• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အလုပ်သမား အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးကြောင်း စစ်ကောင်စီ လိမ်လည်ထုတ်ပြန်

by ဧရာဝတီ
26 August 2021
in သတင်း
A A
-- / --

-- / --

30.6k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်း စစ်ကောင်စီ လက်အောက်ရှိ ယန္တရားများ အားလုံးမှ နုတ်ထွက်ကြောင်း တရားဝင် ကြေညာထားသည့် အလုပ်သမား အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေသည်ဟုဆိုကာ စစ်ကောင်စီက အဖွဲ့အစည်း အမည် များကို အလွဲသုံးစားလုပ်ပြီး လိမ်လည်ထုတ်ပြန် ကြေညာနေကြောင်း အလုပ်သမား အဖွဲ့အစည်းများထံမှ သိရသည်။

ကိုဗစ်ဖြစ်ပွားမှုနှင့် ပတ်သက်၍ စစ်ကောင်စီက အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ၃ ပွင့်ဆိုင် ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး မြန်မာ နိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)၊ မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ် သမား သမဂ္ဂများအဖွဲ့ချုပ် (MICS)တို့ တက်ရောက်ခဲ့ကြောင်း ၎င်းတို့၏ ဝါဒဖြန့်မီဒီယာမှတဆင့် သြဂုတ် ၃ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

RelatedPosts

မောင်းသူမဲ့ Waymo Robotaxi တွေ မိုင်ပေါင်း သန်း ၁၀၀ ကျော် ခရီးဆန့်ပြီးပြီ ဆိုပဲ

မောင်းသူမဲ့ Waymo Robotaxi တွေ မိုင်ပေါင်း သန်း ၁၀၀ ကျော် ခရီးဆန့်ပြီးပြီ ဆိုပဲ

20 July 2025
100
ဗိုလ်ချုပ်အောင်ဆန်းသမီး တက်ခွင့်မရတဲ့ အာဇာနည်နေ့ (ရုပ်/သံ)

ဗိုလ်ချုပ်အောင်ဆန်းသမီး တက်ခွင့်မရတဲ့ အာဇာနည်နေ့ (ရုပ်/သံ)

19 July 2025
91
ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

19 July 2025
667

ပြည်သူလူထု အများစု၏ဆန္ဒကို လျစ်လျူရှှု၍ စစ်တပ်က အာဏာကို မတရားသဖြင့် သိမ်းယူခဲ့မှုအပေါ် မိမိတို့အနေ ဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း၊ အလုပ်သမားရေးရာ ကိစ္စရပ်များအတွက် စစ်အစိုးရအဖွဲ့နှင့် လက်တွဲဆောင် ရွက်ခြင်း ပြုမည်မဟုတ်ကြောင်း ဖေဖော်ဝါရီ ၃ ရက်နေ့ကတည်းက CTUM က အတိအလင်း ထုတ်ပြန်ထားခဲ့ပြီး ဖြစ်သည်။

တဖက်တွင်လည်း စစ်ကောင်စီက အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်များ၊ အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်း စုစုပေါင်း (၁၆) ဖွဲ့ကို တရားမဝင် အဖွဲ့များအဖြစ် မတ်လ ၂ ရက်နေ့ကတည်းက တရားဝင် ကြေညာထားခဲ့ပြီး အလုပ်သမားအရေး ဆောင်ရွက်သူများကိုလည်း ဖမ်းဝရမ်းထုတ်ခြင်း၊ တရားစွဲခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းထားခြင်းများ ပြု လုပ်လျက် ရှိသည်။

စစ်ကောင်စီ၏ လိမ်လည်ထုတ်ပြန်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင်က စစ်ကောင်စီသည် အလုပ်သမားသမဂ္ဂ အဖွဲ့အစည်းများဖြင့် အဆင်ပြေစွာ လက်တွဲလုပ်ဆောင်  နေကြောင်း နိုင်ငံတကာကို ပြသချင်သည့် ရည်ရွယ်ချက်ဖြင့် ထိုကဲ့သို့ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ပြောသည်။

၎င်းက “အလုပ်သမား သမဂ္ဂတွေကို ဂရုမစိုက်ဘူး။ ILO ကို ဂရုမစိုက်ဘူးဆိုပြီး ပြောပေမယ့် လိမ်ပြီး CTUM က တက်တယ်၊ MICS က တက်တယ်ဆိုပြီး လုပ်နေတာကို ပြည်သူက သိဖို့လိုပါတယ်။ ILO ရော၊ ဥရောပသမဂ္ဂက နိုင်ငံတွေ အားလုံးက ဒီလိမ်တဲ့ထဲ ပါမသွားအောင်လို့ ပြောတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

စစ်ကောင်စီ ထုတ်ပြန်သည့် ၃ ပွင့်ဆိုင် ယန္တရားတွင် ပါဝင်ဆွေးနွေးသည်ဆိုသော မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (MICS-TUFs) ၏ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်မှာ စစ်ကောင်စီ၏ ဖမ်းဆီးချုပ်နှောင်မှုကို ခံထားရသည်မှာ ၂ လကျော် ရှိပြီ ဖြစ်သည်။

ထို့ပြင် သွေးစည်းညီညွတ်သော အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM) ၏ ဒါရိုက်တာ ဒေါ်မျိုးမျိုးအေးနှင့် အခြားသော အလုပ်သမားရေး ဆောင်ရွက်နေသူများကိုလည်း စစ်ကောင်စီက ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။

နိုင်ငံတွင်း အလုပ်သမား၊ အလုပ်ရှင် ဖွံ့ဖြိုးရန်အတွက် သုံးပွင့်ဆိုင် ပုံဖော်ရမည့် စီမံချက် Decent Work Country Program (DWCP) ကိုလည်း လာမည့် စက်တင်ဘာလတွင် ရပ်ဆိုင်းမည်ဖြစ်ကြောင်း စစ်ကောင်စီက အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ကို အကြောင်းကြားထားပြီး ဖြစ်ကြောင်း သိရသည်။

ထို့ပြင် CTUM ၏ ဗဟိုကော်မတီဝင် အားလုံးကို ဝရမ်းထုတ်ထားသည့်အတွက် ILO ၏ Governing Body တွင် ကမ္ဘာ့ အလုပ်သမား ကိုယ်စားပြုအဖြစ် CTUM မှ ဒေါ်ဖြိုးစန္ဒာစိုးအား ရွေးချယ်မှုအပေါ်လည်း ILO သည် ဥပဒေ ချိုးဖောက်နေ  ကြောင်း စစ်ကောင်စီက ကန့်ကွက်စာ ပေးပို့ထားသည်။

ထို့ကြောင့် CTUM နှင့် MICS တို့၏ အမည်ကို အလွဲသုံးစားပြုကာ အစည်းအဝေး တက်ရောက်သော၊ ဆက်သွယ် လာသော မည်သည့် လူပုဂ္ဂိုလ်ကိုမဆို အသိအမှတ်မပြုရန် ၃ ပွင့်ဆိုင်ဆွေးနွေးပွဲတွင် ပါဝင်သော ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ကိုလည်း CTUM က အသိပေးလိုက်သည်။

အဆိုပါ ပုဂ္ဂိုလ်များကို အသိအမှတ်ပြုပြီး သုံးပွင့်ဆိုင်ယန္တရား ပြုလုပ်သည်ဟု ထုတ်ပြန်လာပါက UMFCCI အနေဖြင့် အပြည်ပြည်ဆိုင်ရာ စီးပွားရေး ပိတ်ဆို့ခြင်းများနှင့် လူပုဂ္ဂိုလ်များအပေါ် စီးပွားရေး ပိတ်ဆို့ခြင်း၊ ကန့်သတ်ခြင်းများ သက်ရောက်မှု ရှိလာနိုင်ကြောင်းလည်း CTUM က သတိပေး ပြောဆိုသည်။

ဇွန်လတွင် ပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ (International Labor Conference – ILC) တက်ရန် အာဏာသိမ်း စစ်ကောင်စီရော၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပါ လျှောက်ထားသော်လည်း နှစ်ဖက်စလုံး ကို ILC အရည်အသွေး စိစစ်ရေး ကော်မတီက ငြင်းပယ်ခဲ့သည်။

CTUM သည် ၁၀၉ ကြိမ်မြောက် အဆိုပါ ညီလာခံတွင် စစ်ကောင်စီကို နိုင်ငံကိုယ်စားပြုမူ မရရှိစေရန်အတွက် ဆောင် ရွက်ခဲ့သော အဖွဲ့အစည်းတခုလည်း ဖြစ်သည်။

You may also like these stories:

အဖမ်းခံရသည့် အလုပ်သမားအရေး ဆောင်ရွက်သူ ဦးသက်နှင်းအောင် မိသားစုနှင့် တွေ့ခွင့်မရ

ILO ကနေ ပိုပြီးပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဖို့အတွက် ပိုကြိုးစားသွားပါမယ်

Your Thoughts …
Tags: CTUMILOစစ်ကောင်စီအလုပ်သမားအဖွဲ့အစည်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.5k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
111k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.4k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.3k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.2k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ကောင်စီ၏ ထီရောင်းချနိုင်မှု ရငွေသည် NLD အစိုးရလက်ထက် ရငွေ၏ ၆ ရာခိုင်နှုန်းခန့်သာ ရှိသည် / ဧရာဝတီ

အောင်ဘာလေထီ နိဂုံးချူပ်တော့မလား

တရုတ်နိုင်ငံဘက်ခြမ်းမှ မီးရထားလမ်း / Chinese Embassy in Myanmar

တရုတ်-မြန်မာ ရထားလမ်းပိုင်းသစ် တရုတ်ဘက်ခြမ်းတွင် စတင်ဖွင့်လှစ်

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
4.8k
ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

5 days ago
4.8k

Most Read

  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဉ့်ကူးရောက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate