သတင်း

ရန်ကုန်တွင် တည်ဆောက်မည့် ဂျပန် AEON Mall စီမံကိန်းကို ဆိုင်းငံ့

ဂျပန်စီးပွားရေးလုပ်ငန်းစု Aeon ကုမ္ပဏီက မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ၎င်းတို့၏ ဈေးဝယ်စင် တာ တည်ဆောက်ရေးလုပ်ငန်းများကို ဆိုင်းငံ့လိုက်ကြောင်းသိရသည်။

အမေရိကန်ဒေါ်လာ သန်း ၁၈၀ ခန့် (ကျပ် ဘီလီယံ ၂၉၀ ကျော်) ရင်းနှီးမြှုပ်နှံမည့် ထိုဈေးဝယ်စင်တာစီမံကိန်းကို ယခုနွေရာသီ၌ တည်ဆောက်ရန် ယခင် က ရည်မှန်းထားပြီး မြန်မာ့နိုင်ငံရေး အခြေအနေကြောင့် ယခုလို ဆိုင်းငံ့ထားလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံး AEON Mall ဈေးဝယ်စင်တာကို ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် ဧရာဝဏ်လမ်းနှင့် ရွှေလီလမ်းထောင့်တွင် တည်ဆောက်သွားမည်ဖြစ်ပြီး အကျယ်အဝန်း စတုရန်းပေ ၁ ဒသမ ၂ သန်းခန့်ရှိပြီး ၅ ထပ်အမြင့်ရှိ ဈေးဝယ်စင် တာတခုလည်း ဖြစ်သည်။

ထို ဈေးဝယ်စင်တာ စီမံကိန်းကို ပြည်တွင်းကုမ္ပဏီ ရွှေတောင်အုပ်စုနှင့် ဂျပန်ကုမ္ပဏီ AEON MALL Co., Ltd. (AEON MALL) တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ရွှေတောင်မှ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်း၊ Aeon Mall Myanamr Co., Ltd. နှင့် ဂျပန် AEON MALL တို့က အစုရှယ်ယာ ၇၀ ရာခိုင်နှုန်း ပါဝင်ထားသည်။

ယခင်က ထိုဈေးဝယ်စင်တာ စီမံကိန်းကို ၂၀၂၃ ခုနှစ် ဝန်းကျင်တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်ထားခဲ့သော်လည်း ယခုတွင် တည် ဆောက်ရေး လုပ်ငန်းများကို မည်သည့် အချိန်တွင် ပြန်လည် စတင်မည်ကို မသိရှိရသေးပေ။

ဂျပန် AEON MALL ကုမ္ပဏီသည် ဂျပန် အပါအဝင် နိုင်ငံတကာတွင် AEON MALL အမည်ဖြင့် ဈေးဝယ်စင်တာပေါင်း ၁၇၂ ခု လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီကြီးတခု ဖြစ်သည်။

You may also like these stories:

အွန်လိုင်းအခြေပြု ကြော်ငြာလုပ်ငန်းများ ရပ်တည်ရေး ခက်ခဲလာ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု CMP လုပ်ငန်းတချို့ မြန်မာမှ ပြန်ထွက်ရန် စီစဉ်နေ

Loading