• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အထင်သေး မရသော ပဲခူးရိုးမ တော်လှန်ရေးမီးတောက်များ

by ဧရာဝတီ
29 December 2022
in ဆောင်းပါး
A A
ပြည်သူ့ကာကွယ်ရေးတပ် (PDF) တည်ထောင်ကြောင်း ကြေညာခြင်း တစနှစ်ပြည့် အခမ်းအနားကို မေလ ၆ ရက်က ပြည်သူ့ကာကွယ်ရေးတပ် (တောင်ငူခရိုင်) တပ်ရင်း အမှတ်(၃၅၀၂)တွင် ပြုလုပ်နေစဉ် / Bago Region PDF

ပြည်သူ့ကာကွယ်ရေးတပ် (PDF) တည်ထောင်ကြောင်း ကြေညာခြင်း တစနှစ်ပြည့် အခမ်းအနားကို မေလ ၆ ရက်က ပြည်သူ့ကာကွယ်ရေးတပ် (တောင်ငူခရိုင်) တပ်ရင်း အမှတ်(၃၅၀၂)တွင် ပြုလုပ်နေစဉ် / Bago Region PDF

6.7k
VIEWS
Share on FacebookShare on Twitter

ပဲခူးရိုးမသည် ပဲခူးတိုင်း၏ အလယ်ဗဟိုတွင်ရှိသော တောင်တန်းရိုးမဖြစ်၏။ ယခင်အခါက တောထူထပ်သည်။ တောကောင်များ ပေါသည်။

ထို့အတူ ၁၉၄၈ ခုနှစ် လွတ်လပ်ရပြီးကတည်းက အစိုးရကို ပုန်ကန်တော်လှန်သူများ အခြေစိုက်ခဲ့ရာ ဘူမိနက်သန်လည်း ဖြစ်၏။

ပဲခူးရိုးမသည် ပဲခူးတိုင်းအတွင်း အခြေပြု၍ လက်နက်ကိုင် တော်လှန်သူများ အခြေပြုရာ ဖြစ်၏။ ၁၉၄၈ ခုနှစ်မှ ၁၉၇၅ ခု နှစ်ထိ ၂၇ နှစ်ကြာ ကွန်မြူနစ်များနှင့် ကရင်တော်လှန်ရေးသမားများ အခြေစိုက်ရာ ဖြစ်ခဲ့သည်။

ပဲခူးရိုးမသည် ပဲခူးတိုင်းအတွင်း အခြေပြု၍ လက်နက်ကိုင် တော်လှန်သူများ အခြေပြုရာ ဖြစ်၏။ ၁၉၄၈ ခုနှစ်မှ ၁၉၇၅ ခု နှစ်ထိ ၂၇ နှစ်ကြာ ကွန်မြူနစ်များနှင့် ကရင်တော်လှန်ရေးသမားများ အခြေစိုက်ရာ ဖြစ်ခဲ့သည်။

၁၉၇၅ နောက်ပိုင်းမှစ၍ မြန်မာစစ်တပ်က ကြီးစိုးနိုင်ခဲ့၏။ ကရင်တော်လှန်ရေးသမားများက ၁၉၈၀ ခုနှစ်များတွင် ပြန်လည် ထိုးဖောက်ရန် ကြိုးစားခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။

ပဲခူးရိုးမသည် ယခုကာလ၌ သစ်ထုတ်လုပ်မှုများ၍ တောပြုန်းခဲ့သည်။ ယခင်ကကဲ့သို့ တောမထူတော့ပေ။ ပဲခူးရိုးမ၏ အရှေ့ဖက်တွင် ရန်ကုန်-မန္တလေး လမ်းဟောင်းအပြင် အမြန်လမ်းသစ် ဖောက်ထားသည်။

ပဲခူးရိုးမ အနောက်ခြမ်းတွင် ရန်ကုန်-ပြည် လမ်းမ ရှိသည်။ ထို့ပြင် ရိုးမ၏ အရှေ့မှ အနောက်သို့ ပေါက်ခေါင်းသို့ လည်း ကောင်း၊ မင်းလှစိန်ကန့်လန့်ဆီသို့လည်းကောင်း ရိုးမဖြတ်လမ်းများလည်း ဖောက်လုပ်ထားသည်။

သို့ဖြစ်ရာ ပဲခူးရိုးမသည် ယခင်ကကဲ့သို့ မဟုတ်ဘဲ မြန်မာစစ်တပ်အတွက် ဆက်သွယ်ရေးလမ်းကြောင်း ကောင်းမွန်ရာ ယခုကာလ၌ လက်နက်ကိုင်ပုန်ကန်ရန် မလွယ်ကူဟု သာမန်ယူဆထားခဲ့ကြသည်။

သို့သော် ထိုယူဆချက်များသည် ၂၀၂၁ နွေဦးတော်လှန်ရေးတွင် မှားယွင်းကြောင်း တွေ့ရှိခဲ့ရသည်။ တကယ်တော့ ပဲခူးရိုးမသည် တောပါးသွားခဲ့သော်လည်း တောအသင့်အတင့်ရှိသေးသည်ကို ပဲခူးရိုးမအတွင်း လှည့်လည်ကျက်စားနေသော ဆင်အုပ်များကို ကြည့်ကသိနိုင်သည်။

၂၀၂၁ ဧပြီလက ပဲခူးမြို့ ဆိုရှယ်လစ်ရပ်ကွက် မဂ္ဂဒစ်လမ်း၌ စစ်အာဏာသိမ်းမှုကို ခုခံနေစဉ်

ထို့ပြင် တောပါးသွားသည်ဆိုသော်ငြားလည်း ပဲခူးရိုးမ၏ တောင်တန်း၊ လျှိုမြောင် မြေမျက်နှာအသွင်အပြင်ကို ပြောင်းလဲသွားခြင်း မရှိရာ စစ်ဆင်နိုင်‌သည့်ဒေသအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။ အဓိကကတော့ လူထုဖြစ်၏။ လူထု အုံကြွမှု၊ လူထု၏ ထောက်ခံမှုများသည် ပဲခူးရိုးမအတွင်း လက်နက်ကိုင် တော်လှန်ပုန်ကန်မှု ဖြစ်လာစေသည်ကို ၂၀၂၁ ခုနှစ်မှ ပြန်လည် တွေ့ရှိရသည်။

၂၀၂၁ ခုနှစ် မေလကုန်မှစသည့် လက်နက်ကိုင်ပုန်ကန်မှုများထဲတွင် ပဲခူးတိုင်းလည်း ပါဝင်သည်။ ၂၀၂၁ ခုနှစ်ထဲတွင် စတင် လေ့ကျင့်ဖွဲ့စည်းခြင်းများနှင့်အတူ တိုက်ပွဲအချို့လည်း ရှိခဲ့သည်။ သို့သော် ပဲခူးတိုင်းအတွင်း ပဲခူးရိုးမကို အခြေပြုလှုပ်ရှားကြသူများ၏ စည်းရုံးဖွဲ့စည်းမှုနှင့် တိုက်ပွဲများသည် ၂၀၂၂ ခုနှစ်အတွင်း ပို၍ စနစ်ကျလာသည်ကို တွေ့ရ၏။

၂၀၂၁ ခုနှစ် မေလကုန်မှစသည့် လက်နက်ကိုင်ပုန်ကန်မှုများထဲတွင် ပဲခူးတိုင်းလည်း ပါဝင်သည်။ ၂၀၂၁ ခုနှစ်ထဲတွင် စတင် လေ့ကျင့်ဖွဲ့စည်းခြင်းများနှင့်အတူ တိုက်ပွဲအချို့လည်း ရှိခဲ့သည်။ သို့သော် ပဲခူးတိုင်းအတွင်း ပဲခူးရိုးမကို အခြေပြုလှုပ်ရှားကြသူများ၏ စည်းရုံးဖွဲ့စည်းမှုနှင့် တိုက်ပွဲများသည် ၂၀၂၂ ခုနှစ်အတွင်း ပို၍ စနစ်ကျလာသည်ကို တွေ့ရ၏။

လက်ရှိ ပဲခူးရိုးမဒေသအတွင်း တော်လှန်ရေးတပ်ဖွဲ့များ၏ စည်းရုံးဖွဲ့စည်းမှုသည် NUG အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန-MOD လက်အောက်ရှိ ပြည်သူ့ ကာကွယ်ရေး တပ်မတော်၊ တောင်ပိုင်းတိုင်း စစ်‌ဒေသ လက်အောက်ခံ ပဲခူးတိုင်း စစ်‌ဒေသခွဲအဖြစ် သတ်မှတ်ထားသည်ကို တွေ့ရသည်။

ပဲခူးတိုင်းစစ်ဒေသခွဲလက်အောက်တွင် တောင်ငူခရိုင်၊ ပြည်ခရိုင်၊ ပဲခူးခရိုင်၊ သာယာဝတီခရိုင်ဟူ၍ ခရိုင် ၄ ခု ဖွဲ့စည်း လှုပ်ရှားနေသည်ကို တွေ့ရ၏။

တောင်ငူခရိုင်တွင် PDF တပ်ရင်း ၃၅၀၁/၃၅၀၂ တပ်ရင်း ၂ ရင်း၊ ပြည်ခရိုင်တွင် PDF တပ်ရင်း ၃၆၀၁/၃၆၀၂ တပ်ရင်း ၂ ရင်း၊ ပဲခူးခရိုင်တွင် PDF တပ်ရင်း ၃၇၀၁/၃၇၀၂ တပ်ရင်း ၂ ရင်း ၊ သာယာဝတီခရိုင်တွင် PDF တပ်ရင်း ၃၈၀၁/၃၈၀၂ တပ်ရင်း စုစုပေါင်း တပ်ရင်း ၈ ရင်း ဖွဲ့စည်းလှုပ်ရှားနေသည်ကို တွေ့ရ၏။

ပဲခူးရိုးမအရှေ့ခြမ်းတွင် တောင်ငူနှင့် ပဲခူးခရိုင် ၂ ခုနှင့် တပ်ရင်း ၄ ရင်း၊ ပဲခူးရိုးမ အနောက်ခြမ်းတွင် ပြည်ခရိုင်နှင့် သာယာဝတီ ခရိုင် ၂ ခုနှင့် တပ်ရင်း ၄ ရင်း စီဖွဲ့စည်းထားသည်ကို တွေ့ရ၏။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ “ရိုးမ”ပဲခူးတိုင်း၊တပ်ဖွဲ့ ၃၇၀၂ အဖွဲ့ဝင်တွေကို တွေ့ရစဉ်/BPDF-Yoma

ပဲခူးရိုးမအရှေ့ခြမ်းရှိ တပ်ရင်းများသည် ပဲခူးရိုးမကို အခြေပြုသည်သာမက စစ်တောင်းမြစ်တကြောရှိ ရွှေကျင်၊ ကျောက်ကြီး၊ မုန်း၊ သံတောင်တကြောတွင် လှုပ်ရှားပြီး KNU- KNLA တပ်ဖွဲ့များ၊ ကရင်နီတပ်ဖွဲ့များနှင့် ပူးတွဲလှုပ်ရှားသည်ကို တွေ့ရသည်။

အစောပိုင်းကာလက တောင်ငူခရိုင် ရင်း ၁၊ ရင်း ၂၊ ပြည်ခရိုင် ရင်း ၁၊ ရင်း ၂ ဟုသုံးသော်လည်း နောက်ပိုင်း တပ်ရင်းနံပါတ် များ စနစ်တကျပေး၍ ဖွဲ့စည်းလာသည်ကို တွေ့ရ၏။

ပဲခူးတိုင်း စစ်ဒေသအတွင်း PDF တပ်ရင်း ၈ ရင်းသာမက ရိုးမရာဇာ မြို့ပြ‌‌ ပြောက်ကျားအဖွဲ့၊ သခင်ကိုယ်တော်မှိုင်း မြို့ပြပြောက်ကျားအဖွဲ့၊ ဖြူး မြို့နယ်ပကဖ 9 Kwins Fighters Force မြို့ပြပြောက်ကျားအဖွဲ့၊ ဗိုလ်ကျောက်ခဲ ဦးဆောင်သော မြို့ပြပြောက်ကျားအဖွဲ့၊ ထန်းတပင်ပကဖ၊
မိုးညိုပကဖ ၊ ရေတာရှည် ဖီးနစ်မြို့ပြပြောက်ကျားအဖွဲ့ ၊ ဖြူးမြို့နယ် နဂါး ပတ်မြို့ပြပြောက်ကျားအဖွဲ့၊ ကျောက်ကြီး မြို့ပြ ပြောက်ကျား အဖွဲ့၊ သာယာဝတီဂဠုန်တပ်ဖွဲ့ ၊ ပဲခူးမြို့နယ် ပကဖ ၊ MRF-Nattalin ၊ ရွှေကျင် ပကဖ၊ Eagle Guerilla Force ၊ မြေအောက် UG အဖွဲ့စသည့် ဒေသခံ ပြောက်ကျားတပ်ဖွဲ့များသည်လည်း PDF တပ်ရင်းများနှင့် တွဲ၍ လှုပ်ရှားနေသည်ကို တွေ့ရသည်။

ပဲခူးတိုင်းအနောက်ခြမ်းတွင် ပြည်ခရိုင်နှင့် သာယာဝတီခရိုင်မှ PDF ရင်း ၃၆၀၁/၃၆၀၂/၃၈၀၁/၃၈၀၂ တပ်ရင်း ၄ ရင်းနှင့် ဒေသခံ ပြောက်ကျား တပ်ဖွဲ့များသည် ပြည်၊ ပေါင်းတည်၊ ပေါက်ခေါင်း၊ အင်းမ၊ ရွှေတောင်၊နတ်တလင်း၊ အုတ်ဖို၊ မိုးညို၊ ဝိုင်း၊ သာယာဝတီ၊ သုံးဆယ် မြို့နယ်များနှင့် ရန်ကုန်ပြည်လမ်းမကြီးများပေါ်တွင် လှုပ်ရှားပြီး တိုက်ပွဲဖေါ်သည်ကို ၂၀၂၂ ခုနှစ်အတွင်း တွေ့ရှိရသည်။

ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရိုးမ) အဖွဲ့ဝင်တွေကို တွေ့ရစဉ်/ BPDF – Yoma

အလားတူပင် ပဲခူးရိုးမ အရှေ့ခြမ်း တောင်ငူခရိုင်နှင့် ပဲခူးခရိုင်မှ PDF ရင်း ၃၅၀၁/၃၅၀၂/၃၇၀၁/၃၇၀၂ တပ်ရင်း ၄ ရင်းနှင့် ဒေသခံပြောက်ကျားတပ်ဖွဲ့များသည် တောင်ငူ၊ ထန်းတပင်၊ ကညွတ်ကွင်း၊ သံတောင်၊ ရေတာရှည်၊ ဆွာ၊ ဝေါ၊ ညောင်လေးပင်၊ ပဲနွယ်ကုန်း၊ သနပ်ပင်၊ ပဲခူး၊ အင်းတ‌ကော်၊ ခရမ်း၊ ကဝ၊ တောကျွဲအင်း၊ မဒေါက်၊ ကျောက်ကြီး၊ ရွှေကျင်မြို့နယ်များနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းမတလျှောက်တွင် ဖြန့်ခွဲလှုပ်ရှားတိုက်ပွဲဖေါ်သည်ကို ၂၀၂၂ ခုနှစ်အတွင်း တွေ့ရှိရသည်။

ပဲခူးတိုင်းစစ်ဒေသခွဲ၏ တရားဝင်ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်အတွင်း ပဲခူးတိုင်းစစ်ဒေသခွဲအတွင်း တိုက်ပွဲပေါင်း ၈၂ ကြိမ်ခန့် ဖြစ်ပွါးခဲ့သည်ဟု သိရသည်။ ထိုတိုက်ပွဲများတွင် စစ်တပ်စခန်း၊ ရဲစခန်းများ၊ ကင်းစခန်းများ၊ ဂိတ်များကို တိုက်ခိုက်သည်များ ပါဝင်သကဲ့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို တိုက်ခိုက်သည်များလည်း ပါဝင်သည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
29
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
710
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
202

ပဲခူးတိုင်းစစ်ဒေသခွဲ၏ တရားဝင်ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်အတွင်း ပဲခူးတိုင်းစစ်ဒေသခွဲအတွင်း တိုက်ပွဲပေါင်း ၈၂ ကြိမ်ခန့် ဖြစ်ပွါးခဲ့သည်ဟု သိရသည်။ ထိုတိုက်ပွဲများတွင် စစ်တပ်စခန်း၊ ရဲစခန်းများ၊ ကင်းစခန်းများ၊ ဂိတ်များကို တိုက်ခိုက်သည်များ ပါဝင်သကဲ့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို တိုက်ခိုက်သည်များလည်း ပါဝင်သည်။

ထို့ပြင် မိုင်တဲတာဝါတိုင်၊ လျှပ်စစ်တာဝါတိုင်နှင့် အချို့ စစ်ကောင်စီ ရုံးအဆောက်အအုံများကိုလည်း ၁၀ ကြိမ်ထက်မနည်း ဖေါက်ခွဲတိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။ အဆိုပါ တိုက်ခိုက်မှုများအတွင်း မပြည့်စုံသေးသောစာရင်းများအရ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဘက်မှ ၁၈၅ ယောက် ထက်မနည်း သေဆုံးပြီး ၉၅ ‌ယောက်နှင့်အထက် ထိခိုက်ဒဏ်ရာရရှိသည်ဟု ပဲခူးတိုင်းစစ်ဒေသခွဲက ထုတ်ပြန်ထားသည်ကို တွေ့ရ၏။

ထို့ပြင် ဒေသတွင်းရှိ စကစ ဒေါက်တိုင်၊ ဒလန်များ ဖြစ်ကြသည့် အုပ်ချုပ်ရေးမှူး၊ သတင်းပေး၊ ပျူစောထီးနှင့် ပြည်သူ့စစ် စုစုပေါင်း ၂၈ ဦးခန့် ရှင်းလင်းနိုင်ခဲ့ပြီး ၂ ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ ထို့အတူ ပဲခူးတိုင်းအတွင်း တိုက်ပွဲများ ဖြစ်ပွားသည့် အနီးရှိ ကျေးရွာအချို့အားလည်း စစ်ကောင်စီ တပ်များက မီးရှို့ဖျက်ဆီးခဲ့သည်ကို တွေ့ရသည်။

ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်၊ နတ်တလင်းမြို့အရှေ့ဖက်ခြမ်းက စစ်ရှောင်သူများ

ပဲခူးတိုင်းစစ်ဒေသခွဲသည် အခြားဒေသများနှင့် နှိုင်းစာလျင် တိုက်ပွဲအရေအတွက် နည်းသည်ဟုဆိုနိုင်သော်လည်း ဆက်သွယ်ရေး ကောင်းမွန်သော ပြည်လမ်းမကြီးနှင့် မန္တလေးလမ်းမကြီးကြားတွင် ဝင်ရောက်လှုပ်ရှားအခြေချနိုင်ခဲ့သည့် ပြောက်ကျား တပ်ဖွဲ့ဖြစ်သည်ကို တွေ့ရသည်။

၁၉၇၅ ခုနှစ်နောက်ပိုင်း ၄၆ နှစ်အကြာတွင် ပဲခူးရိုးမ၌ ပြန်လည်အခြေချနိုင်ခြင်းလည်း ဖြစ်သည်။ ထို့ပြင် ပဲခူး စစ်ဒေသခွဲ သည် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ထောက်ပံ့မှု အပြည့်အဝ ရရှိထားပြီး တော်လှန်ရေး ရန်ပုံငွေ လှူဒါန်းလိုသူများ အနေနှင့် NUG ကိုသာ တိုက်ရိုက် လှူဒါန်းရန် တိုက်တွန်းထားသည်ကို တွေ့ရ၏။

ဆိုရလျှင် ပဲခူးရိုးမအား အခြေပြုလှုပ်ရှားနေသည့် PDF တပ်ဖွဲ့သည် NUG ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်း စစ်ဒေသကွပ်ကဲမှုနှင့် ထောက်ပံ့မှုအောက်တွင် အပြည့်အဝ လှုပ်ရှားနေသည့် တပ်ဖွဲ့ဟု ဆိုရမည်။

၁၉၇၅ ခုနှစ်မှစ၍ ငြိမ်သက်နေခဲ့သော ပဲခူးရိုးမနှင့် ပဲခူးတိုင်းသည် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးနှင့်အတူ ပြန်လည် နိုးထသက်ဝင်လာသည်ဟု ဆိုရမည်။

၁၉၇၅ ခုနှစ်မှစ၍ ငြိမ်သက်နေခဲ့သော ပဲခူးရိုးမနှင့် ပဲခူးတိုင်းသည် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးနှင့်အတူ ပြန်လည် နိုးထသက်ဝင်လာသည်ဟု ဆိုရမည်။

မြန်မာပြည်အခြားဒေသများနည်းတူ တော်လှန်ရေးမီးတောက်များ စတင်တောက်လောင်နေပြီ ဖြစ်သည်။ ၂၀၂၁ ထက် ၂၀၂၂ ခုနှစ်တွင် ပို၍ စနစ်တကျဖွဲ့စည်း တိုက်ခိုက်လာနိုင်သည်ဖြစ်ရာ ၂၀၂၃ ခုနှစ်တွင်လည်း ယခုထက်ပို၍ စနစ်တကျ ဖွဲ့စည်းတိုက်ခိုက်ရန် မျှော်လင့်ရပေသည်။

၂၀၂၂ ခုနှစ် တိုက်ပွဲရှင်းတမ်းများအရ အထင်သေး မရသော ပဲခူးရိုးမတော်လှန်ရေးမီးတောက်များသည် ၂၀၂၃ ခုနှစ် တွင်လည်း အရှိန်ဟုန်ပြင်းစွာဖြင့် ဆက်လက်တောက်လောင်ပြီး စစ်ကောင်စီ လောင်မြိုက်စေပါလိမ့်မည်။

You may also like these stories :

People of the Year 2022 သို့မဟုတ် ၂၀၂၂ ခုနှစ်ထဲက ထင်ရှားသူများ

မြန်မာအကျပ်အတည်း အပြောင်းအလဲဖြစ်စေနိုင်သည့် အရာ ၂ ခု

မြန်မာနိုင်ငံ တည်ငြိမ်ရေး တော်လှန်ရေးတပ်များ ကွန်ရက်ကသာ တည်ဆောက်နိုင်

ကုန်းသာတိုက်ပွဲ အလိမ်အညာသတင်း နောက်ကွယ်

စစ်ကောင်စီ သက်ဆိုးမရှည်တော့ဟု KIA ဗိုလ်ချုပ် ပြော

Your Thoughts …
Tags: NUGPDFစစ်ကောင်စီတိုက်ပွဲတော်လှန်ရေးမီးတောက်များပဲခူးရိုးမ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အီနာဂါ ဗုံးစ ထိမှန်မှုကြောင့် ဒဏ်ရာရသူ အချို့နှင့် မီးရှို့ခံနေရသော ကျေးရွာများအား တွေ့ရစဉ် / CJ

စစ်ကိုင်းရှိ ရွာ ၂ ရွာကို စစ်ကောင်စီ ဒရုန်းဖြင့်တိုက်၊ ၄ဦးဒဏ်ရာရ

ဒေါ်အောင်ဆန်းစုကြည်၏ အမှုများအား အဓိက ကိုင်တွယ် စစ်ဆေးနေသော တရားသူကြီး ဦးမြင့်ဆန်းအတွက်သာမက တရားရေးမဏ္ဍိုင်အတွက် သမိုင်းဝင် ဆုံးဖြတ်ချက်တခုကို ချမှတ်ရတော့မည်

နိုင်ငံပိုင် ရဟတ်ယာဉ်ဝယ်ယူရေးအမှု တရားသူကြီး ဦးမြင့်ဆန်း ဘယ်လို အမိန့်ချမလဲ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved