• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံ အစည်းအဝေး တက်ရောက်မည်ဟု နေပြည်တော် အတည်ပြု

by ဧရာဝတီ
21 April 2021
in သတင်း
A A
စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် / ဧရာဝတီ

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် / ဧရာဝတီ

32.2k
VIEWS
Share on FacebookShare on Twitter

လာမည့် ဧပြီလ ၂၄ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ပြုလုပ်မည့် မြန်မာ့အရေး အာဆီယံ ထိပ်သီး ဆွေးနွေးပွဲသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မည် ဖြစ်ကြောင်း တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဂျပန် သတင်းဌာန Nikkei Asia သို့ အတည်ပြုပြောကြားခဲ့သည်။

အာဆီယံ အစည်းအဝေးသို့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာရွတ် တက်ရောက်တော့မည် မဟုတ်သဖြင့် ၎င်းကို အကာအကွယ်ပေးမည့်သူများ လျော့နည်းသွားခြင်း၊ မြန်မာနိုင်ငံက ထွက်သည်နှင့် ၎င်း၏ လုံခြုံရေး စိတ်ပူရခြင်းတို့ကြောင့် အာဆီယံ အစည်းအဝေးကို Video Conferencing ဖြင့်သာ တက်ရောက်တော့မည် ဖြစ်ကြောင်း ကနဦး ဝေဖန်သုံးသပ်ချက်များ ထွက်ပေါ်လာအပြီး နေပြည်တော်က ယင်းသို့ အတည်ပြုပြောဆိုခြင်း ဖြစ်သည်။

အာဆီယံ အစည်းအဝေးသို့ တက်ရောက်ရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် “သေချာပေါက် သွားရောက်ပါလိမ့်မည်”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြောင်း Nikkei Asia သတင်းဌာနက ဖော်ပြသည်။

ထို့အတူ မလေးရှား နိုင်ငံခြားရေးဝန်ကြီးကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံအစည်းအဝေးသို့ တက်ရောက်လိမ့်မည် ဖြစ်ကြောင်း ရိုက်တာ သတင်းဌာနသို့ ပြောသည်။

ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းအပြီး သေကြေမှုများ မြင့်တက်လာချိန် အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက မြန်မာ့အရေး ဆွေးနွေးရန် စတင်ဆော်ဩခဲ့ပြီး အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး၏ ဒေသတွင်း လွန်းပျံ ညှိနှိုင်းမှုများကြောင့် နောက်ဆုံးတွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်း ဘုရင် ဆူလ်တန် ဟာဆင်နယ် ဘူလ်ကီးယားက အာဆီယံခေါင်းဆောင်များကို ဖိတ်ကြားရန် သဘောတူခဲ့သည်။
အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးက စတင်၍ မြန်မာ့အရေး တင်ပြပြောဆိုရမည်ဖြစ်ပြီး နောက်ပိုင်းတွင် အာဆီယံခေါင်းဆောင်များက တုံ့ပြန်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

အာဆီယံခေါင်းဆောင်များအနေဖြင့် အာဏာသိမ်း စစ်ကောင်စီနှင့် ဆက်ဆံရေးလမ်းကြောင်း တိုးချဲ့လိုပြီး အကြမ်းဖက်နှိမ်နင်းမှုများ ဖြစ်နိုင်လျှင် အမြန်ဆုံး ရပ်ဆိုင်းရန်နှင့် မြန်မာပြည်သူများထံ လူသားချင်း စာနာသော အထောက်အပံ့များ တနည်းတဖုံ ရောက်ရှိစေရေး ကတိကဝတ်များကို လိုလားနေကြသည်။

တချိန်တည်းတွင်ပင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြားမှုသည် အာဏာသိမ်း စစ်ကောင်စီကို အသိအမှတ်ပြုရာ ရောက်ကြောင်း အာဆီယံအသင်းကို လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်နေကြပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေး အစိုးရနှင့်လည်း ဆက်ဆံရေး ထူထောင်ရန် တိုက်တွန်းနေကြသည်။ အမျိုးသားညီညွတ်ရေး အစိုးရကလည်း အာဆီယံနိုင်ငံများအသင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ထုတ်ပြန်ထားသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
30
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
31
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
46

You may also like these stories:

မြန်မာ့အကျပ်အတည်း တုံ့ပြန်မှုပေါ် ASEAN အနာဂတ် မူတည်နေ

ဖိအားပေးမည့် အာဆီယံ အစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မသွားရဲ

ဧပြီ ၂၄ အာဆီယံထိပ်သီး အစည်းအဝေး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ဖွယ်ရှိ

Your Thoughts …
Tags: နေပြည်တော်ဗိုလ်ချုပ်ဇော်မင်းထွန်းဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတည်ပြုအာဆီယံ အစည်းအဝေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.6k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

by ဧရာဝတီ
28 April 2025
37.6k

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမိုင်းကြောင်းအရသာမက လုံခြုံရေး အင်္ဂါရပ်နဲ့ ညီညွတ်တဲ့ ပျဉ်းမနားတဝိုက်ကို ရွေးချယ်ချင်သလို…

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

by ဧရာဝတီ
24 November 2023
30.3k

စစ်ကောင်စီသည် မန္တလေး၊ ပဲခူးနှင့် ရန်ကုန် ဒေသများမှ တိုက်ခိုက်ရေး တပ်အင်အား ၁၀,၀၀၀ ခန့်ကို နေပြည်တော် ပြည်ထောင်စုနယ်မြေမှ စခန်းများသို့ ရွှေ့ပြောင်းနေကြောင်း နေပြည်တော်မှ စစ်အရာရှိများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”

ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”

by ဧရာဝတီ
21 April 2025
28.1k

မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် အခြား ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများ ဖြစ်သော ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ ဗိုလ်ချုပ်ကြီး တင်အေး၊ ဗိုလ်ချုပ်ကြီး ရွှေမန်း နှင့်...

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

by ဧရာဝတီ
1 December 2023
25.1k

လွန်ခဲ့သောလအတွင်း စစ်ကောင်စီ ပြောခွင့်ရသူ ဇော်မင်းထွန်း၏ ဗြောင်အကျဆုံးလိမ်ညာမှုများကို ဧရာဝတီသတင်းဌာနက အချက်အလက် စစ်ဆေးဖော်ထုတ်လိုက်သည်။

Next Post
အလွတ်တန်း သတင်းထောက် ကိုရဝေမောင် / ဧရာဝတီ

မြောင်းမြမြို့က အလွတ်တန်း သတင်းထောက်တဦး ဖမ်းဆီးခံရ

Shopee ပေါ်မှာ မကြယ်စင်ရဲ့ ပုံကို အသုံးပြုပြီး ကြော်ငြာခဲ့တာကြောင့် ဝေဖန်ခံရတာပါ။

Shopee မှာ မကြယ်စင်ပုံ အသုံးပြုပြီး တီရှပ် ရောင်းခဲ့တာကြောင့် ဝေဖန်ခံရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved