• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဓားစာခံအဖြစ် ဖမ်းခံရသည့် ၄ နှစ်ကလေးငယ်နှင့် အဆက်သွယ်ပြတ်နေ

by ဧရာဝတီ
8 April 2022
in သတင်း
A A
စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ပေါ်တွင် တွေ့ရသည့် စစ်ကောင်စီတပ်  / ဧရာဝတီ

စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ပေါ်တွင် တွေ့ရသည့် စစ်ကောင်စီတပ် / ဧရာဝတီ

31k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်း၊ အလုံမြို့နယ် စက်တွင်းလမ်းရှိ BC မူကြိုကျောင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အင်အားသုံး ဖမ်းဆီး ခြင်းခံခဲ့ရသည့် ၄ နှစ်အရွယ် ကလေးငယ်အား မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို ယနေ့အချိန်ထိ မသိရသေးကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ဖခင်ဖြစ်သူအား ရှာဖွေမတွေ့ရှိသဖြင့် ၄ နှစ်အရွယ် သားဖြစ်သူကို မူကြိုကျောင်းမှနေ၍ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အရပ်ဝတ်များဝတ်ကာ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားချိန်မှစ၍ ယခုအချိန်ထိ မည်သည့်နေရာတွင် ထားရှိသည်ကို မသိရှိရသေးကြောင်း ယနေ့ရက်စွဲ ဖြင့် ထုတ်ပြန်ထားသည်။

ထို့ပြင် ကလေးငယ်၏ မိခင်အား ဖမ်းဆီးထားပြီး စစ်ကြောရေး လုပ်နေစဉ်ကာလအတွင်း ကလေးငယ်အား ထပ်မံဖမ်း ဆီးခြင်း ဖြစ်သောကြောင့် ကလေးငယ်နှင့် မိခင်တို့၏ အသက်အန္တရာယ်ပါ စိုးရိမ်ဖွယ်ရာ အခြေအနေ ဖြစ်ကြောင်း သိရှိရသည်ဟုလည်း NUG က ဆိုထားသည်။

ပြီးခဲ့သည့် ဧပြီ ၅ ရက် နေ့လယ် ၁၂ နာရီနှင့် ၁ နာရီကြား အချိန်ခန့်တွင် Double Cap ၁ စီး၊ ရဲကား ၁ စီး၊ အိမ်စီးကား ၁ စီးနှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုယ်တိုင် ပါဝင်သည့် အရပ်ဝတ် စစ်ကောင်စီတပ်သားများသည် BC မူကြိုကျောင်းသို့ ရောက်လာခဲ့ကြောင်း၊ ကျောင်းပေါ်သို့ စစ်ကောင်စီတပ်သား ၅ ဦးက လက်နက်များဖြင့် တက်လာခဲ့ ပြီး ကလေးအား မူကြိုဆရာမများထံမှ တောင်းယူဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောပြချက်အရ သိရသည်။

မူကြိုကျောင်းမှ ဆရာမတဦးက “ကလေးအမေက ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို ထောက်ခံလို့ ဖမ်းခိုင်းထား တယ်။ ကားက အောက်မှာရှိတယ်။ ကလေးကို လာခေါ်တာ။ အဲဒါကို ကျမက ကလေးအမေကို ကျောင်းအပ်တဲ့အချိန် တချိန်ပဲ မြင်ဖူးလိုက်ပါတယ်။ ကျန်တဲ့အချိန်တွေက အဘိုးအဘွားတွေပဲ မြင်ဖူးပါတယ်ဆိုပြီး ကျမက ကလေးကို ထုတ် မပေးဘူး။ သူတို့နဲ့ အချေအတင် ဖြစ်တယ်။ နောက်ဆုံးမှာ ကျမတို့တားတဲ့ကြားက မရဘူး။ ကျန်တဲ့ကလေးတွေကို လည်း ငဲ့ညာတဲ့အနေနဲ့ ထည့်ပေးလိုက်ရတယ်ပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

RelatedPosts

အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

10 January 2026
14
ကမ္ဘာကျော် Tomorrowland ဂီတပွဲတော် ထိုင်းမှာ ကျင်းပမယ်

ကမ္ဘာကျော် Tomorrowland ဂီတပွဲတော် ထိုင်းမှာ ကျင်းပမယ်

10 January 2026
25
မဲရုံမှာ ရှုံးသော်လည်း ကြိုတင်မဲဖြင့် အနိုင်ယူသည့် ကြံ့ဖွံ့အမတ် တဒါဇင်ကျော်ရှိ

မဲရုံမှာ ရှုံးသော်လည်း ကြိုတင်မဲဖြင့် အနိုင်ယူသည့် ကြံ့ဖွံ့အမတ် တဒါဇင်ကျော်ရှိ

10 January 2026
91

စစ်ကောင်စီတပ်ဖွဲ့ဝင်များ မူကြိုကျောင်းပေါ်တက်လာသည့်အချိန်မှာ ကျောင်းရှိကလေးများ နေ့လယ်စာစားပြီး အိပ်နေ သည့်အချိန် ဖြစ်သောကြောင့် ဖမ်းဆီးခံရသည့် ကလေးငယ် အပါအဝင် ကလေးအများစုမှာ အိပ်ပျော်လျက်ရှိကြပြီး တချို့သော ကလေး ၄/၅ ယောက်ခန့်သာ အိပ်မပျော်ဘဲ ရှိနေကြောင်း၊ ကလေးငယ်မှာ အိပ်ပျော်လျက်သား ဖမ်းဆီးခံ ရခြင်းဖြစ်သဖြင့် စစ်ကောင်စီက လာရောက်ဖမ်းဆီးသည့် မြင်ကွင်းကို ကလေးငယ် မြင်တွေ့ခဲ့ခြင်း မရှိကြောင်း ဆရာမက ရှင်းပြသည်။

ကလေးအား စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း ၎င်း၏ အဘိုးအဘွားများထံ အကြောင်းကြား ခဲ့ကြောင်း၊ လက်ရှိအချိန်ထိ ကလေးငယ် မည်သည့်နေရာတွင်ရှိနေသည်ကို မသိရသေးဘဲ အဆက်အသွယ် ပြတ်နေကြောင်းလည်း ဆရာမက ပြောသည်။

၎င်းက “အခုထိ ကလေးကို ဘယ်ခေါ်သွားလဲဆိုတာ မသိရသေးပါဘူး။ ကျမကတော့ ကလေးကို မပေးချင်ဘူး။ ကျမ မွေးစား မယ်လို့တောင် ပြောခဲ့တာ။ ဒါပေမဲ့ မရခဲ့ဘူး။ ကလေးကို ကောင်းကောင်းမွန်မွန်နဲ့ ကျမဆီကို ပြန်လာထားပေးဖို့ပဲ ပြော ချင်တယ်။ ကလေးကို ဘာမှထိခိုက်မှုမရှိဘဲ ကျမဆီကို ပြန်လာထားပေးပါလို့ တောင်းဆိုပါတယ်။ အဲဒါပါပဲ” ဟု ဆိုသည်။

ကလေး၏ မိဘများမှာ PDF များအား ထောက်ပံ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီက လိုက်လံရှာဖွေနေခြင်း ကြောင့် တိမ်းရှောင်နေရသည့်အတွက် ကလေးမှာ အဘိုးအဘွားများနှင့်အတူ နေထိုင်နေခြင်း ဖြစ်ကြောင်း ယင်းရပ် ကွက်နေ ပြည်သူတဦးက ပြောသည်။

၎င်းက “လွန်တာပေါ့။ လုံးဝကို မဖြစ်သင့်တာ လူစိတ်တွေသာရှိရင်။ သူတို့လုပ်ပုံက ကလေးမှာ စိတ်ဒဏ်ရာတောင် ရသွားနိုင်တယ်။ လုံးဝ လူမဆန်တဲ့ လုပ်ရပ်လို့ မြင်မိတယ်။ ကိုယ်တွေအရွယ်တောင် အဲဒီလိုအလုပ်ခံရရင် ကြောက်သေးတာ။ ၄ နှစ်အရွယ်လေးဆိုတော့ ပိုဆိုးတာပေါ့” ဟု မှတ်ချက်ပြုသည်။

အဘိုးအဘွားများက ကောင်းမွန်စွာ စောင့်ရှောက်နိုင်သည့် အခြေအနေတွင် ယခုကဲ့သို့ ကလေးငယ်အား ဖမ်းဆီး လိုက်ခြင်းမှာ ကလေးအတွက် ဆိုးကျိုးသာဖြစ်စေကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

“မြန်မာနိုင်ငံရဲ့ ကလေးသူငယ်ဥပဒေအရ အသက် ၁၀ နှစ်အောက် မပြည့်သေးတဲ့ ကလေးတွေက ပြစ်မှုကျူးလွန် ရင်တောင် အဲဒီပြစ်မှုက ပြစ်မှုမမြောက်ဘူး။ ဒါက ကလေးသူငယ်တွေကို ကာကွယ်ထားပေးတာ။ အခုက ပြစ်မှုကျူး လွန်တဲ့ ကလေးတောင် မဟုတ်ဘူး။ ဘာဆိုဘာမှမသိသေးတဲ့ ကလေးဖြစ်တယ်။ မိဘတွေကို ဖမ်းလို့မရလို့ ကလေး ကို လာဖမ်းတယ်ဆိုတာ တကယ့်ကို ဘယ်လိုမှ လက်ခံလို့မရတဲ့အရာ ဖြစ်တယ်” ဟုလည်း ၎င်းက ဆိုသည်။

အဆိုပါဖြစ်စဉ် အပါအဝင် ကလေးသူငယ်များအား သတ်ဖြတ်ခြင်း၊ မတရားဖမ်းဆီး ထောင်ချခြင်း၊ ကလေးသူငယ်များ ကို ပြန်ပေးဆွဲကာ မိဘများကို လာရောက်အဖမ်းခံခိုင်းခြင်း စသည့် စစ်ကောင်စီ၏ လူမဆန်သော လုပ်ရပ်များကို ပြင်း ထန်စွာရှုတ်ချပြီး ဖြစ်ရပ်တိုင်းတွင် တစုံတရာ ပါဝင်ပတ်သက်သူများအားလုံးအား စုံစမ်းစစ်ဆေးဖော်ထုတ်ကာ ထိုက် သင့်သည့် တရားစီရင်မှု ပြုလုပ်နိုင်ရေး အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ကြောင်း NUG ၏ ယနေ့ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ပြုစုထားသည့် စာရင်းများအရ အာဏာသိမ်း ပြီးနောက်ပိုင်း စစ်တပ်၏သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့် အသက် ၁၈ နှစ်အောက် ကလေးသူငယ်ဦးရေမှာ ဧပြီ ၄ ရက်ထိ ၁၃၂ ဦး၊ ဖမ်းဆီးခံထားရသူဦးရေမှာ ဧပြီ ၁ ရက်ထိ ၂၁၆ ဦး ရှိကြောင်းနှင့် ဖမ်းဆီးခံထားရသူများအနက် ၂ ဦးမှာ သေဒဏ်ချမှတ်ခံထားရကြောင်း သိရသည်။

You may also like these stories:

ကြိုးတုပ် ဓာတ်ဆီလောင်းပြီး ဓမ္မာရုံအတွင်း ပိတ်ခံရသူ ၆ ဦး အချိန်မီ ကယ်ထုတ်နိုင်ခဲ့

ဂန့်ဂေါ ဒေသခံ ၂ ဦးအား စစ်တပ်နှင့် ပျူစောထီးများ နှိပ်စက် သတ်ဖြတ်

စစ်ကိုင်းအား “အကုန်သတ်၊ အကုန်မီးရှို့” မူဖြင့်ရှင်းရန် စစ်ကောင်စီကြံစည်နေ

Your Thoughts …
Tags: NUGPDFကလေးငယ်စစ်ကောင်စီမူကြိုကျောင်းအလုံမြို့နယ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ထူးအပန်းဖြေစခန်းတွင် ပြုလုပ်မည့် သင်္ကြန်ပွဲကြော်ညာ

ဝေဖန်မှုများရှိသော်လည်း “ထူး” သင်္ကြန်ပွဲကို ဆက်ကျင်းပမည်ဟု ဆို

ပုံစာ- ယခုဧပြီလအတွင်း ပြုလုပ်သည့် Samsung ၏ Built for Myanmar Press Conference ပွဲသို့ ပိုင်တံခွန် တက်ရောက်ခဲ့စဉ်  / Paing Takhon/ Facebook

လက်ခံထားသည့်ပွဲများကို ဖျက်သိမ်းကြောင်း ပိုင်တံခွန် ကြေညာ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved