• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တောင်သာနယ်၌ ဉာဏ်ရည်မမီသူတဦးကို စစ်ကောင်စီတပ်သား အဓမ္မကျင့်

by ဧရာဝတီ
8 April 2022
in သတင်း
A A
တောင်သာမြို့နယ်

တောင်သာမြို့နယ်

31.2k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ ဇဂျမ်းကျေးရွာတွင် ဉာဏ်ရည်မမီအမျိုးသမီးတဦးကို ဇဂျမ်းအထက် တန်းကျောင်းတွင် အစောင့်ကျသည့် စစ်သားတဦးက အဓမ္မပြုကျင့်မှု ဧပြီ ၅ ရက်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံ များထံမှ သိရသည်။

ဇဂျမ်းကျေးရွာသားတဦးက “မုဒိမ်းကျင့်တဲ့ကောင်က ရိုးရိုးတပ်သားအဆင့် ကျောင်းဝင်းထဲမှာ တာဝန်ကျနေတာ။ ကောင် မလေးအိမ်နဲ့ စာသင်ကျောင်းက လမ်းပဲခြားတယ်။ အဲဒီနေ့က ကောင်မလေး အိမ်ကနေထွက်အသွားမှာ အဲဒီကောင်က ကျောင်းခြံစည်းရိုးကို ကျော်ပြီးလိုက်သွားတယ်။ ကျောင်းအနောက်ဘက် ဈေးတန်းထဲမှာ အဓမ္မပြုကျင့်တာ။ လက်မောင်းမှာတော့ ၇၇ တံဆိပ်တွေ ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဓမ္မကျင့်ခံရသည့် အမျိုးသမီးမှာ အသက် ၂၁ နှစ် ဝန်းကျင်အရွယ်ဖြစ်ပြီး မိဘများ လယ်ယာလုပ်ငန်းခွင်သို့ သွားနေချိန် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ၎င်းအမျိုးသမီးနှင့်အတူ ကျန်ရစ်သော မောင်နှမများမှာလည်း လူမမည်အရွယ် ကလေးများ ဖြစ်ကြောင်း သိရသည်။

“အဲဒီကောင် မုဒိမ်းကျင့်နေတာကို အမျိုးသမီး ၂/၃ ဦးလောက်က တွေ့တယ်။ သူတို့ကလည်း မပြောရဲတော့ သူနဲ့ ညီအစ်မဝမ်းကွဲကိုပြောပြီး ကောင်မလေးကို သွားခေါ်တော့လည်း ကျင့်လျက်ပဲ။ အဲဒီမှာ ညီအစ်မဝမ်းကွဲကလည်း မပြောရဲတော့ ကောင်မလေးအဖေကို သွားပြောပြီး ခေါ်တော့လည်း စစ်သားဆီမှာက လက်နက်ပါတော့ မပြောရဲလို့ သူ့သမီးကိုပဲခေါ်တာမှာ ဟိုကောင်က ထွက်ပြေးသွားတယ်” ဟု ၎င်းမိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။

အဆိုပါဖြစ်စဉ်အား ဖခင်ဖြစ်သူကိုယ်တိုင် မျက်မြင်တွေ့ရှိသဖြင့် ဇဂျမ်းနယ်မြေရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ရာ တာဝန်ယူဖြေရှင်းပေးခြင်း မရှိသလို စစ်တပ်ဘက်ကလည်း တာဝန်ယူဖြေရှင်းမပေးဘဲ အဓမ္မပြုကျင့်သည့် တပ်သားအား ဖျောက်ထားကြောင်း သိရသည်။

“ကောင်မလေးနဲ့ မိဘတွေက ဇဂျမ်းစခန်းကို သွားတိုင်တော့ စခန်းမှူးက အမှုဖွင့်မပေးရဲဘူး။ သူ့အထက်အရာရှိကို ဖြစ်စဉ် တင်ပြတော့ ခိုင်လုံတဲ့သက်သေပြဖို့ လိုတယ်လို့ ပြောတယ်။ အဲဒါကြောင့် ကျောင်းထဲကစစ်သားတွေကို တန်းစီခိုင်း ပြီးပြတော့ မုဒိမ်းကျင့်တဲ့ကောင်က မပါဘူး။ ဒါနဲ့ပဲ အမှုက ဖွင့်လို့မရဘူး ဖြစ်နေတာပေါ့။ တပ်ဘက်ကလည်း ဘာမှဖြေ ရှင်းပေးတာမျိုး မရှိဘူး” ဟု ဒေသခံတဦးက ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
505
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
37
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
83

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တောင်သာမြို့နယ်လူထုလှုပ်ရှားမှုကော်မတီက ဧပြီ ၆ ရက်တွင် လူမှုကွန်ရက်စာမျက်နှာမှ တဆင့် သတင်းထုတ်ပြန်ခဲ့ပြီးနောက် ယင်းနေ့ညပိုင်းတွင် အင်အား ၃၀ ခန့် ပါဝင်သော စစ်ကောင်စီတပ်သည် စစ်ကားဖြင့် ဇဂျမ်းကျေးရွာသို့ ရောက်ရှိလာပြီး လူမိုက်ဆန်ဆန် မိုက်ကြေးခွဲခြင်းများ ပြုလုပ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

“မနေ့ကညနေပိုင်းမှာ စစ်ကားနဲ့ ရွာထဲကို စစ်သားတွေရောက်လာပြီးတော့ ဘယ်သူက သတင်းပေးလိုက်တာလဲ။ ဘာဖြစ် ချင်ကြတာလဲ။ တရွာလုံးကို မီးရှို့ပစ်လ်ိုက်ရမလား ဆိုတာတွေရော စုံနေတာပဲ။ ဆဲဆိုပြီးတော့ ရမ်းကားသွားကြတယ်။ တခု ရှိတာက ပြုကျင့်ခံရတဲ့ ကောင်မလေးရဲ့ မိသားစုက အစိမ်းတွေဆိုတော့ ကျန်တဲ့ရွာသားတွေကလည်း ဘာသိဘာပဲ နေလိုက်ကြတော့တယ်” ဟု ဇဂျမ်းဒေသခံတဦးက ပြောသည်။

လက်ရှိတွင် တောင်သာမြို့နယ်အတွင်းမှ ဇဂျမ်း၊ ကန်မြဲ၊ ကျောင်းအို စသည့် ကျေးရွာများအတွက် ရပ်ရွာလုံခြုံရေး အကြောင်းပြချက်ဖြင့် ဇဂျမ်းကျေးရွာ အထက်တန်းကျောင်းတွင် စစ်ကောင်စီ တပ်သားများက တပ်စွဲထားပြီး ညစဉ် ပတ်ကင်းများဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ တောင်သာမြို့နယ်အပြင် မြင်းခြံ၊ နွားထိုးကြီး၊ ငါန်းဇွန်မြို့နယ်များသည် စစ်ကောင်စီ တပ်နှင့် ပျုစောထီးများ အားကောင်းပြီး ပြည်သူများအား မတရားဖမ်းဆီးခြင်း၊ ကျေးရွာများအတွင်း ဝင်ရောက် စီးနင်းလု ယက်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

Your Thoughts …
Tags: စစ်သားဇဂျမ်းကျေးရွာဉာဏ်ရည်မမီတောင်သာမြို့နယ်အဓမ္မပြုကျင့်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အချုပ်ကျ အမျိုးသမီးကို မုဒိမ်းကျင့်သည့် ပ.လ.ဖ အဖွဲ့ဝင်များ အရေးယူခံရမည်

အချုပ်ကျ အမျိုးသမီးကို မုဒိမ်းကျင့်သည့် ပ.လ.ဖ အဖွဲ့ဝင်များ အရေးယူခံရမည်

by ဧရာဝတီ
7 August 2023
8.2k

ကျူးလွန်သူ ၈ ဦးကို မြို့နယ်အချုပ်ထောင်တွင် ဖမ်းဆီးထားပြီး တာဝန်များအားလုံးကို ရပ်ဆိုင်းထားကြောင်း၊ အလားတူ ကျူးလွန်ခံရသည့် အမျိုးသမီးကိုလည်း တာဝန်မှရပ်ကာ သာမန်ပြည်သူအဖြစ် စောင့်ရှောက်ထားပြီး ကျန်းမာရေး ကောင်းမွန်ကြောင်း

သာပေါင်းမြို့နယ် မိဘမဲ့ကျောင်းမှ ၅ နှစ်အရွယ် မိန်းကလေးတဦး အဓမ္မကျင့်ခံရ

သာပေါင်းမြို့နယ် မိဘမဲ့ကျောင်းမှ ၅ နှစ်အရွယ် မိန်းကလေးတဦး အဓမ္မကျင့်ခံရ

by ဧရာဝတီ
18 July 2023
5.4k

ကျောင်းဝေယျာဝစ္စ ပြုလုပ်သူ ကိုအလုံးဆိုသူက အဓမ္မပြုကျင့်ခဲ့ပြီးနောက် ကျောင်းနေ ဦးပဉ္ဇင်းတပါး ဖြစ်သည့် ဦးစန္ဒာသီရိကို တိုင်ကြားရာ အဆိုပါဦးပဉ္ဇင်းကပါ ကလေးငယ်ကို ကျောင်းခန်းအတွင်း ဆေးထည့်ပေးရင်းနှင့် လိင်စိတ်ဖြေခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း

စစ်တွေ ဗျိုင်းဖြူရွာတွင် စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ် အလောင်း ဖျောက်

စစ်တွေ ဗျိုင်းဖြူရွာတွင် စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ် အလောင်း ဖျောက်

by ဧရာဝတီ
1 June 2024
3k

မေလ ၂၉ ရက်နေ့ မွန်းလွဲ၂ နာရီဝန်းကျင်တွင် အင်အား ၁၀၀ ကျော်ပါဝင်သည့် စစ်ကောင်စီတပ်သားများက ဗျိုင်းဖြူကျေးရွာသို့ ဝင်ရောက်လာပြီး ကျေးရွာသားများကို နေအိမ်မှထွက်ခိုင်းကာ ရွာလယ်ကွင်းပြင်တွင် လူစုခိုင်းပြီး ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း

စစ်တပ် သတ်ဖြတ်ခဲ့သည့် ၄ ဦးတွင် ကိုယ်ဝန်ဆောင်တဦးမှာ အဓမ္မပြုကျင့်ခံထားရ

စစ်တပ် သတ်ဖြတ်ခဲ့သည့် ၄ ဦးတွင် ကိုယ်ဝန်ဆောင်တဦးမှာ အဓမ္မပြုကျင့်ခံထားရ

by ဧရာဝတီ
29 August 2023
2.5k

ဝက်လက်မြို့နယ် အနောက်ခြမ်းရှိ ကျီးကန်တောင်ရွာ၊ ကျီးကန်မြောက်ရွာမှ ဒေသခံ အမျိုးသား ၃ ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးအား စစ်ကောင်စီ စစ်ကြောင်း ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ရက်ရက်စက်စက် သတ်ဖြတ်ထားခဲ့

နတ်မြစ်ထဲမှာမျောနေတဲ့ စစ်ကောင်စီတပ်သားတွေ (ရုပ်/သံ)

နတ်မြစ်ထဲမှာမျောနေတဲ့ စစ်ကောင်စီတပ်သားတွေ (ရုပ်/သံ)

by မိုးသောက်
16 July 2024
812

ရခိုင်ပြည်နယ်မြောက်ပိုင်းကတိုက်ပွဲတွေကြောင့် စက်လှေနဲ့ထွက်ပြေးလာတဲ့ စစ်ကောင်စီလက်အောက်ခံ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) နဲ့ စစ်သား၁၀၀ကျော် နတ်မြစ်ထဲမျောနေတယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းဌာနတွေက ဇူလိုင်လ ၁၄ ရက်နေ့မှာ ဖော်ပြကြပါတယ်။

မိခင်ဖြစ်သူကို အဓမ္မပြုကျင့် သတ်ဖြတ်ပြီး ကလေးတွေကိုပါ စစ်တပ်က သတ်ဖြတ်ခဲ့  / CJ

ပေါက်တွင် စစ်တပ်က သားအမိ ၃ ဦးကို သတ်ဖြတ်ပြီး မိခင်ဖြစ်သူကို အဓမ္မပြုကျင့်

by ဧရာဝတီ
9 March 2022
38.4k

ရုပ်အလောင်းကို ပြည်သူ့စွမ်းအားတပ်ပေါင်းစုအဖွဲ့မှ ဆရာဝန်က စစ်ဆေးရာ တွင်လည်း အဓမ္မပြုကျင့်ခံရသည်ကို အတည်ပြုနိုင်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

Next Post
စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ပေါ်တွင် တွေ့ရသည့် စစ်ကောင်စီတပ်  / ဧရာဝတီ

ဓားစာခံအဖြစ် ဖမ်းခံရသည့် ၄ နှစ်ကလေးငယ်နှင့် အဆက်သွယ်ပြတ်နေ

ထူးအပန်းဖြေစခန်းတွင် ပြုလုပ်မည့် သင်္ကြန်ပွဲကြော်ညာ

ဝေဖန်မှုများရှိသော်လည်း “ထူး” သင်္ကြန်ပွဲကို ဆက်ကျင်းပမည်ဟု ဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved