တရုတ်ပါတီနှင့် ဘော်ရှီဗစ်ခေတ်
၁၉၂၁ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့တွင် ဆိုဗီယက်ကွန်မြူနစ်ပါတီ၏ အကူအညီဖြင့် တရုတ်ပြည်ကွန်မြူနစ်ပါတီအား ပါတီဝင် ၅၀ ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၂၁ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်မှ ၃၁ ရက်ကြား ပထမအကြိမ် ပါတီကွန်ဂရက်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့၏။ ၁၉၁၇ ခုနှစ်၊ ရုရှား အောက်တိုဘာတော်လှန်ရေးအပြီး ၄ နှစ်အကြာတွင် ဖွဲ့စည်းခဲ့သော တရုတ်ပါတီသည် ရုရှားတော်လှန်ရေး၏ အရှိန်အဝါအောက်တွင် ရှိခဲ့၏။
မတ်၊ အိန်ဂျယ်တို့၏ မတ်ဝါဒအပြင် လီနင်၏ လမ်းညွှန်ချက် (ဝါ) လီနင်ဝါဒသည်လည်း တရုတ်ကွန်မြူနစ်ပါတီ၏ လမ်းညွှန်ဖြစ်ခဲ့၏။ လက်တွေ့တွင်လည်း တရုတ်ကွန်မြူနစ်ပါတီကို ကွန်မင်တန် (the Communist International [Comintern]) ၏ အစိတ်အပိုင်းတခုအဖြစ် ဖွဲ့စည်းခဲ့ပြီး ကွန်မြူနစ် နိုင်ငံတကာဝါဒနှင့်အတူ ဆိုဗီယက်ပါတီ၏ ဩဇာကြီးမားခဲ့သည်။ သို့ဖြစ်ရာ အစောပိုင်း တရုတ်ပါတီ၏ ခေါင်းဆောင်မှုတွင် ဆိုဗီယက်၌ ကျောင်းတက်ခဲ့ကြ၊ ပညာသင်ကြားခဲ့ကြသည့် ဆိုဗီယက်ပြန်များ လွှမ်းမိုးခဲ့သည်။ ကွန်မင်တန်၏ အကြံပေးများ ကြီးစိုးခဲ့ကြ၏။ သို့ဖြစ်ရာ ၁၉၂၁ ခုနှစ်မှ ၁၉၃၅ ခုနှစ်ထိ တရုတ်ပြည်ကွန်မြူနစ်ပါတီတွင် လွှမ်းမိုးချုပ်ကိုင် ဩဇာရှိနေသူများမှာ ဆိုဗီယက်ပြန်များဖြစ်ပေရာ တရုတ်ပါတီ၏ အစောဆုံးခေတ်သည် ဆိုဗီယက်ပြန် ဘော်ရှီဗစ်များ လွှမ်းမိုးသည့် ခေတ်ကာလဟု ဆိုရပါမည်။
တရုတ်ကွန်မြူနစ်ပါတီနှင့် မော်စီတုန်းခေတ်
၁၉၂၇ ခုနှစ်မှစ၍ ချန်ကေရှိတ်၏ ကူမင်တန် (Kuomintang) တပ်များအား တရုတ်ပြည်ကွန်မြူနစ်ပါတီက တော်လှန်ခဲ့ပြီး တရုတ်ပြည် ပြည်တွင်းစစ် စတင်ခဲ့၏။
ပြည်တွင်းစစ် ပြင်းထန်မှု၊ ဂျပန်ကျူးကျော်စစ် အပြောင်းအလဲ အကျပ်အတည်းများကြား ၁၉၃၅ ခုနှစ် စွင်းယိ ဗဟိုကော်မတီအစည်းအဝေးတွင် မော်စီတုန်းသည် ပါတီနှင့် တပ်တွင်း၌ နေရာပြန်ရလာခဲ့ပြီး နိုင်ငံရေးအရ ကြိုးအင်းလိုင် (ချူအင်လိုင်း) နှင့် စစ်ရေးအရ ကြူးတက် (ချူတေး) တို့၏ ထောက်ခံမှုကို အပြည့်အဝရရှိခဲ့၏။
တရုတ်ပါတီတွင်း၌ မော်စီတုန်း၏ ခေတ်တခေတ်သည် ကြိုးအင်းလိုင်၊ ကြူးတက်တို့၏ ထောက်ခံမှုဖြင့် စတင်ခဲ့သည်။ ထိုခေတ်သည် ၁၉၃၅ ခုနှစ်မှ စတင်ခဲ့ပြီး ၁၉၄၉ ခုနှစ် တရုတ်ပြည်သစ် ထူထောင်နိုင်သောအခါ မော်စီတုန်း၏ဩဇာ ပို၍ကြီးလာခဲ့၏။ ၁၉၇၆ ခုနှစ် ၎င်းတို့ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သည်အထိ တရုတ်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှုကို သုံးသပ်ရပါက မော်စီတုန်းခေတ်ဟု ဆိုရမည်ဖြစ်သည်။
တရုတ်ပါတီတွင်း၌ မော်စီတုန်း၏ ခေတ်တခေတ်သည် ကြိုးအင်းလိုင်၊ ကြူးတက်တို့၏ ထောက်ခံမှုဖြင့် စတင်ခဲ့သည်။ ထိုခေတ်သည် ၁၉၃၅ ခုနှစ်မှ စတင်ခဲ့ပြီး ၁၉၄၉ ခုနှစ် တရုတ်ပြည်သစ် ထူထောင်နိုင်သောအခါ မော်စီတုန်း၏ဩဇာ ပို၍ကြီးလာခဲ့၏။ ၁၉၇၆ ခုနှစ် ၎င်းတို့ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သည်အထိ တရုတ်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှုကို သုံးသပ်ရပါက မော်စီတုန်းခေတ်ဟု ဆိုရမည်ဖြစ်သည်။
ပါတီအတွင်း၌ မော်စီတုန်းတခေတ်သည် လွယ်ကူစွာ ဖြစ်ထွန်းလာသည်တော့ မဟုတ်ပေ။ အစောပိုင်းကာလက ဆိုဗီယက်ပြန် ဘော်ရှီဗစ်အုပ်စု၏ အယူအဆနှင့်လမ်းစဉ်အား ဆန့်ကျင်ပြီး ပြင်းထန်သည့် သဘောတရားတိုက်ပွဲ၊ ပါတီတွင်းတိုက်ပွဲများနှင့်အတူ အောင်နိုင်ခဲ့ခြင်းဖြစ်ပြီး ၁၉၄၉ ခုနှစ် တရုတ်ပြည် တော်လှန်ရေးအောင်ပွဲနှင့်အတူ မော်စီတုန်း၏ ခေါင်းဆောင်မှု အခြေခံခိုင်မာလာခဲ့သည်။ သို့သော်လည်း မော်စီတုန်းနှင့် တရုတ်ကွန်မြူနစ်ပါတီအတွက် အခက်အခဲများစွာ ကျန်သေးသည်။ ၎င်းတို့မှာ အနောက်နိုင်ငံများစွာက တရုတ်ပြည်သစ်အား အသိအမှတ်မပြုဘဲ ဝိုင်းပယ်ထားကြ၏။
ထို့ပြင် ကုလသမဂ္ဂ၌ ချန်ကေရှိတ်၏ ထိုင်ဝမ်အစိုးရကို ဆက်လက် အသိအမှတ်ပြုထားပြီး တရုတ်ပြည်အား ကမ္ဘာ့အသိုင်းအဝိုင်းမှ ဖယ်ကျဉ်ထားခဲ့သည်။ အစောပိုင်းကာလက ဆိုဗီယက်ရုရှား၏ အကူအညီဖြင့် တရုတ်တို့ ရင်ဆိုင်နိုင်ခဲ့သေးသော်လည်း ၁၉၆၀ ပြည့်နှစ်နောက်ပိုင်း တရုတ်ပါတီနှင့် ဆိုဗီယက်ပါတီ အယူအဆရေးရာ ကွဲလွဲပြီး ဆိုဗီယက်တို့၏ အကူအညီများ ဖြတ်တောက်ခံရသောအခါ တရုတ်ပြည်တွင်း၌ နိုင်ငံရေးအရရော စီးပွားရေးအရပါမက သံတမန်ရေးအရပါ အကျပ်အတည်းကြုံလာတော့၏။
ထိုအကျပ်အတည်းနှင့်အတူ မော်စီတုန်း၏ ခေါင်းဆောင်မှုသည်လည်း တရုတ်ပါတီတွင်း၊ တရုတ်ပြည်တွင်း၌ စိန်ခေါ်ခံခဲ့ရတော့သည်။ ထိုမှစ၍ တရုတ်ပါတီတွင်း အယူအဆရေးရာ တိုက်ပွဲသည် ၁၉၆၆ ခုနှစ် ယဉ်ကျေးမှုတော်လှန်ရေးဆိုသည် ဖြစ်ပွားသည်အထိ ပြင်းထန်ခဲ့၏။ ယဉ်ကျေးမှုတော်လှန်ရေးအတွင်း ထိပ်တန်းခေါင်းဆောင်များဖြစ်သည့် လျူရှောက်ချီနှင့် တရုတ်စစ်တပ်မှ မာရှယ်အချို့အပါ အများအပြား ဖယ်ရှားခံရပြီး မော်စီတုန်း တခေတ်သည် ပို၍ ပီပြင်လာခဲ့သည်။ မတ်ဝါဒ၊ လီနင်ဝါဒနှင့်အတူ မော်စီတုန်း အတွေးအခေါ်ကိုလည်း ထုတ်ဖော်ခဲ့သည်။ ထိုပြင်းထန်သည့်ကာလသည် ၁၉၇၀ နောက်ပိုင်းမှ တည်ငြိမ်သွားပြီး မော်စီတုန်းနှင့် ကြိုးအင်းလိုင်၊ ကြူးတက်တို့ ကွယ်လွန်ချိန်ထိ မော်စီတုန်းတခေတ် တည်မြဲခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီနှင့် တိန့်ရှောင်ဖိန်ခေတ်
မော်စီတုန်းကွယ်လွန်ပြီး ဟွကိုဖုန်း ဥက္ကဋ္ဌအဖြစ် ဆက်ခံပြီးနောက် တရုတ်ပါတီတွင် ခေါင်းဆောင်မှုနှင့် တရုတ်ပြည်လမ်းကြောင်းနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှု စတင်သည်။ ၁၉၇၇ ခုနှစ် တိန့်ရှောင်ဖိန် နေရာပြန်ရသည်မှစ၍ အပြောင်းအလဲစတင်၏။ တိန့်ရှောင်ဖိန်၏ “ချမ်းသာတာ မင်္ဂလာပါ”၊ “ကြောင်ဖြူဖြစ်ဖြစ် ကြောင်မည်းဖြစ်ဖြစ် ကြွက်ဖမ်းနိုင်ဖို့ အဓိကပါ” တို့နှင့်အတူ ဆိုရှယ်လစ်ဈေးကွက်စီးပွားရေး ဖော်ဆောင်လာသည်။
တရုတ်ပါတီတွင်း၌ တိန့်ရှောင်ဖိန်သည် ဟွကိုဖုန်းကို ဖယ်ရှားပြီး ဟူယောက်ပန်း၊ ကျောက်ကျိယန်တို့၏ အားနှင့် သူ၏ ခေတ်တခေတ်ကို အစပြု၏။ ၁၉၇၇ မှ စတင်သည့် အပြောင်းအလဲသည် ၁၉၉၀ ပြည့်နှစ်ရောက်မှ တည်ငြိမ်သည့် အခြေအနေကိုရောက်သည်။ ၁၉၈၉ ခုနှစ် တိန်အန်မင်အရေးအခင်း ဖြစ်ပြီးနောက် ကျောက်ကျိယန်ကို ဖယ်ရှားပြီး ကျန်ဇီမင်း တက်လာသည့်အချိန်မှစ၍ တည်ငြိမ်သွားသည်ဟုဆိုရမည်။
သို့ဖြင့် တိန့်ရှောင်ဖိန်နှင့် သူ၏ ဆိုရှယ်လစ်ဈေးကွက် စီးပွားရေးတခေတ် ဖြစ်ထွန်းလာခဲ့သည်။ ဟူယောက်ပန်း၊ ကျောက်ကျိယန်၊ ကျန်ဇီမင်း၊ ဟူကျင်တောင်နှင့် ရှီကျင့်ဖျင် (ပထမသက်တမ်း) တရုတ်ပါတီ ခေါင်းဆောင်များသည် တိန့်ရှောင်ဖိန် တခေတ်ဟုဆိုရမည့် ခေတ်ကာလခေါင်းဆောင်များ ဖြစ်၏။ ၁၉၇၇ မှ ၁၉၉၀ အထိ အစောပိုင်းကာလတွင် မတည်ငြိမ်မှုများ၊ အတိုက်အခိုက်များ ကြုံတွေ့ခဲ့ရသော်လည်း ၁၉၉၀ နောက်ပိုင်းမှစ၍ ၂၀၁၇ အထိ တည်တည်ငြိမ်ငြိမ် ဖြတ်သန်းခဲ့သည့်ကာလ ဖြစ်သည်။
တိန့်ရှောင်ဖိန်ခေတ်ကာလ ထူးခြားသည့် အပြောင်းအလဲ သတ်မှတ်ချက်တခုမှာ တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်နှင့် တရုတ်သမ္မတ သက်တမ်းအား ကန့်သတ်ခဲ့ခြင်းဖြစ်သည်။ ကွန်ဂရက်၊ ရွေးကောက်ပွဲသက်တမ်း နှစ်ကြိမ်သာ ရွေးချယ်ခံပြီး နုတ်ထွက်ရန် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ တိန့်ရှောင်ဖိန်၏ သတ်မှတ်ချက်ကို ကျန်ဇီမင်း၊ ဟူကျင်တောင်တို့က လိုက်နာခဲ့သော်လည်း ရှီကျင့်ဖျင်လက်ထက်တွင်တော့ တဖန်ဖောက်ထွက်ပြန်ပေရာ တိန့်ရှောင်ဖိန်တခေတ် ကုန်ဆုံးသွားပြန်သည်ဟု ဆိုရမည်။
တိန့်ရှောင်ဖိန်ခေတ်ကာလ ထူးခြားသည့် အပြောင်းအလဲ သတ်မှတ်ချက်တခုမှာ တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်နှင့် တရုတ်သမ္မတ သက်တမ်းအား ကန့်သတ်ခဲ့ခြင်းဖြစ်သည်။ ကွန်ဂရက်၊ ရွေးကောက်ပွဲသက်တမ်း နှစ်ကြိမ်သာ ရွေးချယ်ခံပြီး နုတ်ထွက်ရန် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ တိန့်ရှောင်ဖိန်၏ သတ်မှတ်ချက်ကို ကျန်ဇီမင်း၊ ဟူကျင်တောင်တို့က လိုက်နာခဲ့သော်လည်း ရှီကျင့်ဖျင်လက်ထက်တွင်တော့ တဖန်ဖောက်ထွက်ပြန်ပေရာ တိန့်ရှောင်ဖိန်တခေတ် ကုန်ဆုံးသွားပြန်သည်ဟု ဆိုရမည်။
ရှီကျင့်ဖျင်ခေတ် လာပြီ
တရုတ်ကွန်မြူနစ်ပါတီ အတွင်းရေးမှူးအဖြစ် ၂၀၁၂ ခုနှစ်တွင် ရှီကျင့်ဖျင် ရွေးချယ်ခံရပြီးနောက် ၂၀၁၃ ခုနှစ်တွင် သမ္မတသက်တမ်း စတင်သည်။
ရှီကျင့်ဖျင်၏ ဒုတိယပါတီသက်တမ်းသည် ၂၀၁၇ တွင် စတင်ပြီးနောက်ပိုင်း ပါတီတွင်း အပြောင်းအလဲများ စတင်၏။ ရှီကျင့်ဖျင်သည်၂၀၁၈ ခုနှစ်တွင် သမ္မတရာထူးအတွက် ကန့်သတ်ချက်များကို ဖယ်ရှားလိုက်သည်။ ရှီကျင့်ဖျင်အတွေးအခေါ်ဟု လူသိများသော ရှီကျင့်ဖျင်၏ နိုင်ငံရေးအယူအဆနှင့် အခြေခံမူများကို ပါတီနှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေများတွင် ထည့်သွင်းထားပြီး အမျိုးသားလုံခြုံရေး၏ အရေးကြီးမှုနှင့် တရုတ်ပါတီ၏ ခေါင်းဆောင်မှုဆိုင်ရာ လိုအပ်ချက်များကို အလေးပေးထား၏။
တရုတ်ပြည်၏ ပဉ္စမမျိုးဆက် ခေါင်းဆောင်မှု၏ အဓိကပုဂ္ဂိုလ်အဖြစ် ရှီကျင့်ဖျင်သည် အမျိုးသားလုံခြုံရေး ကော်မရှင်ကို ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှုများ၊ စစ်ဘက်ဆိုင်ရာ ပြန်လည်ဖွဲ့စည်းပုံ၊ ခေတ်မီတိုးတက်ရေးနှင့် အင်တာနက်ဆိုင်ရာ ဦးဆောင်ကော်မတီ အသစ်များအပါအဝင် ရာထူးများစွာကို ရယူခြင်းဖြင့် ဗဟိုချုပ်ကိုင်မှုအာဏာကို ချုပ်ကိုင်ထားသည်။
သူနှင့် တရုတ်ပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် “သမိုင်းဆိုင်ရာ ဆုံးဖြတ်ချက်” ကို အတည်ပြုခဲ့ပြီး မော်စီတုန်းနှင့် တိန့်ရှောင်ဖိန် ပြီးနောက် တတိယမြောက် ဆုံးဖြတ်ချက်ဖြစ်သည်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ရှီကျင့်ဖျင်သည် တရုတ်ပါတီ၏ အထွေထွေ အတွင်းရေးမှူးအဖြစ် တတိယသက်တမ်းကို ရယူခဲ့ပြီး တရုတ်ပြည်၏ ဒုတိယ မော်စီတုန်းနေရာကို ရယူခဲ့သည်ဟု ဆိုရမည်။
၂၀၂၂ ခုနှစ် ပါတီညီလာခံမတိုင်မီ ပြည်ပမှ ပြန်လာသော ရှီကျင့်ဖျင်အား ဖမ်းဆီးအာဏာသိမ်းသည်ဟူသည့် သတင်းများ ထွက်ပေါ်ခဲ့သလို ပါတီညီလာခံ ကျင်းပနေစဉ် ယခင် ပါတီခေါင်းဆောင်ဟောင်း ဟူကျင်တောင် ညီလာခံမှ ထွက်ခွာရခဲ့ရသည်မှာလည်း အများအတွက် ပဟေဠိဖြစ်ခဲ့သည်။
ရှီကျင့်ဖျင် တခေတ် စတင်တည်ဆောက်သည့် ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်ထိ ၅ နှစ်ကာလသည် အလွယ်တကူတော့ မဟုတ်ပေ။ ၂၀၁၈ ခုနှစ် သမ္မတ သက်တမ်း နှစ်ဆက်ကို ဖျက်သိမ်းလိုက်သည့်အချိန်မှစ၍ အတိုက်အခံများစွာ ကြုံတွေ့ရသည်။ ရှီကျင့်ဖျင်အား ဆန့်ကျင်ကြသူများသည် ပါတီရဲဘော်ဟောင်းကြီးများ အစုအဖွဲ့အားနှင့် ပြန်လည် ဆန့်ကျင်ကြသည်ကို တွေ့ရ၏။ ၂၀၂၂ ခုနှစ် ပါတီညီလာခံမတိုင်မီ ပြည်ပမှ ပြန်လာသော ရှီကျင့်ဖျင်အား ဖမ်းဆီးအာဏာသိမ်းသည်ဟူသည့် သတင်းများ ထွက်ပေါ်ခဲ့သလို ပါတီညီလာခံ ကျင်းပနေစဉ် ယခင် ပါတီခေါင်းဆောင်ဟောင်း ဟူကျင်တောင် ညီလာခံမှ ထွက်ခွာရခဲ့ရသည်မှာလည်း အများအတွက် ပဟေဠိဖြစ်ခဲ့သည်။
မည်သို့ပင်ဖြစ်စေ ဝါရင့်ကွန်မြူနစ်ပါတီဝင်ဟောင်းတဦး၏ သားဖြစ်သူ ရှီကျင့်ဖျင်သည် ထိုပြဿနာများကို ကျော်လွှားခဲ့သည်ကို တွေ့ရသည်။ ပါတီအတွင်းရေးမှူး တတိယသက်တမ်းကို ရယူနိုင်ခဲ့သည်။ လာမည့် သမ္မတ သက်တမ်းကို သူကိုယ်တိုင်ပဲ အရွေးခံမည်လော၊ မော်စီတုန်းကဲ့သို့ သူ့လူတဦးအား တာဝန်ပေးမည်လော ဟူသည်ကို မသိနိုင်သေးပေ။ စောင့်ကြည့်ရပေဦးမည်။ သို့သော်လည်း ပါတီ အမြဲတမ်းပေါ်လစ်ဗျူရို ၇ ဦးအပါ ပါတီညီလာခံကိုယ်စားလှယ်များ၊ ပါတီဗဟိုကော်မတီများကို ရှီကျင့်ဖျင်ကိုယ်တိုင် အချိန်ယူ ဆန်းစစ်မှုများပြုပြီး စနစ်တကျ ရွေးချယ်ခဲ့သည်ဟု တရုတ် ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်ကို တွေ့ရပြီး ရှီကျင့်ဖျင်သည် သူ၏ ခေတ်တခေတ်ကို အစပြုရန် ကောင်းစွာ ပြင်ဆင်ထားပြီဟု ဆိုရမည်။
အနောက်တိုင်း ဝေဖန်သုံးသပ်သူများကမူ အာဏာရှင်တခေတ် ပြန်ထပြီဟု ဆိုကြသည်။ ၁၉၃၅ မှ ၁၉၇၆ ထိ နှစ်ပေါင်း ၄၁ နှစ်မျှ မော်စီတုန်းတခေတ် ထွန်းကားခဲ့သည့် တရုတ်ပြည်တွင် အသက်အရွယ်အရ ထိုမျှလောက် မကြာမြင့်နိုင်သည့် ရှီကျင့်ဖျင်တခေတ် အစပြုသည်မှာ ထူးဆန်းလှသည်တော့ မဟုတ်ပေ။ မော်စီတုန်းခေတ်မှသည် ရှီကျင့်ဖျင် ကာလအထိ တရုတ်ပြည်ကို မောင်းနှင်သူများ၏ အဓိကကျောရိုးမှာ တရုတ်ကွန်မြူနစ်ပါတီ ဖြစ်သည်။ အပိုင်းပိုင်းကွဲပြားနေပြီး နယ်ချဲ့နိုင်ငံများအောက် ကျရောက်နေသည့် တရုတ်ပြည်အား တစုတစည်းတည်းဖြစ်စေပြီး ရပ်တည်နိုင်အောင် လုပ်ဆောင်ခဲ့သည့် မော်စီတုန်း တခေတ်တွင်လည်း တရုတ်ကွန်မြူနစ်ပါတီသည် အဓိကအခန်းမှ ပါဝင်ခဲ့သည်။
ဆင်းရဲမွဲတေသော တရုတ်ပြည်ကို ချမ်းသာကြွယ်ဝသည့်နိုင်ငံအဖြစ် ပြောင်းလဲသည့် တိန့်ရှောင်ဖိန် တခေတ်တွင်လည်း တရုတ်ကွန်မြူနစ်ပါတီသည် ကျောရိုးအခန်းက ပါဝင်ခဲ့သည်။ လက်ရှိ ရှီကျင့်ဖျင် တခေတ်တွင်လည်း တရုတ်ပါတီသည် ကျောရိုးအခန်းက ဆက်လက် ပါဝင်နေဦးမည်ဖြစ်သည်။ ကြီးမားကျယ်ပြန့်ပြီး လူဦးရေများပြားသည့် တရုတ်ပြည်တွင် ဂိုဏ်းအုပ်စုကွဲများပြားခဲ့သည့် အစဉ်အလာကို ဖျက်သိမ်း၍ တစုတစည်းတည်းဖြစ်အောင် စုစည်းနိုင်သည်မှာ တရုတ်ပါတီကို ကျောရိုးပြုထား၍ဖြစ်ရာ ယခု ရှီကျင့်ဖျင် တခေတ်တွင်လည်း ပါတီဝင် သန်း ၁၀၀ ခန့်ရှိသည့် တရုတ်ပါတီအခန်းသည် ဆက်လက်၍ အရေးပါနေမည် ဖြစ်၏။
တရုတ်ပြည်စီးပွားရေး ဖြစ်ထွန်းတိုးတက်မှုနှင့်အတူ တရုတ်ပါတီနှင့် အစိုးရခေါင်းဆောင်များကြား လာဘ်စားမှု များပြားလာခဲ့ခြင်းနှင့် ထိုအကျင့်ပျက် လာဘ်စားမှုများကို အရေးယူခြင်း၊ အမေရိကန်နှင့်အနောက်၏ အရေးယူပိတ်ဆို့ခြင်းတို့ကို တန်ပြန်ရန် လိုအပ်ခြင်း၊ ချမ်းသာကြွယ်ဝသူများနှင့် သူတို့၏ လွှမ်းမိုးမှုများကို တရုတ်ကွန်မြူနစ်ပါတီမှ ထိန်းချုပ်ရန် လိုအပ်သည်ဟု ယူဆခြင်းတို့သည် ရှီကျင့်ဖျင်တခေတ်၏ ပေါ်ပေါက်လာစေသည့် အခြေခံဖြစ်သည်။
ထို့ပြင် ရှီကျင့်ဖျင်တခေတ်သည် တရုတ်ကွန်မြူနစ်ပါတီ အခန်းကို ပြန်လည်မြှင့်တင်ခြင်းဖြစ်ရာ လစ်ဘရယ် ဒီမိုကရေစီသမားများနှင့်တော့ ပဋိပက္ခ ဆက်လက် ဖြစ်ပွားဖွယ်ရာရှိသည်။ သို့သော် တရုတ်ပြည်စီးပွားရေး ဖြစ်ထွန်းတိုးတက်မှုနှင့်အတူ တရုတ်ပါတီနှင့် အစိုးရခေါင်းဆောင်များကြား လာဘ်စားမှု များပြားလာခဲ့ခြင်းနှင့် ထိုအကျင့်ပျက် လာဘ်စားမှုများကို အရေးယူခြင်း၊ အမေရိကန်နှင့်အနောက်၏ အရေးယူပိတ်ဆို့ခြင်းတို့ကို တန်ပြန်ရန် လိုအပ်ခြင်း၊ ချမ်းသာကြွယ်ဝသူများနှင့် သူတို့၏ လွှမ်းမိုးမှုများကို တရုတ်ကွန်မြူနစ်ပါတီမှ ထိန်းချုပ်ရန် လိုအပ်သည်ဟု ယူဆခြင်းတို့သည် ရှီကျင့်ဖျင်တခေတ်၏ ပေါ်ပေါက်လာစေသည့် အခြေခံဖြစ်သည်။
ထို့ပြင် ၂၀၂၀ မှစတင်သည့် ကိုဗစ်ကာလတွင် လော့ဒေါင်းအသုံးပြု ပိတ်ဆို့၍ ရောဂါတားဆီးခြင်းသည်လည်း ရှီကျင့်ဖျင်၏ ဩဇာအာဏာ တည်ဆောက်ရေးအတွက်ပါ အရေးပါခဲ့ပုံရသည်။
ရှီကျင့်ဖျင် ခေတ်အား မှန်းဆသုံးသပ်ချက်
ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ရှီကျင့်ဖျင်တခေတ်သည် ဆိုက်ရောက်လာပြီဖြစ်ရာ ထိုခေတ်ကာလတွင် တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်အစိုးရခြေလှမ်းသည် မည်သည့်ကို ဦးတည်မည်ဆိုသည်ကို ထည့်သွင်းတွက်ချက်ရန်၊ အနီးစပ်ဆုံးတွက်ချက်ရန် လိုအပ်သည်။ လာမည့် ရှီကျင့်ဖျင်တခေတ်တွင် မည်သို့ခြေလှမ်းများ ဦးတည်မည်ဆိုသည်နှင့် ပတ်သက်၍ အောက်ပါအတိုင်း တွက်ချက်သုံးသပ်လိုသည်။
၁။ တရုတ်ပြည်ကို စီးပွားရေးအရရော၊ စစ်ရေးအရပါ ထိပ်တန်းနိုင်ငံ တနိုင်ငံဖြစ်ရေး၊ ကမ္ဘာ့စူပါ ပါဝါဖြစ်ရေးကို ရှေးရှုမည်ဟုယူဆပါသည်။ လက်ရှိတွင် တရုတ်သည် ဂျီဒီပီအရ တကမ္ဘာလုံးတွင် ဒုတိယရှိနေရာမှ ပထမနေရာသို့ ရောက်ရှိရေးဖြစ်သည်။ သို့မှသာ တရုတ်လူဦးရေအရ တဦးချင်းဝင်ငွေလည်း မြင့်တက်ပြီး တကယ်တမ်း ချမ်းသာကြွယ်ဝသည့် နိုင်ငံဖြစ်နိုင်ပေမည်။
လက်ရှိတွင် ဂျီဒီပီမြင့်တက်နေသော်လည်း လူဦးရေများပြားသော တရုတ်ပြည်တွင် တဦးချင်း ဝင်ငွေနိမ့်ကျသော နေရာများနှင့် လူဦးရေများစွာ ရှိနေသေးသည်။ သို့အတွက် ပြည်တွင်းထုတ်ကုန် တိုးတက်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးမြှင့်တင်ရန် တရုတ်တို့ ဦးတည်ချက်ထားမည်ဟု သုံးသပ်ရ၏။ ထို့ပြင် ဘဏ္ဍာရေးအရ အမေရိကန်ဒေါ်လာကဲ့သို့ တရုတ်ယွမ်ငွေ နိုင်ငံတကာဈေးကွက်ဝင်ရန် တရုတ်တို့ ဦးတည်ကြိုးပမ်းဖွယ်ရာ ရှိသည်။ တရုတ်တို့အတွက် ခက်ခဲသော စိန်ခေါ်မှုဖြစ်၏။
၂။ တရုတ်တို့၏ ထိုရည်မှန်းချက် အောင်မြင်ရန် အမေရိကန်၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နည်းပညာပိတ်ဆို့မှုများကို အဓိကထား ရင်ဆိုင်ကျော်လွှားဖို့ စဉ်းစားလုပ်ကိုင်ဖွယ်ရှိပါသည်။ တကမ္ဘာလုံးကို ဈေးကွက်ချဲ့ရန် ကြိုးစားလာသည့် တရုတ်နှင့် တကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ကို ရယူထားသည့် အမေရိကန်၊ အနောက်နိုင်ငံများကြား ပြိုင်ဆိုင်မှု ရင်ဆိုင်ရမည်ဖြစ်သကဲ့သို့ အမေရိကန်နှင့် အနောက်နိုင်ငံများ၏ စီးပွားရေး၊ ဘဏ္ဍာရေး၊ နည်းပညာပိတ်ဆို့မှုများကို ကျော်လွှားရန်တို့သည် ရှီကျင့်ဖျင်တခေတ်တွင် မျှော်လင့်ထားသည့် စိန်ခေါ်မှုများဟု ဆိုရမည်။ ထို့အတွက်လည်း လက်ရှိ ရှီကျင့်ဖျင်၏ ဗဟိုကော်မတီသစ်တွင် တရုတ်သိပ္ပံနှင့် ပညာရှင်များကို နေရာပေးထားသည်ကို တွေ့ရသည်။
တရုတ်သည် အမေရိကန်ကို သူ၏ပြိုင်ဖက်အဖြစ် သဘောထားသော်လည်း ရုရှားကိုမူ သူ၏ပြိုင်ဘက်အဖြစ် သဘောထားထားသည်ကို မတွေ့ရပေ။ အကြောင်းကမူ စီးပွားရေးအရ ရုရှားသည် တရုတ်၏ နောက်တွင် ရောက်နေပြီး တရုတ်ကို မယှဉ်နိုင်ပေ။ ထို့ပြင် ရုရှားသည် ယူကရိန်းစစ်ပွဲကြောင့် နိုင်ငံရေး၊ စီးပွားရေး အကြပ်ရိုက်နေရာ တရုတ်သည် ထိုအခြေအနေအောက်တွင် ရုရှား ရေနံ၊ သဘာဝဓာတ်ငွေ့ စသည့် သယံဇာတများပေါ်မှ သူ့တိုင်းပြည်အကျိုးအတွက် ရယူရေးကို ဦးစားပေးဆောင်ရွက်ဖွယ်ရှိသည်။
၃။ တရုတ်သည် အမေရိကန်ကို သူ၏ပြိုင်ဖက်အဖြစ် သဘောထားသော်လည်း ရုရှားကိုမူ သူ၏ပြိုင်ဘက်အဖြစ် သဘောထားထားသည်ကို မတွေ့ရပေ။ အကြောင်းကမူ စီးပွားရေးအရ ရုရှားသည် တရုတ်၏ နောက်တွင် ရောက်နေပြီး တရုတ်ကို မယှဉ်နိုင်ပေ။ ထို့ပြင် ရုရှားသည် ယူကရိန်းစစ်ပွဲကြောင့် နိုင်ငံရေး၊ စီးပွားရေး အကြပ်ရိုက်နေရာ တရုတ်သည် ထိုအခြေအနေအောက်တွင် ရုရှား ရေနံ၊ သဘာဝဓာတ်ငွေ့ စသည့် သယံဇာတများပေါ်မှ သူ့တိုင်းပြည်အကျိုးအတွက် ရယူရေးကို ဦးစားပေးဆောင်ရွက်ဖွယ်ရှိသည်။ ထို့ပြင် အမေရိကန်နှင့် ရုရှား၏ ပြိုင်ဆိုင်မှုတွင် မည်သည့်ဘက်မှ ပါဝင်လိမ့်မည် မဟုတ်ပေ။ တဘက်ဘက်မှ အသာရခြင်းသည် သူ့အတွက် အကျိုးမရှိပေ။ တဘက်ဘက်အသာရနိုင်သည့် အခြေအနေကိုသာ ထိန်းညှိဖွယ်ရှိ၏။ နှစ်ဖက်လုံး ခြေကုန်လက်ပမ်းကျခြင်းသာ တရုတ်အတွက် အကျိုးရှိသည်ဟု ယူဆ၍ဖြစ်သည်။
၄။ ရှီကျင့်ဖျင် တခေတ်တွင် တရုတ်ကွန်မြူနစ်ပါတီ အားကောင်းလာသော်လည်း ကွန်မြူနစ်ဝါဒကို ရှေးရှုဖွယ်ရာ မရှိပါ။ တရုတ်ပါတီသည် တရုတ်အမျိုးသားအကျိုးစီးပွားကို ရပ်ခံသည့် မဏ္ဍိုင်အဖြစ်သာ ရပ်တည်မည်ဟု သုံးသပ်ရပေ၏။ သို့သော် လစ်ဘရယ်ဒီမိုကရေစီဝါဒ ကိုင်စွဲသူများနှင့်မူ ရန်ဘက်ဖြစ်၍ နေပေလိမ့်မည်။
၅။ စစ်ရေးအရ လက်ရှိ လေယဉ်တင်သင်္ဘော ၃ စီးရှိနေပြီဖြစ်သည့် တရုတ်သည် လာမည့် ဆယ်စုနှစ်အတွင်း တရုတ်လေယာဉ်တင် သင်္ဘောအုပ်စု ၅ စုမှ ၇ စုခန့်အထိ တိုးမြှင့်သွားနိုင်ရန် ရည်မှန်းချက်ထားနိုင်ပြီး စုစုပေါင်း လေယဉ်တင်သင်္ဘောအုပ်စု ၈ စုမှ ၁၀ စုအထိ တိုးချဲ့သွားဖွယ်ရှိသည်။ အနည်းဆုံး ၂ နှစ်လျှင် လေယဉ်တင်သင်္ဘောသစ်တစီး တည်ဆောက်သွားဖွယ် ရှိသည်။ သို့ဖြစ်ရာ ထိုအချိန်ကာလထိ စစ်ရေးထိပ်တိုက်တွေ့မှုတွေကို တရုတ်အနေနှင့် ရှောင်ရှားသွားဖွယ်ရှိသည်ဟု သုံးသပ်ရ၏။ လာမည့် ဆယ်နှစ်နောက်ပိုင်းတွင်မူ ထိုအင်အားအပေါ် အခြေပြုပြီး တရုတ်တို့ ပြောင်းလဲစဉ်းစားဖွယ်ရှိပေသည်။
၆။ ၁၉၄၉ ခုနှစ်က တရုတ်ပြည်မကြီးကို စွန့်ခွာခဲ့ရသော ကူမင်တန် ချန်ကေရှိတ်အစိုးရသည် ပြည်မ တရုတ်ဗဟိုဘဏ်မှ ရွှေငွေ အရင်းအမြစ်အားလုံးကို သယ်ဆောင်ပြီး ထိုင်ဝမ် (ဖေါ်မိုဆာ) ကျွန်းကို အခြေပြုကာ တရုတ်အစိုးရအဖြစ် ရပ်တည်ခဲ့၏။ ကုလသမဂ္ဂတွင် တရုတ်အစိုးရနေရာ ရယူထားခဲ့ပြီး တရုတ်ပြည်မကြီးကို အကြိမ်ကြိမ် ထိုးဖောက်ပြီး အာဏာပြန်လည်ရယူရန် ကြိုးစားခဲ့သည်။ ထိုသမိုင်းကြောင်းအောက်တွင် တရုတ်အစိုးရအနေနှင့် ထိုင်ဝမ်ကို တရုတ်ပြည်၏ အစိတ်အပိုင်းအဖြစ် သဘောထားခြင်းအား စွန့်လွှတ်လိုက်လိမ့်မည် မဟုတ်ပေ။
သို့သော် ရှီကျင့်ဖျင် တတိယသက်တမ်း ရယူပြီးနောက် ထိုင်ဝမ်ကို စစ်ရေးအရ အရေးယူလိမ့်မည်ဆိုသည့် ယူဆချက်ကမူ ဖြစ်နိုင်ခြေနည်းသည်။ တရုတ်အစိုးရအနေနှင့် ထိုင်ဝမ်ကို စစ်တိုက်ပြီး ပြာပုံအနေအထားနှင့် ရယူခြင်းထက် ဟောင်ကောင်၊ မကာအိုတို့ကဲ့သို့ တည်ရှိသည့်အတိုင်း အနေအထားမပျက် ရယူလို၏။ သို့ဖြစ်ရာ ရှီကျင့်ဖျင် တတိယသက်တမ်းရယူရုံနှင့် ထိုင်ဝမ်ကို စစ်ရေးအရတိုက်မည်ဟု ယူဆ၍ မရပေ။
နောက် ၁၀ နှစ်အကြာ တရုတ်တို့ စစ်ရေးအင်အားတည်ဆောက်ပြီး ၂၀၃၃ ကာလတွင်မူ တမျိုးတဖုံ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း လောလောဆယ် ဆယ်နှစ်အတွင်း တရုတ်မှစ၍ ထိုင်ဝမ်ကို တိုက်ဖွယ်မရှိပါ။ သို့သော် ထိုင်ဝမ် အစိုးရက လွတ်လပ်ရေးကြေညာလိုက်လျှင် တရုတ်တို့ လက်ခံဖွယ်မရှိဘဲ စစ်ဖြစ်ပွားရန် သေချာသလောက်ရှိ၏။
နောက် ၁၀ နှစ်အကြာ တရုတ်တို့ စစ်ရေးအင်အားတည်ဆောက်ပြီး ၂၀၃၃ ကာလတွင်မူ တမျိုးတဖုံ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း လောလောဆယ် ဆယ်နှစ်အတွင်း တရုတ်မှစ၍ ထိုင်ဝမ်ကို တိုက်ဖွယ်မရှိပါ။ သို့သော် ထိုင်ဝမ် အစိုးရက လွတ်လပ်ရေးကြေညာလိုက်လျှင် တရုတ်တို့ လက်ခံဖွယ်မရှိဘဲ စစ်ဖြစ်ပွားရန် သေချာသလောက်ရှိ၏။ သို့ဖြစ်ရာ လက်ရှိအချိန်တွင် ထိုင်ဝမ် စစ်ပွဲဖြစ်နိုင်ခြေမှာ ရှီကျင့်ဖျင်ပေါ် မူမတည်ဘဲ ထိုင်ဝမ် လွတ်လပ်ရေး ကြေညာ၊ မကြေညာပေါ် မူတည်သည်ဟုဆိုရမည်။
၇။ အထက်ပါ အချက်များအရ သက်သက်ဆိုလျှင် ကမ္ဘာကြီးအတွက်သော်လည်းကောင်း၊ မြန်မာပြည်ကဲ့သို့ တိုင်းပြည်ငယ်များအတွက်သော်လည်းကောင်း ပြဿနာ မကြီးဟုဆိုနိုင်သည်။ သို့သော် သတိပြုရန်မှာ ရှီကျင့်ဖျင် တခေတ်တွင် တရုတ်တို့ အမျိုးသားအကျိုးစီးပွားရှေးရှုခြင်း၊ စစ်အင်အား ကောင်းလာခြင်းနှင့်အတူ တရုတ်လူမျိုးကြီးဝါဒ ခေါ် တရုတ်ရှော်ဗင်နစ်ဇင် အားကောင်းလာနိုင်ခြင်းဖြစ်သည်။ ထိုသို့အားကောင်းလာပါက ဒေသတွင်းရော ကမ္ဘာကြီးပါ တည်ငြိမ်မှုရှိမည် မဟုတ်တော့ပေ။ သို့ဖြစ်ရာ ရှီကျင့်ဖျင် တခေတ်တွင် အဓိက သတိပြုရမည်၊ ထောက်ပြဝေဖန်ရမည်မှာ တရုတ်လူမျိုးကြီးဝါဒအန္တရာယ် ဖြစ်သည်။ တရုတ်ပါတီကမူ လူမျိုးကြီးဝါဒ မကျင့်သုံးပါဟု ဆိုသော်လည်း သတိပြုရန်ကတော့ ကျန်သူများ၏ တာဝန်ဖြစ်၏။
ရှီကျင့်ဖျင် တခေတ်နှင့် မြန်မာ့အရေး
တရုတ်ပြည်တွင် ရှီကျင့်ဖျင် တခေတ် စတင်လာခြင်းနှင့်အတူ အထူးသတိပြုရန် လိုအပ်သည်မှာ မြန်မာပြည်အရေး ဖြစ်ပေသည်။ ၂၀၂၁ ခုနှစ် မြန်မာပြည်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် တရုတ်အစိုးရသည် စကစနှင့် သတိထားဆက်ဆံသည်ကို တွေ့ရသကဲ့သို့ ရင်းနှီးမြှုပ်နှံမှု တိုးချဲ့မှုများကိုလည်း ယေဘုယျအားဖြင့် ရပ်ဆိုင်းထားသည်ကို တွေ့ရ၏။
စကစ ခေါင်းဆောင်ပိုင်းနှင့် တရုတ်ထိပ်တန်း ခေါင်းဆောင်များ ထိတွေ့ဆက်ဆံခြင်း မပြုသည်ကို တွေ့ရသည်။ ၂၀၂၁ ခုနှစ်အတွင်း တရုတ်သံတမန် ဆွန်ကော့ရှန် နေပြည်တော်သို့လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်ကြိုးပမ်းမှု မအောင်မြင်သည့်နောက်ပိုင်း တရုတ်တို့သည် မြန်မာ့အရေးနှင့် ပတ်သက်ပြီး အာဆီယံမှတဆင့်သာ ချဉ်းကပ်သည်ကို တွေ့ရ၏။
ထို့ပြင် ၂၀၂၁ နှစ်ကုန်ပိုင်းတွင် မြောက်ပိုင်း ၆ ဖွဲ့နှင့် စကစ တွေ့ဆုံရာတွင် တရုတ်တို့ ကြားဝင်ပေးခဲ့သော်လည်း ၂၀၂၂ ခုနှစ် စကစ၏ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်အား တရုတ်တို့ ရေငုံနှုတ်ဆိတ်နေသည်သာမက မြောက်ပိုင်းအဖွဲ့များအား မည်သည့် တွန်းအားပေးမှုမှ မပြုသည်ကို တွေ့ရသည်။ မြန်မာပြည်၏ အခြေအနေသည် နှစ်ဘက်အားပြိုင်နေပြီး တည်ငြိမ်မှုမရှိဟု တရုတ်တို့ သုံးသပ်ထားသည်ကို တရုတ်တို့၏ ဂလိုဘယ်တိုင်းတွင် ဖော်ပြထားသည်။
တရုတ်တို့ မြန်မာ့အရေးအား ၂ နှစ်နီးပါးခန့် စောင့်ကြည့်နေခြင်းသည် တရုတ်ပြည်တွင်း အာဏာအားပြိုင်မှုတွင် အာရုံစိုက်နေရ၍လည်း ဖြစ်နိုင်သည်။ ယခု ရှီကျင့်ဖျင် တခေတ် စတင်လာချိန်တွင် မြန်မာ့အရေးနှင့်ပတ်သက်၍ တရုတ်တို့ မည်သို့ သဘောထား ကိုင်တွယ်ပြုမူမည်နည်း ဆိုသည်နှင့်ပတ်သက်၍ မြန်မာ့အရေးနှင့်ပတ်သက်သူများ သတိပြုရန် လိုအပ်၏။ မြန်မာပြည်တွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများ ရှိသကဲ့သို့ ထပ်မံမြှုပ်နှံရန်လည်း စီမံကိန်းကြီးများစွာ ရှိနေသေးသည်။
သို့သော် တရုတ်တို့ မြန်မာ့အရေးအား ၂ နှစ်နီးပါးခန့် စောင့်ကြည့်နေခြင်းသည် တရုတ်ပြည်တွင်း အာဏာအားပြိုင်မှုတွင် အာရုံစိုက်နေရ၍လည်း ဖြစ်နိုင်သည်။ ယခု ရှီကျင့်ဖျင် တခေတ် စတင်လာချိန်တွင် မြန်မာ့အရေးနှင့်ပတ်သက်၍ တရုတ်တို့ မည်သို့ သဘောထား ကိုင်တွယ်ပြုမူမည်နည်း ဆိုသည်နှင့်ပတ်သက်၍ မြန်မာ့အရေးနှင့်ပတ်သက်သူများ သတိပြုရန် လိုအပ်၏။ မြန်မာပြည်တွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများ ရှိသကဲ့သို့ ထပ်မံမြှုပ်နှံရန်လည်း စီမံကိန်းကြီးများစွာ ရှိနေသေးသည်။ ထို့ပြင် တရုတ်သည် မြန်မာပြည်အား တရုတ်ပြည်၏ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်အတွက် သေနင်္ဂဗျူဟာ အရေးပါသောဒေသအဖြစ် သတ်မှတ်ထားသည်။
ထို့ပြင် တရုတ်သည် အိန္ဒိယနှင့်မတူဘဲ မြန်မာပြည်နှင့် ပတ်သက်၍ တက်ကြွသည့်ပေါ်လစီကို ကျင့်သုံးသည့် တိုင်းပြည်ဖြစ်၏။ လက်ရှိ မြန်မာပြည်ဒီမိုကရေစီရေး လှုပ်ရှားမှုနှင့် လက်နက်ကိုင် တော်လှန်ရေးတို့အား တရုတ်တို့ မပြတ်စောင့်ကြည့်နေသည်။ တရုတ်တို့အနေနှင့် မြန်မာပြည်၌ ဒီမိုကရေစီစနစ်ဖြစ်စေ၊ မည်သည့်စနစ်ဖြစ်စေ ကျင့်သုံးမည်ကို တရုတ်တို့ စိုးရိမ်ပူပန်မှုမရှိပေ။ တရုတ်တို့လိုလားသည်မှာ မြန်မာပြည်ကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်မည့် အစိုးရမျိုးသာဖြစ်သည်။
သို့သော် ဒီမိုကရေစီရေး လှုပ်ရှားမှုများနှင့်အတူ တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ရောပြွမ်းပါလာသည်ကိုတော့ တရုတ်တို့ သတိထားစောင့်ကြည့်နေ၏။ သို့ဖြစ်ရာ ရှီကျင့်ဖျင် တခေတ် အစပြုလာချိန်တွင် မြန်မာ့အရေးနှင့် ပတ်သက်၍ မည်သို့သဘောထားမည်၊ မည်သည့်ပေါ်လစီ ချမှတ်မည်ဆိုသည်ကို မြန်မာ့အရေးနှင့်ပတ်သက် ၍ တာဝန်ရှိသူများ မပြတ်စောင့်ကြည့်ရန် လိုအပ်ပေသည်။
You may also like these stories:
ရှီကျင့်ဖျင် တရုတ်ကွန်မြူနစ်ပါတီ မဟာခေါင်းဆောင်ကြီး ဖြစ်လာပြီ
တရုတ်ကွန်မြူနစ် ကွန်ဂရက်မှ သမ္မတဟောင်း ဟူ ထွက်ခွာသွားမှု ခန့်မှန်းပြောဆိုနေ
“တရုတ်ကိုလည်း အရမ်းတော့ ဆဲဆိုပြီး မလုပ်နဲ့”
၅ နှစ်တကြိမ် ကျင်းပသည့် တရုတ်အမျိုးသားကွန်ဂရက်အကြောင်း သိကောင်းစရာ ၅ ခု