• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အမေရိကန်ဒေါ်လာဈေး ကျပ် ၁၇၃၀ ကျော်အထိ စံချိန်တင်မြင့်တက်

by ဧရာဝတီ
13 August 2021
in သတင်း
A A
အမေရိကန်ဒေါ်လာ  / ဧရာဝတီ

အမေရိကန်ဒေါ်လာ / ဧရာဝတီ

31.3k
VIEWS
Share on FacebookShare on Twitter

စစ်တပ်က အာဏာသိမ်းပြီးနောက် စီးပွားရေး ကျဆင်းသွားပြီး မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းလာခဲ့ရာ အမေရိ ကန်ဒေါ်လာ ငွေလဲလှယ်နှုန်းသည်လည်း ၁ ဒေါ်လာလျှင် ကျပ် ၁၇၃၅ အထိ စံချိန်တင် မြင့်တက်လာလျက်ရှိကြောင်း ပြည် တွင်း တရားဝင် ငွေလဲကောင်တာများ၏ ဈေးနှုန်းများအရ သိရသည်။

ပြီးခဲ့သည့် မေလအတွင်းက အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၁၇၀၀ ဝန်းကျင်အထိ အမြင့်ဆုံး ရောက်ရှိခဲ့ပြီးနောက် ယခု ဩဂုတ်လတွင်မူ အဆိုပါ အမြင့်ဆုံး စံချိန်ထက်ပင် ထပ်မံမြင့်တက်သွားခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာ့ပို့ကုန်များ၏ အဓိက ဈေးကွက်ဖြစ်သော တရုတ်နိုင်ငံသို့ တင်ပို့နေသည့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေခြင်းနှင့် ကိုဗစ်-၁၉ ကုသရေးအတွက် ပြည်ပမှ အောက်ဆီဂျင်ဗူးများ အပါအဝင် ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ ပစ္စည်းများကို တင်သွင်းမှု မြင့်မားနေခြင်းကြောင့် ဒေါ်လာလိုအပ်ချက် ကြီးမားကာ ထိုကဲ့သို့ ဈေးမြင့်တက်သွားခြင်း ဖြစ် ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက ဧရာဝတီကို ပြောသည်။

၎င်းက “ဇူလိုင်၊ ဩဂုတ် ကာလက ပြည်ပ ပို့ကုန်တင်ပို့မှုကလည်း ကျတယ်။ တဖက်မှာကလည်း ကိုဗစ်နဲ့ ပတ်သက်တဲ့ ဆေးဝါးတွေကလည်း ရုတ်တရက် တင်သွင်းမှု များလာတော့ ဒေါ်လာ လိုအပ်ချက်များလာပြီး ဒေါ်လာဈေး တက်သွား တာ” ဟု ဆိုသည်။

စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ် အနေဖြင့်လည်း ဒေါ်လာဈေးနှုန်းကို ထိန်းနိုင်ရန်အတွက် ဩဂုတ်လအတွင်း (၁၃ ရက်နေ့အထိ) အမေရိကန်ဒေါ်လာ ၁၃ သန်း ထုတ်ရောင်းပေးခဲ့ပြီး ဖေဖော်ဝါရီမှ ဇူလိုင်လအထိ ၆ လ အတွင်း၌လည်း အမေရိကန်ဒေါ်လာ သန်း ၉၀ နီးပါး ထုတ်ရောင်းထားသေးသည်။

ထိုသို့ ထုတ်ရောင်းနေသော်လည်း အမေရိကန်ဒေါ်လာ ဈေးနှုန်းသည် ဆက်တိုက် မြင့်တက်လာလျက် ရှိသည်။

ဒေါက်တာစိုးထွန်းက “ဗဟိုဘဏ်က ထွက်ရောင်းပေးတိုင်း ရတာမှ မဟုတ်တာ။ ဈေးကွက်ထဲမှာ ၁ ရက် ဒေါ်လာ သန်း ၁၀၀ လိုတယ်ဆိုရင် ၁၀ ရက်ဆိုရင် သန်း ၁၀၀၀ လေ။ သူ ထွက်ရောင်းပေးတဲ့ ၁၀ သန်းက ရာခိုင်နှုန်း နည်းနည်းလေး ရှိ တယ်” ဟု ပြောသည်။

အမေရိကန်ဒေါ်လာဈေးနှုန်း မြင့်တက်လာလျက် ရှိသလို ပြည်တွင်းရွှေ ဈေးနှုန်းသည်လည်း ယခု ဩဂုတ်လ အတွင်း၌ အခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ် ၅ သောင်းကျော်အထိ ဈေးနှုန်းမြင့်တက်လာနေသည်။

ဩဂုတ်လ အစပိုင်းတွင် ပြည်တွင်းရွှေ ဈေးနှုန်းသည် ၁ ကျပ်သားလျှင် ကျပ် ၁၅ သိန်း ၇ သောင်းကျော်ရှိရာ ဩဂုတ် ၁၃ ရက်နေ့ ဈေးနှုန်းများအရ ၁ ကျပ်သားလျှင် ကျပ် ၁၆ သိန်း ၂ သောင်းကျော်အထိ မြင့်တက်လျက် ရှိနေကြောင်း ပြည်တွင်း ရွှေဆိုင်များ၏ ဈေးနှုန်းထုတ်ပြန်ချက်များအရ သိရသည်။

ကမ္ဘာ့ရွှေဈေးနှုန်း ကျဆင်းနေသော်လည်း ပြည်တွင်းဝယ်လိုအား ပြန်တက်လာခြင်းကြောင့် ရွှေဈေးနှုန်း အနည်းငယ် ပြန် တက်လာခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ ရွှေဘုံသာလမ်းရှိ ရွှေဆိုင်ပိုင်ရှင် တဦးက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ အစပိုင်းက ကမ္ဘာ့ရွှေဈေးနှုန်းသည် ၁ အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၈၁၄ ရှိသော်လည်း ယနေ့ (ဩဂုတ် ၁၃ ရက်) တွင် ၁ အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၅၈ သာ ရှိသည်။

မြန်မာ့ကျပ်ငွေ တန်ဖိုးသည် အာဏာသိမ်းပြီးနောက် ၂၄ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ပြီး ငွေကြေး ဖောင်းပွမှုနှုန်းသည် ၆ ရာခိုင်နှုန်းအထိ ရှိလာနိုင်ကြောင်း ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ထုတ်ပြန်သော ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့် ကြည့်အစီရင်ခံစာက ဆိုထားသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

8 January 2026
35
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
294
စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

8 January 2026
35

You may also like these stories:

တရုတ်-မြန်မာကုန်သွယ်ရေး ရပ်တန့်မှု အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့် ဆုံးရှုံးနိုင်

မြန်မာစီမံကိန်းများအတွက် ငွေကြေးစိုက်ထုတ်ရန် တရုတ်က စစ်ကောင်စီနှင့် သဘောတူ

မြန်မာနိုင်ငံရှိ ပြည်ပကုမ္ပဏီများက ဆုံးရှုံးမှုများအတွက် တရားစွဲနိုင်

Your Thoughts …
Tags: စံချိန်တင်စစ်ကောင်စီအခေါက်ရွှေအမေရိကန်ဒေါ်လာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဟောင်းများ  / ဧရာဝတီ

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးဟောင်းများ အဂတိမှုဖြင့် အမှုဖွင့်ခံရ

နုတ်ထွက်သွားြပီြဖစ်သည့် ဝ အမျိုးသားပါတီ ဥက္ကဌ ဟောင်း ဦးစိုင်းပေါင်နပ်

စစ်ကောင်စီကို ထောက်ခံ၍ ရှုတ်ချခံနေရသည့် “ဝ” ပါတီ ဥက္ကဌ ပါတီကနှုတ်ထွက်

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.1k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved