• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပဲခူးတိုင်းထဲက စစ်ကောင်စီစခန်း ၅ ခုကို KNU တိုက်ခိုက်သိမ်းပိုက်

by ဧရာဝတီ
5 July 2022
in သတင်း
A A
KNU တိုက်ခိုက်သိမ်းပိုက်လိုက်သည့် ကြောင်ပြာစခန်း

KNU တိုက်ခိုက်သိမ်းပိုက်လိုက်သည့် ကြောင်ပြာစခန်း

22.5k
VIEWS
Share on FacebookShare on Twitter

ပဲခူးတိုင်း ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ထဲရှိ အာဏာသိမ်းစစ်ကောင်စီ၏ ရှေ့တန်းအခြေစိုက် စခန်း ၅ ခုကို ကရင်အမျိုးသားအစည်းရုံး (KNU) လက်အောက်ခံ တပ်မဟာ (၃) မှ တပ်ဖွဲ့ဝင်များက ဇူလိုင်လ ၂ ရက် နံနက်ပိုင်းတွင် တပြိုင်နက်တည်း တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

မုန်းမြို့နယ်သည် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ကျောက်ကြီးမြိုနယ်နှင့် ရွှေကျင်မြို့နယ်အကြား ကျောက်တံခါးမြို့၏ အရှေ့ဘက်တွင် တည်ရှိသည်။ KNU က တိုက်ခိုက်သိမ်းပိုက်လိုက်သည့် စခန်းများမှာ မုန်းမြို့၏ အရှေ့ဘက်ရှိ ကော့ပြင်းစခန်းနှင့် ကျောင်းစုစခန်း ဖြစ်ပြီး မုန်းမြို့တောင်ဘက်ရှိ ကြောင်ပြာစခန်း၊ အောင်းလောင်းစိန်စခန်းနှင့် ကျွန်းပင်ဆိပ်စခန်းတို့ကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စခန်း ၅ ခုစလုံးကို ဇူလိုင်လ ၂ ရက် နံနက် ၄ နာရီ ၄၅ မိနစ်တွင် KNU တပ်မဟာ ၃ မှ တပ်ဖွဲ့ဝင်များက အင်အားသုံးကာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နံနက် ၆ နာရီတွင် အဆိုပါစခန်းများကို လက်ရသိမ်းပိုက်မိခဲ့ခြင်းဖြစ်သည်။ အဆိုပါစခန်းများသည် ဒေသခံ လူထုကို အနှောင့် အယှက်ဖြစ်စေသဖြင့် တိုက်ခိုက်သိမ်းပိုက်ရခြင်းဖြစ်ကြောင်း KNU တပ်မဟာ (၃) သတင်းရင်းမြစ်တဦးက ဧရာဝတီသို့ ပြောသည်။

၎င်းက“ပြည်သူ သွားလာတာကို စစ်ဆေးတယ်။ ငွေညှစ်တောင်းတယ်။ ဆိုင်ကယ်ဆင်းတွန်းရတယ်။ လမ်းပေါ်မှာနေပြီးပြည်သူကို ဒုက္ခပေးငွေတောင်စားတော့ သူတို့အတွက် အရေးပါမှာပေါ့။ ကျနော်တို့ကတောပြည်သူရဲ့ ဘဝလုံခြုံမှုကိုထိပါး ဒုက္ခပေးသူ၊ နှောင့်ယှက်တဲ့ သူကို ရှင်းပစ်တဲ့သဘောပါပဲ” ဟု ဆိုသည်။

KNU တိုက်ခိုက်သိမ်းပိုက်လိုက်သည့် ကြောင်ပြာစခန်း

စစ်ကောင်စီစခန်း ၅ ခုအနက် အောင်းလောင်းစိန်စခန်း၊ ကျွန်းပင်ဆိပ်စခန်း၊ ကော့ပြင်းစခန်းနှင့် ကျောင်းစုစခန်းသိမ်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ ပြည်သူ့စစ် ၄ ဦးသေဆုံးပြီး ကျန်တပ်ဖွဲ့ဝင်များမှာ စခန်းကို စွန့်ခွာထွက်ပြေးသွားခဲ့ကြကြောင်း KNU ဘက်က ဆိုသည်။

သို့သော်လည်း စစ်ကောင်စီတပ်၏ တပ်ရင်းမှူးတဦး စခန်းထိုင်သည့် ကြောင်ပြာရွာရှိ စစ်စခန်းကိုမူ KNU ဘက်က ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

၎င်းက“ဒဏ်ရာရသူကမြေအောက်ကျင်းထဲနေပြီး ပြန်ပစ်တော့ နည်းနည်းတော့ခက်တာပေါ့။ ဒါပေမဲ့ သိမ်းနိုင်ခဲ့တယ်” ဟု ဆိုသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
331
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
157
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
47

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ MA 1 ချေမှုန်းရေးရိုင်ဖယ် ၁၃ လက်၊ ၆၀ မမ မော်တာ ၂ လက်နှင့် ၈၁ မမ မော်တာ ၁ လက်အပြင် RPG ဗုံးသီး ၅ လုံးနှင့် ခဲယမ်းများကို သိမ်းပိုက်ရမိခဲ့ကြောင်း KNU တပ်မဟာ ၃ နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဆိုသည်။

KNU တိုက်ခိုက်သိမ်းပိုက်လိုက်သည့် ကြောင်ပြာစခန်း

ဆက်လက်၍ ၎င်းက စခန်းကို သိမ်းပိုက်ခဲ့ပြီးနောက်တွင် စစ်ကောင်စီစခန်းကို နောက်ထပ်အသုံးမပြုနိုင်ရန် KNU တပ်ဖွဲ့ဝင်များက မီးရှို့ကာ ဆုတ်ခွာခဲ့ကြောင်း ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ဇူလိုင်လ ၂ ရက် ညနေ ၄ နာရီဝန်းကျင်တွင် စစ်ကောင်စီဘက်က တိုက်လေယာဉ် ၁ စီး၊ ရဟတ်ယာဉ် ၃ စီးဖြင့် ကြောင်ပြာရွာသို့ လာရောက်တိုက်ခိုက်ခဲ့သဖြင့် ကြောင်ပြာရွာနေ အရပ်သား ၄ ဦး ဗုံးဆန်ထိမှန် သေဆုံးခဲ့ရကြောင်း မုန်းဒေသခံများက ပြောသည်။

အမည်မဖော်လိုသည့် မုန်းမြို့နယ်ဒေသခံ တဦးက “ညနေပိုင်း စစ်တပ်က ဗုံးလာကြဲတာမှာ တမိသားစုလုံးသေတယ်။ တခြားတယောက်လည်း သေတယ်ကြားတယ်။ ကြောင်ပြာရွာက မိသားစုပေါ့။ ဂျက်တစီးနဲ့လာကြဲတာ။ တခြားလေယာဉ် ၃ စီးလောက်ပါတယ်။ အိမ် ၂ အိမ် ၃ အိမ်လောက်မီးလောက်သွားတယ်။ အဲဒီနားရှိတဲ့ လူတွေပြောတာက နားစည်ကွဲမတတ်ဘဲတဲ့ ဗုံးကတော်တော်ပြင်းတယ်ပြောတယ်” ဟု ဆိုသည်။

တိုက်ပွဲကြောင့် စစ်ကောင်စီ၏ စစ်စခန်းဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးရပြီး မုန်းမြို့နယ်ထဲတွင် စစ်ဘေးရှောင် ထောင်နှင့်ချီရှိလာနေကြောင်း ၎င်းကဆိုသည်။

KNU တိုက်ခိုက်သိမ်းပိုက်လိုက်သည့် ကြောင်ပြာစခန်း

တိုက်ပွဲဖြစ်ပွားပြီးနောက် ဇူလိုင်လ ၄ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ကြောင်း ၂ ကြောင်းဖြင့် မုန်းမြို့နယ်ထဲသို့ တပ်အင်အားများ ဖြည့်တင်းထားသဖြင့် KNU နှင့် အချိန်မရွေးတိုက်ပွဲ ထပ်ဖြစ်နိုင်သည့် အခြေအနေရှိကြောင်း မုန်းမြို့နယ်ဒေသခံများက ပြောသည်။

၎င်းက “တိုက်ပွဲကတော့ ဖြစ်မှာပဲ အင်အားဖြည့်တင်းမှုတွေက နေ့တိုင်းရှိနေတာ။ ကျောက်ကြီးကနေ မုန်းဘက်ကို တပ်အင်အားတွေ ထပ်တိုးလာတယ်။ အင်အား ၂၀၀ လောက်ရှိတယ်။ ကျောက်ကြီးကနေ မုန်းကိုသွားတာလည်းရှိသလို တောင်ငူဘက်ကနေ ဖြူး အဲဒီကနေမှ မုန်းဘက်ကို လာတာလည်းရှိတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် လူထုအာဏာဖီဆန်ရေး (CDM) တွင် ပါဝင်လာသည့် ဗိုလ်ကြီး လင်းထက်အောင်ကလည်း KNU တပ်မဟာ ၃ ၏ စခန်းသိမ်းတိုက်ပွဲသည် စစ်ကောင်စီတပ်၏ ရှေ့တန်းနယ်မြေတခုကို သိမ်းပိုက်လိုက်သည့် တိုက်ပွဲပုံစံမျိုး ဖြစ်ကြောင်း သုံးသပ်သည်။

KNU တိုက်ခိုက်သိမ်းပိုက်လိုက်သည့် ကြောင်ပြာစခန်း

၎င်းက “အရင်က ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ ၈၁ လို လက်နက်မျိုးရတာ မတွေ့ရသေးဘူး။ မုန်းဘက်က တိုက်ပွဲမှာ သိမ်းတဲ့စခန်းတွေကနေ ၈၁ မမ မော်တာလိုဟာမျိုးရတာတွေ့ရတယ်။ ပြောချင်တာက ဒါဟာ စစ်ရေးအရ အရေးပါတဲ့ နယ်မြေတခုကို သိမ်းလိုက်တဲ့ ပုံစံမျိုးလို့တောင် ပြောလို့ရပါတယ်။ စစ်ကြောင်းထိုင်တဲ့ စခန်းတွေက အကြမ်းဖျင်းအားဖြင့် နယ်မြေဧရိယာတခုကို ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ထိုင်တာများတယ်။ ဒီလိုစခန်းတွေကို သိမ်းပိုက်လိုက်တဲ့ စစ်ရေးလုပ်ဆောင်ချက်က အရမ်းကို ကောင်းမွန်တယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်” ဟု ဆိုသည်။

KNU က သိမ်းပိုက်လိုက်သည့် မုန်းမြို့နယ်ထဲရှိ စခန်း ၅ ခုသည် ပဲခူးတိုင်း တောင်ငူအခြေစိုက် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်အတွက် အရေးပါသည့် ရှေ့တန်းစခန်းများဖြစ်နေသဖြင့် စစ်ကောင်စီဘက်ကလည်း အလျှော့မပေးဘဲ တန်ပြန်ထိုးစစ်ဆင်ခြင်းများ လုပ်ဆောင်လာနိုင်ကြောင်း ဗိုလ်ကြီးလင်းထက်အောင်က သတိပေးသည်။

၎င်းက “အခုလို စခန်း ၅ ခုတောင်ဆုံးရှုံးထားတော့ ကျိန်းသေတာက အဲဒီဒေသကို ပြန်သိမ်းနိုင်ဖို့ ကြိုးစားမှာပဲ။ လေကြောင်းပစ်ကူလည်း လာမှာပဲ။ မုန်းဒေသအနီးမှာပဲ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်စခန်းရှိသလို တောင်ငူလေတပ်စခန်းဌာနချုပ်လည်းရှိတယ်။ လေယာဉ်စစ်ကူလည်းလာမှာပဲ။ သူတို့ရဲ့ စခန်းတွေကို ဆုံးရှုံးတာနဲ့ အဲဒီဒေသကို လက်လွှတ်ရမယ့် အနေအထားလို့မြင်တယ်” ဟု ဆိုသည်။

KNU တိုက်ခိုက်သိမ်းပိုက်လိုက်သည့် ကြောင်ပြာစခန်း

သို့သော်လည်း တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အတွက် ခြေလျင်တပ်များတပ်ဖြန့်ခွဲရန် အကန့်အသတ်ရှိနေသဖြင့် လူအင်အားဖြင့် ထိုးခြင်းထက် လက်နက်ကြီးနှင့် လေကြောင်းပစ်ကူကို စုပြုံသုံးကာ ထိုးစစ်ဆင်နိုင်သည့် အလားအလာရှိကြောင်း ဗိုလ်ကြီးလင်းထက်အောင် က သုံးသပ်သည်။

တိုင်းရင်းသားအရေးလေ့လာသူ တဦးကလည်း KNU သည် ဗဟိုဌာနချုပ်တည်ရှိရာ တပ်မဟာ ၇ နယ်မြေမှလွဲ၍ ကျန်တပ်မဟာ နယ်မြေများတွင် စစ်မျက်နှာများ ဆက်တိုက်ဖွင့်လာခြင်း ဖြစ်ကြောင်း ပြောသည်။

၎င်းက“မတူတဲ့ စစ်မျက်နှာတွေ ဖွင့်လှစ်လာတယ်။ သူကတော့ စစ်မျက်နှာတွေ တခုပြီး တခု ဆက်ဖွင့်သွားမှာပဲ။ အစောပိုင်းက တပ်မဟာ ၅ အခြေစိုက်တဲ့ ဖာပွန်မှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပေမယ့် လောလောဆယ်မှာ တပ်မဟာ ၆ အခြေစိုက်ရာ ဒူးပလာယာခရိုင်ထဲမှာ တိုက်ပွဲတွေ ဖြစ်နေတာပေါ့။ နောက်ပိုင်းတော့ ကျိုက်ထိုဘက် တပ်မဟာ ၁၊ တောင်ငူ တပ်မဟာ ၂ ဘက်၊ တပ်မဟာ ၁ ရှိရာ သထုံဘက်တို့ ဖြစ်ပြီးတော့ အခု တပ်မဟာ ၃ ရဲ့ ညောင်လေးပင်ခရိုင်ထဲမှာ တိုက်ပွဲတွေ ဖြစ်လာပြီပေါ့။ ဒါပေမယ့် KNU ဟာ ဘယ်စစ်မျက်နှာကို အဓိကထားပြီးတိုက်မလဲဆိုတာတော့ မှန်းဆရခက်တယ်” ဟု ဆိုသည်။

KNU တိုက်ခိုက်သိမ်းပိုက်လိုက်သည့် ကြောင်ပြာစခန်း

KNU သည် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းတွင် တိုက်စစ်ပိုဖွင့်လာပါက မုန်းမြို့နယ်၊ ကျောက်ကြီးမြို့နယ်နှင့် ဆောထိ (ရွှေကျင်) မြို့နယ်တို့တွင်ပါ KNU ၏ လွှမ်းမိုးမှု ပိုမိုကျယ်ပြန့်လာနိုင်ကြောင်း လေ့လာသူများက ခန့်မှန်းသည်။

တိုင်းရင်းသားအရေးလေ့လာသူ တဦးက“အဲဒီဘက်ရဲ့ အရေးပါမှုက သူက စစ်တောင်းမြစ်ရဲ့ အရှေ့ခြမ်းဖြစ်တာကိုး။ အရှေ့ခြမ်းကို ထိန်းချုပ်ထားနိုင်ပြီဆိုရင် စစ်တောင်းမြစ်အနောက်ခြမ်းမှာရှိတဲ့ ဖြူး၊ ကညွတ်ကွင်း ၊ ပြွန်တန်ဆာ၊ ကျောက်တံခါးပေါ့။ အဲဒီဒေသတွေရော ရန်ကုန်-မန္တလေး ကားလမ်းမကြီးကိုပါ ခြိမ်းခြောက်နိုင်မယ်။ ပဲခူးရိုးမထဲကို KNU က ဝင်ထွက်သွား လာလို့ရသွားလိမ့်မယ်” ဟု ပြောသည်။

KNU တိုက်ခိုက်သိမ်းပိုက်လိုက်သည့် ကြောင်ပြာစခန်း

စစ်ကောင်စီဘက်ကလည်း KNU ၏ စစ်ရေးခြေလှမ်းကို တွက်စက စစ်တောင်မြစ်အရှေ့ခြမ်းဒေသကို ကာကွယ်ရန် တပ်မအသွင်းပြောင်းတပ်ဖွဲ့ဖြစ်သည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) တခုကို အသင့်ပြင်ထားသည်ကို တွေ့ရကြောင်း၎င်းက ဆိုသည်။

ဆက်လက်၍ တိုင်းရင်းသားအရေးလေ့လာသူတဦးက အဆိုပါဒေသသည် စစ်ရေးတင်းမာနေပြီး တိုက်ပွဲပြင်းထန်လာမည့် အလားအလာတွေ့ရကြောင်း မှတ်ချက်ပေးသည်။

Your Thoughts …
Tags: KNUကျောက်ကြီးပဲခူး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

by ဧရာဝတီ
24 January 2024
21.8k

ဇန်နဝါရီ ၂၁ ရက်မှစတင်ကာ BGF တပ်များအနေဖြင့် စစ်တပ်နှင့်ပူးတွဲစစ်ဆင်ရေးဝင်နေသည့် ရှေ့တန်းစခန်းများမှ ပြန်လည်ဆုတ်ခွာခဲ့ကာ ဌာနချုပ်ရှိရာ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသနှင့် တပ်ရင်းစခန်းများတွင် ပြန်လည်စုဖွဲ့ထားပြီး တစုံတရာ ထပ်မံ ညွှန်ကြားမှု မရှိသေးကြောင်း

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

စစ်ကောင်စီ ရဟတ်ယာဉ် KNU ပစ်ချ၊ လိုက်ပါလာသည့် ၄၄ တပ်မမှူး သေဆုံး

စစ်ကောင်စီ ရဟတ်ယာဉ် KNU ပစ်ချ၊ လိုက်ပါလာသည့် ၄၄ တပ်မမှူး သေဆုံး

by ဧရာဝတီ
29 January 2024
17.6k

တပ်မ ၄၄ ၏ တပ်မမှူးအသစ် ဗိုလ်မှူးကြီး အေးမင်းနောင်သည် သင်္ကန်းညီနောင်ဗျူဟာသို့ လာရောက် မည့်သတင်းကို ရရှိထားသည့်အတွက် ကော်ဘရာစစ်ကြောင်းမှ အချိန်ယူ၍ အသင့်စောင့်ဆိုင်းခဲ့ပြီး ပစ်ချနိုင်ခဲ့ခြင်း

Next Post
၂၀၂၀ ရွေးကောက်ပွဲတွင် မြန်မာကျောင်းသူတဦး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံး၌ မဲလာထည့်အပြီး / ဧရာဝတီ

ပတ်စပို့သက်တမ်း တိုးမပေးရန် မြန်မာသံရုံးများကို စစ်ကောင်စီ ညွှန်ကြား

စစ်တွေမြို့ ရဲစခန်းသို့ အရပ်သားများကို ဖမ်း ဆီးခေါ်ဆောင်နေစဉ်  / CJ

ရခိုင်တွင် စစ်ကောင်စီ ဖမ်းထားသူများ မိသားစုနှင့် တွေ့ခွင့်မရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved