သတင်း

စပ်တပ်၏ သတ်ဖြတ်မှုကြောင့် ရက် ၁၀၀ ကျော်အတွင်း လူပေါင်း ၉၀၀ နီးပါး သေဆုံး

Want create site? Find Free WordPress Themes and plugins.

စစ်တပ် အာဏာသိမ်းပြီးနောက် ရက်ပေါင်း ၁၀၀ ကျော်အတွင်း အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူများကို အကြမ်း ဖက် ပစ်ခတ်သတ်ဖြတ်မှုများ ပြုလုပ်နေဆဲပင်ဖြစ်ရာ သေဆုံးသူ ၈၅၈ ဦးအထိ ဖြစ်လာပြီ ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ ကောက်ခံရရှိသည့် စာရင်းများအရ ဇွန်လ ၉ ရက် အထိ စစ်တပ် အာဏာသိမ်းသည့် ရက်ပေါင်း ၁၂၉ ရက်အတွင်း သေဆုံးခဲ့သည့် ပြည်သူ ၈၅၈ ဦး ရှိပြီဖြစ်သည်။

အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် သေဆုံးခဲ့သူအရေ အတွက် မှာ ပိုမို များပြားနိုင်ပြီး သေဆုံး အတည်ပြု စာရင်းများကို ထပ်မံ ရရှိပါက ထည့်သွင်း ဖော်ပြမည် ဖြစ်ကြောင်း AAPP က ဆို သည်။

ထိုကဲ့သို့ သေဆုံးမှုများတွင် ရန်ကုန်တိုင်းတွင် အများဆုံးဖြစ်ပြီး၂၄၇ ဦး၊ ဒုတိယအများဆုံး သေဆုံးခဲ့သည့် နေရာမှာ ၂၀၂ ဦး ဖြင့် မန္တလေးတိုင်းတွင် ဖြစ်ကြောင်း သေဆုံးမှု စာရင်းများကို ပြုစု ထုတ်ပြန်နေသည့် The Insights အဖွဲ့က သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်းတွင် ၁၂၄ ဦး၊ ပဲခူးတိုင်းတွင် ၁၂၇ ဦး၊ မကွေးတိုင်းတွင် ၄၀ ဦး၊ တနသာင်္ရီတိုင်းတွင် ၃၈ ဦး၊ ရှမ်းပြည် နယ်တွင် ၃၈ ဦး၊ ချင်းပြည်နယ်တွင် ၃၂ ဦး၊ ကချင်ပြည်နယ်တွင် ၁၆ ဦး၊ ဧရာဝတီတိုင်းတွင် ၁၆ ဦး၊ ကယားပြည်နယ်တွင် ၁၂ ဦး၊ မွန်ပြည်နယ်တွင် ၁၁ ဦး၊ နေပြည်တော်တွင် ၅ ဦးနှင့် ကရင်ပြည်နယ်တွင် ၃ ဦး တို့ဖြင့် စုစုပေါင်း ၉၁၁ ဦးအထိ သေဆုံး ခဲ့ကြောင်း ဇွန်လ ၈ ရက်က ထုတ်ပြန်ထားသည်။

ထို့ပြင် The Insights အဖွဲ့၏ အချက်အလက်များအရ သေဆုံးခဲ့သူများတွင် လူငယ်လူရွယ်များသည် အများဆုံးဖြစ်သည်။ အသက် ၁၆ နှစ်မှ ၂၅ နှစ်အထိ သေဆုံးသူသည်၂၅၄ ဦး ၊၂၆ နှစ်မှ ၃၅ နှစ်အထိ ၁၈၅ ဦးနှင့် ၃၆ နှစ်မှ ၄၅ နှစ်အထိ ၁၂၆ ဦး တို့သည် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ လပိုင်းအတွင်း စစ်ကောင်စီ၏ သတ်ဖြတ်မှု ထောင်ဂဏန်းနီးပါးကို အရပ်ဘက် အဖွဲ့အစည်းအများက ထုတ်ပြန် နေသော်လည်း အရပ်ဘက် အဖွဲ့အစည်းများ၏ သေဆုံးစာရင်းသည် ကိန်းဂဏန်း အမှားများ ဖော်ပြထားပြီး အရေအတွက် အဆမတန် ဖောင်းပွနေကြောင်းနှင့် ၎င်းတို့အနေဖြင့် မှတ်တမ်း ပြုစုထားကြောင်း စစ်ကောင်စီက တုံ့ပြန်ပြောကြားထားကာ ၎င်းတို့ စာရင်းပြုစုထားချက်မှာ ၃၀၀ ကျော်သာ ရှိနေခြင်းဖြစ်သည်။

စစ်ကောင်စီ လက်ချက်ဖြင့် သေဆုံးခဲ့သည့် ပုဂံမြို့မှ ကိုမိုးမြင့်အောင်၏ ဈာပနကို မေလ ၃၁ ရက်က ဒေသခံထောင်ချီ လိုက်ပါပို့ဆောင်နေစဉ်/ CJ

ယင်းကိစ္စနှင့် ပတ်သက်ပြီး အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက “ကျူး လွန်တဲ့သူကတော့ ဘယ်တော့မှ အမှန်တိုင်း မပြောဘူး။ ပထမဦးဆုံး တတ်နိုင်ရင် သူတို့ မှားတယ်လို့ ပြောမယ်။ ငြင်းလို့မရ ရင်တော့ မခိုင်လုံဘူး ပြောမယ်။ မခိုင်လုံဘူး ပြောပါများရင် ဒါတွေက ချဲ့ကား ထားတာလို့ ပြောပါလိမ့်မယ်။ ဒါက အမြဲတမ်း လူ့အခွင့်အရေး ချိုးဖောက်တဲ့ အာဏာရှင်တွေ လုပ်နေကျ ကိစ္စဖြစ်ပါတယ်” ဟု မှတ်ချက်ပေးထားသည်။

အာဆီယံ အထူး ထိပ်သီး အစည်းအဝေး၌ ထွက်ရှိလာသည့် ဘုံသဘောတူညီချက်များထဲမှ အချက်တချက် ဖြစ်သည့် အရပ် သား ပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရန်ဆိုသည့် အချက်ကိုလည်း စစ်ကောင်စီက လျစ်လျူရှုကာ ဆက်လက် သတ်ဖြတ်မှုများ ပြုလုပ်နေဆဲ ဖြစ်သည်။

ဧပြီလအတွင်းက ပြုလုပ်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ပြုလုပ်ခဲ့သည့် အဆိုပါ အစည်းအဝေးတွင် စစ် ကောင် စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် သွားရောက် ဆွေးနွေးခဲ့ပြီး ဘုံသဘောတူညီချက် ၅ ချက် ထွက် ပေါ်လာကာ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများ ရပ်တန့်ရေး ဟုဆိုကာ သဘောတူညီချက် ပြုခဲ့ကြခြင်း ဖြစ်သည်။

အမေရိန်ကန် ပြည်ထောင်စုက နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ်က “မြန်မာ စစ်တပ်ဟာ သူ့ရဲ့ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်ကို ရပ်တန့်ရမှာ ဖြစ်ပါတယ်။ မြန်မာပြည်သူ လူထုတွေ က စစ်အာဏာသိမ်းမှု ကန့်ကွက် ပယ်ချနေပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ပြန်လည်ဖော်ဆောင်ရေး ကြိုးပမ်း အားထုတ်နေတာကို ကျနော်တို့ အားပေး ထောက်ခံပါတယ်” ဟု ဆိုသည်။

နိုင်ငံအားလုံးအနေဖြင့် စစ်အာဏာရှင်ကို ဖိအားပေးရန်အတွက် မေလအတွင်းက လန်ဒန်မြို့တွင် ကျင်းပခဲ့သည့် ဂရုပ်ဆဲဗင်း (G7) အစည်းအဝေး၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီ အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်မှ ဇွန်လ ၉ ရက်အထိ ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသူ ၄,၇၈၂ ဦး ရှိ ပြီး ၎င်းတို့အနက် ၁၆၃ ဦး ထောင်ဒဏ် ချမှတ်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရခြင်းကြောင့် တိမ်းရှောင်နေသူ ၁,၉၃၆ ဦး ရှိကြောင်း AAPP က ထုတ်ပြန်ထားသည်။

You may also like these stories:

ကျုံပျော်မြို့နယ် လှေဆွဲရွာ ဖြစ်စဉ် သေဆုံးသူ အရပ်သား ၄ ဦးအထိ ရှိလာ

ICRC ဥက္ကဋ္ဌ အကျဉ်းထောင်များသို့ သွားရောက်ခွင့် ပြုဖို့ တောင်းဆို

Did you find apk for android? You can find new Free Android Games and apps.
Loading