• English
Thursday, January 8, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရွှေဘိုတွင် သီးနှံရောင်းချရာ၌ အုပ်ချုပ်ရေးမှူး ထောက်ခံစာမပါက စစ်ကောင်စီ သိမ်းယူ

by ဧရာဝတီ
16 December 2022
in သတင်း
A A
4.8k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် အရှေ့ ခြမ်းရှိ မင်းဘေး၊ ကြိုးကြာ၊ တအုံ၊ အုန်းပေါက် စသည့်ရွာများမှ တောင်သူများ မြို့ပေါ်သို့ သီးနှံရောင်းသည့်အခါ အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာမပါပါက စစ်ကောင်စီက သီးနှံများကို သိမ်းယူကြောင်း တောင်သူများ ထံမှ သိရသည်။

အဆိုပါ အရှေ့ခြမ်းရှိ ရွာများမှ ရွှေဘိုမြို့ သို့လာလျှင် တက္ကသိုလ်ဂိတ်ပေါက်နှင့် အမှတ် (၈) တပ်မတော်တန်းမြင့် လေ့ကျင့် ရေး ကျောင်းရှေ့ စစ်ဆေးရေးဂိတ်များကို မဖြစ်မနေ ဖြတ်သန်းရပြီး ယင်းဂိတ်များမှနေစ၍ စစ်ဆေးကာ သိမ်းယူနေခြင်း ဖြစ်ကြောင်း သိရသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

8 January 2026
27
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
227
စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

8 January 2026
28

ရွှေဘိုအရှေ့ ခြမ်း ကျောက်မြောင်းမြို့မှ ဒေသခံတဦးက“ဂိတ်မှာ ထိုင်စောင့်ပြီးတော့ သူတို့မသင်္ကာတာပဲဖြစ်ဖြစ်၊ စိတ်ထဲ ပေါ်ရင် ပေါ်လာသလို စစ်တယ်။ သီးနှံတွေပါရင် ချယူပြီး သိမ်းတယ်။ အရင်ကတော့ အခုအတိုင်း သွားလာနေပေမယ့် ကျနော်တို့ ကျေးရွာတွေဘက်မှာကျတော့ သူတို့ (စကစ)ဘက်က အုပ်ချုပ်ရေးမှူးမရှိတော့ဘူး။ အဲ့တော့ သူတို့ ထောက်ခံ စာ မပါရင် သိမ်းမယ် ဆိုတော့ သူတို့က သိမ်းကို သိမ်းမယ်ဆိုတဲ့ အချိုးမျိုး ချိုးတဲ့ ပုံစံရောက်နေတယ်”ဟု ဧရာဝတီသို့ ပြောသည်။

စစ်ကောင်စီက ယင်းကဲ့သို့ ပြုလုပ်နေခြင်းမှာ တောင်သူများ ရောင်းဝယ်၊ ဖောက်ကားနိုင်သည့် လမ်းကြောင်းများကို ဖြတ် တောက်လိုခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရွှေဘို အရှေ့ဘက်ခြမ်းသည် မိုးကောင်းသောဒေသ ဖြစ်သောကြောင့် တချို့နေရာများတွင် စပါး အပြင် နှမ်း၊ ပဲစင်းငုံ၊ မြေပဲ အစရှိသည့် သီးနှံများကိုလည်း စိုက်ပျိုးကြပြီး ယခုအချိန်သည် ယင်းသီးနှံများ ထွက်ပေါ်သည့် ကာလလည်း ဖြစ်ကြောင်း သိရသည်။

၎င်းက ဆက်လက်၍ “လေ့ကျင့်ရေး ၈ ဆိုရင်လည်း ခင်ဦး၊ ရေဦးဘက်က လာတဲ့ ကုန်ကားတွေ တောင်သူတွေရဲ့ သီးနှံ တွေကို ဂိတ်ကိုမှာစစ်ပြီး လိုချင်တာရှိရင် ယူထားလိုက်တာ။ အရှေ့ဘက်ပိုင်း စိုက်တဲ့ နှမ်းတို့ပဲတို့ ရာသီပေါ် ရောင်းရတာ ကိုးဗျ။ သူတို့က ဒီလိုဖမ်းတဲ့အခါ တောင်သူတွေဘက်က အဆင်မပြေဘူး။ သူတို့က ပြည်သူတွေ ခက်ခဲအောင် တမင် သက်သက် လုပ်နေတာ”ဟုပြောသည်။

ရွှေဘို အနောက်ဘက်ခြင်းဒေသရှိ တောင်သူတဦးက ရွှေဘို အနောက်ဘက်ခြမ်းဒေသည် ရွှေဘိုပေါ်ဆန်စပါးကို အဓိက ထား စိုက်ပျိုးသည့်ဒေသဖြစ်ပြီး စပါးစိုက်ပျိုးစဉ်အချိန်ကလည်း ကောက်စိုက်သမများကို ဖမ်းဆီးခြင်းများ လုပ်ခဲ့သော ကြောင့် လယ်ဧကရှိသလောက် စပါးစိုက်ပျိုးနိုင်ခြင်း မရှိခဲ့သလို လက်ရှိတွင်လည်း စစ်တပ်က ပျူစောထီးများနှင့်ပေါင်းကာ စစ်ကြောင်းထိုးခြင်း၊ စပါးရိတ်စက်များ ယူဆောင်၍ ဒေသခံများ၏ စပါးခင်းများကို ခိုးယူရိတ်သိမ်းခြင်းများ လုပ်ဆောင်နေ သည် ဟု ဆိုသည်။

စစ်ကိုင်းတိုင်းသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို အများဆုံး ခံစားရသည့်ဒေသ ထဲတွင် ပါဝင်သလို ကျေးရွာအများစုရှိ ဒေသခံများမှာလည်း ထွက်ပြေးတိမ်းရှောင်နေရကာ နေအိမ်၊ ဝမ်းစာစပါး၊ မျိုးစပါး၊ ကျွဲနှင့်နွားများပါမကျန် မီးရှို့ဖျက်ဆီးခြင်းကိုခံနေရသည့် ဒေသတခုလည်း ဖြစ်သည်။

ယင်းအခြေအနေများကြောင့် လက်ရှိအချိန်တွင် ဆန်ဈေးကွက်အတွင်း ရွှေဘိုပေါ်ဆန်းမှာ ရှားပါးနေပြီး ဆန်(အဟောင်း) တအိတ်လျှင် ကျပ် ၁ သိန်းကျော်ထိ ရှိနေသလို ဆန်သစ်ပေါ်သည့် နိုဝင်ဘာလ နောက်ဆုံးပတ်မှ ယခု ဒီဇင်ဘာ လလယ် အထိ ရွှေဘိုပေါ်ဆန်းဈေးနှုန်းမှာ (အသစ်) တအိတ်လျှင် ကျပ် ၇ သောင်းကျော်ထိ ရှိနေသည်။

ယခင်နှစ် ရွှေဘိုပေါ်ဆန်း ဆန်သစ်ပေါ်ချိန်က တအိတ်လျှင် ကျပ် ၃ သောင်းကျော်မှ ၄ သောင်းကျပ် ဝန်းကျင်သာ ရှိခဲ့ သဖြင့် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ကျပ် ၃ သောင်းနီးပါးခန့် မြင့်တက်လာပြီး ဆန်အဝင်နည်းသောကြောင့် ဈေးထပ်တက် နိုင်သည့် အလားအလာများလည်း ရှိနေကြောင်း ရန်ကုန်မြို့ ဝါးတန်းလမ်း ကုန်စည်ဒိုင်ရှိ ဆန်ကုန်သည်ကြီး တဦးက ပြောသည်။

လက်ရှိတွင် ရွှေဘိုပေါ်ဆန်းစပါး အသစ်ဈေးနှုန်းမှာ တင်း ၁၀၀ လျှင် ကျပ် ၁၅ သိန်းမှ ကျပ် ၁၈ သိန်းအထိ ပေါက်ဈေးရှိနေ သလို နှမ်းဈေးမှာလည်း ၁ တင်းလျှင် ကျပ် ၆၀၀၀၀ မှ ကျပ် ၈၀၀၀၀ အထိပေါက်ဈေး ရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

You may also like these stories:

ရွှေဘိုပေါ်ဆန်းတအိတ် ကျပ် ၂ သောင်းကျော်ထိ မြင့်တက်

စစ်ကိုင်းတိုင်းတွင် တနှစ်အတွင်း ရွာပေါင်း ၁၀၀ ကျော်မီးရှို့ခံရ

ရွှေဘို၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း ၂၇ ရွာမှ စစ်ရှောင်များ အကူအညီလိုအပ်နေ

လယ်သမားဘဝမှ စစ်ရှောင်ဘဝဆီသို့

စစ်ကိုင်းတိုင်းတွင် မိုးကြိုစပါးများ ဝယ်သူမရှိဖြစ်နေ

Your Thoughts …
Tags: ထောက်ခံစာရွှေဘိုပေါ်ဆန်းသီးနှံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရခိုင်ပြည်နယ် မှတ်ပုံတင်ကိုင်သူများ စစ်ကောင်စီ ခရီးသွားလာခွင့်ပိတ်

ရခိုင်ပြည်နယ် မှတ်ပုံတင်ကိုင်သူများ စစ်ကောင်စီ ခရီးသွားလာခွင့်ပိတ်

by ဧရာဝတီ
20 March 2024
3.6k

ရခိုင်ပြည်နယ် မှတ်ပုံတင်မဟုတ်သူများအနေဖြင့် ရပ်ကွက် ၊ ရဲစခန်း ၊ အလုပ်နှင့် ထောက်ခံစာတခုခုပါမှသာလျှင် လက်မှတ်ရောင်းချရန် ညွှန်ကြားထားခြင်းဖြစ်ပြီး မည်သည့်အကြောင်းပြချက်ဖြင့် ပိတ်လိုက်သည်ကို တိတိကျကျ မသိရကြောင်း

စစ်ပွဲနဲ့ ကုန်ဈေးနှုန်းကြားက စစ်ရှောင်တောင်သူတို့ရဲ့ ဘ၀

စစ်ပွဲနဲ့ ကုန်ဈေးနှုန်းကြားက စစ်ရှောင်တောင်သူတို့ရဲ့ ဘ၀

by ဧရာဝတီ
29 August 2023
1.3k

စစ်တပ်ရဲ့ တရွာဝင်တရွာထွက် အိမ်၊ ဝမ်းစာစပါး၊ မျိုးစပါး၊ လယ်ထွန်စက်၊ ကျွဲ၊ နွားပါမချန် မီးရှို့ဖျက် ဆီးနေတာကြောင့် လယ်သမားတွေက အခုနှစ်တွေမှာ လယ်ယာလုပ်ငန်းခွင်မှာ မစိုက်ရဲတော့ဘဲ စစ်ရှောင် လယ် သမားတွေများလာ

ပြည်တွင်း ဆန်ဈေး စစ်ကောင်စီ သတိပေး

ပြည်တွင်း ဆန်ဈေး စစ်ကောင်စီ သတိပေး

by ဧရာဝတီ
9 May 2025
955

စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ရန်ကုန်မြို့ ရှိ မြို့နယ်တချို့တွင် ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်တက်နေခြင်းနှင့် ပတ်သက်၍ ဝင်ရောက်စစ်ဆေးခြင်းများ ရှိနေကြောင်း

ရန်ကုန်ကိုလေယာဉ်နဲ့သွားမယ်ဆိုရင် ထောက်ခံစာလို (ရုပ်/သံ)

ရန်ကုန်ကိုလေယာဉ်နဲ့သွားမယ်ဆိုရင် ထောက်ခံစာလို (ရုပ်/သံ)

by ယဉ်မွန်
13 February 2024
658

နယ်ဒေသတွေကနေ ရန်ကုန်ကို လေကြောင်းကနေ သွားမယ်ဆိုရင် ခရီးသွားထောက်ခံစာပါမှလက်မှတ်ရောင်းချခွင့်နဲ့ ခရီးသွားခွင့်ရရှိမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ကြေညာပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးသို့ ပတ်စ်ပို့သက်တမ်းတိုးပြီး စာအုပ်များ လာရောက်ယူဆောင်ကြသည့် မြန်မာနိုင်ငံသားများ / မြန်မာသံရုံး

ထိုင်းရောက်မြန်မာများ ပတ်စ်ပို့သက်တမ်းတိုးလျှောက်မှု တင်းကျပ်ခံရ

by ဧရာဝတီ
21 April 2023
3.6k

မြန်မာနိုင်ငံကူးလက်မှတ်အမျိုးအစားများဖြစ်သည့် အလည်အပတ်ပတ်စ်ပို့(PV)နှင့် ပညာရေးပတ်စ်ပို့ (PE) ကိုင်ဆောင်ထားသူများ အနေဖြင့် သက်တမ်းတိုးမည်ဆိုပါက ပြန်တမ်းဝင်အရာရှိတဦးထောက်ခံစာ အပါအဝင် အခြားထောက်ခံစာများပါ ပူးတွဲတင်ပြရမည် ဖြစ်ကြောင်း ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးက အသိပေးထုတ်ပြန်လိုက်သည်။

အာဏာသိမ်းပြီးနောက် စီးပွားရေးကျပ်တည်း၍ သီးနှံစိုက်တောင်သူများ ဘိန်းပြောင်းစိုက်

သီးနှံစိုက်တောင်သူများ ဘိန်းပြောင်းစိုက်လာ

by ဧရာဝတီ
13 February 2023
1.6k

စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းများဖြစ်သော (ဓာတ်မြေဩဇာ၊ မြေဆီ၊ ပိုးသတ်ဆေး) အစရှိသည်တို့ ဈေးမြင့်တက်လာခြင်းကြောင့် စိုက်ပျိုးစရိတ်နှင့် မကာမိသည့်အတွက် တွက်ချေကိုက်သည့် ဘိန်းစိုက်ပျိုးမှုကို ပြောင်း လဲ လုပ်ကိုင်လာခြင်း ဖြစ်သည်။

Next Post
TNLA ကို စစ်ကိုင်းလို သွားလုပ်လို့ မရဘူး (ရုပ်/သံ)

TNLA ကို စစ်ကိုင်းလို သွားလုပ်လို့ မရဘူး (ရုပ်/သံ)

စကစ ရဲ့ တည်ငြိမ်ရေးကြိုးပမ်းမှု ဘယ်ရောက်နေပြီလဲ (ရုပ်/သံ)

စကစ ရဲ့ တည်ငြိမ်ရေးကြိုးပမ်းမှု ဘယ်ရောက်နေပြီလဲ (ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.1k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved