• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဖမ်းဆီးခံ စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း ခွဲစိတ်ကုသမှုခံယူရ

by ဧရာဝတီ
23 December 2021
in သတင်း
A A
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်း  / ဧရာဝတီ

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်း / ဧရာဝတီ

13.6k
VIEWS
Share on FacebookShare on Twitter

အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃-၁ (ဂ) ဖြင့် သြစတြေးလျနိုင်ငံသား ပါမောက္ခရှောင်တာနဲလ်နှင့်အတူ စစ်ကောင်စီ က ဖမ်းဆီးထားသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်းသည် ယမန့်နေ့က ခွဲစိတ်ကုသမှု ခံယူထားသည့်အတွက် ယနေ့ ရုံးချိန်းမတက်နိုင်ခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။

အသက် ၈၃ နှစ်အရွယ် ရှိပြီဖြစ်ပြီး အူမကြီးကင်ဆာ ရောဂါဝေဒနာ ခံစားနေရသော ဦးစိုးဝင်းအနေဖြင့် ယခင်အပတ် ကတည်းက နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံတွင် တက်ရောက် ကုသနေရခြင်း ဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဗဟို စီးပွားရေးကော်မတီအဖွဲ့ဝင်လည်းဖြစ်သူ၊ ဘဏ်လုပ်ငန်းနှင့် ငွေကြေးဆိုင် ရာမူဝါဒ လုပ်ငန်းကဏ္ဍများတွင် အတွေ့အကြုံရှိပြီး ကျွမ်းကျင်သူတဦးလည်းဖြစ်သူ ဦးစိုးဝင်းကို သမ္မတဦးဝင်းမြင့်က ၂၀၁၈ တွင် နုတ်ထွက်သွားသည့် စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနေရာ၌ ဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းကာ ခန့် အပ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီက ဦးစိုးဝင်းနှင့် ဦးကျော်ဝင်းတို့ ၂ ဦးအား တမှုတည်း၌ ပူးတွဲတရားစွဲဆိုပြီး နေ ပြည်တော် အချုပ်ထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားသည်။

ယင်းအမှုသည် စီးပွားရေးအကြံပေးဖြစ်သူ ဩစတေးလျနိုင်ငံသား ပါမောက္ခရှောင်တာနယ်၏ ကွန်ပျူတာအတွင်း တွေ့ရှိ သည့် စာရွက်စာတမ်းအချို့နှင့် ပတ်သက်ပြီး အစိုးရလျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃-၁(ဂ) ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကာ အမှုတွဲများအဖြစ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း၊ ဦးကျော်ဝင်းနှင့် စီမံ/ဘဏ္ဍာ ဒုဝန်ကြီး ဦးဆက်အောင်တို့ ပါဝင်လျက် ရှိသည်။

အစိုးရလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃-၁ (ဂ) သည် ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်ခံရနိုင်သည့်ပုဒ်မ ဖြစ်သည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
342
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
23
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
49

ပါမောက္ခရှောင်တာနယ် တဦးတည်း အနေဖြင့်လည်း လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုဖြင့် သီးခြားတရားစွဲဆို ခံထားရသေးသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ စစ်ကောင်စီက စီမံထားသော အထူးသီးသန့် တရားရုံးတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း ရုံးထုတ်စစ်ဆေးလျက်ရှိရာ ယနေ့ ရုံးချိန်းတွင် သက်သေများ လာရောက်ခြင်း မရှိသည့် အတွက် အမှုကို စစ်ဆေးနိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

You may also like these stories:

ဒေါ်အောင်ဆန်းစုကြည် လျှို့ဝှက်ချက်အက်ဥပဒေ အမှု သက်သေ မလာ၍ မစစ်ဆေး

စီးပွားရေးအကြံပေး မစ္စတာရှောင်တာနဲလ်အမှု နိုဝင်ဘာ ၂၅ ရက်နေ့ စတင်ကြားနာမည်

Your Thoughts …
Tags: စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းပုဒ်မ ၃-၁ (ဂ)အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်း / ဧရာဝတီ

NLD စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း ပြန်လွတ်

by ဧရာဝတီ
29 October 2022
11.6k

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်း အောက်တိုဘာ ၂၈ ရက် တွင် ရမည်သင်းအကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း ရှေ့နေဖြစ်သူက ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေး အကြံပေး မစ္စတာ ရှောင်တာနယ်

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှောင်တာနယ်အမှုတွဲ စွဲချက်တင်ခံရ

by ဧရာဝတီ
9 June 2022
2.6k

ယခု စွဲချက်တင် အမိန့်ချလိုက်သည့် နိုင်ငံတော်အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃-၁(ဂ) သည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၄ နှစ်ထိ ချမှတ်ခံရနိုင်သည့်ပုဒ်မ ဖြစ်သည်။

စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း / ထက်နိုင်ဇော် / ဧရာဝတီ

မြန်မာ့စီးပွားရေး စိတ်မပူရန် စီမံ/ဘဏ္ဍာ ဝန်ကြီးအသစ်ပြော

by မိုးမိုး
5 June 2018
25.9k

မြန်မာ့ စီးပွားရေးကဏ္ဍအတွက် ပြည်သူများစိတ်မပူကြရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်ခံရသူ ဦးစိုးဝင်းက ပြောကြားသည်။

Next Post
စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးသွားသည့် ခွန်ဆာတပ်ဖွဲ့ဝင်ဟောင်းများ  / CJ

စစ်တပ်ဖမ်းသွားသည့် ခွန်ဆာ တပ်ဖွဲ့ဝင်ဟောင်းများထဲမှ ၂ ဦး စစ်ကြောရေး၌သေဆုံး

သတ်ခံရသည့် မောင်တောမြို့ ထွေအုပ်ဝန်ထမ်း

မောင်တော ထွေ/အုပ် စာရေး သတ်ခံရမှု သံသယရှိသူတဦး ဖမ်းထား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved