• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုဗစ်တတိယလှိုင်းသေဆုံးသူ ပထမ၊ ဒုတိယလှိုင်း ၂ ခုပေါင်းထက် ကျော်လွန်လာ

by ဧရာဝတီ
24 July 2021
in သတင်း
A A
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကျီစုသုသာန်တွင် ဇူလိုင် ၁၇ ရက်နေ့က မီးသင်္ဂြုဟ်ရန် စုပုံရောက်ရှိလာသည့် ကိုဗစ် တတိယလှိုင်တွင် သေဆုံးသူများ  / NKM

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကျီစုသုသာန်တွင် ဇူလိုင် ၁၇ ရက်နေ့က မီးသင်္ဂြုဟ်ရန် စုပုံရောက်ရှိလာသည့် ကိုဗစ် တတိယလှိုင်တွင် သေဆုံးသူများ / NKM

25.4k
VIEWS
Share on FacebookShare on Twitter

စစ်တပ် အာဏာသိမ်းယူထားချိန် ဖြစ်ပွားနေသည့် ကိုဗစ်တတိယလှိုင်တွင်း သေဆုံးမှု တရှိန်ထိုးမြင့်တက်နေပြီး သေဆုံးသူ အရေအတွက်သည် ရှေ့တွင်ဖြစ်ပွားခဲ့သည့် ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွင်သေဆုံးခဲ့သူ အရေအတွက်ထက် ကျော်လွန် လာပြီ ဖြစ်သည်။

ပထမလှိုင်းနှင့် ဒုတိယလှိုင်းဖြစ်ပေါ်သည့် ကာလတလျှောက်လုံးတွင် သေဆုံးခဲ့သူ ၃,၂၁၆ ဦး ရှိခဲ့သော်လည်း ယခုတတိယလှိုင်း ကာလ ၂ လနီးပါး အတွင်း သေဆုံးသူ ၃,၂၄၃ ဦးအထိ ရှိလာခြင်းဖြစ်သည်။

အဆိုပါ ကိန်းဂဏန်များသည် စစ်ကောင်စီလက်အောက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နေ့စဉ်ထုတ်ပြန်နေသည့် အရေအတွက်ကိုသာ တွက်ချက်ထားခြင်းဖြစ်သည်။

မြေပြင်အခြေအနေတွင် လူဦးရေ ထူထပ်များပြားရာ ရန်ကုန်မြို့ တခုတည်းတွင်ပင် သုဿာန်များ၌ နေ့စဉ် သေဆုံးအလောင်း ၁,၅၀၀ နှင့် ၂,၀၀၀ ကြားတွင် ရှိကြောင်း ရုပ်အလောင်းများ ကူညီပို့ဆောင်ပေးနေသည့် ပရဟိတ အသင်းအဖွဲ့များထံမှ သိရသည်။

ရန်ကုန်မြို့တွင် နာရေးကူညီမှု ပြုလုပ်ပေးနေသည့် ပရဟိတအဖွဲ့ဝင် တဦးက “အခုဆို ၂ လောင်း ၃ လောင်းပေါင်းပြီး သယ်ရတယ်။ မနိုင်တော့ဘူးလေ။ ကျနော်တို့ရောက်တာနဲ့ အရှေ့မှာ ကားက အစီး ၅၀ လောက်ရောက်နေပြီ အဲဒါကြောင့် ပေါင်ပြီးတင်ရတယ်။ အခုနောက်ပိုင်း အရမ်းများတော့ အဆင်မပြေဘူး။ သင်္ဂြိုဟ်ပေးတဲ့ နေရာမှာ တအားစောင့်ရလို့ လမ်းကြောင်း ၁ ကြောင်းကို ၄ နာရီလောက်ကြာတယ်” ဟုပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်ကောင်စီက အာဏာသိမ်းယူလိုက်ပြီးသည့်နောက်တွင် စစ်အာဏာရှင်ကို ဆန့်ကျင်သည့် ကျန်းမာရေး ဝန်ထမ်းမျာက အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ပြီး လုပ်ငန်းခွင်မှ ထွက်ခွာခဲ့ကြသည်။

ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွင် အင်တိုက်အားတိုက် ပါဝင်ခဲ့ကြသည့် ကျန်းမာရေး ဝန်ထမ်းများအပြင် Volunteer များ ကလည်း ယခုတတိယလှိုင်းတွင် ပါဝင်လုပ်ဆောင်နိုင်မှုမှာ အကန့်အသတ်များဖြင့် ရှိနေသည့် အနေအထားဖြစ်သည်။

အကြောင်းအရင်းမှာ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ထားသည့် ကျန်းမာရေးဝန်ထမ်းများကို စစ်ကောင်စီက ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိခြင်းကြောင့် ဖြစ်သည်။

ဇူလိုင် ၁၉ ရက်နေ့တွင် ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ် COVID-19 ကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုအဖွဲ့တွင် စေတနာ့ဝန်ထမ်း အနေဖြင့် တိုင်ပင်ကုသမှုများ ပေးသည့် ဆရာဝန် ၅ ဦးသည် စစ်ကောင်စီ၏ ထောင်ချောက်ဆင် ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရသည်။

ထို့ပြင် အရပ်သားအစိုးရလက်ထက်တွင် ကိုဗစ်ကာကွယ်ရေး၊ ကုသရေးများ၌ အားတက်သရော ပါဝင်လှူဒါန်းခဲ့ကြသည့် ပြည်သူများကလည်း စစ်ကောင်စီကို အယုံအကြည်မရှိသည့်အတွက် လှူဒါန်းမှုမျာကို ရပ်ဆိုင်းခဲ့သည်။

မေလ ၂၇ ရက်နေ့က စတင်ရိုက်ခတ်ခဲ့သည့် ကိုဗစ်တတိယလှိုင်းတွင် စစ်ကောင်စီ လက်အောက်ရှိ ပြိုကျနေသည့် ကျန်းမာရေး စနစ်အောက်တွင် ကိုဗစ်ရောဂါလက္ခဏာများဖြင့် သေဆုံးမှုမှာ တရှိန်ထိုး မြင့်တက်နေခြင်း ဖြစ်သည်။
ရန်ကုန်အပါအဝင် ကူးစက်မှုမြင့်တက်နေသည့် မြို့များ၌ ကိုဗစ်လူနာများကို ကုသရေးစင်တာများနှင့် ဆေးရုံ၊ ဆေးခန်းများတွင် လက်ခံကုသပေးခြင်း မရှိဘဲ အိမ်ပြန်လွှတ်သည့် အခြေအနေများရှိကြောင်း ပရဟိတအဖွဲ့များနှင့် လူနာရှင်များထံမှ စုံစမ်းသိရှိရသည်။

ထို့ပြင် အောက်ဆီဂျင်ထုတ်လုပ်ရာ စက်ရုံများတွင် ပုဂ္ဂလိကများကို အောက်ဆီဂျင်ရောင်းချခြင်း မပြုဘဲ အစိုးရဆေးရုံနှင့် ကုသရေးစင်များကိုသာ ဦးစားပေး ရောင်းချရန် စစ်ကောင်စီက ညွှန်ကြားမှုကြောင့် ရန်ကုန်မြို့ရှိ နေအိမ်တွင် နေထိုင်ကုသနေရသည့် ကိုဗစ်လူနာများ အောက်ဆီဂျင်ရရှိမှု ပိုမိုခက်ခဲလာကြောင်း ပရဟိတအသင်းများမှ သိရသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.8k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

ထို့သို့ ဆေးရုံများကို ပို့ဆောင်ကုသနိုင်ခြင်း မရှိသည့် လူနာများအနေဖြင့် အိမ်တွင်သာ နေထိုင်ကုသမှုတွင် အောက်ဆီဂျင် ကျဆင်းခြင်း ဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိခြင်းက သေဆုံးမှုများနေရသည့် အဓိက အချက်ဖြစ်ကြောင်း ပရဟိတအဖွဲ့များက ဆိုသည်။

ရန်ကုန်မြို့တွင် ကိုဗစ်လူနာအရေး ဆောင်ရွက်နေသည့် ပရဟိတအဖွဲ့ဝင် တဦးက “အဓိကကဆောက်ဆီဂျင် မရတော့ အသက်ဆုံရှုံးရတာပေါ့။ သေတာက အောက်ဆီဂျင် လူနာတွေချည်းပဲ။ လူနာတွေက ကုသမှုလည်း မရဘူး။ အောက်ဆီဂျင် မရတဲ့ ပြဿနာ အဲဒါတွေပေါ့။ ဆေးရုံတွေက လက်မခံဘူး၊ မြို့နယ်ကျန်းမာရေးမှူး လွှဲစာပါရင်တောင်လက်မခံဘူး ဘယ်မှာကုလို့ ကုရမယ် မသိဘူး” ဟု ပြောသည်။

ဇူလိုင်လ ၁၃ ရက်နေ့မှ စကာ ကိုဗစ်ကြောင့် နေ့စဉ်သေဆုံးသူ ၁၀၀ အထက်တွင် ရှိနေပြီး ၁၁ ရက်တာကာလအတွင်း ၂,၅၃၂ ဦးရှိပြီ ဖြစ်သည်။

ကိုဗစ်ကြောင့်သေဆုံးမှုသည် တိုင်းနှင့်ပြည်နယ် အားလုံးတွင် ရှိနေပြီး ရန်ကုန်တွင်အများဆုံးဖြစ်ကာ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်တွင် သေဆုံးမှု မြင့်တက်နေကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် မေလ ၂၇ ရက်နေ့မှ စတင်ကာ ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပေါ်နေပြီး ဗီဇပြောင်းပိုးဖြစ်သည့် Alpha, Beta, Delta နှင့် Kappa စသည့် ဗီဇပြောင်းပိုး ၄ မျိုးအထိ တွေ့ရှိထားပြီး ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားချက်အရ ကိုဗစ်တတိယလှိုင်းတွင် ဇူလိုင် ၂၃ ရက်နေ့ထိ ပိုးကူးစက်သူ ၁၁၀,၀၀၀ ကျော် ရှိနေပြီး သေဆုံးသူ ၃,၂၄၃ ဦးအထိ ရှိပြီ ဖြစ်သည်။

You may also like these story:

အောက်ဆီဂျင်စက် ငှားရမ်းမှုတွေ ဆောင်ရွက်ပေးနေတဲ့ ဒေါက်တာ စိန်ဖြိုးလှိုင်

စစ်ကောင်စီလက်ထက် ကိုဗစ်ဖြင့် သေဆုံးသူ ၃ ပတ်အတွင်း ၂ ထောင်ကျော်ပြီ

Your Thoughts …
Tags: ကိုဗစ်စစ်ကောင်စီတတိယလှိုင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဂီတစာဆို ဆိုင်းဆရာကြီး စိန်မွတ္တား

နိုင်ငံကျော် ဂီတစာဆို ဆိုင်းဆရာကြီး စိန်မွတ္တား ကွယ်လွန်

၂၀၁၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ကျင်းပသည့် UWSA နှစ် ၃၀ ပြည့် စစ်ရေးပြ အခမ်းအနား / ဧရာဝတီ

မြန်မာ့အာဏာသိမ်းမှုတွင် ဝတို့ နှုတ်ဆိတ်နေခြင်း နောက်ကွယ်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved