• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မီးလောင်ပြင်မှ နိုးထလာသည့် တော်လှန်ရေးအမာခံဒေသ ထန်တလန်

by Emily Fishbein
14 November 2022
in ဆောင်းပါး
A A
၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းအပြီး ချင်းလူငယ် အများအပြား စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ပုန်ကန်ရန် ထံ စစ်သင်တန်းတက်ကြစဉ် / CNN

၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းအပြီး ချင်းလူငယ် အများအပြား စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ပုန်ကန်ရန် ထံ စစ်သင်တန်းတက်ကြစဉ် / CNN

8.5k
VIEWS
Share on FacebookShare on Twitter

မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းသောအခါ အသက် ၂၉ နှစ်အရွယ် Cung Hlei Thawng သည် နိုင်ငံအနောက်မြောက်ပိုင်း အိန္ဒိယနယ်စပ်အနီး တောင်တန်းများမှ ရှုခင်းသာယာသော မြို့တမြို့ဖြစ်သည့် ထန်တလန်တွင် မိခင်ဖြစ်သူနှင့်အတူ နေထိုင်နေသည်။

သို့သော် လွန်ခဲ့သောနှစ် ဧပြီလသို့ ရောက်သောအခါ ထန်တလန်မြို့နယ် လူမှုကူညီရေးသမား Cung Hlei Thawng သည် စစ်အာဏာသိမ်းမှုနောက်ပိုင်း တနိုင်ငံလုံးတွင် ပေါ်ပေါက်လာသော လက်နက်ကိုင် တော်လှန်ရေးအုပ်စု ရာပေါင်းများစွာအနက် တခုဖြစ်သော ထန်တလန်မြို့နယ်ခွဲ၏ ချင်းပြည်ကာကွယ်ရေး တပ်မတော် (The Chinland Defense Forces – CDF) စစ်ဦးစီးချုပ် ဖြစ်လာသည်။

စစ်အာဏာသိမ်းပြီး နောက်ရက်များတွင် ဒီမိုကရေစီလိုလားသည့် လှုပ်ရှားမှုတွင် ပါဝင်ပြီး Cung Hlei Thawng သည် စစ်အုပ်စုကို ငြိမ်းချမ်းစွာ ဆန္ဒပြသူသန်းပေါင်းများစွာနှင့် ပူးပေါင်းသည်။ ထို့နောက် စစ်ကောင်စီ၏ သွေးချောင်းစီး ဖြိုခွဲမှုသည် နိုင်ငံကို မီးကုန်ယမ်းကုန်စစ်ဆီသို့ ဦးတည်စေသောအခါ သူသည် တောတွင်းသို့ ပြေးပြီး လက်နက်ကိုင်သည့် လူငယ်များ၏ ပထမဆုံးလှိုင်းတွင် ပါဝင်သူဖြစ်လာသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
284
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
124
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
111

စစ်ကောင်စီတပ်များသည် အရပ်သား ၇ ဦးကို ပစ်သတ်ခဲ့ကြပြီး အမြောက်များဖြင့် ပစ်ခတ်ကာ ထန်တလန်မြို့ကို နောက်ထပ် အကြိမ် ၂ ဒါဇင်ကျော် မီးရှို့သောကြောင့် အဆောက်အအုံ ၁,၂၀၀ ကျော် မီးလောင်ပြီး တမြို့လုံး၏ လူဦးရေဖြစ်သော လူပေါင်း ၁၀,၀၀၀ နေရပ်စွန့်ခွာ ထွက်ပြေးရကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောသည်။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ရောက်သောအခါ CDF-ထန်ထလန်သည် စစ်ကောင်စီကို လျင်မြန်စွာ အသာစီးရလာပြီး စစ်ကောင်စီကလည်း ရမ်းသမ်းပစ်ခတ်တိုက်ခတ်ကာ လက်စားချေသည်။ စစ်ကောင်စီတပ်များသည် အရပ်သား ၇ ဦးကို ပစ်သတ်ခဲ့ကြပြီး အမြောက်များဖြင့် ပစ်ခတ်ကာ ထန်တလန်မြို့ကို နောက်ထပ် အကြိမ် ၂ ဒါဇင်ကျော် မီးရှို့သောကြောင့် အဆောက်အအုံ ၁,၂၀၀ ကျော် မီးလောင်ပြီး တမြို့လုံး၏ လူဦးရေဖြစ်သော လူပေါင်း ၁၀,၀၀၀ နေရပ်စွန့်ခွာ ထွက်ပြေးရကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောသည်။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်နေ့တွင် ချင်းပြည်နယ်၊ ထန်တလန်ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အအုံ ၁၆၀ ပျက်စီးပြီး မီးခိုးများကောင်းကင်ယံလို့ လွင့်နေစဉ် / AFP

မီးရှို့ခံရသော အိမ်များတွင် ၂၀၁၈ ခုနှစ်က ကွယ်လွန်သွားသော ဖခင်၏ ချွေတာစုဆောင်းငွေဖြင့် တည်ဆောက်ထားသည်မှာ လပိုင်းသာ ကြာသေးသည့် Cung Hlei Thawng ၏ အိမ်လည်း ပါဝင်သည်။ “ဒီလိုမျိုး ဖြစ်လာမယ်လို့ ဘယ်သူမှ မထင်ခဲ့ကြဘူး။ ဘယ်သူမှ စစ်တပ်နဲ့ တနေရာတည်း ဆက်မနေ နိုင်တော့ဘူး” ဟု Cung Hlei Thawng က ပြောသည်။

ထိုတိုက်ခိုက်မှုများသည် ချင်းပြည်နယ်မှ အရပ်သားများကို ပစ်မှတ်ထားသည့် ကြိုတင် ကြံစည် မီရှို့သတ်ဖြတ်မှုများဖြစ်ကြောင်း ဝါရှင်တန်ပို့စ် သတင်းစာက ဆုံးဖြတ်ပြီး ထိုကျူးလွန်မှုများသည် လျော့ကျသွားခြင်း မရှိသည့် စစ်ကောင်စီ၏ ကြီးထွားလာနေသော လူ့အခွင့်အရေး ရက်စက်ကြမ်းကြုတ်မှု အထောက်အထားများဖြစ်ကြောင်း ပြောသည်။

သို့သော် ပြည်သူများ၏ ခုခံတော်လှန်ရန် စိတ်ဓာတ်ကို မချေမှုန်းနိုင်ဘဲ ထိုစစ်နည်းပရိယာယ်များသည် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုသာ ရှိခဲ့ပုံရသည်။ လွန်ခဲ့သောတနှစ်အတွင်း အများအားဖြင့် လက်နက်ငယ်များနှင့် လုပ်သေနတ်များကိုသာ အဓိကအားကိုးနေရသော အုပ်စုများသည် ရုရှားနှင့် တရုတ်လုပ်လက်နက်ကြီးများဖြင့် လက်နက်တပ်ဆင်ထားသည့်စစ်တပ်ကို အသာစီးရနေသည်။ စစ်တပ်၏ လွှမ်းမိုးမှုသည် စိန်ခေါ်ခံနေရကြောင်း၊ စစ်ကောင်စီသည် အထိနာနေကြောင်း လေ့လာသူများ စတင် ပြောကြားလာကြသည်။

အဓိက မြို့ကြီးများနှင့် မြို့များကို ထိန်းချုပ်နိုင်ရေးအတွက် တော်လှန်ရေး အင်အားစုများ ဆက်လက် တိုက်ပွဲဝင်နေစဉ် ထိုအုပ်စုများသည် လွတ်မြောက်ဒေသဟု ၎င်းတို့ ခေါ်သော ဒေသများတွင် အုပ်ချုပ်ရေးစနစ်များ ထူထောင်ကြပြီး နိုင်ငံမှ စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာမှု လိုအပ်ချက်များကို ဖြည့်ဆည်းနေသည်။

မြန်မာပြည်သူများကိုယ်စား လုပ်ဆောင်ပေးနေသည့် နိုင်ငံတကာအဖွဲ့အစည်း ဖြစ်သော အထူးအကြံပေးကောင်စီသည် မကြာသေးမီက အစီရင်ခံစာတစောင် ထုတ်ပြန်ပြီး မြန်မာမှ ပဋိပက္ခလမ်းကြောင်းသည် ဒီမိုကရက်တစ်တော်လှန်ရေးဘက်သို့ အားသာနေပြီး စစ်ကောင်စီသည် ၂၀၂၃ ခုနှစ်ကို ကျော်လွန်ရပ်တည်ရန် မဖြစ်နိုင်သလောက်ဖြစ်နေကြောင်း ဖော်ပြသည်။

စစ်အာဏာသိမ်းမှုက ဖြုတ်ချလိုက်သည့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် နိုင်ငံ၏ တရားဝင်အစိုးရအဖြစ် နိုင်ငံတကာအသိအမှတ်ပြုခံရရန် အားပြိုင်နေသည်။ နိုင်ငံ၏ပိုင်နက် ထက်ဝက်ကျော်ကို တော်လှန်ရေးအင်အားစုများက ထိရောက်စွာ ထိန်းချုပ်ထားကြောင်း NUG အစိုးရက စက်တင်ဘာလတွင် ကြေညာသည်။

အဓိက မြို့ကြီးများနှင့် မြို့များကို ထိန်းချုပ်နိုင်ရေးအတွက် တော်လှန်ရေး အင်အားစုများ ဆက်လက် တိုက်ပွဲဝင်နေစဉ် ထိုအုပ်စုများသည် လွတ်မြောက်ဒေသဟု ၎င်းတို့ ခေါ်သော ဒေသများတွင် အုပ်ချုပ်ရေးစနစ်များ ထူထောင်ကြပြီး နိုင်ငံမှ စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာမှု လိုအပ်ချက်များကို ဖြည့်ဆည်းနေသည်။ ယခုအခါ စစ်ဘေးရှောင် အရေအတွက်သည် ၁ ဒသမ ၄ သန်း အထိရှိပြီး ထိုအုပ်ချုပ်ရေးအဖွဲ့များသည် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် တရားဥပဒေစိုးမိုးရေး စသည့် ဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်နေသည်။

သို့သော် တခါက ကြေကွဲစရာ သင်္ကေတဖြစ်ခဲ့ပြီး ယခုအခါ တော်လှန်ရေးအမာခံ ဒေသဖြစ်လာသော ထန်တလန်မြို့လောက် ပြန်လည်နိုးထနိုင်သော စွမ်းရည်ရှိသည့်နေရာ မရှိလောက်ပေ။ ပထမဆုံးအကြိမ် မီးရှို့တိုက်ခိုက်ခံရပြီး ၂ လအကြာ လွန်ခဲ့သော နိုဝင်ဘာလတွင် CDF သည် ထိုမြို့နယ်၏ ကျေးရွာ ၈၈ ရွာအနက် ၅၁ ရွာကို ထိန်းချုပ်ထားသည်။ ယခုအခါတွင်မူ ကျေးရွာအားလုံးကို ထိန်းချုပ်လိုက်ပြီဖြစ်ပြီး တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာသော အရပ်သားများကို လူသားချင်းစာနာမှု အကူအညီများပေးနေသည်။

သို့သော် ထန်တလန်မြို့ကို ထိန်းချုပ်နိုင်ရေးအတွက် တိုက်ပွဲကို ဆက်လက် ဆင်နွဲနေရဆဲဖြစ်သည်။ CDF-ထန်တလန်သည် စတင်ထူထောင်ပြီးနောက် အဖွဲ့ဝင် ၂၀ ကျော် ကျဆုံးသော်လည်း လက်နက်အင်အား လွန်စွာသာလွန်သည့် စစ်တပ်ကို ဆက်လက် တိုက်ပွဲဝင်နေသည်။ “ကျနော်တို့ ဆုံးဖြတ်ချက်က တိုက်ပွဲကို အဓိကထားဖို့ပဲ” ဟု Cung Hlei Thawng က ပြောသည်။

မီးကို ရင်ဆိုင်ခြင်း

လွန်ခဲ့သောနှစ်က စစ်အာဏာသိမ်းမှုသည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို ဖြုတ်ချလိုက်ရုံသာမကဘဲ ဆယ်စုနှစ်တခုကြာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကိုလည်း ဖျက်သိမ်းလိုက်ကာ နိုင်ငံမှလူငယ်များ ခံစားခွင့်ရသည်မှာ မကြာသေးသည့် လွတ်လပ်မှုနှင့် အခွင့်အလမ်းများကိုလည်း ဖျက်ဆီးလိုက်သည်။ ရက်ပိုင်းအတွင် နောက်ခံအမျိုးမျိုးမှ ပြည်သူများသည် တော်လှန်ရေးစိတ်ဓာတ်ဖြင့် စုစည်းမိလာသည်။

“စစ်အာဏာသိမ်းမှုဟာ တရားမျှတမှုမရှိဘူး။ ဒါကြောင့် အာဏာသိမ်းမှု ဖြစ်ပြီးနောက် ပါတီတွေနဲ့ ပတ်သက်တာတွေ လုံးဝ မစဉ်းစားတော့ဘူး။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ကျနော်တို့ တစိတ်တဝမ်းတည်း ရှိကြတယ်”

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲအတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် မဲမဆွယ်ဘဲ ချင်းလူမျိုးစုပါတီတခုအတွက်သာ မဲဆွယ်သော Cung Hlei Thawng သည် ထန်တလန်တွင် အကြမ်းမဖက်သည့် ပထမဆုံး ဆန္ဒပြပွဲအချို့ကို စီစဉ်ခဲ့သည်။

“စစ်အာဏာသိမ်းမှုဟာ တရားမျှတမှုမရှိဘူး။ ဒါကြောင့် အာဏာသိမ်းမှု ဖြစ်ပြီးနောက် ပါတီတွေနဲ့ ပတ်သက်တာတွေ လုံးဝ မစဉ်းစားတော့ဘူး။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ကျနော်တို့ တစိတ်တဝမ်းတည်း ရှိကြတယ်” ဟု သူက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ရက်သတ္တပတ် အနည်းငယ်အကြာတွင် စစ်တပ်သည် အခြားမြို့ကြီးများတွင် လူအုပ်များကို ကျည်ဆန် အစစ်များဖြင့် ပစ်ခတ်သော်လည်း Cung Hlei Thawng နှင့် ထန်တလန်မြို့မှ ဆန္ဒပြသူများသည် ဆက်လက်ဆန္ဒပြကြသည်။ နေအိမ်များကို ဝင်ရောက်စီးနင်းခြင်းနှင့် ဖမ်းဆီးမှုများ တိုးလာသောကြောင့် ၎င်းတို့သည် ရပ်ကွက်ညကင်းများ ထူထောင်ကြပြီး Cung Hlei Thawng ကို ခေါင်းဆောင်အဖြစ် ရွေးချယ်လိုက်ကြသည်။ ကာကွယ်ရန်အတွက် အခြားရွေးစရာနည်းလမ်း မရှိတော့သောကြောင့် သူသည် ဆန္ဒပြသူများနှင့် လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်သော သူများ၏ နေအိမ်များကို လေးခွတလက်ဖြင့် စောင့်ရှောက်ရသည်။

သို့သော် ၂၀၂၁ ခုနှစ်၊ မတ်လသို့ရောက်သောအခါ တနိုင်ငံလုံးတွင် စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခံရသော ဆန္ဒပြသူအရေအတွက်သည် ရာနှင့်ချီရှိလာပြီး ၎င်းတို့အတွက် အစီအစဉ်သစ်တခု လိုအပ်ကြောင်း ထန်တလန်မှ လူငယ်များ ခုခံရေးလှုပ်ရှားမှုက ဆုံးဖြတ်လိုက်သည်။

“ပြည်သူတွေ လုံခြုံရေးအတွက် လုပ်ပေးနေတဲ့ ကျနော်တို့ ကိုယ်တိုင်တောင် မလုံခြုံတော့ဘူးလို့ ခံစားလာရတယ်” ဟု Cung Hlei Thawng ကပြောသည်။ “သေနတ်တွေ စကိုင်ရရင်ကောင်းမယ်လို့ ကျနော်တို့ ဆွေးနွေးကြတယ်” ဟုလည်း ၎င်းကပြောသည်။

Cung Hlei Thawng နှင့် အခြားသူ ၃ ဦးတို့ သည် စစ်တပ်၏ စစ်ဆေးရေး စခန်းများကို ရှောင်ရန် ကွေ့ကောက်သည့် လမ်းကြိုလမ်းကြားမှ ဆိုင်ကယ်များဖြင့် ၅ နာရီကြာ မောင်းနှင်ပြီး ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်သို့ သွားရောက်ကြသည်။ CNF သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ၁၉၈၀ ပြည့်နှစ်များက စတင် တိုက်ပွဲဝင်နေသည့် လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည်။

ဩဂုတ်လအတွင်းက အသက် ၁၉ နှစ်အရွယ် CNA ရဲဘော်တဦး မြေမြှုပ်မိုင်းကြောင့် ခြေတဖက် ဖြတ်လိုက်ရစဉ် / Emily Fishbein

CNF သည် ၂၀၁၂ ခုနှစ် အပစ်အခတ်ရပ်စဲရေးကို ထိုအချိန်တွင် ဂရုစိုက်နေရသော်လည်း ၎င်းတို့လေးဦးသည် CNF ၏ လက်နက်ကိုင် တပ်ဖြစ်သော ချင်းအမျိုးသားတပ်မတော် (CNA) အရန်တပ်များနှင့်အတူ စစ်သင်တန်း တက်ရောက်နိုင်ခဲ့သည်။ နှစ်ပတ်ကြာသောအခါ အခြေခံကျွမ်းကျင်မှုအချို့၊ ဖောက်ခွဲရေးပစ္စည်းအချို့နှင့် လေသေနတ်တလက်နှင့်အတူ ထန်တလန်သို့ ပြန်ပြီး တောတွင်းတွင် စခန်းတခု ထူထောင်လိုက်သည်။

တလခန့်အတွင်း ၎င်းတို့သည် အင်အား ၄၀ ခန့်ရှိသည့် တပ်ဖွဲ့တခုဖြစ်လာပြီး ရိုးရာတူမီးသေနတ် ဒါဇင်အနည်းငယ်နှင့် လက်လုပ် လက်ပစ်ဗုံးအချို့ကို ပိုင်ဆိုင်လာသည်။ မေလ ၅ ရက်နေ့တွင် တူမီးသေနတ် ကိုင်ဆောင်ထားသည့် လူတဒါဇင်သည် အဖွဲ့၏ ပထမဆုံး စစ်ဆင်ရေးဖြစ်သည့် စစ်တပ်ယာဉ်တန်းတခုကို ကြားဖြတ်တိုက်ကြသည်။ တူမီးသေနတ်များသည် တခါပစ်ပြီး တကြိမ်ကျည်ပြန်ဖြည့်ရသော သေနတ်များ ဖြစ်သည်။

“ကျနော်တို့တွေ တူမီးနဲ့တယောက်ကို ကျည် ၅ တောင့်စီ ပစ်နိုင်တယ်၊ ကျည်ညပ်သွားတဲ့သူဆို ၃ တောင့်ပဲ ပစ်နိုင်တယ်ဆိုတဲ့အသိနဲ့ ကျနော်တို့အဲဒီကို သွားကြတယ်” ဟု Cung Hlei Thawng ကပြောသည်။

“ကျနော်တို့တွေ တူမီးနဲ့တယောက်ကို ကျည် ၅ တောင့်စီ ပစ်နိုင်တယ်၊ ကျည်ညပ်သွားတဲ့သူဆို ၃ တောင့်ပဲ ပစ်နိုင်တယ်ဆိုတဲ့အသိနဲ့ ကျနော်တို့အဲဒီကို သွားကြတယ်” ဟု Cung Hlei Thawng ကပြောသည်။

ထိုတပ်ဖွဲ့သည် စစ်သားနှစ်ယောက်သေပြီး ၁၀ ယောက် ဒဏ်ရာရအောင် တိုက်ခိုက်နိုင်ခဲ့ကာ ၎င်းတို့ဘက်မှလည်း ၂ ဦး ဒဏ်ရာရသည်။ ထိုစစ်ဆင်ရေးကြောင့် CDF-ထန်တလန်၏ စွမ်းရည်ကို CNA သို့ ပြသလိုက်ခြင်းပင်ဖြစ်ပြီး CNA က ၎င်းတို့ကို စတင် လက်နက်တပ်ဆင်ပေးလာသည်။ “အဲဒီလို စခဲ့တာ” ဟု သူကပြောသည်။

အခြေအနေသည် ထိုမှစတင်ပြီး အရှိန်အဟုန် အလျင်အမြန်ရလာသည်။ ၂၀၂၁ ခုနှစ်၊ မေလကုန်သောအခါ CNF သည် နိုင်ငံမှ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အင်အားစုများနှင့် တရားဝင် ပူးပေါင်းလိုက်ပြီး CDF ကို ဗြောင်ကျကျ လေ့ကျင့် လက်နက်တပ်ဆင်ပေးကာ အတူပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်သည်။

တရက်ပြီးတရက်ဆိုသလို တိုက်ပွဲအရေအတွက် မှန်မှန်တိုးလာနေပြီး လွန်ခဲ့သော နှစ်လယ်သို့ ရောက်သောအခါ ထန်တလန်ကို ဗဟိုပြုကာ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းသည် စစ်ကောင်စီကို တိုက်ခိုက်သည့် အဓိက စစ်မြေပြင် ဖြစ်လာသည်။

CDF-ထန်တလန်၏ စခန်းတွင် စိတ်အားထက်သန်မှု မြင့်မားနေသည်။ ထိုစဉ်က ၎င်းတို့အဖွဲ့သည် ထိုးစစ်များကို ပုံမှန်တိုက်ကြပြီး အင်အားနှင့် အရေအတွက် သိသိသာသာတိုးလာသည်။ “တချို့လူတွေက စစ်သေနင်္ဂဗျူဟာတွေကို You Tube မှာ ရှာကြတယ်။ ကျနော်တို့က ကိုယ့်ကိုယ်ကို လေ့ကျင့်ရတာ” ဟု Cung Hlei Thawng ပြောသည်။

လွန်ခဲ့သော စက်တင်ဘာလတွင် အပြောင်းအလဲမှတ်သို့ ရောက်လာသည်။ ခုခံတိုက်ခိုက်ရေးသမားများသည် ထူးခြားသော တိုးတက်မှုများရလာသည်။ စက်တင်ဘာလ ၁၁ ရက်နေ့တွင် CDF နှင့် CNA ပူးပေါင်းတပ်ဖွဲ့တခုသည် သေနင်္ဂဗျူဟာကျသည့် စစ်စခန်းတခုကို သိမ်းပိုက်လိုက်ပြီး ရန်သူစစ်သား ၁၂ ဦးသေဆုံးစေကာ လက်နက်အများအပြား သိမ်းဆည်းနိုင်ခဲ့သည်။

စက်တင်ဘာလ ၁၈ ရက်နေ့တွင် တိုက်ပွဲများ ပြန်လည်စတင်ပြီး CDF နှင့် CNA ပူးပေါင်းတပ်ဖွဲ့သည် စစ်ကောင်စီတပ်ကို နောက်ထပ်အကြီးအကျယ် ထိခိုက်သေဆုံးစေသည်။ နောက်တနေ့ ညနေတွင် စစ်ကောင်စီတပ်များသည် ထန်တလန်ကို အမြောက်များဖြင့် ပစ်ခတ်ပြီး ပင်မလမ်းမကြီးတွင် မီးတောက် မီးလျှံများ လောင်ကျွမ်းနေသည်။

သို့သော် ထိုသို့အသာစီး ရရှိမှုကို တန်ဖိုးအကြီးအကျယ် ပေးဆပ်ပြီးမှ ရရှိခြင်းဖြစ်သည်။ စစ်ကောင်စီတပ်သည် လူနေရပ်ကွက်များကို ရမ်းသမ်းပစ်ခတ်သည်။ “ထန်တလန် တမြို့လုံး ထိပ်လန့်တုန်လှုပ်နေတယ်” ဟု Cung Hlei Thawng ပြောသည်။ “ဗုံးသံ၊ သေနတ်သံတွေ ကြားနေရပြီး လူတွေက မခံနိုင်ကြတော့ဘူး” ဟုလည်း ပြောသည်။ ထောင်နှင့်ချီသော လူများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်ရပြီး အချို့ အနီးရှိရွာများသို့ သွားရောက်ကြသလို အချို့ကလည်း အန္ဒိယနိုင်ငံ၊ မီဇိုရမ်သို့ သွားရောက်ကြသည်။

စက်တင်ဘာလ ၁၈ ရက်နေ့တွင် တိုက်ပွဲများ ပြန်လည်စတင်ပြီး CDF နှင့် CNA ပူးပေါင်းတပ်ဖွဲ့သည် စစ်ကောင်စီတပ်ကို နောက်ထပ်အကြီးအကျယ် ထိခိုက်သေဆုံးစေသည်။ နောက်တနေ့ ညနေတွင် စစ်ကောင်စီတပ်များသည် ထန်တလန်ကို အမြောက်များဖြင့် ပစ်ခတ်ပြီး ပင်မလမ်းမကြီးတွင် မီးတောက် မီးလျှံများ လောင်ကျွမ်းနေသည်။

CDF-ထန်တလန် စခန်းမှ မြင်ရသော ထန်တလန်မြို့ / Emily Fishbein

အသက် ၃၁ နှစ်အရွယ် တရားဟောဆရာ Cung Biak Hum က ထိုမီးများကို ငြှိမ်းသတ်ရန် အပြေးအလွှား သွားရောက်သောအခါ စစ်ကောင်စီစစ်သားများက သူ့ကို ပစ်သတ်ပြီး လက်သူကြွယ်ကို ဖြတ်ပစ်သည်။ တပတ်အတွင်း တမြို့လုံးထွက်ပြေးသော်လည်း ခရစ်ယာန်အများစုဖြစ်သော ချင်းလူမျိုးများသည် ၎င်းတို့ အသိုက်အဝန်းတွင် လေးစားရသည့် တရားဟောဆရာ သတ်ဖြတ်ခံရပြီး ကိုယ်လက်အင်္ဂါ ဖြတ်တောက်ခံရသောကြောင့် ခုခံတော်လှန်ရေးအတွက် ပိုမိုညီညွတ်ခိုင်မာလာကြသည်။

“စစ်တပ်က သူ့ကိုသတ်လိုက်တယ် ဆိုတဲ့သတင်းကို ကျနော်တို့ မခံစားနိုင်ဘူး။ ဒါဟာ ကျနော်တို့ တော်လှန်ရေးအတွက် အင်အားစွမ်းအင်ဖြစ်စေတယ်” ဟု Cung Hlei Thawng ကပြောသည်။

ပြာပုံမှ ပြန်လည်တည်ဆောက်ခြင်း

နော်ထပ်တနှစ်အတိအကျ နီးပါးကြာသောအခါ ယခုနှစ်စက်တင်ဘာလ တနင်္ဂနွေနေ့တနေ့တွင် အနီးရှိ ရွာတရွာတွင် အခြားတရားဟောဆရာဖြစ်သော Thawng Ceu Thang သည် ဘုရားကျောင်းပြည့် လာရောက်ကြသည့် ရွာသားများနှင့် ထန်တလန်မှ စစ်ရှောင်များကို တရားဟောသည်။ “သူတို့က ကျနော်တို့ အိမ်တွေကို မီးရှို့လို့ ရကောင်းရမယ်။ ဒါပေမယ့် ကျနော်တို့က စိတ်ပျက်စရာမလိုဘူး။ စစ်အာဏာရှင်စနစ်ကို အတူတကွ တိုက်ခိုက်ရမယ်” ဟု သူကဟောကြားသည်။

ယနေ့ထန်တလန်တွင် CDF သာမက စစ်ကောင်စီ တပ်များလည်း တပ်စွဲထားပြီး မည်သည့်အရပ်သားမျှ မပြန်နိုင်ကြသေးပေ။ သို့သော် လွန်ခဲ့သော တနှစ်တာအတွင်း CDF-ထန်တလန်သည် မြို့နယ်၏ ပတ်ဝန်းကျင် ကျေးရွာများမှ စစ်ကောင်စီတပ်များကို မောင်းထုတ်ပြီး ဒေသခံ လူမှုအသိုက်အဝန်းများ၏ ခိုင်မာသော ထောက်ခံမှုဖြင့် ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ် ထူထောင်ခဲ့သည်။

“ကျနော်တို့ တယောက်ကိုတယောက် တတ်နိုင်သလောက် ကူညီဖို့လိုတယ်။ ကျနော်တို့မှာရှိတာတွေကို မျှဝေပေးဖို့လိုပြီး အောင်ပွဲရတဲ့အထိ တိုက်နိုင်သမျှ တိုက်ရမယ်” ဟု စစ်ကောင်စီတပ်က မိသားစုအား လက်စားချေမည်ကို စိုးရိမ်သောကြောင့် အမည်မဖော်လိုသည့် အသက် ၂၄ နှစ်အရွယ် တပ်စုမှူးတဦးက ပြောသည်။

“ကျနော်တို့ တယောက်ကိုတယောက် တတ်နိုင်သလောက် ကူညီဖို့လိုတယ်။ ကျနော်တို့မှာရှိတာတွေကို မျှဝေပေးဖို့လိုပြီး အောင်ပွဲရတဲ့အထိ တိုက်နိုင်သမျှ တိုက်ရမယ်” ဟု စစ်ကောင်စီတပ်က မိသားစုအား လက်စားချေမည်ကို စိုးရိမ်သောကြောင့် အမည်မဖော်လိုသည့် အသက် ၂၄ နှစ်အရွယ် တပ်စုမှူးတဦးက ပြောသည်။

ပြည်သူများကလည်း ၎င်းတို့လုပ်ဆောင်ရမည်များကို လုပ်ဆောင်ကြသည်။ နိုင်ငံတွင် အဆင်းရဲဆုံးဖြစ်သော ကျေးရွာများသည် စစ်ရှောင်မိသားစုများကို လက်ခံစောင့်ရှောက်ကြသည်။ “နေထိုင်စားသောက်စရိတ်တွေ အရမ်းပိုကုန်ကျပြီး အစားအစာ လုံလုံလောက်လောက်ရဖို့ ခက်လာတယ်” ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး Thang Hre က ပြောသည်။ သူ၏ကျေးရွာသည် ၂၄ နာရီ လျှပ်စစ်မီးမရဘဲ အာဏာသိမ်းပြီးနောက်တွင် ဆက်လက်ရှင်သန်ရေး နေ့စဉ်လိုအပ်ချက်များ ရရန် ခက်ခဲလာသည်။ သို့သော် အိမ်ထောင်စု ၁၂၀ ရှိသော ထိုကျေးရွာသည် စစ်ရှောင်မိသားစု ၈၀ ကျော်ကို လက်ခံစောင့်ရှောက်ထားပြီး မြို့နယ်တွင်းမှ အခြားကျေးရွာများကလည်း အလားတူ ကူညီနေကြသည်။

၎င်းတို့သည် CDF-ထန်တလန်၏ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည့် ရာနှင့်ချီသော သူများကိုလည်း ကျွေးမွေးကြရသည်။ ထိုပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည်လည်း စစ်အာဏာသိမ်းပြီးနောက် ပြိုလဲသွားသော အရေးပါသည့် ဝန်ဆောင်မှုများကိုပေးရန် လွန်စွာကြီးမားသော တာဝန်ကို ထမ်းဆောင်နေရသည်။ “ကျနော်တို့တွေ ပြည်သူတွေနဲ့ မခွဲခြားနိုင်တော့ဘူး။ ကျနော်တို့က သူတို့ကို ကာကွယ်ပေးပြီး သူတို့ကလည်း ကျနော်တို့ကို ကာကွယ်ပေးသလို ကျွေးမွေးစောင့်ရှောက်တာလည်း လုပ်ပေးတယ်” ဟု CDF-ထန်တလန်၏ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အမည်မဖော်လိုသော ခေါင်းဆောင်တဦးက ပြောသည်။

အုပ်ချုပ်ရေးကို စေတနာ့ဝန်ထမ်းများဖြင့်သာ လည်ပတ်နေပြီး အရေးပါသော ရိက္ခာများအတွက် ပြည်ပရောက် ချင်းလူမျိုးများထံမှ အဓိကအားဖြင့် ရရှိသော ရန်ပုံငွေကို အသုံးပြုရသည်။ ထိုစေတနာ့ ဝန်ထမ်းအများစုသည် စစ်အာဏာသိမ်းစဉ်က ကျောင်းသားများနှင့် ဘွဲ့ရကာစလူငယ်များ ဖြစ်သည်။ “ကျနော် ပညာလည်း သင်နေသလို အလုပ်လည်းလုပ်နေတယ်” ဟု အမည်မဖော်လိုသော အသက် ၂၅ နှစ်အရွယ် ဥပဒေ ကျောင်းသားဟောင်းက ပြောသည်။ ယခုအခါသူသည် ကျေးရွာ ၁၀ ရွာ လုံခြုံရေးကို စီမံပြီး ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးပေးသည်။ သူသည် CDF-ထန်တလန် အုပ်ချုပ်ရေးအဖွဲ့တွင် စေတနာ့ဝန်ထမ်း ရဲတပ်ဖွဲ့ဝင် ၇၀ အနက် တဦးမျှသာဖြစ်သည်။

လုပ်ငန်းသုံး အဆောက်အအုံလည်း အကန့်အသတ်ရှိနေပြီး ဝန်ဆောင်မှု အများအပြားကို စွန့်ပစ် သို့မဟုတ် ပြန်လည်ပြင်ဆင်ထားသော အဆောက်အအုံများမှ ပေးနေရပြီး ယခင်က မီးသတ်စခန်းတခုသည် ယခုအခါ တရားရုံးဖြစ်နေသည်။ ခေါက်ရိုးကျိုးနေသော အဝတ်တခု၊ သမ္မာကျမ်းစာအုပ်တအုပ်နှင့် မြန်မာရာဇသတ်ကြီး ဥပဒေ စာအုပ်တအုပ်ဖြင့်သာ တန်ဆာဆင်ထားသည့် သုံးထပ်သား စားပွဲနောက်တွင်ထိုင်နေသည့် အသက် ၂၅ နှစ်အရွယ် Cung Zaathang ဟု အမည်ခံထားသူသည် စစ်အာဏာသိမ်းမှုမတိုင်မီက ရှေ့နေအဖြစ် စတင်လုပ်ကိုင်သည်မှာ အချိန်အနည်းငယ်သာ ရှိသေးသည်။ ယခုအခါ သူသည် အဓမ္မပြုကျင့်မှုနှင့် လူသတ်မှု အပါအဝင် အမှုပေါင်း ၂၀ ကျော်ကို ချင်းဓလေ့ထုံးတမ်း ဥပဒေနှင့် မြန်မာဥပဒေများ ပေါင်းစပ်သုံးကာ စီရင်ခဲ့ပြီး ဖြစ်သည်။

CDF-ထန်တလန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် တချိန်က ဖရိုဖရဲဖြစ်နေသော ကျန်းမာရေး ဝန်ဆောင်မှုများ ပြန်လည်စတင်နေပြီဖြစ်ပြီး ဆေးရုံ ၂ ရုံနှင့် ဆေးခန်း ၇ ခု ဖွင့်ထားသည်။ ထိုဆေးရုံဆေးခန်းများအနက် အကြီးဆုံးမှာ လွန်ခဲ့သော စက်တင်ဘာလတွင် CDF က ဖွင့်လှစ်ခဲ့သော အစိုးရဆေးရုံဟောင်းဖြစ်ပြီး ထိုဆေးရုံတွင် စေတနာ့ဝန်ထမ်း ဆရာဝန်တဦး၊ ဆေးကျောင်းသား တဦးနှင့် သူနာပြုဆရာမ ၃ ဦးတို့သည် ဆေးရုံဖွင့်ပြီးနောက် ပြင်ပလူနာ ၂,၆၀၀ ကျော်ကို ကုသကာ ခွဲစိတ်ကုသမှု ၂၀၀ ကျော် ပြုလုပ်ခဲ့ပြီးဖြစ်သည်။

“ကျနော့်ကို လမ်းညွှန်သင်ပြမယ့် ဝါရင့်ဆရာဝန် မရှိသလို ကျနော်ကိုယ်တိုင်ကလည်း ဝါရင့်အဆင့်ကို မရောက်သေးဘူး” ဟု အသက် ၂၈ နှစ်အရွယ်ဆရာဝန် Amos Dawt Za Hmung က ပြောသည်။ သူသည် အာဏာမသိမ်းမီ တလကမှ ခွဲစိတ်ကုပညာ မဟာဘွဲ့ ရခဲ့သူဖြစ်သည်။ သူသည်ယခုအခါ တမြို့နယ်လုံးတွင် ထိပ်ဆုံးဆရာဝန်ဖြစ်ပြီး စစ်ပွဲနှင့်ပတ်သက်သည့် ပြင်းထန်သော ဒဏ်ရာများကို ခွဲစိတ်ရခြင်းဖြစ်သည်။ “ကျနော်ခွဲစိတ်တဲ့လူနာတွေအတွက် ကျနော် အမြဲစိတ်ပူနေရတယ်။ နောက်တနေ့ကျရင် သူတို့နေလို့မှ ကောင်းပါ့မလား စိုးရိမ်နေရတယ်” ဟု သူက ပြောသည်။

လွန်ခဲ့သောနှစ်က ဖေဖော်ဝါရီလက စစ်အာဏာသိမ်းမှုကြောင့် ကျောင်းသားများနှင့် ဆရာ ဆရာမများသည် ပိုမိုကျယ်ပြန့်သော လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု တစိတ်တပိုင်းအဖြစ် အစုလိုက်အပြုံလိုက် သပိတ်မှောက်လိုက်သဖြင့် ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် ကျောင်းများဖွင့်သောအခါ တနိုင်ငံလုံးမှစာသင်ခန်းများ၏ ၉၀ ရာခိုင်နှုန်းကျော်တွင် လူသူကင်းမဲ့နေသည်။

စက်တင်ဘာလ ၄ ရက်နေ့က ထန်တလန်မြို့နယ်ရှိ ကျေးရွာတခုတွင် လာမည့်နှစ်အတွက် စိုက်ပျိုးမြေ ခွဲဝေရေး နှစ်စဉ်အစည်းအဝေး ပြုလုပ်နေစဉ်/ Emily Fishbein

ထန်တလန် တမြို့နယ်လုံးမှ ကျောင်းများပိတ်ထားပြီး စက်တင်ဘာလမှစတင်သည့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း တခုလုံးနီးပါးတွင် စစ်တပ်က အင်တာနက်ဖြတ်တောက်ထားခြင်း၊ ကျောင်းသားများသည် အွန်လိုင်းမှ ပညာသင်ကြားနိုင်ခြင်းလည်း မရှိတော့ပေ။ သို့သော် ဇန်နဝါရီလတွင် ထန်တလန်မြို့နယ်မှ ကျေးရွာပေါင်း ၅၁ ရွာမှကျောင်းများကို ပြည်သူ့အုပ်ချုပ်ရေးအောက်တွင် ပြန်လည် ဖွင့်လှစ်လိုက်သောကြောင့် ကျောင်းသူကျောင်းသား ၇,၀၀၀ ကျော် ပညာပြန်လည် သင်ကြားနိုင်ခဲ့ကြသည်။

“အိမ်အများစုကို စစ်ကောင်စီတပ်က မီးရှို့ထားတယ်။ အဲဒါကျနော်တို့ရဲ့ စွန့်လွှတ်မှုပဲ။ ဒါကြောင့် ကျနော်တို့ နိုင်ငံ၊ ကျနော်တို့ ထန်တလန်ကို ပြန်လည်တည်ဆောက်ဖို့က ကျနော်တို့ရဲ့တာဝန်ပဲ” ဟု Salai Cross Thang ကပြောသည်။ သူသည် ယခင်က အစိုးရကျောင်းအုပ်ဖြစ်ပြီး ပညာရေးသပိတ်တွင် ပါဝင်ခဲ့ပြီးနောက် ယခုအခါ ပြည်သူ့အုပ်ချုပ်ရေးအောက်တွင် ပညာရေးဌာန အကြီးအကဲအဖြစ် လုပ်ကိုင်နေသည်။

CDF-ထန်တလန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် တချိန်က ဖရိုဖရဲဖြစ်နေသော ကျန်းမာရေး ဝန်ဆောင်မှုများ ပြန်လည်စတင်နေပြီဖြစ်ပြီး ဆေးရုံ ၂ ရုံနှင့် ဆေးခန်း ၇ ခု ဖွင့်ထားသည်။ ထိုဆေးရုံဆေးခန်းများအနက် အကြီးဆုံးမှာ လွန်ခဲ့သော စက်တင်ဘာလတွင် CDF က ဖွင့်လှစ်ခဲ့သော အစိုးရဆေးရုံဟောင်းဖြစ်ပြီး ထိုဆေးရုံတွင် စေတနာ့ဝန်ထမ်း ဆရာဝန်တဦး၊ ဆေးကျောင်းသား တဦးနှင့် သူနာပြုဆရာမ ၃ ဦးတို့သည် ဆေးရုံဖွင့်ပြီးနောက် ပြင်ပလူနာ ၂,၆၀၀ ကျော်ကို ကုသကာ ခွဲစိတ်ကုသမှု ၂၀၀ ကျော် ပြုလုပ်ခဲ့ပြီးဖြစ်သည်။

CDF-ထန်တလန်သည် အများပြည်သူဝန်ဆောင်မှုများကို ဆက်လက် တည်ဆောက်နေစဉ် CDF သည် ထန်တလန်တမြို့နယ်လုံး လွတ်မြောက်ရေးအတွက် စစ်ကောင်စီတပ်များကို ဆက်လက် တိုက်ခိုက်နေသည်။

ဖောက်ခွဲရေးပစ္စည်းတခုကို စမ်းသပ်ရင်း ဇွန်လက ခြေထောက်များတွင် ဒဏ်ရာရခဲ့သော Cung Hlei Thawng သည် ပြန်လည် ကောင်းမွန်လာသည်နှင့် တပြိုင်နက် ရှေ့တန်းစစ်မြေပြင်သို့သွားရန် ပြင်ဆင်နေသည်။

“ကျနော့်ခန္ဓာကိုယ်က အရင်လို ပုံမှန်မဟုတ်တော့ဘူး။ ဒါပေမယ့် ကျနော်က တရက်၊ တနှစ်နဲ့ ရပ်နားသွားမှာ မဟုတ်ဘူးလို့ လက်နက်ကိုင်ကတည်းက ကတိပြုထားတယ်။ ဘယ်တော့မှ လက်နက်မချဘူးလို့ ကတိပြုထားတယ်” ဟု သူကပြောသည်။

(TIME မှ Emily Fishbein ၏ The Military Tried to Burn It Down: How an Underdog Myanmar Township Became a Resistance Stronghold ကို ဘာသာပြန် ဖော်ပြသည်။)

You may also like these stories :

CNF ဌာနချုပ်ကို စစ်ကောင်စီ ဗုံးကြဲဖို့ ကြံရွယ်နေသလား

စစ်ကောင်စီ၏ ဖြတ်လေးဖြတ် မီးရှို့စနစ် ဘာကြောင့် ကျရှုံးနေသနည်း

ရွာလုံးကျွတ်မီးတိုက်သည့် စစ်တပ်ကြောင့် ပြာပုံဘ၀ရောက်ကြရသူများ

အာဏာသိမ်းပြီး ခြေကုပ်စခန်း ၉၀ ခန့် စစ်ကောင်စီဆုံးရှုံး

Your Thoughts …
Tags: CDFCNACNFNUGစစ်ကောင်စီထန်တလန်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မီးတင်ရှို့မှု
Emily Fishbein

Emily Fishbein

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ချွန်ဘူရီရှိ ကတ်ထူစက္ကူအမှုန့်ကြိတ်စက်ရုံ

ထိုင်း MoU လုပ်သား ၁၈၀ ကျော် လစာအပြည့် မရ၍ တောင်းဆိုရာမှ အလုပ်ထုတ်ခံရ

ကိုင်းကံ၊ အင်ပင်နှင့် ယဒင် ကျေးရွာများကို လာရောက် ပစ်ခတ်သွားသည့် Mi – 35 ရဟတ်ယာဉ်  / CJ

မြောင်တွင် စစ်တပ်က အချင်းချင်း ပစ်သတ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved