• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျောက်ကြီးတွင် စစ်ကောင်စီတပ် အင်အားဖြည့်နေ

by ဧရာဝတီ
27 April 2023
in သတင်း
A A
ကရင်ပြည်နယ်အတွင်းလှုပ်ရှားနေသည့် စစ်ကောင်စီတပ်များ (ဓာတ်ပုံ - ဧရာဝတီ)

ကရင်ပြည်နယ်အတွင်းလှုပ်ရှားနေသည့် စစ်ကောင်စီတပ်များ (ဓာတ်ပုံ - ဧရာဝတီ)

8k
VIEWS
Share on FacebookShare on Twitter

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် မကြာခင်ရက်ပိုင်းက စခန်း ၂ ခု ဆုံးရှုံးလိုက်ရပြီးနောက် အာဏာသိမ်း စစ်တပ်သည် ထိုနေရာ၌ စစ်အင်အားဖြည့်တင်းမှုများ လုပ်ဆောင်လာကြောင်း ကျောက်ကြီးမြို့နယ်ထဲမှ ဒေသခံအချို့က ဆိုသည်။

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ နတ်သံကွင်းရွာသို့ ဧပြီ ၂၄ ရက်က စစ်ကောင်စီတပ်၏ စစ်ကား ၆ စီး ပဲနွယ်ကုန်းမြို့ဘက်မှ ရောက်လာခြင်းဖြစ်ကြောင်း ကျောက်ကြီးမြို့နယ်ရှိ ဒေသခံတဦးက ဧရာဝတီကို ပြောသည်။

၎င်းက “စစ်စခန်းတွေ အသိမ်းခံရပြီးနောက် စစ်ကောင်စီဘက်က အင်အားတွေ ဖြည့်နေတယ်။ လူဘယ်လောက် ပါသလဲတော့ မပြောတတ်ဘူး။ စစ်ကားတွေသွားတာလည်း တွေ့လိုက်ပါတယ်။ အခုလာတာတော့ ဘယ်တပ်ရင်းတွေ လည်းတော့မသိဘူး” ဟု ဆိုသည်။
နတ်သံကွင်းရွာသည် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းထိပ်တွင်တည်ရှိပြီး ပဲနွယ်ကုန်းမြို့နှင့် ကျောက်ကြီးမြို့ကို ဆက်သွယ်ထားသော လမ်းကြောင်းပေါ်တည်ရှိကာ စစ်ကောင်စီတပ်၏ အခြေစိုက်စခန်းတခုရှိသောရွာ ဖြစ်သည်။

နတ်သံကွင်းရွာနှင့် ကျောက်ကြီးမြို့နယ်ကြားရှိ စစ်ကောင်စီ၏ အထိုင်စစ်စခန်း ၄ ခုကို ပြီးခဲ့သည့် ဧပြီ ၂၂ ရက် နံနက်ပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ ဦးဆောင်သည့် တပ်များက တပြိုင်နက်တည်း တိုက်ခိုက်ခဲ့သည်။

ပဲနွယ်ကုန်း-ကျောက်ကြီး ကားလမ်းတလျှောက်ရှိ နောင်ကုန်း၊ ရန်မျိုးအောင်၊ ညောင်ကုန်းနှင့် ကျွန်းကုန်းရွာများရှိ စစ်စခန်းတို့ကို ကရင်ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ညောင်ကုန်းနှင့် ကျွန်းကုန်းရွာများသည် ကျောက် ကြီးမြို့နယ်ထဲတွင် ပါဝင်ကာ ရန်မျိုးအောင်နှင့် နောင်ကုန်းရွာများမှာ မုန်းမြို့နယ်ထဲတွင် အကျုံးဝင်သည်။

အဆိုပါတိုက်ပွဲများတွင် ညောင်ကုန်းစခန်းနှင့် ကျွန်းကုန်းစခန်းကို တိုက်ခိုက်ဖျက်ဆီးနိုင်ပြီး လက်နက်များ သိမ်းဆည်း ရမိသော်လည်း နောင်ကုန်းစခန်းနှင့် ရန်မျိုးအောင်စခန်းကိုမူ ကရင်ပူးပေါင်းတပ်များက တိုက်ခိုက်ဖျက်ဆီးနိုင်ခြင်း မရှိခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူး အပါအဝင် ၁၆ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရသလို ကရင်ပူးပေါင်း တပ်များဘက်က ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရကြောင်း KNU က သတင်းထုတ်ပြန်ထားသည်။ ယင်းသေဆုံးထိခိုက် မှုများအား ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

ကရင်ပြည်နယ်အတွင်းလှုပ်ရှားနေသည့် စစ်ကောင်စီတပ်များ (ဓာတ်ပုံ – ဧရာဝတီ)

အဆိုပါ စခန်းသိမ်းတိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သည် KNU ဘက်က မီးရှို့လိုက်သည့် စခန်းများတွင် နေရာပြန်ယူခြင်းများ လုပ်ဆောင်လာကာ နတ်သံကွင်းရွာ၌လည်း တပ်အင်အားဖြည့်တင်းမှုများ လုပ်လာခြင်းဖြစ်ကြောင်း ကျောက်ကြီးမြို့ နယ်ဒေသခံအချို့က ဆိုသည်။

KNU တပ်မဟာ ၃ နှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးကလည်း စစ်ကောင်စီတပ်များသည် စစ်တောင်းမြစ် တဖက်ကမ်းရှိ နတ်သံကွင်းရွာနှင့် ကျောက်ကြီးမြို့ကြား ဆက်သွယ်ထားသော ကျောက်ကြီး-ပဲနွယ်ကုန်း လမ်းပိုင်းကို စိုးမိုးထိန်းချုပ်ထားနိုင်ရန် ကြိုးစားနေပုံရကြောင်း ပြောဆိုသည်။

နတ်သံကွင်းရွာနှင့် ကျောက်ကြီးမြို့ကြားရှိ စစ်ကောင်စီစခန်းများသည် ကရင်ပူးပေါင်းတပ်များ၏ မကြာခဏ တိုက်ခိုက်မှုကိုခံနေရပြီး ကျောက်ကြီးမြို့နယ်ထဲရှိ အခြားသော စစ်စခန်းများသည်လည်း ကရင်ပူးပေါင်းတပ်များ၏ ဒရုန်းဖြင့်တိုက်ခိုက်မှုကို ခံနေရကြောင်း KNU နှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးက ပြောသည်။

၎င်းက “တော်လှန်ရေးတပ်တွေဘက်ကလည်း ဒရုန်းနဲ့ပစ်တာရှိတယ်။ တပ်ဘက်ကတော့ လက်နက်ကြီးနဲ့ ပုံမှန်လို ပစ်နေတာတော့ ရှိတယ်။ မနက်ပိုင်းဆိုရင် ၄/၅ ချက်ပစ်သလို။ ညနေပိုင်းဆိုရင် ၄/၅ ချက်လောက်ပစ်တယ်။ အဲဒါက နေ့စဉ်လိုဖြစ်နေတော့ ရိုးနေပါပြီ။ ဒီရက်ပိုင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် လူထုထိခိုက်တယ်တော့ မကြားမိဘူး” ဟု ဆိုသည်။

ကျောက်ကြီးမြို့နယ်ဒေသခံတဦးကမူ ကျောက်ကြီးမြို့နယ်ထဲတွင် လက်နက်ကြီးနှင့် လက်နက်ငယ်ပစ်ခတ်သံများ မကြာခဏကြားနေရပြီး တိုက်လေယာဉ်လာပါက စိုးရိမ်ထိတ်လန့်နေရကြောင်း ပြောသည်။

၎င်းက “တိုက်ပွဲကြားမှာနေဖို့မပြောနဲ့ လေယာဉ်လာပြီဆိုရင် ငါတို့မှာ နေရာစရာနေရာတောင် မရှိတော့ပါဘူး” ဟု ဆိုသည်။

KNU ဗဟို၏ ၂၀၂၂ ဒီဇင်ဘာက ထုတ်ပြန်သည့် အချက်အလက်များအရ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပြီး နောက် KNU တပ်မဟာ ၃ နယ်မြေဖြစ်သော ကျောက်ကြီးမြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် စစ်ဘေး ရှောင်ပြည်သူ ၄၄,၄၄၁ ဦးရှိပြီး မုန်းမြို့နယ်ထဲ၌လည်း စစ်ရှောင် ၁၂,၄၅၃ ဦး ရှိကြောင်း သိရသည်။

You may also like these stories:

မုန်းဒေသခံ ၁၄ ဦး စစ်ကောင်စီ ဖမ်းထား

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
67
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
49

အထင်သေး မရသော ပဲခူးရိုးမ တော်လှန်ရေးမီးတောက်များ

ပဲခူးတိုင်းထဲက စစ်ကောင်စီစခန်း ၅ ခုကို KNU တိုက်ခိုက်သိမ်းပိုက်

ကျောက်ကြီးနှင့်မုန်းတွင် အုပ်ချုပ်ရေးအားကောင်းရန် KNU ကြိုးပမ်းလာ

Your Thoughts …
Tags: KNUကျောက်ကြီးစစ်ကောင်စီစစ်တောင်းမြစ်အင်အားဖြည့်တင်းမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မြန်မာကိစ္စနှင့်ပတ်သက်၍ ဒေသတွင်း နက်နက်ရှိုင်းရှိုင်း သဘောထားကွဲလွဲနေသည် / AFP

သံတမန်ရေးလှုပ်ရမ်းမှု များနေချိန် အိန္ဒိယက မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ ကျင်းပ

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ တက်ရောက်သည့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စ ရက်နို မာဆူဒီ / ASEAN Secretariat

မြန်မာ့အရေး အပြောင်းအလဲအတွက် အင်ဒိုနီးရှား အချိန်မကျန်တော့

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

1 hour ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved