• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မန္တလေးတွင် CDM အထူးကု ဆရာဝန်ကြီးများအပါ ၉ ဦး ထပ် အဖမ်းခံရ

by ဧရာဝတီ
3 November 2022
in သတင်း
A A
မန္တလေးမြို့မှ ဆရာဝန်ကြီးများအပါအဝင် ကျန်းမာရေးဝန်ထမ်းများက စစ်တပ်အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့် အနေဖြင့် ၂၀၂၁ ဖေဖေါ်ဝါရီလ ၃ ရက်တွင် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)ကို စတင်သည်။

မန္တလေးမြို့မှ ဆရာဝန်ကြီးများအပါအဝင် ကျန်းမာရေးဝန်ထမ်းများက စစ်တပ်အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့် အနေဖြင့် ၂၀၂၁ ဖေဖေါ်ဝါရီလ ၃ ရက်တွင် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)ကို စတင်သည်။

7.6k
VIEWS
Share on FacebookShare on Twitter

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို ဆေးဝါးထောက်ပံ့သည်ဆိုကာ မန္တလေးမှ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) လုပ်ထားသည့် ကျန်းမာရေးဝန်ထမ်း ၅ ဦး ဖမ်းဆီးပြီးနောက် အထူးကုဆရာဝန်ကြီး ၄ ဦး အပါအဝင် ဆရာဝန်၊ သူနာပြု ၉ ဦးလည်း ယခုရက်ပိုင်းထပ်မံ ဖမ်းဆီးခံရကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၀နှင့် ၃၁ရက်က မန္တလေး နား၊ နှာခေါင်းဆေးရုံကြီးမှ CDM အထူးကုဆရာဝန်ကြီး ဒေါက်တာ မိုးသီတာလင်း၊ သားဖွား/ မီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာ စီစီမြင့်တို့ အပါအဝင် အထူးကုဆရာဝန်ကြီးများ ဖြစ် သည့် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်မကြီး ၂ ဦးနှင့် ဗြဟ္မစိုရ်အခမဲ့ဆေးရုံတွင် ကုသပေးနေသည့် ဆရာဝန် များ၊ သူနာပြုများ ဖြစ် ကြောင်း မန္တလေးသပိတ်အင်အားစုမှ တာဝန်ရှိသူတဦးက ဧရာဝတီကို အတည်ပြုပြောသည်။

ဆက်လက်၍ ၎င်းက “နောက်ထပ် ကျန်းမာရေးက ၂၀ ကျော်လည်း အဖမ်းခံရတယ်လို့ သိရပေမယ့် အဲဒါကိုတော့ အတည် မပြုနိုင်သေးပါဘူး” ဟု ဆိုသည်။

အောက်တိုဘာ ၂၇ ရက်က ပုလဲ-ဂန့်ဂေါသွား ကားလမ်းဆုံ၌ ဆေးနှင့် ဆေးပစ္စည်းများ တင်လာသည့် ယာဉ်မောင်း ကျော် လွင်ထက် (ခ) သားသား၊ နောက်လိုက် ခွာကျဲအိုတို့၏ ၆ ဘီးယာဉ်ကို ဖမ်းမိခဲ့ပြီးနောက် ၎င်းတို့၏ ထွက်ဆိုချက်အရ ယာဉ် လိုင်းမှ ၃ ဦးအပြင် CDM ကျန်းမာရေးဝန်ထမ်း ၅ ဦးကို မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်အတွင်း ဆေးပစ္စည်းများဖြင့် ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း အောက်တိုဘာ ၃၁ ရက်တွင် စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးခံရသူများမှာ မန္တလေးဆေးတက္ကသိုလ်ခွဲစိတ်ဌာနမှ ကထိက CDM ဆရာဝန် ဒေါက်တာမင်းဇော်ဦး (ခ) နေမျိုးဦး၊ ကုတင်-၃၀၀ သင်ကြားရေးဆေးရုံမှ CDM ဒေါက်တာ မကြည်သဒ္ဒါဖြူ၊ သူနာပြု မယွန်းနန္ဒာထွန်း၊ မန္တလေး အထွေထွေ ရောဂါကုဆေးရုံကြီးမှ CDM သူနာပြု မဇင်မာဝင်း (ခ) သူဇာ၊ မန္တလေးဗဟိုအမျိုးသမီးဆေးရုံမှ CDM သားဖွားဆရာမ မပိုးသန္တာအောင်နှင့် ရွှေမေတ္တာကားဂိတ်မှ ဂိတ်စာရေး ဦးညီညီလှိုင်၊ ဂိတ်မှူး ဦးစိုးဝင်းထွန်းနှင့် ယာဉ်မောင်း ဦးဝေလင်းဦး တို့ ဖြစ်သည်။

အောက်တိုဘာ ၃၁ ရက်က စစ်ကောင်စီက ထုတ်ပြန်ခဲ့သည့် CDM ကျန်းမာရေးဝန်ထမ်းများ ဖမ်းခံရမှု

ဖမ်းဆီးခံရသည့် CDM သူနာပြု မယွန်းနန္ဒာထွန်းနှင့် နီးစပ်သူတဦးက “ဝင်ဖမ်းတုန်းက အရပ်ဝတ်တွေရော၊ ယူနီဖောင်း တွေနဲ့ပါ ပါတယ်။ သိက္ခာရှိစွာနဲ့ ဖမ်းတာမျိုး မဟုတ်ဘဲ ကြမ်းကြမ်းတမ်းတမ်းကို ဖမ်းသွားကြတာ။ အခု ဖမ်းခံရတဲ့သူတွေကို CDM မှာ ပါလို့ဆိုပြီး အလုပ်ကနေလည်း ထုတ်ထားကြပြီးသားကို တမင်အငြိုးနဲ့ကို လုပ်တာလို့ပဲ ပြောရတော့မှာပေါ့။ သူတို့ (စစ်ကောင်စီ) လုပ်ပုံနဲ့ အထူးကုဆရာဝန်ကြီးတွေနဲ့ ပြနေရတဲ့ လူနာတွေ အတော်ကြီးကို ဒုက္ခရောက်ကုန်ကြရ တယ်။ ရိုက်နှက်တာ၊ နှိပ်စက်တာတွေလည်း ခံရနိုင်တယ်။ အခုထိတော့ ဘယ်မှာ ရှိနေတယ်ဆိုတာ စုံစမ်းလို့ မရသေးဘူး။ အဲဒါကြောင့် အသက်အန္တရာယ်အတွက် စိုးရိမ်မိတာတော့ အမှန်ပဲ” ဟု ပြောသည်။

အဆိုပါ CDM ဝန်ထမ်းများ ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ စစ်ကောင်စီက ၎င်းတို့ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထား သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ၎င်းတို့၏ လက် အောက်ခံ PDF များအား ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပေးပို့နေသည်ဟုဆိုကာ စွပ်စွဲထုတ်ပြန်ထားသည်။

ယင်းဖြစ်စဉ်အတွင်း မေ့ဆေးစက် ၁ လုံး၊ ဆေးပစ္စည်းမျိုးစုံ ကတ်ထူဖာ ၁၁၁ ဖာ၊ လျှပ်စစ်ပစ္စည်းဖာ ၁၄ ဖာ၊ အဝတ် အထည်အိတ် ၂၀ အိတ်၊ အခြားလူသုံးကုန်ပစ္စည်းမျိုးစုံ ၃၇ ဖာ တို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်းလည်း ထုတ်ပြန်ချက် တွင် ပါရှိသည်။

တော်လှန်ရေးအင်အားစုမှ အမည်မဖော်လိုသူ တဦးကလည်း “PDF တွေကို ဆေးဝါး ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းမိတာလို့ စစ်ကောင်စီက ထုတ်ပြန်တာပေါ့။ ပုလဲနယ်ဘက်ကိုပို့မယ့် ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေကို ပုလဲ-ဂန့်ဂေါ လမ်းဆုံဂိတ်မှာတွေ့ပြီး ယာဉ်မောင်းကနေတဆင့် ဆက်စပ်ပြီး ကွင်းဆက်တွေ လိုက်ဖမ်းတာ။ အောက်တိုဘာ ၂၇ ရက် စမိတာကနေ အောက်တိုဘာ ၂၉ ရက် ညပိုင်းမှာ နန်းတော်ပုဂ္ဂလိကဆေးရုံ အလုပ်လုပ်နေတဲ့ CDM သူနာပြုကနေ ဆက် ပြီးတော့ ကျန်းမာရေးပိုင်းက ၅ ယောက်နဲ့ ကားဂိတ်က ၃ ယောက် အဖမ်းခံလိုက်ရတာ” ဟု ရှင်းပြသည်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများသို့ ပို့မည့် ဆေးဝါးများကို ဖမ်းဆီးစဉ်

ဒေါက်တာမင်းဇော်ဦး (ခ) နေမျိုးဦး အပါအဝင် ဖမ်းဆီးခံရသော သူနာပြုများသည် စစ်တပ် အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ အတွင်းမှာပင် CDM ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ချင်းကာကွယ်ရေးတပ် (CDF-မင်းတပ်) တပ်ဖွဲ့ဝင် လှုပ်ရှားရာ မင်းတပ်မြို့နယ်၊ ဝမ္မသူးတိုက်နယ်ဆေးရုံတွင် ဆေးကုသခြင်းများ ပြုလုပ်ခဲ့သလို ကယား (ကရင်နီ) ပြည်နယ်၊ ဒီမော့ဆို မြို့နယ်၊ ဖလိုင်ကျေးရွာသို့ သွားရောက်၍ ဒေသခံများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း၊ ဂန့်ဂေါမြို့ နယ်အတွင်းရှိ ဟေလယ်၊ အိမ်သစ်၊ လီလင်း၊ ပန်ထိပ်ကျေးရွာများတွင် ဖွင့်လှစ်သည့် PDF သင်တန်းများသို့လည်း သွား ရောက်ကာ ဆေးဝါးကုသမှုဆိုင်ရာ သင်တန်းပို့ချခြင်းများ ဆောင်ရွက်ခဲ့ကြောင်း စစ်ကောင်စီက ဆိုထားသည်။

စစ်ကောင်စီက ၎င်းတို့နှင့် ဆက်စပ်သည့် တခြားသော CDM ဝန်ထမ်းများကိုလည်း ဆက်လက် ဖမ်းဆီးရမိနိုင်ရေး လုပ် ဆောင်နေလျက် ရှိကြောင်း ကြေညာထားပြီး အောက်တိုဘာ ၃၀၊ ၃၁ ရက်များ၌ CDM အထူးကုဆရာဝန်ကြီး ၄ ဦး အပါ အဝင် ဆရာဝန်၊ သူနာပြု ၉ ဦး ထပ်မံ ဖမ်းဆီးခံရခြင်းလည်း ဖြစ်သည်။

ထပ်မံ ဖမ်းဆီးခံရသူများနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
1
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
55
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
836

မန္တလေးမြို့ခံ CDM ဆရာဝန်တဦးက “စစ်ကောင်စီက လုပ်ဆောင်နေကြပုံစံအတိုင်း လုပ်တာမျိုးပါပဲ။ သူတို့ကို ဆန့်ကျင် တဲ့သူ၊ လက်မခံတဲ့သူဆိုရင် ဆရာဝန်တွေသာ မဟုတ်ဘဲ ရဟန်းသံဃာ ကျောင်းသားပါမကျန် နှိပ်ကွပ်တာတွေ၊ ဖမ်းတာ ဆီးတာတွေ လုပ်နေတာပဲ။ အခု အဖမ်းခံရတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ ဆိုတာကလည်း စစ်ကြောင့် ဒုက္ခရောက်နေရတဲ့ ပြည်သူလူထုကို ကူညီကယ်ဆယ်ပေးနေတဲ့သူတွေ။ ဒါကို အကြောင်းပြချက်မျိုးစုံနဲ့ ဖမ်းတာ။ အဲဒီလိုဖမ်းတော့ စစ်မက်ဇုန် က ပြည်သူလူထုပဲ ပိုပြီး ဒုက္ခရောက်တာပေါ့” ဟု ပြောသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာ ၂၅ ရက်ထိ ၁၂,၇၅၄ ဦး စစ်ကောင်စီ၏ ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရပြီး ၎င်းတို့အနက် ၁,၅၉၃ ဦးမှာ ထောင်ဒဏ်များ ချမှတ်ခံထားရကြောင်း၊ နွေဦးတော်လှန်ရေးကာလအတွင်း အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြ သည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ ၂၃၉၁ ဦး ကျဆုံးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

Your Thoughts …
Tags: CDMPDFကျန်းမာရေးဝန်ထမ်းစစ်ကောင်စီဆေးဝါးမန္တလေးတိုင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် /  AFP

စစ်ကောင်စီ လူသတ်တာ ၂၄၀၀ ကျော်ပြီ

ပြည်တွင်းထွက် ဖရဲများ  / ဧရာဝတီ

တရုတ်လော့ဒေါင်းကြောင့် ဝယ်လက် မရှိ၍ ဖရဲ ဈေးကျ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved