• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဖမ်းဆီးခံရသည့် သရက်ချောင်းဒေသခံများ ပြန်လွတ်လာ

by ဧရာဝတီ
26 April 2023
in သတင်း
A A
သရက်ချောင်းမြို့နယ်ဆိုင်းဘုတ် / Dawei Watch

သရက်ချောင်းမြို့နယ်ဆိုင်းဘုတ် / Dawei Watch

4.9k
VIEWS
Share on FacebookShare on Twitter

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်ကားလမ်းမအနီးရှိ ရငဲရွာနှင့်ဝဲရစ်ရွာမှ ဒေသ ခံ ၁၀၀ နီးပါးကို စစ်ကောင်စီတပ်က တရက်ကြာ ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် ယမန်နေ့ ညနေပိုင်း ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဧပြီ ၂၄ ရက်တွင် သရက်ချောင်းမြို့နယ်ရှိ ရငဲရွာနှင့်ဝဲရစ်ရွာထဲသို့ အင်အား ၅၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်ခဲ့ပြီးနောက် ရွာများအတွင်းရှိ ဒေသခံ ၁၀၀ ခန့်ကို ဖမ်းဆီးကာ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ(PDF)နှင့် ဆက်စပ်မှုရှိသည်ဆိုသည့် အကြောင်းပြချက်ဖြင့် လိုက်လံဖမ်းဆီးခဲ့ ခြင်းဖြစ်ကြောင်း ရငဲရွာဒေသခံတဦးက ဧရာဝတီကို ပြောသည်။

၎င်းက “ရငဲရွာနဲ့ဝဲရစ် ရွာနှစ်ရွာကို ဝင်လာပြီးတော့ ဖမ်းတယ်၊ စစ်တယ်။ ဘာဖြစ်လို့ဖမ်းလဲဆိုတော့ PDF ထောက်ပံ့တယ်။ အမာခံနယ်မြေ ဖြစ်တယ်ဆိုပြီးတော့ ပြောတယ်။ တွေ့တဲ့လူကိုဖမ်းတယ်။ အသက်ကြီးပြီး ကျန်းမာရေးမကောင်းတဲ့လူတွေပဲ ကျန်ခဲ့တယ်။ အမျိုးသမီး၊ အမျိုးသားအရွယ်စုံ အကုန်ဖမ်းတယ်။ ယောက်ျားလေးတွေအများစု အရိုက်ခံရတယ်။ မိန်းကလေးတွေကျတော့ နေထုတ်လှန်းခံရတယ်” ဟု ဆိုသည်။

ထိုသို့ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဧပြီ ၂၅ ရက် ညနေပိုင်းတွင် တချို့ကို ပြန်လွှတ်ပေးခဲ့ သော်လည်း ဝဲရစ်ကျေးရွာမှ ဒေသခံ သက်လတ်ပိုင်းအမျိုးသား ၄/၅ ဦးကိုမူ စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းဒေသခံက ပြောသည်။

ဖမ်းဆီးခေါ်ဆောင်သွားသည့် အကြောင်းအရင်းနှင့် မည်သည့်နေရာသို့ ခေါ်သွားသည်ကိုမူ မသိရှိရ ကြောင်းလည်း ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဆိုပါ ဒေသခံ ၁၀၀ ခန့်အား ရငဲကျေးရွာရှိ ရွာဦးဘုန်းကြီးကျောင်း တွင် ချုပ်နှောင်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများအနေဖြင့် အသက်အန္တရာယ်စိုးရိမ်ရသည်ထိ နှိပ်စက်ခံထားရမှုမျိုး မရှိသော်လည်း ရိုက်နှက်စစ်ဆေးခြင်း၊ နေထုတ်လှန်းခြင်းများ ခံခဲ့ရကြောင်း ပြန်လည်လွတ်မြောက်သူများထံမှ သိရသည်။

RelatedPosts

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
53
တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
215
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
43

လက်ရှိတွင် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျေးရွာနှစ်ရွာတွင်း တပ်စွဲထားဆဲဖြစ်ရာ PDF များနှင့် တိုက်ပွဲဖြစ်မည်ကို စိုးရိမ်သောကြောင့် ဒေသခံများအနေဖြင့် တခြားရွာများသို့ တိမ်းရှောင် လျက်ရှိကြောင်း ဖမ်းဆီးခံရပြီးနောက် ပြန်လွတ်လာသူ ရငဲကျေးရွာဒေသခံတဦးက ပြောသည်။

၎င်းက “ပြည်သူကတော့ ဒုက္ခရောက်တာပေါ့။ ပြေးကြလွှားကြပေါ့။ အခုအချိန်ထိလည်း ကြောက် နေကြတယ်။ ရွာကိုမပြန်ရဲကြတော့ဘူး။ တခြားရွာတွေကို ရှောင်ကြတိမ်းကြနဲ့ပေါ့။ တိုက်ပွဲဖြစ်နိုင် တယ်လို့တွေးနေကြပြီ။ နောက်တခါလာရင် ပြဿနာရှိတယ်ပေါ့” ဟု ပြောသည်။

You may also like these stories:

တနင်္သာရီတွင် အရပ်သားဘတ်စ်ကားကို မှားယွင်းတိုက်ခိုက်မှု PDF တောင်းပန်

လောင်းလုံးမြို့နယ်တွင် စစ်ရှောင်ဦးရေ တိုးလာ၍ စားနပ်ရိက္ခာ မလုံလောက်

ကရင်၊ မွန်နှင့် တနင်္သာရီ စစ်ဆင်ရေးများ ကွပ်ကဲသူ စစ်အရာရှိကြီးများ အပြောင်းအလဲဖြစ်

လောင်းလုံးမှ ရွာနှစ်ရွာကို စစ်တပ် မီးရှို့၊ မီးငြှိမ်းသည့် ရွာသားတဦးကိုပါ ပစ်သတ်ခဲ့

Your Thoughts …
Tags: PDFစစ်ကောင်စီတနင်္သာရီတိုင်းဖမ်းဆီးသရက်ချောင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၂၀၁၉ ခုနှစ်က ကျင်းပသည့် ၇၀နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အခမ်းအနား / ဧရာဝတီ

KNU ၏ ၁၇ ကြိမ်မြောက်ကွန်ဂရက် ပြန်လည်ကျင်းပ

ကရင်ပြည်နယ်အတွင်းလှုပ်ရှားနေသည့် စစ်ကောင်စီတပ်များ (ဓာတ်ပုံ - ဧရာဝတီ)

ကျောက်ကြီးတွင် စစ်ကောင်စီတပ် အင်အားဖြည့်နေ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved