• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာနှင့် တောင်တရုတ်ပင်လယ်အရေး အာဆီယံကို အကူအညီ ပိုပေးရန် ဘိုင်ဒင်ကတိပြု

by ဧရာဝတီ
14 November 2022
in သတင်း
A A
ဘိုင်ဒင် အစည်းအဝေးတက်ရောက်ခြင်းသည် အမေရိကန်ပြည်ထောင်စုက ASEAN နှင့်ဆက်ဆံရေးအပေါ် ထားရှိသည့် အရေးပါမှုကို သက်သေပြခြင်းဖြစ်သည်

ဘိုင်ဒင် အစည်းအဝေးတက်ရောက်ခြင်းသည် အမေရိကန်ပြည်ထောင်စုက ASEAN နှင့်ဆက်ဆံရေးအပေါ် ထားရှိသည့် အရေးပါမှုကို သက်သေပြခြင်းဖြစ်သည်

6k
VIEWS
Share on FacebookShare on Twitter

အဖွဲ့အတွင်း ညီညွတ်မှု ပြဿနာများနှင့် ရင်ဆိုင်နေရသော အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) သည် ဝါရှင်တန်၏ အာရှမူဝါဒတွင် အချက်အခြာကျပြီး မြန်မာမှအာဏာသိမ်းပြီး အကြမ်းဖက်မှုများနှင့် တောင်တရုတ်ပင်လယ်ပြဿနာစသည့် ဒေသတွင်း အဓိကကျသည့် ပြဿနာများတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က စနေနေ့တွင် ကတိပြုသည်။

ASEAN အဖွဲ့ဝင် ၁၀ နိုင်အနက် ၉ နိုင်ငံမှခေါင်းဆောင်များနှင့် ဖနွမ်ပင် ဆွေးနွေးပွဲတွင် ပြောကြားရာ ဘိုင်ဒင်က ထိုနေ့ အစည်းအဝေးသို့ သူတက်ရောက်ခြင်းသည် အမေရိကန်ပြည်ထောင်စုက ASEAN နှင့်ဆက်ဆံရေးအပေါ် ထားရှိသည့် အရေးပါမှုကို သက်သေပြခြင်းဖြစ်ကြောင်းပြောသည်။

“ASEAN ဟာ ကျနော့်အစိုးရရဲ့ အင်ဒိုပစိဖိတ်သေနင်္ဂဗျူဟာရဲ့ ဗဟိုချက်မှာ ရှိတယ်။ အင်အားကြီးမားညီညွတ်တဲ့ ASEAN နဲ့ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်သွားဖို့ ကျနော်တို့ရဲ့ ကတိကဝတ်တွေကို ခိုင်မာအောင် ကျနော်တို့ ဆက်လက်လုပ်ကိုင်သွားမယ်” ဟု သူပြောသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်

အမေရိကန် သမ္မတက သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုနယ်ပယ်များတွင် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးကို ချဲ့ထွင်မည့် US-ASEAN ကျယ်ပြန့်သော သေနင်္ဂဗျူဟာ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် စတင်ကြောင်းလည်း ကြေညာသည်။ ထိုပူးပေါင်းဆောင်ရွက်မှုစာချုပ်ကြောင့် အမေရိကန်ပြည်ထောင်စုသည် ASEAN နှင့် ဆက်ဆံရေးတွင် တရုတ်နှင့် အဆင့်တူဖြစ်လာသည်။

ထိုသဘောတူစာချုပ်သည် တရားဥပဒေစိုးမိုးရေးအပေါ် ခြိမ်းခြောက်မှုများကို ကာကွယ်ရန်၊ လွတ်လပ်၊ ပွင့်လင်း၊ တည်ငြိမ်၊ ကြွယ်ဝချမ်းသာ၊ ခံနိုင်ရည်ရှိ၊ လုံခြုံသော အင်ဒိုပစိဖိတ်ဒေသကို တည်ဆောက်ရန် ကြိုးစားခြင်းဖြစ်ကြောင်း ဘိုင်ဒင် ပြောကြားပြီး ထိုသဘောတူစာချုပ်သည် အမေရိကန်- ASEAN ဆက်ဆံရေးခေတ်သစ် သင်္ကေတဖြစ်ကြောင်းလည်း သူပြောသည်။

“ASEAN နဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့၊ တောင်တရုတ်ပင်လယ်ကနေ မြန်မာအထိ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ နဲ့ ဘုံစိန်ခေါ်မှုတွေအတွက် တီထွင်ဆန်းသစ်တဲ့ အဖြေရှာဖို့ ဒေသတွင်းက တနိုင်ငံချင်းစီ ငြိမ်းချမ်းရေးနဲ့ ချမ်းသာကြွယ်ဝမှု ပိုမိုမြင့်မားစေဖို့ ကျနော်မျှော်လင့်တယ်” ဟု ထိုတံခါးပိတ်အစည်းအဝေး မစတင်မီ မီဒီယာသို့ ရုပ်သံမှပြောသည့် မိန့်ခွန်းတွင် သူပြောသည်။

မြန်မာအကျပ်အတည်းအပြင် တောင်တရုတ်ပင်လယ်တွင် ASEAN နိုင်ငံအများအပြားနှင့် တရုတ်အကြား ဖြစ်ပွားနေသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည့် နယ်နိမိတ်အငြင်းပွားမှုသည် အမေရိကန်နှင့် ASEAN ၉ နိုင်ငံခေါင်းဆောင်များအကြား ဆွေးနွေးရာတွင် ပါဝင်မည်ဟု မျှော်လင့်ရသည်။

ယခင်သဘောတူထားသည့် ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်မဖေါ်မခြင်း စစ်ခေါင်းဆောင်များကို ဘေးဖယ်ထားရန် ASEAN က ဘုံသဘောတူညီချက် ချမှတ်ထားသောကြောင့် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယခုအစည်းအဝေး တက်ရောက်ခွင့်မရပေ။

တနင်္ဂနွေနေ့က EAS အစည်းအဝေးသို့ ဘိုင်ဒင်တက်ရောက်ခြင်းကို အားလုံးက အာရုံစိုက်နေကြသည်

ဖနွမ်ပင်တွင် ကျင်းပသည့် ASEAN ထိပ်သီးအစည်းအဝေးသို့ ဘိုင်ဒင်တက်ရောက်ခြင်းသည် ၂၀၁၇ ခုနှစ်နောက်ပိုင်း အမေရိကန် သမ္မတတဦး ထိုဆွေးနွေးပွဲသို့ ဒုတိယအကြိမ် တက်ရောက်ခြင်းဖြစ်ပြီး ထိုဆွေးနွေးပွဲအစီအစဉ်တွင် တနင်္ဂနွေနေ့ကျင်းပသည့် ASEAN နှင့် အဓိကမိတ်ဘက်နိုင်ငံများတက်ရောက်သည့် အရှေ့အာရှထိပ်သီးဆွေးနွေးပွဲ (EAS) လည်း ပါဝင်သည်။

ယခင်သမ္မတ ဒေါ်နယ်ထရမ့်က ထိုသို့သော အစည်းအဝေးများကို လျစ်လျူရှုထားခြင်းကြောင့် မကြာသေးမီနှစ်များအတွင်း ထိုဒေသအတွက် အမေရိကန်၏ ကတိကဝတ်များကို မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။

တနင်္ဂနွေနေ့က EAS အစည်းအဝေးသို့ ဘိုင်ဒင်တက်ရောက်ခြင်းကို အားလုံးက အာရုံစိုက်နေကြသည်။ တရုတ်ဝန်ကြီးချုပ် လီခဲ့ချန်လည်း ထိုအစည်းအဝေးသို့ တက်ရောက်သည်။ ဘိုင်ဒင်သည် ဘာလီကျွန်းတွင် ကျင်းပမည့် ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးများ၏ G-20 ထိပ်သီးဆွေးနွေးပွဲတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် မျက်နှာချင်းဆိုင်ဆွေးနွေးရန် ရှိသည်။

ဖနွမ်းပင်သည် ၂၀၂၀ ခုနှစ်နောက်ပိုင်းတွင် ဒုတိယအကြိမ်အဖြစ် ASEAN ထိပ်သီးဆွေးနွေးပွဲအစီအစဉ် အပြည့်အဝကို ကျင်းပခြင်းဖြစ်ပြီး စနေနေ့တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက် အပါအဝင် ကမ္ဘာတဝှမ်းမှ ထိပ်တန်းအရာရှိများဖြင့် သံတမန်ရေးရာလှုပ်ရှားမှု အများအပြား မြင်တွေ့ရသည်။ ဂူတာရက်သည် အရှေ့အာရှထိပ်သီး ဆွေးနွေးပွဲမတိုင်မီ ရောက်ရှိလာခြင်းဖြစ်သည်။

မီဒီယာသို့ ပြောကြားရာတွင် ဂူတားရက်က ကုလသမဂ္ဂအပါဝင် နိုင်ငံတကာ အသိုက်အဝန်းသည် မြန်မာပြည်သူများအပေါ် ပျက်ကွက်ခဲ့ကြောင်းပြောကြားပြီး ၂၀၂၁ ခုနှစ် ဧပြီလက ချမှတ်ခဲ့သည့် ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖေါ်ရန် ASEAN က စစ်ကောင်စီကို တွန်းအားပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။

မီဒီယာနှင့်ဆွေးနွေးပြောကြားသူများတွင် ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒီမိုင်ထရို ကူလီဘာလည်း ပါဝင်ပြီး သူက ရုရှားက ယူကရိန်းကို ကျူးကျော်မှုနှင့် ပတ်သက်ပြီး ပိုမိုပြတ်သားစွာရပ်တည်ရန် ASEAN ကို တိုက်တွန်းသည်။

ယူကရိန်းသည် ယခုအပတ်အတွင်း ASEAN ၏ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ASEAN သဘောတူ စာချုပ်တွင် လက်မှတ်ရေးထိုးပြီး ထိုသဘောတူစာချုပ်မှာ ၁၉၇၆ ခုနှစ်ကတည်းက စတင်တည်ရှိနေသည့် ငြိမ်းချမ်းရေး သင်္ကေတ တခုဖြစ်သည်။

“ယူကရိန်းကို ရုရှားကျူးကျော်မှုမဟာ အချုပ်အခြာအာဏာပိုင် နိုင်ငံတခုကို တိုက်ခိုက်ရုံသာမက ကုလသမဂ္ဂ ပဋိညာဉ်နဲ့ နယ်မြေတည်တံ့ခိုင်မြဲရေး၊ အချုပ်အခြာအာဏာပိုင်ရေးနဲ့ အင်အားအသုံးမပြုရေး မူတွေကိုပါ တိုက်ခိုက်လိုက်တာ ဖြစ်လို့ ASEAN အနေ့နဲ့ ဒီစစ်ကို ပြစ်တင်ရှုတ်ချဖို့ ကျနော်တို့တောင်းဆိုတယ်” ဟု သူပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
391
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
56

“ASEAN အဖွဲ့ထဲက ဘယ်နိုင်ငံမှ အာရှမှာ ရုရှားအပြုအမူမျိုးကြုံတွေ့ရမှာကို စိတ်ဝင်စားမှာ မဟုတ်ဘူးလို့ ကျနော် လုံး၀ ယုံကြည်တယ်” ဟုလည်း သူပြောသည်။

မီဒီယာနှင့်ဆွေးနွေးပြောကြားသူများတွင် ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒီမိုင်ထရို ကူလီဘာလည်း ပါဝင်

ဒေသတွင်းမှ နိုင်ငံများသည် ရုရှားက ယူကရိန်းကို ဖေဖေါ်ဝါရီလတွင် ကျူးကျော်ပြီးနောက် ရုရှားနှင့်ပတ်သက်သည့် သဘောထား အမျိုးမျိုးဖြစ်နေသည်။ စင်္ကာပူသည် မော်စကိုကို တဘက်သတ် အရေးယူပိတ်ဆို့မှုများ ချမှတ်သည့် တခုတည်းသော နိုင်ငံဖြစ်ပြီး ရုရှားနှင့် ရှုပ်ထွေးသည့် လုံခြုံရေးနှင့် ကုန်သွယ်ရေး ပြဿနာများရှိနေသော အခြားနိုင်ငံများသည် ရုရှားကို ဝေဖန်ရာတွင် သတိထားနေကြသည်။

အရှေ့တောင်အာရှတွင် ရုရှားကို ပိတ်ဆို့အရေးယူမှု မည်သည့်အတွက် မရှိသနည်းဟု မေးသောအခါ ကူလီဘာက ထိုကိစ္စသည် နိုင်ငံရေးအကြောင်းပြချက်များကြောင့်လည်း တစိတ်တပိုင်းဖြစ်ကြောင်းပြောသည်။

သို့သော် သူက အရေးယူပိတ်ဆို့မှုများသည် ကိယက်ကိုထောက်ခံရန် တခုတည်းသော နည်းလမ်းမဟုတ်ကြောင်း ပြောသည်။ “ယူကရိန်းကို ဘယ်လိုထောက်ခံမယ်ဆိုတာ ပုံစံမျိုးစုံ ရှိတယ်။ အဆိုးဆုံးက ဘာမှမလုပ်တာပဲ” ဟု သူပြောသည်။

ကူလီဘာက EAS တွင် မော်စကိုကို ကိုယ်စားပြုတက်ရောက်နေသည့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့သည် တွေ့ဆုံရန် တောင်းဆိုခြင်း မရှိသဖြင့် ရုရှားသည် စေ့စပ်ညှိနှိုင်းရေးကို မလိုလားကြောင်းပြသည့် လက္ခဏာ တခုဖြစ်ကြောင်း ပြောသည်။

သူသည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့် ဆွေးနွေးရန် မျှော်လင့်ခဲ့သော်လည်း အကောင်အထည် မပေါ်ကြောင်းလည်း သူပြောသည်။ သို့သော် ယူကရိန်းသည် တရုတ်က မော်စကိုအပေါ် သြဇာကို သုံးကာ စစ်ပွဲရပ်အောင် လုပ်ဆောင်ရေးအတွက် ဘေ့ဂျင်းနှင့် ဆွေးနွေးမှုများကို ဆက်လက်ထိန်းသိမ်းထားကြောင်း သူပြောသည်။

ကိုးကား။ ။ South China Morning Post

မြန်မာကို အာဆီယံ လတ်တလောအတိုင်း ဆက်ထားဦးမည်

ASEAN ထိပ်သီးဆွေးနွေးပွဲတွင် ဟွန်ဆန်က အဖိုးတန်နာရီများ လက်ဆောင်ပေးမည်

မျက်မှောက်ခေတ်ကာလရဲ့ အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီစနစ် အားပြိုင်မှု

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၏ မထုတ်လွှင့်လိုက်ရသော မိန့်ခွန်း

Your Thoughts …
Tags: မြန်မာနှင့် တောင်တရုတ်ပင်လယ်အင်ဒိုပစိဖိတ်သေနင်္ဂဗျူဟာအမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ကအာဆီယံထိပ်သီးဆွေးနွေးပွဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဘိုင်ဒင်မတက်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြဿနာဝိုင်းနေ

ဘိုင်ဒင်မတက်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြဿနာဝိုင်းနေ

by ဧရာဝတီ
4 September 2023
4.5k

ASEAN နိုင်ငံခြားရေးဝန်ကြီးများသည် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ တနင်္လာနေ့တွင် စည်းဝေးကြသည်။

၂၀၁၆ ခုနှစ် ဇွန်လ ၂၄ ရက်တွင် ဘန်ကောက်မြို့၌ ထိုင်းဝန်ကြီးချုပ်နှင့်အတူ ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့စဉ် / Reuters

အာဆီယံထိပ်သီးဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည်တက်မည်

by နန်းလွင်
20 June 2019
5.8k

ဒေါ်အောင်ဆန်းစုကြည်သည် ယခုနှစ် ASEAN ဥက္ကဌ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွဒ်ချန်အိုချာ၏ ဖိတ်ကြားချက်အရ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်သည်။

Next Post
၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းအပြီး ချင်းလူငယ် အများအပြား စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ပုန်ကန်ရန် ထံ စစ်သင်တန်းတက်ကြစဉ် / CNN

မီးလောင်ပြင်မှ နိုးထလာသည့် တော်လှန်ရေးအမာခံဒေသ ထန်တလန်

ချွန်ဘူရီရှိ ကတ်ထူစက္ကူအမှုန့်ကြိတ်စက်ရုံ

ထိုင်း MoU လုပ်သား ၁၈၀ ကျော် လစာအပြည့် မရ၍ တောင်းဆိုရာမှ အလုပ်ထုတ်ခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved