• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

KIA ၏ တိုက်ခိုက်မှုကြောင့် မံစီမြို့နယ်ရဲမှူး သေဆုံး

by ဧရာဝတီ
4 May 2021
in သတင်း
A A
သေဆုံးသွားသည့် မံစီမြို့နယ် မြို့နယ်ရဲမှူး ဟိန်းထက်

သေဆုံးသွားသည့် မံစီမြို့နယ် မြို့နယ်ရဲမှူး ဟိန်းထက်

36.8k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ရှိ မြို့မရဲစခန်းကို မေလ ၃ ရက် ည ၈ နာရီဝန်းကျင်က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဘက်မှ မြို့နယ်ရဲမှူးတဦး သေဆုံးသွားသည်ဟု သတင်း ရရှိသည်။

ဒေသခံတဦးက “မြို့နယ်ရဲမှူး ဟိန်းထက်ကတော့ ပွဲချင်းပြီးပဲ သေဆုံးသွားတယ်။ နောက်ရဲအရာရှိတယောက်ပဲ ဦးမင်းမင်း ဆိုသူကတော့ ဒဏ်ရာရထားတာ နည်းနည်း ပြင်းတယ်တဲ့။ ကျနော်တို့က အရပ်သားတွေဆိုတော့ သူတို့ ဒဏ်ရာရထားတဲ့ အခြေအနေတော့ အသေးစိတ် မသိဘူး။ ဗန်းမော်စစ်ဆေးရုံကိုပဲ ပို့လိုက်ပြီ ကြားတယ်” ဟု ပြောသည်။

မေ ၃ ရက် ည ၈ နာရီကျော်က ရဲစခန်းကို KIA တပ်ဖွဲ့များက လာရောက် ပစ်ခတ်တိုက်ခိုက်ရာ ရဲစခန်းဘက်မှလည်း ပြန်လည် ပစ်ခတ်ပြီး ရဲစခန်းအနီးရှိ စစ်တပ်၏ ခြေမြန်တပ်ရင်း ခမရ ၃၁၉ ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ် ကြောင်း သိရသည်။

မံစီမြို့မရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ရခြင်းနှင့် ပတ်သက်၍ KIA ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော် ဘူက ရဲတပ်ဖွဲ့နှင့် စစ်တပ်သည် အတူတူ ပူးပေါင်းကာ တဖွဲ့တည်းပုံစံဖြင့် ရှိနေခြင်းကြောင့် ရဲစခန်းကိုလည်း တိုက်ခိုက် ရခြင်း ဖြစ်ပါသည်ဟု ဆိုသည်။

ဗိုလ်မှူးကြီးနော်ဘူက “အခုကတော့ ရဲစခန်းတွေလည်း တိုက်ခိုက်ရတဲ့ အနေအထား ဖြစ်ပါတယ်။ ရဲတွေကလည်း တပ်မတော်နဲ့ တူတူပါပဲ။ ပြည်သူလူထုကို ရက်စက်တဲ့ နေရာမှာလည်း ရဲတွေလည်း တာဝန်ယူတာ အားလုံး အသိဖြစ်ပါ တယ်။ အဲဒါကြောင့် မနေ့က တိုက်ခိုက်တာ ဖြစ်မှာပါ” ဟု ပြောသည်။

မံစီမြို့မ ရဲစခန်းကို စီးနင်းတိုက်ခိုက်ပြီးနောက် လက်နက်ခဲယမ်းများ ဝင်ရောက်သိမ်းဆည်းခြင်း ရှိမရှိ မေးမြန်းရာ ဗိုလ်မှူး ကြီး နော်ဘူက မြေပြင်အခြေအနေကို အသေးစိတ် မသိရှိသဖြင့် အတည်ပြုပေးနိုင်ခြင်း မရှိကြောင်း ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
352
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
49

KIA သည် ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီအထိ ပဏာမအပစ်ရပ်စာချုပ် (Bilateral) တစောင် ချုပ်ဆိုနိုင်ရန်အတွက် ညှိနှိုင်းနေခဲ့ရာ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် လူထုကို ပစ်ခတ်သတ်ဖြတ်ခြင်းများကြောင့် လူထုဘက်က ရပ်တည်မည်ဟု ဆိုပြီး ကချင်ပြည်နယ်တွင်း စစ်မျက်နှာစဖွင့်ကာ တိုက်ခိုက်နေခြင်း ဖြစ်သည်။

KIA က စစ်တပ်၏ ရှေ့တန်းတပ်စခန်းများကို ဝင်ရောက် စီးနင်းတိုက်ခိုက်ခြင်း၊ သိမ်းပိုက်ခြင်းများ ပြုလုပ်သည့် အပြင် ရဲ စခန်းများကိုလည်း ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြုလုပ်ထားသည်။

မတ် ၁၈ ရက်ကလည်း ဖားကန့်မြို့နယ် နမ့်မှော်ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်သည့်အပြင် မတ် ၃၁ ရက်ကလည်း ရွှေကူ မြို့နယ် ကျောက်ကြီးကျေးရွာရှိ ရဲကင်းစခန်းတခုကို ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့သည်။

ကချင်ပြည်နယ်တွင် မတ် ၁၁ ရက်မှ စ၍ KIA နှင့် စစ်တပ်ကြား စစ်ရေးပဋိပက္ခ ဖြစ်ပွားနေရာ ဗန်းမော်ခရိုင် မိုး မောက် မြို့နယ်ထဲတွင် စစ်ရေးအတင်းမာဆုံး အခြေအနေ ရှိနေသည်။

မိုးမောက်မြို့နယ်အတွင်း တိုက်ခိုက်မှုများတွင် KIA က စစ်တပ်၏ ရှေ့တန်းတပ်စခန်းများကို အထိနာအောင် တိုက်ခိုက် နိုင်သဖြင့် စစ်တပ်ဘက်မှ အကျအဆုံးများနေခြင်းကြောင့် စစ်တပ်ကမြေပြင်တိုက်ခိုက်မှုများကို လျှော့ချပြီး တိုက်လေ ယာဉ်များကို အသုံးပြုကာ ဗုံးကြဲ တိုက်ခိုက်လျက် ရှိသည်။

မေလ ၃ ရက် မနက်ပိုင်းကလည်း မိုးမောက်မြို့နယ်တွင်း တိုက်လေယာဉ်၂ စင်းနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စင်းတို့က လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေရာ KIA က ရဟတ်ယာဉ်ကို ပစ်ချလိုက်ခြင်းကြောင့် ယာဉ်ပျက်ကျကာ လေတပ်အရာရှိ ၃ ဦး သေဆုံးခဲ့သည်။

You may also like these stories:

စစ်တပ်တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို KIA ပစ်ချ

ဟားခါးမှာ တိုက်ပွဲ ဆက်ဖြစ်၊ စစ်ကောင်စီတပ်မှ ၄ ဦး ထပ်မံ သေဆုံး

Your Thoughts …
Tags: KIAတိုက်ပွဲမံစီမြို့မရဲစခန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

by ဧရာဝတီ
24 August 2023
25.3k

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲတွင် စစ်ဆင်ရေးဝင်နေသော တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာထွန်းအား အမိန့်မနာခံမှုဖြင့် ဖမ်းဆီး ချုပ်နှောင်ထား

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

by ဧရာဝတီ
17 November 2023
23.8k

စစ်ဘက်မှ အရပ်ဘက်ဝန်ကြီးဌာနသို့ ပြောင်းလဲခန့်အပ် တာဝန်ပေးခံရသည့် ဆရာဝန်များမှာ လက်ရှိ စစ်ခေါင်းဆောင် အသိုင်းအဝိုင်းနှင့် ပတ်သက် ဆက်နွှယ်သူများ ဖြစ်သည်

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

Next Post
အာဏာသိမ်း စစ်ကောင်စီတပ်များနှင့် ဒေသခံ ပြည်သူများ ပစ်ခတ်မှုဖြစ်ပွားနေသည့် ထီးလင်းမြို့နယ် (ဓာတ်ပုံ - Google Earth)

ထီးလင်းမြို့နယ်တွင် ပြည်သူနှင့် အာဏာသိမ်းတပ် အပြန်အလှန်ပစ်ခတ်မှု ဆက်တိုက်ဖြစ်နေ

အုပ်ချုပ်ရေးမှူးအိမ် အပစ်ခံရသည့် တမူမြို့နယ်ရှိ ဝိတုတ်ရွာမ ကျေးရွာ

တမူးတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးအိမ် အပစ်ခံရ၊ နှစ်ဦး ပွဲချင်းပြီး သေဆုံး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved