• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီ တနိုင်ငံလုံး လော့ဒေါင်းချ

by ဧရာဝတီ
16 July 2021
in သတင်း
A A
ဇူလိုင် ၁၂ ရက် ရေဝေးသုသာန်တွင် မီးသင်္ဂြိုဟ်ရန် တန်းစီစောင့်ဆိုင်းနေရသည် / Supplied 

ဇူလိုင် ၁၂ ရက် ရေဝေးသုသာန်တွင် မီးသင်္ဂြိုဟ်ရန် တန်းစီစောင့်ဆိုင်းနေရသည် / Supplied 

42.4k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုနှင့် သေဆုံးမှုမြင့်မားလာစဉ်အတွင်း ကူးစက်မှုတားဆီးရန် အားထုတ်သည့်အနေဖြင့် မြန်မာစစ်ကောင်စီသည် လာမည့်အပတ်တွင် အားလပ်ရက်များကို ၂ ရက်မှ ၅ ရက်သို့ တိုးချဲ့ပြီး တနိုင်ငံလုံး လော့ဒေါင်းပြုလုပ်မည် ဖြစ်သည်။ ဇူလိုင်လ ၁၇ ရက်မှ ၂၅ ရက်နေ့အထိသည် တရားဝင် အားလပ်ရက်များဖြစ်ကြောင်း စစ်ကောင်စီက ဗုဒ္ဓဟူးနေ့တွင် ကြေညာသည်။

ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးကြောင့်လူ ၁၄၅ ဦး သေဆုံးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာသည်။ ဖေဖေါ်ဝါရီလတွင် စစ်အာဏာသိမ်းပြီးနောက် အမြင့်မားဆုံးသို့ ရောက်လာသည်။ ထိုနေ့က စစ်ဆေးမှုပေါင်း ၂၁၃၅၂ ခုပြုလုပ်ပြီး ကူးစက်မှုသစ် ၄၃၂၀ ရှိကြောင်း သိရသည်။

စစ်ကောင်စီအတွင်းရေးမှူးက လက်မှတ်ရေးထိုးထုတ်ပြန်သောစာတွင် ကိုဗစ်-၁၉ ရောဂါတားဆီးကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက် ရက်သတ္တပတ်ကြားရက်များဖြစ်သော ဇူလိုင် ၂၀ နှင့် ၂၂ ရက်ကို အများပြည်သူအားလပ်ရက်များအဖြစ် သတ်မှတ်ကြောင်းကြေညာသည်။

သီးခြားအမိန့်တခုတွင် ဇူလိုင်လ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့သည် ကွာဘန်နီ အိဒ်နေ့အဖြစ်ကြေညာသည်။ တနင်္လာနေ့ဖြစ်သော ဇူလိုင် ၁၉ ရက်နေ့သည် အာဇာနည်နေ့နှင့် ဇူလိုင်လ ၂၃ ရက်နေ့ သောကြာနေ့သည် ဝါဆိုလပြည့်နေ့ဖြစ်သောကြောင့် တရားဝင်အားလပ်ရက်များဖြစ်သည်။

ထိုအားလပ်ရက်များအတွင်း ကိုဗစ်-၁၉ ပျံ့နှံ့မှုကို ထိရောက်စွာ တားဆီးရန် ပြည်သူများသည် ၎င်းတို့ကော်မတီက ချမှတ်သည့် စည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်ကြောင်း အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် ကိုဗစ်-၁၉ တားဆီးကာကွယ်ထိန်းချုပ်ရေး ဗဟိုကော်မတီကပြောသည်။

၂၀၂၀ ခုနှစ်အတွင်း ရွေးကောက်ခံအရပ်သားအစိုးရလက်ထက် ရန်ကုန်ကို လော့ဒေါင်းချခဲ့ချိန်/ ဧရာဝတီ

ပြည်သူများကိုနေအိမ်များ သို့မဟုတ် အဆောင်များတွင်သာ နေထိုင်ရန် တိုက်တွန်းပြီး အလုပ်တာဝန်ထမ်းဆောင်ရန်နှင့် နာရေးမှအပ ခရီးသွားခြင်းကို တားမြစ်သည်။ အခြေခံ စားသောက်ကုန်များနှင့် ဆေးဝါးများရောင်းချသည့်ဆိုင်များကိုသာ ဖွင့်ခွင့်ပြုပြီး ပြည်သူများသည် နေအိမ်ပြင်ပထွက်ခွာတိုင်း နှာခေါင်းစည်းနှင့် အကာအကွယ်များ ဝတ်ဆင်ရမည်ဖြစ်သည်။

ထိုစည်းမျဉ်းများကို မလိုက်နာသူများအား အရေးယူမည်ဟုလည်း စစ်ကောင်စီကဆိုသည်။

မြန်မာနိုင်ငံသည် မေလနှောင်းပိုင်းတွင် စတင်သည့် ကိုရိုနာဗိုင်းရပ်စ် တတိယလှိုင်းကို ရင်ဆိုင်နေရသည်။ ထိုနောက်တွင် ရောဂါကူးစက်မှုများကို မြို့နယ်ပေါင်း ၃၃၀ အနက် ၂၉၆ ခု သို့မဟုတ် တနိုင်ငံလုံးရှိ မြို့နယ် ၉၀ ရာခိုင်နှုန်းတွင် ရင်ဆိုင်နေရသည်။ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်းများ၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ မြို့နယ် ၇၄ ခု၌ နေအိမ်တွင်သာနေထိုင်ရန် စစ်ကောင်စီက အမိန့်ထုတ်ထားသည်။

လွန်ခဲ့သောနှစ် မတ်လတွင် ကူးစက်မှု စတင်ပြီးနောက် မြန်မာတွင် ကိုဗစ်-၁၉ ကူးစက်မှု ၂၀၈၃၅၇ ရှိပြီး သေဆုံးမှု ၄၁၈၁ ရှိလာသည်။

စစ်ကောင်စီ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန တာဝန်ယူသည့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၁၄ ရက်နေ့အတွင်း ကူးစက်မှု ၇၉၀၀၀ နီးပါးနှင့်သေဆုံးမှု ၉၆၅ ခုရှိသည်ဟု ဆိုသော်လည်း ရန်ကုန်နှင့် အခြားနေရာများရှိ သင်္ချိုင်းများတွင် အလောင်းများပုံနေသောကြောင့် အမှန်တကယ် အရေအတွက်မှာ ထိုထက်များစွာ မြင့်မားနိုင်သည်။

အောက်ဆီဂျင်မရသောကြောင့် သေဆုံးမှုများ ယခုလအတွင်း မြင့်မားနေသည်။

၎င်းတို့အဖွဲ့သည် ယခုအပတ်အတွင်း နာရေးများကို ရေဝေးနှင့် ကျည်စု သုသာန်များသို့ ယခင်ထက် ၂ ဆ ပို့ဆောင်နေရကြောင်း ရန်ကုန်အခြေစိုက် ရှင်သန်ခွင့် ပရဟိတအဖွဲ့ ဥက္ကဌ ဒေါ်သန်းသန်းစိုး ပြောသည်။

“ လူတွေ အများကြီးထပ်သေကြဦးမယ်။ ကျမတို့ကို အကူအညီတောင်းတဲ့သူတိုင်းကို မကူညီနိုင်တော့ဘူး။ သူတို့က လူနာတွေအတွက် အောက်ဆီဂျင်အကူအညီတောင်းတယ်။ ဒါပေမယ့် ကျမတို့မှာ လုံလုံလောက်လောက် မရှိဘူး” ဟု သူပြောသည်။

“တခါတခါကျတော့ ဆေးရုံတွေပြည့်နေလို့ လူနာကို ပြန်ခေါ်လာရတယ်။ ခဏကြာတော့ လူနာလည်း ဆုံးတာပါပဲ” ဟု သူပြောသည်။

အိန္ဒိယမှ စတင်သည့် ဒယ်လ်တာ မျိုးကွဲအပါအဝင် လွန်စွာကူးစက်မြန်ပြီး ပိုမိုပြင်းထန်သော ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲများကို မြန်မာနိုင်ငံတွင် တွေ့နေကြောင်း စစ်ကောင်စီ ကျန်းမာရေး ဝန်ကြီးဌာနက ဇွန်လလယ်က ကြေညာထားသည်။

“ဒယ်လ်တာမျိုးကွဲအပါအဝင် ကိုဗစ်-၁၉ ကူးစက်မှုပေါက်ကွဲခြင်း၊ မြန်မာ့ကျန်းမာရေးစနစ်ပြိုလဲခြင်းနှင့် မြန်မာပြည်သူများက စစ်ကောင်စီနှင့်ပတ်သက်သည့် မည်သည်ကိုမျှ အယုံအကြည် မရှိခြင်းတို့သည် နိုင်ငံတကာအသိုက်အဝန်းက မြန်မာနိုင်ငံကို အရေးပေါ်အကူအညီမပေးပါက မြန်မာနိုင်ငံတွင် အသက်ပေါင်းများစွာသေဆုံးစေမည့် လုံး၀ပြီးပြည့်စုံသည့် မုန်တိုင်းတိုက်မည်ဖြစ်သည်” ဟု ကုလသမဂ္ဂ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ သောမတ် အင်ဒရူးက ဗုဒ္ဓဟူးနေ့တွင်ပြောသည်။

၂၀၂၁ ဇူလိုင် ၁၄ ရက် ရန်ကုန်တနေရာ အောက်စီဂျင်ဖြည့်ရန် တန်းစီစောင့်ဆိုင်းနေစဉ်/ ဧရာဝတီ

နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ကာကွယ်ဆေးအစီအစဉ်အပါအဝင် မြန်မာပြည်သူများ ယုံကြည်သည့် ကိုဗစ်တုံ့ပြန်ရေးအစီအစဉ်အတွက် စစ်ကောင်စီမဟုတ်၊ နိုင်ငံရေးအဖွဲ့အစည်းမဟုတ်သည့် အဖွဲ့တခု ဖွဲ့စည်းရန် သူတိုက်တွန်းသည်။

မြန်မာနိုင်ငံသည် ယခုလကုန်တွင် တရုတ်မှ ကာကွယ်ဆေး ၆ သန်းဖြင့် ကာကွယ်ဆေးထိုးပေးမည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးများ ဆက်လက်ထိုးပေးမည်ဖြစ်ကြောင်း ထိုနေ့တွင်ပင် စစ်ကောင်စီထိန်ချုပ်မီဒီယာက ကြေညာသည်။ စစ်ကောင်စီသည် ကာကွယ်ဆေး ၄ သန်းကို ဝယ်ယူပြီး တရုတ်က ၂ သန်း လှူမည်ဟု ဆိုသည်။

ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အရပ်သားအစိုးရသည် အိန္ဒိယနိုင်ငံမှ လှူဒါန်းသော ကာကွယ်ဆေးများကို ဇန်နဝါရီလနှောင်းပိုင်းတွင် ကျန်းမာရေး ဝန်ထမ်းများမှ စတင်ပြီး ထိုးပေးခဲ့သည်။

ဖေဖေါ်ဝါရီလတွင် အာဏာသိမ်းချိန်မှ စတင်ပြီး ကျန်းမာရေးဝန်ထမ်းအများအပြားသည် လူမှုအာဏာဖီဆန်ရေး လှှုပ်ရှားမှု (CDM) တွင် ပါဝင်ပြီး စစ်ကောင်စီအောက်တွင် အလုပ်လုပ်ရန် ငြင်းဆန်သည်။ ကာကွယ်ဆေးထိုးရန်ကိုလည်း အများအပြားက ငြင်းဆန်ကြသည်။

သို့သော် စစ်ကောင်စီသည် တရုတ်က လှူဒါန်းသည် ကာကွယ်ဆေး ၃.၅ သန်းနှင့် အိန္ဒိယမှ လှူဒါန်း သို့မဟုတ် ဝယ်ယူထားသည့် ကာကွယ်ဆေးများကို ဆက်လက်ထိုးပေးနေသည်။ စစ်ကောင်စီဝင်များ၊ ကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းများသည် ကာကွယ်ဆေး ပထမဆုံး ထိုးရသည်။ သို့သော် လွန်ခဲ့သောလအတွင်း ကာကွယ်ဆေးထိုးပြီးသူများတွင် ရောဂါကူးစက်ခံရမှုများ ရှိနေသည်။

စစ်ကောင်စီသည် အာဏာမသိမ်းမီရက်ပိုင်းက နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့မှ မြန်မာပြည်သူများအတွက်ပေးသော ကိုဗစ်အကူအညီ ဒေါ်လာ သန်း ၃၅၀ ကို စာရင်းရှင်းလင်းရန်လည်း သောမတ်အင်ဒရူးပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Myanmar Junta Announces Nationwide Lockdown Next Week as COVID-19 Surges ကို ဘာသာပြန်သည်။)

You may also like these stories:

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.8k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

ကိုဗစ်တတိယလှိုင်း စစ်ကောင်စီ လုံးဝ မထိန်းနိုင်

စစ်ကောင်စီက အောက်ဆီဂျင်ကို ပိတ်ပင်တာ လူသတ်တာလား

ဆေးဆိုင်များတွင် အိမ်သုံးဆေးဝါး ပစ္စည်းပြတ်၍ အကန့်အသတ်ဖြင့် ဝယ်နေရ

Your Thoughts …
Tags: ကိုဗစ်တတိယလှိုင်းကျန်းမာရေးဝန်ကြီးဌာနစစ်ကောင်စီလော့ဒေါင်းချအာဏာသိမ်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၁၉၆၂ ခုနှစ် ကျောင်းသားခေါင်းဆောင် ဦးလှရွှေ  / မျိုးမင်းစိုး  / ဧရာဝတီ

ကွယ်လွန်သူ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးလှရွှေ၏ ဘ၀ကောက်ကြောင်း

အဆိုတော် အမွန်း  / Ah Moon's Facebook

ကိုဗစ် ကူးစက်ခံရသူများအတွက် တနိုင်တပိုင် အစားအသောက် လှူမယ့် အမွန်း

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved