• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

အောက်ဆီဂျင်စက် ငှားရမ်းမှုတွေ ဆောင်ရွက်ပေးနေတဲ့ ဒေါက်တာ စိန်ဖြိုးလှိုင်

by ဧရာဝတီ
22 July 2021
in Entertainment
A A
သရုပ်ဆောင် မောင် (ခ) ဒေါက်တာ စိန်ဖြိုးလှိုင်   / SEIN PHYO & YI Page

သရုပ်ဆောင် မောင် (ခ) ဒေါက်တာ စိန်ဖြိုးလှိုင် / SEIN PHYO & YI Page

12.9k
VIEWS
Share on FacebookShare on Twitter

သရုပ်ဆောင် မောင် (ခ) ဒေါက်တာ စိန်ဖြိုးလှိုင်ဟာ အောက်ဆီဂျင်စက် ငှားရမ်းမှုတွေအတွက် ကူညီပေးနေပြီး၊ လောလောဆယ် မှာထားသမျှ ကုန်သွားပြီဖြစ်ကာ နောက်ထပ် စက်များက လကုန်မှ ထပ်ရောက်မယ်လို့ သိရပါတယ်။

“စက်တွေ အရင်ပြောထားတဲ့သူတွေကို အကုန်ပေးလိုက်ပါပြီ။ လောလောဆယ်အတွက် မကျန်တော့ပါ။ လကုန်မှပဲ ထပ်ရောက်ပါမယ်”

“ပစ္စည်း မှာထားပြီး နောက်ကျနေလို့ ပြောထားတဲ့သူတွေကို မပေးနိုင်တဲ့အချိန်မှာ သူတို့ မိသားစုတွေရဲ့အသက်က ကိုယ့်ဆီက အောက်ဆီဂျင်စက်ပေါ်မှာ မူတည်နေတယ်ဆိုတဲ့ အသိကြောင့် တော်တော်လေးကို ပူလောင်ရပါတယ်။ ဘဝမှာ ဒီလောက်ဆိုးတဲ့ ခံစားချက်မျိုး တခါမှ မရဖူးဘူး”လို့ စိန်ဖြိုးလှိုင်က ဆိုပါတယ်။

အောက်ဆီဂျင် ရပြီလို့ ပြောတဲ့အချိန်မှာ ဝမ်းသာပြီး ငိုချလိုက်သူတွေနဲ့ ကြုံရတာကြောင့် ကြက်သီးထလောက်အောင် ပီတိဖြစ်ရတယ်လို့ ဆိုပါတယ်။

ဒေါက်တာ စိန်ဖြိုးလှိုင် (ဓာတ်ပုံ – Sein Phyo Hlaing’s Facebook)

“အောက်ဆီဂျင်စက် ရပါပြီလို့ ဖုန်းဆက် ပြောတဲ့အချိန်မှာ ဝမ်းသာပြီး ငိုချလိုက်တဲ့သူတွေနဲ့ ကြုံရတော့ ကိုယ်ကူညီလိုက်ရတာ ကြက်သီးထလောက်အောင် ပီတိဖြစ်ဖို့ ကောင်းလို့ စိတ်ပင်ပန်းတာတွေ အထိုက်အလျောက်တော့ သက်သာသွားတယ်”လို့ ဆိုပါတယ်။

လူတွေ ထောင်သောင်းချီပြီး အောင်ဆီဂျင် လိုအပ်နေချိန်မှာ အနည်းငယ်ပဲ ကူညီနိုင်သေးလို့ စိတ်မကောင်းဘူးလို့ သူက ဆိုပါတယ်။

“လူတွေ ထောင်သောင်းချီပြီး အောက်ဆီဂျင် လိုနေတဲ့အချိန်မှာ အစိတ်အပိုင်း နည်းနည်းလေးကိုပဲ ကူညီနိုင်သေးလို့ စိတ်မကောင်းပါဘူး”

စိန်ဖြိုးလှိုင်နဲ့ အစ်မဖြစ်သူ နန္ဒာလှိုင် (ဓာတ်ပုံ – Sein Phyo Hlaing’s Facebook)

“နောက်လထဲ ကိုဇေနဲ့ မလတ်တို့ရဲ့ အောက်ဆီဂျင်ဖြည့်တဲ့ စက်တွေ ရောက်လာရင် ဒီထက်ပိုပြီး ကူညီနိုင်လိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။ အငှားတွေကိုလည်း စက်တွေ ပြန်ရတာနဲ့ နေ့မကူးဘဲ ချက်ချင်း ပြန်ငှားပေးနေပါတယ်”လို့ စိန်ဖြိုးလှိုင်က ပြောပါတယ်။

ဆက်လက်ပြီး ဒေါက်တာ စိန်ဖြိုးလှိုင်က ကိုဗစ်ကြောင့် ရေချိုးလို့ ရ၊ မရ အငြင်းပွားနေကြတဲ့အပေါ် အခုလိုပဲ ရှင်းပြထားပါတယ်။

“ကိုဗစ်ကြောင့် ရေချိုးလို့ မရဘူးပြောတာ မဟုတ်ပါဘူး။ COVID မှာ အောက်ဆီဂျင် ကျနေတဲ့သူက လှုပ်လှုပ်ရှားရှားလုပ်ရင် အောက်ဆီဂျင် ပိုကျတာဖြစ်တဲ့အတွက်ကြောင့် ရေချိုးတာလိုမျိုး လှုပ်ရှားရတာမျိုးဆိုရင်တော့ တော်တော်လေးကို မောပါမယ်”

“အဖျား မရှိတော့ရင် ရေချိုးလို့ ရပါတယ်၊ ခေါင်းလျှော်လို့လည်း ရပါတယ်။ အဖျားရှိနေရင်လည်း ရေပတ်တိုက်တာ လုပ်လို့ ရပါတယ်”

“ရေချိုးလို့ ပြန်ဖျားတယ်ဆိုတာ အဖျားမပျောက်သေးဘဲ အဖျားကျနေတဲ့ အချိန်မှာ ရေချိုးမိတာဖြစ်ဖြစ်၊ နေကောင်းခါစမှာ ရေကို စပါယ်ရှယ် ဇိမ်နဲ့ ချိုးပြီး ခေါင်းခြောက်အောင် မသုတ်လို့ ပြန်ဖျားတာလည်း ဖြစ်နိုင်ပါတယ်”လို့ စိန်ဖြိုးလှိုင်က ဆိုပါတယ်။

ဒေါက်တာ စိန်ဖြိုးလှိုင် (ဓာတ်ပုံ – Sein Phyo Hlaing’s Facebook)

“SEIN PHYO & YI” Page မှာ အောက်ဆီဂျင် ငှားရမ်းမှုတွေ ဆောင်ရွက်ပေးနေပြီး၊ စိန်ဖြိုးလှိုင်ရဲ့ ကိုယ်ပိုင်အကောင့်မှာတော့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး မေးမြန်းတာတွေ ဖြေကြားပေးမယ်လို့ ဆိုပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
115
သဇင်ပန်း

သဇင်ပန်း

10 January 2026
127
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
309

“အောက်ဆီဂျင် ငှားချင်တဲ့ စာတွေ အရမ်း အရမ်းကိုများတာကြောင့် ကျန်းမာရေးနဲ့ ပတ်သက်ပြီး မေးတဲ့ စာတွေပါ ရောပြီး မဖတ်နိုင်ဘဲ ဖြစ်နေပါတယ်။ အဲ့ဒါကြောင့် ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆေးမေးချင်တာ၊ ရောဂါအခြေအနေ ဆွေးနွေးချင်တဲ့သူတွေက Sein Phyo Hlaing ရဲ့ ပါစင်နယ် အကောင့်ကို လာမေးပါ”

“အောက်ဆီဂျင်စက်နဲ့ ပတ်သက်ပြီး ရ၊ မရ မေးချင်တဲ့သူတွေကတော့ ကျေးဇူးပြုပြီး ဒီ Page မှာပဲ မေးပေးပါ။ အကောင့်မှာပါ စာတွေ ထပ်မရောသွားစေချင်လို့ပါ”လို့ ဒေါက်တာ စိန်ဖြိုးလှိုင်က ပြောထားပါတယ်။

You may also like these story:

ကိုဗစ်နဲ့ ပတ်သက်ပြီး အရေးပေါ်လူနာတွေအတွက် ဖြေကြားပေးမယ့် စိန်ဖြိုးလှိုင်

“ကိုဗစ်ဖြစ်ခဲ့ရင် ဘာလုပ်ရမလဲ ကြိုပြီး စုံစမ်း စီစဉ်ထားကြပါ”

Your Thoughts …
Tags: COVID-19SEIN PHYO & YIကိုဗစ်ငှားရမ်းမှုစိန်ဖြိုးလှိုင်သရုပ်ဆောင် မောင်အောက်ဆီဂျင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်အာဏာရှိရင် ပြည်သူ့အသက်တွေ အများကြီးကယ်နိုင်လိမ့်မယ် (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်အာဏာရှိရင် ပြည်သူ့အသက်တွေ အများကြီးကယ်နိုင်လိမ့်မယ် (ရုပ်/သံ)

by ဧရာဝတီ
2 April 2025
1.1k

လူအမြောက်အမြား သေဆုံးထိခိုက်မှုတွေရှိနေတဲ့ လက်ရှိ ငလျင်ဘေးမှာ ဒေါ်အောင်ဆန်းစုကြည်သာလုပ်ကိုင်ခွင့်ရှိခဲ့မယ်ဆိုရင် ပြည်သူတွေရဲ့ အသက်တွေကို အများကြီးကယ်တင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း NLD အစိုးရလက်ထက်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

စာပေ၊ ဂီတ အနုပညာရှင်များ

ကြွေလွင့်သွားတဲ့ အနုပညာငွေကြယ်ပွင့်များ

by ဧရာဝတီ
17 August 2021
31.8k

၁၉၈၈ အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး မိန့်ခွန်းပြောနေတဲ့ ဓာတ်ပုံကို ရိုက်ကူး မှတ်တမ်းတင်ခဲ့သူ ဖြစ် ပြီး အရေးအခင်း လှုပ်ရှားမှုတွေကို ရုပ်သံရိုက်ကူးကာ အမေရိကန် သံရုံးမှတဆင့် ကမ္ဘာကို ချပြခဲ့သူ တယောက်လည်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့

ထိုင်းမှာ အယုဒ္ဓယမြို့ဟောင်း ပြန်ဖွင့်ပြီ

by ညီညီသူ
25 May 2020
8.5k

အခုချိန်မှာတော့ ရှေးဟောင်းအယုဒ္ဓယမြို့တော်ကို တခြားပြည်နယ်ကလူတွေ လာရောက် လည်ပတ်နေကြပြီး အများစုကတော့ ဘန်ကောက်မြို့ကလူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်  / Thin Zar Wint Kyaw's Facebook

Stay home ကာလ နေထိုင် စားသောက်မှု ပုံစံကို မျှဝေခဲ့တဲ့ သင်ဇာဝင့်ကျော်

by ဧရာဝတီ
13 July 2021
52.2k

ဒီကာလမှာ ပိုစားပါ။ ပိုအိပ်ပါ။ ကိုယ်ခံအား ကောင်းနေဖို့ အရေးကြီးပါတယ်။ စိတ်ညစ်စရာတွေ သိပ်မတွေးပါနဲ့။

တရုတ်ကွန်မြူနစ်ခေါင်းဆောင်များ၏ ဓာတ်ပုံများ တန်းစီချိတ်ဆွဲထားသည်

တရုတ်ကွန်မြူနစ်ပါတီ၏ ခေတ်သစ်တခုအစပြုခြင်း

by သက်ထားမောင်
29 October 2022
7.5k

ရှီကျင့်ဖျင် တခေတ် စတင်တည်ဆောက်သည့် ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်ထိ ၅ နှစ်ကာလသည် အလွယ်တကူတော့ မဟုတ်ပေ။

ပုဂံခေတ်ကတည်းက သန္ဓေတည် ပေါက်ဖွားလာခဲ့တဲ့ ယွန်း ပညာကြီး တိမ်ကောသွားမှာ ပုဂံသားတွေ စိုးရိမ်နေကြပြီ / ဇော်ဇော် / ဧရာဝတီ

ပုဂံ ယွန်းထည်လုပ်ငန်း အသက်ငင်နေပြီ

by ဇူးဇူး
25 July 2020
8.5k

ယွန်းထည်ဈေးကွက်ဟာလည်း ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အပေါ်မှာပဲ ရာနှုန်းပြည့်နီးပါး အမှီသဟဲ ပြုနေရတာပါ။

Next Post
SSPP ထိန်းချုပ်နယ်မြေအတွင်း ကိုဗစ်ကာကွယ်ရေးလုပ်ငန်များ ဆောင်ရွက်နေမှု  / SSPP

SSPP ထိန်းချုပ်နယ်မြေတွင် တရုတ်ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေ

မင်းတပ်ဒေသတွင် တွေ့ရသည့် စစ်ကောင်စီတပ်များ  / CJ

မင်းတပ်တွင် တိုက်ပွဲများ တကျော့ပြန် ပြင်းထန်နေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved