင်သည်။ သူသည် စစ်တပ်နောက်ခံ သမိုင်းရှိသော်လည်း ဖြုတ်ချခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အောက်တွင် သူ့ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အကြီးအကဲအဖြစ် တာဝန်ပေးခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအောက်တွင် ရရှိထားသော အတွေ့အကြုံများဖြင့် သူသည် ယခုအခါ စစ်ကောင်စီ၏ စီးပွားရေးအကြီအကဲ လုပ်နေသည်။

စစ်ကောင်စီ၏ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါ်သက်သက်ခ်ိုင်လည်း ဒဏ်ခတ်ပိတ်ဆို့သည့် စာရင်းမှ လွတ်မြောက်နေသည်။ သူသည် ဝန်ကြီးအဖြစ် မခန့်အပ်ခံရမီ ကာလကြာမြင့်စွာကပင် စစ်တပ်နှင့် ရင်းနှီးသည့် နိုင်ငံရေးသမားဖြစ်သည်။ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမတိုင်မီက သူသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်တွေ့ဆုံပြီး ရွေးကောက်ပွဲအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၎င်းတို့ကို အနိုင်ကျင့်လျှင် အကူအညီပေးရန် တောင်းဆိုခဲ့သည်။ သူမသည်လည်း ယခင်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှပင်ဖြစ်သည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
32
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
31
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
47

နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်သည်လည်း ၂၀၁၀ ခုနှစ်များအစောပိုင်းက ဦးသိန်းစိန်အစိုးရ၏ အကြံပေးလုပ်ခဲ့ဖူးသည်။ သူသည့် တရုတ်နိုင်ငံကို အခ်ိုင်အမာထောက်ခံသူဖြစ်ပြီး ယူနန်တက္ကသိုလ် မြန်မာ့အရေးလေ့လာရေးဌာနတွင် အကြံပေးလုပ်နေသူဖြစ်သည်။ သူသည် ဟောင်ကောင်နှင့် ထိုင်ဝမ်တို့နှင့်ပတ်သက်သည့် တရုတ်နိုင်ငံ၏ မူဝါဒများကို ထောက်ခံသူဖြစ်သည်။

ထိုဝန်ကြီးများအားလုံးကို အနောက်နိုင်ငံများအနေဖြင့် အရေးယူပိတ်ဆို့ရန် ဒီမိုကရေစီလိုလားသူများတောင်းဆိုနေပြီး လူထုက ပြင်းထန်စွာ ဝေဖန်ခံနေရသူများဖြစ်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ EU Sanctions 10 More Myanmar Regime Members But Some Still Missing ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

စစ်ကောင်စီအဖွဲ့ဝင် အရပ်သားများကို EU ဒဏ်ခတ်အရေးယူ

စစ်ကောင်စီ အဖွဲ့ဝင် ဦးသိန်းညွှန့်နေအိမ် လက်လုပ်ဗုံးဖြင့် တိုက်ခိုက်ခံရ

ASEAN ထိပ်သီးဆွေးနွေးပွဲသို့ တရားမဝင် စစ်ကောင်စီ မဟုတ်ဘဲ NUG ကို ဖိတ်ကြားသင့်

Your Thoughts …
Tags: EUစစ်ကောင်စီဒေါ်သက်သက်ခိုင်အရေးယူဒဏ်ခတ်ပိတ်ဆို့မှုဦးကိုကိုလှိုင်ဦးဝဏ္ဏမောင်လွင်ဦးအောင်နိုင်ဦး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ရန်ကုန်မြို့ တနေရာတွင် တွေ့ရသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ  / ဧရာဝတီ

ကျောက်ဆည်တွင် CRPH အဖွဲ့ဝင်များကို ဝင်ရှာရင်း စစ်တပ်က ပစ္စည်းများ လုယက်

မုံရွာမြို့မှ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်မြင်ကွင်း

အာဏာသိမ်း စစ်ကောင်စီ ဖိနှိပ်မှုကြောင့် မုံရွာဂေဇက် သတင်းဌာန ရပ်နား

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved