• English
Friday, June 13, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီက YRTA ကို YPTC အဖြစ် ဖွဲ့စည်းပြီးနောက် ခရီးသည်များ ခက်ခဲမှုများ ပိုဖြစ်လာ

by ဧရာဝတီ
20 May 2021
in သတင်း
A A
၂၀၂၀ ပြည့်နှစ်အတွင်းက ရန်ကုန်မြို့အတွင်း၌ YBS ယာဉ်များ ပြေးဆွဲနေမှုများ / ဧရာဝတီ

၂၀၂၀ ပြည့်နှစ်အတွင်းက ရန်ကုန်မြို့အတွင်း၌ YBS ယာဉ်များ ပြေးဆွဲနေမှုများ / ဧရာဝတီ

33.4k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်း စီမံအုပ်ချုပ်ရေး စစ်ကောင်စီက ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ (YRTA) ကို ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YPTC) အဖြစ် ပြောင်းလဲ ဖွဲ့စည်းပြီးနောက် ခရီးသွားပြည်သူများ အခက်အခဲကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

အရပ်သား အစိုးရဖြစ်သည့် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အကောင်အထည် ဖော်ခဲ့သော YRTA ကို အာဏာသိမ်း စစ်ကောင်စီက YPTC အဖြစ် ယခုနှစ် ဧပြီလ ၂၃ ရက်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

RelatedPosts

လေယာဉ်ပစ်ချခံရအပြီး ပုလဲနယ်ကို စစ်တပ်အငြှိုးထားနိုင်ဟု ပအဖ သတိပေး

လေယာဉ်ပစ်ချခံရအပြီး ပုလဲနယ်ကို စစ်တပ်အငြှိုးထားနိုင်ဟု ပအဖ သတိပေး

13 June 2025
3
မြန်မာတွေရဲ့ “အမေရိကန်အိပ်မက်” ရပ်သွားပြီလား (ရုပ်/သံ)

မြန်မာတွေရဲ့ “အမေရိကန်အိပ်မက်” ရပ်သွားပြီလား (ရုပ်/သံ)

13 June 2025
9
တိုက်လေယာဉ် ပစ်ချခဲ့တဲ့ ပုလဲမှာ ဘာတွေဆက်ဖြစ်နေလဲ (ရုပ်/သံ)

တိုက်လေယာဉ် ပစ်ချခဲ့တဲ့ ပုလဲမှာ ဘာတွေဆက်ဖြစ်နေလဲ (ရုပ်/သံ)

12 June 2025
142

YPTC ကို ဖွဲ့စည်းရခြင်းသည် ရန်ကုန်တိုင်းအတွင်း ဝန်ဆောင်မှု ကောင်းသည့် YBS စနစ် ပေါ်လာရန်နှင့် ရန်ကုန်မြို့ပြ သယ် ယူပို့ဆောင်ရေး ကောင်းမွန်လာပြီး လူမှုစီးပွားတိုးတက်ကာ နိုင်ငံတော် တိုးတက်ရေး ဖော်ဆောင်နိုင်ရန် ဖြစ်ကြောင်း တွဲဖက် အတွင်းရေးမှူး ဦးလျန်ကျင့်မန်က အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင် မေလ ၁၅ ရက်က ပြောဆိုသည်။

ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူတဦးကမူ YPTC ဖွဲ့စည်းလိုက်ပြီးနောက် ယခင် ငွေကျပ် ၂၀၀ သာ ပေးစီး နေရသော ဘတ်စ်ကားခများသည် ယခုအခါ ငွေကျပ် ၃၀၀ ပေးစီးနေရကြောင်း ညနေ ၄ နာရီ‌ကျော်သည်နှင့် ဘတ်စ်ကားများ မရှိတော့ဘဲ တရားမဝင် ပြေးဆွဲနေသည့် ကားများကိုသာ အားထားနေရကြောင်း ဧရာဝတီသို့ ပြောသည်။

၎င်းက “ကားစီးရတာက အဆင်မပြေဘူး။ အဲယားကွန်းလည်း မဖွင့်တော့ဘူး။ အရင်ကဆိုရင် ဘတ်စ်ကားခကို ပုံးထဲ ထည့်ရပေမယ့် အခုတော့ ဒရိုင်ဘာကို ပဲပေးရတယ်။ ကားပေါ်က ဆင်းရင်လည်း ကားအနောက်ဘက်က တံခါးကို မဖွင့်ပေးဘူး။ အရှေ့က ပြန်ဆင်းခိုင်းတာတွေလည်း ရှိတယ်” ဟု ဆိုသည်။

ထို့အတူ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူတဦးကလည်း YBS 36 နှင့် 28 ကဲ့သို့ ယာဉ်လိုင်းများက ယာဉ်စီးခတိုး တောင်းခြင်း မရှိသော်လည်း အချိန်ကြာမြင့်စွာ ကားစောင့်ရကြောင်း ပြောသည်။

၎င်းက “အခုက မြောက်ဒဂုံနဲ့ ဆူးလေကို နံပါတ် ၁၀ BM လို ကားတွေ ပြန်ထွက်နေတယ်။ အဲဒီကားတွေက စပယ်ယာ (ယာဉ်အကူ) ပါတယ်။ အဲဒီကားတွေက ၃၀၀ တောင်းတယ်။ အဓိက အခက်အခဲက ညနေ ၆ နာရီကျော်ရင် ကားမရှိတာက တော်တော်ဆိုးတယ်။ အဲဒီအခါကျရင် အောက်ဆိုက် ကားတွေကို ၅၀၀၊ ၁၀၀၀ ပေးပြီး စီးနေရတာပေါ့” ဟု ပြောပြသည်။

ပြီးခဲ့သည့် အရပ်သားအစိုးရ လက်ထက်ကတည်းက ရန်ကုန်တွင် အောက်ဆိုဒ်ကားအချို့ ပြေးဆွဲမှုရှိသော်လည်း YBS ယာဉ် လိုင်းများက ည ၈ နာရီနှင့် ည ၉ နာရီကျော်အထိ ပြေးဆွဲပေးမှုရှိခဲ့သဖြင့် အောက်ဆိုက် ကားများအား အပြည့်အဝ အားကိုးရန် မလိုခဲ့ကြောင်း မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူ အမျိုးသမီးတဦးက ပြောပြသည်။

ယခင်က YRTA ကို ရန်ကုန်တိုင်း လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး အတွင်းရေးမှူးအဖြစ် ဒေါက်တာမောင်အောင်နှင့် တွဲဖက်အတွင်းရေးမှူးအဖြစ် ဦးလှအောင်တို့က တာဝန် ယူခဲ့သည်။

စစ်ကောင်စီက ဖွဲ့စည်းလိုက်သည့် YPTC တွင် ယခင်က ရန်ကုန်တိုင်း နယ်လုံဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည့် ဗိုလ်မှူးကြီး ဝင်းတင့်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ဒု ဥက္ကဋ္ဌအဖြစ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး အငြိမ်းစား ဦးချစ်ကိုကို၊ အတွင်းရေးမှူးအဖြစ် ဗိုလ်မှူးကြီးဟောင်း အောင်ဝင်းနှင့် တွဲဖက်အတွင်းရေးမှူးအဖြစ် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန အငြိမ်းစား အရာရှိ ဦးလျန်ကျင့်မန်တို့ က ပြောင်းလဲ တာဝန်ယူထားသည်။

YPTC ကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်တွင် ထွက်ရှိခဲ့သော ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေး ဥပဒေ နှင့် ၂၀၁၅ ခုနှစ် ဇွန်လ ၁၈ ရက်တွင် ထွက်ရှိခဲ့သည့် နည်းဥပဒေကို အခြေခံကာ ပြင်ဆင်ဖွဲ့စည်းခြင်း ဖြစ်ကြောင်း စစ်ကောင်စီ က ပြောဆိုထားသည်။

ရန်ကုန်တိုင်းအတွင်း YBS ယာဉ်လိုင်းထောင်သည့် လုပ်ငန်းရှင်တဦးကမူ YPTC ပြောင်းလဲဖွဲ့စည်းပြီးနောက်တွင် ယာဉ်လိုင်း များ မည်ကဲ့သို့ ပြောင်းလဲ ပြေးဆွဲရမည်ဆိုသည့် လုပ်ငန်းပိုင်းဆိုင်ရာ ညွှန်ကြားမှု အပြောင်းအလဲများ မရှိသေးကြောင်း ဧရာ ဝတီသို့ ပြောသည်။

“တခြားတော့ မရှိသေးဘူး။ လတ်တလောအနေနဲ့ ညွှန်ကြားချက်ထွက်ထားတာဆိုရင်တော့ ယာဉ်မောင်း လိုင်စင်သက်တမ်း တိုးတာ ရုံးတွေပိတ်ထားတဲ့အတွက် ယာဉ်မောင်းလိုင်စင်တွေ သက်တမ်း လွန်နေသော်လည်း မောင်းခွင့်ပြုပေးပါရန် ဆိုပြီး အဲဒီစာတစောင်တော့ ထွက်ထားတယ်။ နောက်တချက်က ယာဉ်လိုင်းတွေအနေနဲ့ ယာဉ်စီးခတိုးတောင်းတာတို့ မချေမငံ ဆက်ဆံတာတို့ အပြိုင်အဆိုင် မောင်းတာတို့ ယာဉ်စည်းကမ်း ဖောက်ဖျက်တာတို့ကို အရေးယူမယ်ဆိုတာ ပြောထားတာပေါ့” ဟု ၎င်းက ဆိုသည်။

ကိုဗစ်ကပ်ရောဂါကြောင့် ခရီးသွားလာမှု နည်းသဖြင့် ဝင်ငွေကျဆင်းခဲ့သော ယာဉ်လိုင်းများသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်း ကာလအတွင်း လုံခြုံရေးအကြောင်းပြချက် အပါအဝင် အခြားသော အကြောင်းများကြောင့် ယာဉ်လိုင်းများ မထွက်နိုင်ခဲ့ရာမှ မေလ ၁ ရက်တွင်မှ ဘတ်စ်ကားများ ပြန်လည် ပြေးဆွဲလာကြခြင်းဖြစ်သည်။

သို့သော်လည်း ဘတ်စ်ကားစီးသည့် ခရီးသည်များ နည်းပါးနေသေးသဖြင့် လက်ရှိကာလတွင် ရန်ကုန်တိုင်းအတွင်းရှိ ဘတ်စ် ကားအားလုံး၏ ၃၀ ရာခိုင်နှုန်းနှင့် ၄၀ ရာခိုင်နှုန်းခန့်သာ ပြန်လည် ပြေးဆွဲနေခြင်းဖြစ်ကြောင်း YBS ယာဉ်လိုင်း ထောင်သည့် လုပ်ငန်းရှင်တဦးက ရှင်းပြသည်။

၎င်းက “မြေပြင်အခြေအနေမှာ ယာဉ်လိုင်း အများစုပေါ့။ ရာခိုင်နှုန်းအားဖြင့် ပြောရရင် ၆၀ ရာခိုင်နှုန်းလောက်က ပိုတောင်းကြတယ်။ ဘယ်လောက်အထိတောင်းသလဲဆိုရင် ကားခကို သတ်မှတ်ချက်မရှိဘဲနဲ့ အလွတ်တောင်း တာပေါ့။ ၃၀၀ တောင်းချင်လည်း တောင်းတယ်။ ၅၀၀ တောင်းချင်လည်း တောင်းတယ်။ ၁၀၀၀ တောင်းချင်လည်း တောင်းတယ်” ဟု ပြောသည်။

ဘတ်စ်ကားခတောင်းသည့် ကားများသည် ပုဂ္ဂလိကပိုင် ယာဉ်လိုင်းများမှ အများစုဖြစ်ပြီး ကုမ္ပဏီပိုင်ကားများသည် ယာဉ်စီးခ တိုးတောင်းခြင်း မရှိကြောင်း YBS ယာဉ်လိုင်းထောင်သည့် လုပ်ငန်းရှင်တဦးက ဆက်လက်ပြောဆိုသည်။ ယခင်က ယာဉ်စီးခ ကို ယာဉ်မောင်း၏ ဘေးရှိ ပုံးအတွင်းသို့ ခရီးသည် ကိုယ်တိုင် ထည့်ပေးရသော်လည်း ယခုအခါကားတစီးတွင် စပယ်ယာတဦး စီထားကာ ယာဉ်စီးခ တောင်းနေခြင်း ဖြစ်သည်။

ဘတ်စ်ကားများတွင် လေအေးပေးစက် မဖွင့်ဘဲ မောင်းနေရသည့် အကြောင်းအရင်းမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှု ထိန်းချုပ်ရန် ယခင်အစိုးရလက်ထက်က ညွှန်ကြားခဲ့သော အဲယားကွန်း မဖွင့်ဘဲ မောင်းရမည်ဆိုသည့် ညွှန်ကြားချက်ကို YPTC က မပြောင်းလဲသေးဘဲ ဆက်လက်ထားရှိနေသောကြောင့်ဖြစ်ကြောင်း ဘတ်စ်ကားထောင်သည့် လုပ်ငန်းရှင်တဦးက ပြောသည်။

ဆက်လက်၍ ၎င်းက ညနေ ၄ နာရီကျော်သည်နှင့် ဘတ်စ်ကားများ မထွက်တော့ခြင်းသည် စစ်‌ကောင်စီက ကြေညာထား သော ညမထွက်ရအမိန့်နှင့် ဘတ်စ်ကားများ ဂတ်စ်ဖြည့်ရန် အခက်အခဲကြောင့် ဖြစ်ကြောင်း ရှင်းပြသည်။

၎င်းက “CNG ဆိုင်အများစုက ဝန်ထမ်းတွေ CDM လုပ်ထားလို့ မဖွင့်နိုင်ကြသေးဘူး။ အဲဒီအတွက် CNG ထည့်ရင်လည်း အချိန်ပေးရတယ်။ အဲဒါကြောင့် ညဘက်ဆိုရင် ကားက မရှိတော့ဘူး။ နံပါတ်တစ်က အချိန်ကန့်သတ်ချက်ကြောင့် ၂ က စက်သုံးဆီ ထည့် မယ့် ကိစ္စကြောင့်ပေါ့” ဟု ပြောသည်။

YRTA ကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၂၀၁၇ ခုနှစ် ဇန်နဝါ ရီလတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော မော် တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်မှု ကော်မတီ (မ.ထ.သ) အား ဖျက်သိမ်းကာ စနစ်သစ်ဖြင့် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။

YBS စနစ်သစ်သည် ရမ်းကားသော ဘတ်စ်ကားများနှင့် ကားစပယ်ယာများကြောင့် လူထုစိတ်အနှောင့်အယှက်ဖြစ်ရမှုများ ကင်းဝေးကာ လေအေးပေးစက်ဖွင့်ထားသည့် ကားသစ်များဖြင့် ခရီးသွားရမည် ဖြစ်သဖြင့် ရန်ကုန်သား အများစုက ကြိုဆိုခဲ့ ကြသည်။

သို့သော်လည်း မြန်မာနိုင်ငံ၌ စစ်တပ်က အာဏာ သိမ်းလိုက်ပြီးနောက်တွင် အခြေအနေများက ယခင်ကကဲ့သို့ မဟုတ်တော့ပေ။ YPTC ဖွဲ့လိုက်ပြီးနောက်တွင် ရန်ကုန်တိုင်းနေ ပြည်သူအများစုက ယခင် မ.ထ.သ အဖွဲ့ကွပ်ကဲမှုကာလကကဲ့သို့ ဝန်ဆောင်မှုများ ညံ့ဖျင်းသွားမည်ကို စိုးရိမ်ပူပန်နေကြသည်။

You may also like these stories:

တလုပ်မြို့တွင် စစ်ကောင်စီတပ်က ရွာရှိပစ္စည်းများကို လုယက်နေဟုဆို

အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါက စစ်ကောင်စီအဖွဲ့ဝင်များကို ဒဏ်ခတ်အရေးယူမှု တိုးမြှင့်

ရန်ကုန်တွင် တည်ဆောက်မည့် ဂျပန် AEON Mall စီမံကိန်းကို ဆိုင်းငံ့

Your Thoughts …
Tags: YBSYPTCစစ်ကောင်စီစပယ်ယာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.7k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.1k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.8k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.9k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.8k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၇ရက်က နေပြည်တော်တွင် ကိုဗစ်ကာကွယ်ဆေး ထိုးခြင်းကို လာရောက်ကြည့်ရှု့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် / ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်အမှုတွဲ တရားလွှတ်တော်ချုပ်တောင်းယူ

ချင်းပြည်နယ် တီးတိန်မြို့တွင် ပေါက်ကွဲမှုဖြစ်ပြီးနောက် သေဆုံးသွားသည့် ကလေးငယ်ကို တွေ့ရစဉ်

တီးတိန် ပေါက်ကွဲမှု ကလေး ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

4 days ago
5.2k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

2 days ago
4.2k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

    shares
    Share 0 Tweet 0
  • စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီ ရွေးကောက်ပွဲ၏ ခါးသီးသော အမှန်တရားများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate