• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကယားစစ်ရှောင်စခန်းများတွင် ကလေးငယ် အများအပြား ဖျားနာနေ

by ဧရာဝတီ
26 July 2022
in သတင်း
A A
ကယားပြည်နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူများ  / ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက် ရေးကွန်ရက်

ကယားပြည်နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူများ / ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက် ရေးကွန်ရက်

13.5k
VIEWS
Share on FacebookShare on Twitter

ကယား (ကရင်နီ) ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတချို့တွင် ဆေးဝါးရှားပါးမှုနှင့် ကျန်းမာရေး ဝန်ဆောင်မှု လုံလောက်စွာ မရသဖြင့် ဖျားနာသည့် ကလေးငယ်အရေအတွက် များနေကြောင်း စစ်ဘေးရှောင် အရေးပေါ် ကူညီ ပေးနေသူ များထံမှ သိရသည်။

ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲနှင့် ရှမ်း-ကယားနယ်စပ်ရှိ ဖယ်ခုံ၊ မိုးဗြဲ မြို့နယ်များရှိ စစ်ဘေးရှောင်စခန်းများတွင် ဆေးဝါး ကုသခွင့် အချိန်မီ မရရှိခြင်းများကြောင့် ပြီးခဲ့သည့် ၁ လအတွင်း စစ်ရှောင် ၄ ဦး သေဆုံးခဲ့သလို ကလေးငယ် အများစုမှာ ဖျားနာခြင်း၊ ရင်ကျပ်ခြင်း၊ အာဟာချို့တဲ့မှု၊ ရာသီတုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပေါ်နေကြောင်း ၎င်းတို့က ဆိုသည်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ တာဝန်ရှိသူတဦးက “အနောက် ကယန်းဒေသဘက်က စစ်ရှောင်တွေထဲ အခုလို မိုးကာလ သေဆုံးမှုတွေ ဖြစ်လာတယ်။ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေလည်း ဖျားနာမှုတွေများတယ်။ ရာသီအေးပြီး မိုးလုံ လေလုံ မနေကြရတာ၊ ဆေးကုဖို့ ဆေးရုံဆေးခန်းနဲ့ အလွန်ဝေးလွန်းတာ၊ ဆေးဝါးရှားပါး လာတာတွေကြောင့် ဖြစ်ပါတယ်။ အဓိက ပြဿနာက ကျန်းမာရေးဝန်ဆောင်မှုတွေ မရကြတာနဲ့ အစာလည်း ဆေး၊ ဆေးလည်းအစာဆိုသလို သင့်တင့်မျှ တတဲ့ အစာအာဟာရ မရတာတွေကြောင့်ပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
502
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
174
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
51

ကယားပြည်နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် စစ်ရှောင်ရသူ ၂ သိန်းခန့် ရှိနေပြီး ပြည်တွင်းအကူအညီများဖြင့်သာ ရပ်တည်နေကြရကြောင်း သိရသည်။

လွတ်လပ်သော သုတေသနအဖွဲ့တဖွဲ့ ဖြစ်သည့် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ (ISP-Myanmar) ၏ (၂၀၂၂ မေ ၃၁ ရက်ထိ) မှတ်တမ်းများအရ အာဏာသိမ်းပြီး နောက်ပိုင်း တိုးလာသော စစ်ဘေးရှောင်အရေအတွက်မှာ စစ်ကိုင်းတိုင်းပြီးလျှင် ကယားပြည်နယ်က ဒုတိယအများဆုံး ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူများ (ဓာတ်ပုံ/ ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက် ရေးကွန်ရက်)

ရာသီအလိုက် ဖြစ်ပွားနိုင်သည့် ရောဂါများအတွက် ဆေးဝါးများ တတ်နိုင်သမျှ ရှာဖွေထားသော်လည်း လုံလောက်မှု မရှိ သလို ဆေးဝါးစရိတ်ကလည်း ပုံမှန်ထက်ဈေးကြီးနေကြောင်း၊ ဆေးဝါးနှင့်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးနှင့် လူနာများ ပို့ဆောင်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ ရှိနေကြောင်း စစ်ဘေးရှောင်များအား ကူညီပေးနေသူတဦး က ပြောသည်။

ထို့ပြင် စစ်ရှောင် ကလေးငယ်အများစုမှာလည်း အာဟာရပြည့်ဝသည့် အစားအစာ၊ ဆေးဝါး (ကာကွယ်ဆေးအပါ အဝင်) နှင့် ရေကောင်းရေသန့် မရရှိခြင်းများကြောင့် ကိုယ်ပူဖျားနာပြီး ဝမ်းပျက်ဝမ်းလျှောရောဂါ မကြာမခဏ ဖြစ်ပွားနေ သလို ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိခြင်းကြောင့် မသေဆုံးသင့်ဘဲ သေဆုံးမှုများ ရှိနေကြောင်း၊ ပြည် နယ် အတွင်းရှိ ၃၅ ရာခိုင်နှုန်းခန့်သော စစ်ဘေးရှောင်များသာ ကျန်းမာရေးဝန်ဆောင်မှု ရရှိနေကြောင်း သိရသည်။

“မိုးတွင်းကာလဆိုတော့ အသက်ကြီးပိုင်းတွေနဲ့ သားသည်မိခင်တွေက ပိုဒုက္ခရောက်တယ်။ ကလေးငယ်တွေ ခဏခဏ နေမကောင်းဖြစ်တော့ နေလို့မပျော်ဘူး။ ဖျားနာတာတွေ များနေတယ်။ ကလေးငယ်တွေ နေမကောင်းဖြစ်ရင် ကျမကလေး မဟုတ်လည်း သူများကလေး နေမကောင်းဖြစ်တာမြင်ရင် စိတ်မကောင်းဘူး” ဟု ဒီးမော့ဆိုမြို့နယ်မှ စစ်ဘေးရှောင်တဦးက ပြောသည်။

စစ်ရှောင်စခန်းတချို့တွင် ဆေးရုံငယ်နှင့် ဆေးပေးခန်းများ ဖွင့်လှစ်ပေးထားသော်လည်း စစ်ကောင်စီ၏ လေကြောင်း တိုက် ခိုက်မှု၊ လက်နက်ကြီးများဖြင့် အရပ်သားပြည်သူနှင့် စစ်ရှောင်များနေထိုင်ရာ နေရာများကို ပစ်မှတ်ထား တိုက်ခိုက်မှု များကြောင့် ကောင်းမွန်စွာ ဖွင့်လှစ်နိုင်ခြင်း မရှိကြောင်း သိရသည်။

တဖက်တွင်လည်း သယ်ယူပို့ဆောင်ရေး လမ်းကြောင်းအခက်အခဲ၊ ဆန်စပါးစိုက်ပျိုးနိုင်မှု မရှိခြင်း၊ လူမှုစီးပွားကျဆင်းမှုများ နှင့် စစ်ကောင်စီ၏ အဘက်ဘက်မှ ပိတ်ဆို့မှုများကြောင့် ကယားပြည်နယ်အတွင်း လာမည့်နှစ်ဆန်းပိုင်းခန့်တွင် ငတ်မွတ် ခေါင်းပါးမှုဒဏ်ကို ဆိုးရွားစွာ ကြုံတွေ့နိုင်ဖွယ် ရှိနေကြောင်း၊ လက်ရှိတွင်လည်း စားနပ်ရိက္ခာနှင့် ဆေးဝါး ပြတ်လပ်နေပြီး အငတ်ဘေးဖြင့် စတင်တွေ့နေရပြီ ဖြစ်ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ရှင်းပြသည်။

စစ်ဘေးရှောင်များအား ဆေးကုသမှုပေးနေသည့် CDM ဆရာဝန်တဦးက “လက်ရှိ အခြေအနေမှာ ကလေးငယ်တွေက ရာသီတုပ်ကွေး အဖြစ်များနေတယ်။ ဆေးဝါးကဏ္ဍမှာ အဓိက လိုအပ်နေတာက ကာကွယ်ဆေးတွေပဲ။ မွေးကင်းစကနေ လအလိုက် အဆင့်ဆင့်ထိုးရတဲ့ ကာကွယ်ဆေး အလုံအလောက်မရှိလို့ မထိုးရသေးတဲ့ကလေးတွေ တော်တော်များနေ တယ်။ နောက်တခုက ဆေးရုံဆေးခန်းတွေ ဖွင့်လိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲခံနေရတာတွေရှိတော့ ဆက်ပြီး မလည်ပတ်နိုင်တာမျိုးတွေ ရှိတယ်” ဟု ပြောသည်။

လက်ရှိတွင် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) အနေဖြင့် ကယားပြည်နယ်အတွင်းက စစ်ဘေးရှောင်များအား ကျန်းမာရေးဝန်ဆောင်မှု ပေးနိုင်ရန် ရွေ့လျားအဖွဲ့များဖြင့် ကုသပေးနေသလို ဆေးဝါးများ ရရှိနိုင်ရေးအတွက်လည်း ကြိုးစား ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင် ၉/၁၀ ရက်များတွင်လည်း ဖယ်ခုံမြို့နယ်၌ ဒေသတွင်းအဖွဲ့အစည်း ၂၀ ကျော်က ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များအား ထ်ိရောက်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးနိုင်ရေး ရည်ရွယ်ချက်ဖြင့် “ကရင်နီပြည်အနောက် ဘက်ခြမ်း/ ကယန်းဒေသစစ်ဘေးရှောင်ရေးရာ နှီးနှောဖလှယ်ပွဲ” တခုကို ပြုလုပ်ခဲ့သည်။

Your Thoughts …
Tags: ကယားကလေးငယ်စစ်ကောင်စီစစ်ဘေးရှောင်ဆေးဝါး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင် ကိုလှထူး

စစ်ကြောရေးတွင် NLD ပါတီဝင်တဦး အသတ်ခံရပြန်

ဇူလိုင် ၂၆ ရက်တွင်လုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်း ရှင်းလင်းနေစဉ်

ပြည်သူနှင့် နိုင်ငံတော်ကြား တရားမျှတရေးအတွက် ကွပ်မျက်ခြင်းဖြစ်ဟု စစ်ကောင်စီပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved