• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အယ်ဒီတာ့အာဘော်

ASEAN ထိပ်သီးဆွေးနွေးပွဲသို့ တရားမဝင် စစ်ကောင်စီ မဟုတ်ဘဲ NUG ကို ဖိတ်ကြားသင့်

by ဧရာဝတီ
22 April 2021
in အယ်ဒီတာ့အာဘော်
A A
အာဏာသိမ်း စစ်ကောင်စီ၏လက်တွင် စွန်းထင်းနေသော သွေးများကြောင့် ထိပ်သီးအစည်းအဝေးသို့ မဖိတ်သင့်ဟု ဝေဖန်ဖိအားပေးမှုများ ရှိနေသည် 

အာဏာသိမ်း စစ်ကောင်စီ၏လက်တွင် စွန်းထင်းနေသော သွေးများကြောင့် ထိပ်သီးအစည်းအဝေးသို့ မဖိတ်သင့်ဟု ဝေဖန်ဖိအားပေးမှုများ ရှိနေသည် 

80k
VIEWS
Share on FacebookShare on Twitter

ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံ၏ ရွေးကောက်ခံအစိုးရထံမှ အာဏာလုပြီး နေ့စဉ်လူထုကို သတ်ဖြတ်နေသော စစ်ကောင်စီကို တရားဝင်ဖြစ်စေမည်ဟူသည့် စိုးရိမ်ပူပန်မှုများအကြားတွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) သည် မြန်မာနိုင်ငံဆိုင်ရာ ထိပ်သီးစည်းဝေးပွဲကို ဧပြီလ ၂၄ ရက်နေ့တွင် ဂျကာတာတွင် ကျင်းပမည်ဖြစ်သည်။

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထို ထိပ်သီးစည်းဝေးပွဲကို တက်ရောက်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားထားသည်။ ထိုအစည်းအဝေးသို့ သူတက်ရောက်ပါက ASEAN အဖွဲ့ဝင်များက သူ့ကို ပြစ်တင်ရှုတ်ချပြီး အရေးယူရမည်ဖြစ်သည်။ မည်သည့်အတွက်နည်း။ ၁၉၉၇ ခုနှစ်တွင် အဖွဲ့ဝင်ဖြစ်လာကတည်းက မြန်မာနိုင်ငံသည် ပြဿနာနိုင်ငံ ဖြစ်နေပြီး အဖွဲ့အစည်းတွင် အားအနည်းဆုံး ကွင်းဆက်ဖြစ်နေသည်။

အကြောက်လွန်ပြီး အပြစ်ကို ရင်မဆိုင်ရဲသောကြောင့် နောက်ဆုံးအချိန်ကျမှ ထိုအစည်းအဝေးသို့ တယ်လီကွန်ဖရင့်နည်းဖြင့်လည်း တက်ရောက်နိုင်သည်။ ထိုသို့တက်ရောက်ပါက သူသည် ရာဇဝတ်ကောင်သာမက သူရဲဘောကြောင်သူလည်း ဖြစ်လာမည်မှာသေချာသည်။

မြန်မာနိုင်ငံမှ တရားမဝင် စစ်အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ သတ်ဖြတ်မှုများသည် ASEAN ၏ ကမ္ဘာ့အဆင့်အတန်းကို ထိခိုက်စေရုံသာမက ထိုသို့သောအကျပ်အတည်းများတွင် အဖွဲ့အစည်းအပေါ် ယုံကြည်လေးစားမှု ကင်းမဲ့ခြင်းကိုလည်း ဖေါ်ပြနေသည်။

ASEAN အဖွဲ့ဝင်များ၏ ကြီးမားသော အစိတ်အပိုင်းကို အာဏာရှင်အစိုးရများက အုပ်ချုပ်နေသည်ဆိုသည့် အချက်ကို စစ်အာဏာသိမ်းမှုနှင့် ဒေသတွင်း တုံ့ပြန်မှုက တဖက်တလမ်းမှ မီးမောင်းထိုးပြနေပြီး ထိုနိုင်ငံများသည် မြန်မာစစ်ကောင်စီကို ရှုတ်ချရန် ငြင်းဆန်နေကြသည်။

ထိုသို့ဆိုသော်လည်း အင်ဒိုနီးရှားနှင့် စင်္ကာပူနိုင်ငံများသည် ASEAN စံနှုန်းများအရ ဆိုပါက မကြုံစဘူး စိုးရိမ်ပူပန်မှုကို ပြသခဲ့ပြီး ပြဿနာကို အဖြေရှာရန် တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်နေကြသည်။

မြန်မာနိုင်ငံမှ သွေးချောင်းစီးအကျပ်အတည်းအတွက် ငြိမ်းချမ်းသောအဖြေရှာရေး ပိုမိုအားထုတ် လုပ်ကိုင်ကြရန် အာရှတလွှားမှ ခေါင်းဆောင်များကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က တနင်္လာနေ့တွင် တောင်းဆိုလိုက်သည်။

ကုလသမဂ္ဂ ဒေသဆိုင်ရာနှင့်ဒေသခွဲဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လုံခြုံရေးကောင်စီအစည်းအဝေးတွင် ပြောကြားရာတွင် ASEAN နှင့်ဆက်ဆံရေးတွင် ထိုအဖွဲ့၏ သံတမန်ရေး၊ ပဋိပက္ခတားဆီးရေးနှင့် ငြိမ်းချမ်းမှုတည်ဆောက်ရေး အရေးပါမှုကို မီးမောင်ထိုးပြသည်။

“မြန်မာနိုင်ငံတွင် အရေးပေါ်အကျပ်အတည်းကို အဖွဲ့အစည်းအနေဖြင့် ရင်ဆိုင်နေရသည့် ယနေ့တွင် ASEAN ၏ အခန်းကဏ္ဍသည် ယခင်ထက် ပိုမိုအရေးပါလာသည်။ အကြမ်းဖက်မှုနှင့် စစ်တပ်၏ ဖိနှိပ်မှုများ အဆုံးသတ်ရန် နှစ်နိုင်ငံဆက်ဆံရေးလမ်းကြောင်းများမှ ပူးပေါင်းဆောင်ရွက်ကြရန် မိမိအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းကို အကြိမ်ကြိမ်တောင်းဆိုခဲ့သည်”ဟု ဂူတားရက်စ် ပြောသည်။

“နောက်ထပ် ပျက်စီးယိုယွင်းမှုများ တားဆီးရန်နှင့် နောက်ဆုံးတွင် ထိုကပ်ဘေးမှ ငြိမ်းချမ်းသော ထွက်ရပ်လမ်းရှာရေး မိမိတို့၏ သြဇာလွှမ်းမိုးမှုများကို အသုံးပြုကြရန် ဒေသတွင်း နိုင်ငံများကို မိမိတိုက်တွန်းသည်” ဟုလည်း သူပြောသည်။

အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံက ဆုပ်ကိုင်ထားသည့် သဘောတရားကို ထပ်မံအတည်ပြုပြောကြားပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာနှင့်ပတ်သက်ပြီး ဦးဆောင်ရန် လုံခြုံရေးကောင်စီအနေဖြင့် ASEAN ကို အားကိုးသင့်ကြောင်း တနင်္လာနေ့တွင်ပြောသည်။

“ASEAN နည်းလမ်းနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းပြန်လည်သင့်မြတ်ရေးနဲ့ တင်းမာမှုလျှော့ချရေးမှာ ASEAN ရဲ့ အပြုသဘောပါဝင်ဆောင်ရွက်ခြင်းကို ထောက်ခံတာဟာ မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းကို အကျိုးပြုတယ်” ဟု သူပြောသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှတဆင့် မြန်မာနိုင်ငံကို အရေးယူရေးကိုသာမက စစ်အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချရန်အားထုတ်မှုများကို တရုတ်နှင့် ရုရှားနိုင်ငံတို့က ပိတ်ဆို့ကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် တရုတ်ဆန့်ကျင်ရေးနှင့် တရုတ်ကုန်ပစ္စည်းများကို သပိတ်မှောက်ရေးကို ဖြစ်စေသည်။

အငြင်းပွားဖွယ် ဖိတ်ခေါ်မှု

၎င်းတို့၏လက်တွင် စွန်းထင်းနေသော သွေးများကြောင့် ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီကိုယ်စားလှယ်များကို ဖိတ်သင့်မဖိတ်သင့် ဆိုသည့်ကိစ္စကို ကနဦးတွင် အငြင်းပွားခဲ့သည်။ ထိုကိစ္စကို ဆန့်ကျင်သူများက လူသတ်သမားတယောက်ကို စားပွဲဝိုင်းတွင် နေရာပေးခြင်း၏ တန်ဖိုးကို မေးခွန်းထုတ်ကြသည်။ သို့သော် ASEAN အဖွဲ့ဝင်များ အထူးသဖြင့် အင်ဒိုနီးရှား၊ စင်္ကာပူနှင့် မလေးရှားတို့သည် ထိုအစည်းအဝေးကို အသုံးချကာ ဗိုလ်ချုပ်မှူးကြီးကို ပြစ်တင်ရှုတ်ချပြီး မြန်မာအကျပ်အတည်း ချက်ခြင်းဖြေရှင်းရေးကို တောင်းဆိုပါက သူ့ကို ဖိတ်ခေါ်သင့်သည်။ ASEAN အနေဖြင့် သူနှင့် သူ၏လူသတ်စစ်ကောင်စီကို တရားဝင်မှုလုံးဝမပေးဘဲ သူနှင့်စကားပြောရန် နည်းလမ်းရှာရန် လိုသည်။

ဖြုတ်ချခံအစိုးရမှ ဝန်ကြီးများအပါအဝင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ကြွလှုပ်ရှားသူများနှင့် တိုင်းရင်းသား ခေါင်းဆောင်အချို့တို့သည် ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းရေးကို မြန်ဆန်စေရန်အတွက် စစ်တပ်ဆန့်ကျင်သူများကို စုစည်းသည့် ရည်ရွယ်ချက်ဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို လွန်ခဲ့သောအပတ်က ထူထောင်လိုက်ကြသည်။ နိုင်ငံတကာ ထောက်ခံမှုနှင့် အသိအမှတ်ပြုမှုကို NUG ကတောင်းဆိုသည်။ NUG တွင် အဖမ်းဆီးခံသမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို မူလရာထူးများတွင် ဆက်လက်ထားရှိသည်။

ASEAN သည် အစိုးရသစ်ကို ဆက်သွယ်ခြင်းမရှိသေးကြောင်း NUG ဒုတိယနိုင်ငံခြားရေး ဝန်ကြီး ဦးမိုးဇော်ဦး ပြောသည်။ တိုင်းရင်းသား နိုင်ငံရေးသမားများကိုလည်း ဆက်သွယ်ခြင်း မရှိပေ။

“ASEAN က မြန်မာနိုင်ငံအခြေအနေကို ကူညီဖြေရှင်းပေးချင်ရင် ပြည်သူလူထုကထောက်ခံပြီး တရားဝင်တဲ့ NUG နဲ့ မတိုင်ပင် မညှိနှိုင်းဘဲ ဘာမှအောင်မြင်မှာ မဟုတ်ဘူး” ဟု အမေရိကန် အသံ မြန်မာပိုင်းအစီအစဉ် သို့ သူပြောသည်။

“စစ်ကောင်စီကို အသိအမှတ်မပြုဖို့ အရေးကြီးတယ်။ ဒီကိစ္စကို သတိထားကိုင်တွယ်ဖို့လိုတယ်” ဟုလည်း သူပြောသည်။

အဖွဲ့ဝင် မြန်မာနိုင်ငံမှ စစ်ကောင်စီကို အသိအမှတ်မပြုဘဲ NUG နှင့် ဆွေးနွေးရမည်ကို ASEAN အနေဖြင့် ရှင်းရှင်းလင်းလင်း သိရန်လိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း စကော့မာစီရယ်ကလည်း ပြောသည်။

“လာမယ့် ထိပ်သီးဆွေးနွေးပွဲမှာ မင်းအောင်လှိုင်အနေနဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့ ASEAN ရဲ့ သဘောတူညီချက်က အဖွဲ့အတွက် အန္တရာယ်ဖြစ်လာနိုင်တယ်” ဟု မာစီရယ်က တွစ်တာတွင် လွန်ခဲ့သော အပတ်ကုန်က ရေးသားသည်။

“အဖွဲ့အစည်းရဲ့ ဂုဏ်အဆင့်အကြီးအကျယ်ထိခ်ိုက်မှာကို ကာကွယ်ဖို့ ASEAN အနေနဲ့ NUG နဲ့ တိုင်ပင်ပြီး စစ်ကောင်စီကို လက်မခံဘူးဆိုတာကို ပြသဖို့ ခိုင်မာတဲ့အရေးယူမှုတွေ ထိပ်သီးဆွေးနွေးပွဲက ရလာဖို့လိုတယ်” ဟုလည်း သူရေးသည်။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
145
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
103
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
5.4k

ဗ်ိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် သင့်တော်သည့် တခုတည်းသောနေရာမှာ သံတိုင်များနောက်တွင်သာရှိကြောင်း Global Center for the Responsibility to Protect မှ ဒါရိုက်တာ ဆိုင်မွန် အဒမ်ပြောသည်။

“ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုအတွက် တာဝန်ရှိပြီး လက်ထိပ်နဲ့သာ ထိုက်တန်သူဖြစ်တယ်။ သူမြန်မာနိုင်ငံက ထွက်လာတာနဲ့ အကြွင်းမဲ့ တရားစီရင်ခွင့်အတွက် သူ့ကိုဖမ်းသင့်တယ် ” ဟု အဒမ်က တွစ်တာတွင်ရေးသားသည်။

အဖိနှိပ်ခံမြန်မာပြည်သူများအတွက် အထူးသဖြင့် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်များ၏ ပစ်သတ်ခံရသော ကလေးများ၏ မိဘများအတွက် အာဏာသိမ်းခေါင်းဆောင်ကို လက်ထိပ်ခပ်ပြီး ထောင်နှစ်ရှည်ချခြင်းကို မြင်ရသည့် မြင်ကွင်းထက် ပိုမိုကြိုဆိုရမယ့် ကိစ္စမရှိသည်ကို သံသယဖြစ်စရာ မလိုပေ။ သို့သော် လက်တွေ့တွင် ထိုသို့ဖြစ်နိုင်ပုံမရပေ။

“ဒေါ်အောင်ဆန်းစုကြည်ဖက်က လူတွေလည်း အစည်းအဝေးမှာ ပါဝင်ဖို့ လိုတာ အမှန်ပဲ” ဟု Indonesian Institute of Sciences (LIPI) မှ နိုင်ငံတကာရေးရာ ကျွမ်းကျင်သူ ဒေဝီဖါ်ကျူနာ အန်ဝါက BenarNews သို့ပြောသည်။

“ASEAN ထိပ်သီးဆွေးနွေးပွဲမှာ စစ်ကောင်စီက ရောက်နေရင် အများသဘောတူညီဖို့ဆိုတာ ရှုပ်ထွေးသွားမှာ သေချာတယ်။ ဒါပေမယ့် စစ်ကောင်စီမပါရင် မြန်မာအကျပ်အတည်းကို ဖြေရှင်းဖို့ ASEAN ရဲ့အားထုတ်မှုတွေကလည်း အောင်မြင်မှာ မဟုတ်ပြန်ဘူး” ဟုလည်း သူပြောသည်။

အကြမ်းဖက်မှုရပ်ဆိုင်းရန်နှင့် နိုင်ငံတကာအသိုက်အဝန်းမှ လူသားချင်းစာနာမှုအကူအညီပေးရေး လမ်းဖွင့်ပေးရန် စစ်ကောင်စီကို ASEAN က ဖိအားပေးသင့်ကြောင်း ဒေဝီပြောသည်။

“မြန်မာနိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်မှု၊ လုံခြုံမှုနဲ့ ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းဖို့ အားလုံးပါဝင်နိုင်တဲ့ ဆွေးနွေးပွဲလုပ်ငန်းစဉ်မှာ မြန်မာ့လူ့အဖွဲ့အစည်းက အဓိက အစိတ်အပိုင်းအားလုံး ပါဝင်ရမယ်” ဟုလည်း သူပြောသည်။

မြန်မာနိုင်ငံ အနာဂတ်နှင့်ပတ်သက်သည့် ၎င်းတို့၏ ပူပန်မှုများနှင့် ရည်မှန်းချက်များကို နားထောင်ရန်အတွက် NUG ကိုယ်စားလှယ်များကို ထိပ်သီးဆွေးနွေးပွဲသို့ ဖိတ်ကြားရန် အရေးကြီးသည်။

လက်ရှိမြန်မာစစ်ကောင်စီသည် ယခင်စစ်အုပ်စုများကဲ့သို့ ASEAN ထံမှ သံတမန်ရေးအကာအကွယ်ရပြီး ASEAN ကို ဒိုင်းသဖွယ်သုံးမည်ကိုလည်း စိုးရိမ်မှုများရှိနေသည်။ ထိုသို့ အဖြစ်မခံနိုင်ပေ။ သို့သော် တိုးတက်မှုရရှိရေး ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာစစ်ကောင်စီခေါင်းဆောင် တက်ရောက်ရန်လိုကြောင်း မြင်သူအချို့ရှိသည်။

“ ASEAN အနေနဲ့ အကြမ်းဖက်မှု ချက်ခြင်းရပ်ဆိုင်းတာနဲ့ လူသားချင်းစာနာမှု အကူအညီပေးခွင့်ရဖို့ တွန်းအားပေးချင်ရင် အသင့်တော်ဆုံး လုပ်ရမယ့် ကိစ္စက စစ်ကောင်စီနဲ့ တိုက်ရိုက်စကားပြောတာပဲ။ ဒါဟာ အင်မတန်ကောင်းတဲ့ အခွင့်အရေးလို့ ထင်တယ်” ဟု အင်ဒိုနီးရှားနိုင်ငံ Padjajaran University Bandung တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေး ကထိက တူကု ရီဇာဆိုင်ရာက BenarNews သို့ပြောသည်။

ထိုသို့သောအနေအထားတွင် မည်သည့်အမှန်တရားရှိသည်ဖြစ်စေ ထိပ်သီးဆွေးနွေးပွဲတွင် စစ်ကောင်စီ အရာရှိများသာ တက်ရောက်ရုံဖြင့်မလုံလောက်ကြောင်းမှာ ထင်ရှားသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာပြည်သူများကို မည်သည့် နည်းဖြင့်မျှ ကိုယ်စားပြုနိုင်ခြင်းမရှိပေ။ ရွေးကောက်ခံ ကိုယ်စားလှယ်များကို ထိပ်သီးဆွေးနွေးပွဲသို့ ASEAN က ဖိတ်ကြားရန် လိုသည်။ ထိုသို့လုပ်ဆောင်မှသာလျှင် အကျပ်အတည်းကိုဖြေရှင်းရာတွင် ပါဝင်ဆောင်ရွက်သူအဖြစ် ASEAN အပေါ် ယုံကြည်အားထားမှုရှိစေရန် နိုင်ငံတကာအသိုက်အဝန်းနှင့် မြန်မာပြည်သူများကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ASEAN Summit on Myanmar Should Include NUG, Not Legitimize Junta ကို ဆီလျော်အောင် ဘာသာပြန်သည်။)

You may also like these stories:

မြန်မာ့အကျပ်အတည်း တုံ့ပြန်မှုပေါ် ASEAN အနာဂတ် မူတည်နေ

ဖိအားပေးမည့် အာဆီယံ အစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မသွားရဲ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံ အစည်းအဝေး တက်ရောက်မည်ဟု နေပြည်တော် အတည်ပြု

Your Thoughts …
Tags: ASEAN ထိပ်သီးဆွေးနွေးပွဲNUGဂျကာတာစစ်အာဏာသိမ်းတရားမဝင်စစ်ကောင်စီဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

Next Post
Editorial Talk | အာဆီယံ က အာဏာသိမ်း စစ်ခေါင်းဆောင်ကို သိဒ္ဓိ တင်မှာလား မီးကင်မှာလား (ရုပ်/သံ)

Editorial Talk | အာဆီယံ က အာဏာသိမ်း စစ်ခေါင်းဆောင်ကို သိဒ္ဓိ တင်မှာလား မီးကင်မှာလား (ရုပ်/သံ)

ယင်းမာပင်မြို့နယ်မှ ထွက်ပြေးနေရသည့် ရွာနှင့် ရွာသားများ  / CJ

ယင်းမာပင်တွင် တူမီးသေနတ် တွေ့သည်နှင့် ဒေသခံများ အဖမ်းခံနေရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved