နေပြည်တော်မှ စစ်ကောင်စီကို ဆန့်ကျင်သည့် အင်အားစုများကို နည်းပညာအကူအညီနှင့် စစ်ရေးမဟုတ်သော အကူအညီပေးရန် အမေရိကန် အစိုးရကို ခွင့်ပြုလိုက်သည့် ၂၀၂၂ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာအက်ဥပဒေဟု ခေါ်သေည့် အမေရိကန်ကွန်ဂရက်က မကြာသေးမီက ပြဋ္ဌာန်းလိုက်သည့် ဥပဒေကြမ်းနှင့် မကြာမီ အင်ဒိုနီးရှားနိုင်ငံက အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခြင်းသည် ၃ နှစ်အတွင်း ဝင်ရောက်လာမည့် မြန်မာအကျပ်အတည်းအတွက် အပြောင်းအလဲဖြစ်စေနိုင်သော အရာများ ဖြစ်သည်။
ထိုအခြေအနေသစ်သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs)၊ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဖြုတ်ချခံ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) တို့အတွက် ထောက်ခံမှု ပိုမိုများပြားစေမည် ဖြစ်သည်။
လက်ရှိအချိန်အထိ အခြားမည်သည့် အနောက်နိုင်ငံမျှ ထိုသို့သော ဥပဒေတခုကို ပြဋ္ဌာန်းခြင်း မရှိသေးပေ။ ဒီမိုကရေစီမဟုတ်ဘဲ ကိုယ့်ပြည်သူကိုယ် ပြန်ဖိနှိပ်သည်ဟု ၎င်းတို့မြင်သော အစိုးရများ၊ အုပ်စုများကို အပြစ်ပေးရန် အရေးယူမှုများ၊ ဥပဒေများ ချမှတ်ခြင်းဖြင့် အခြားနိုင်ငံများမှ ပြည်တွင်း ဖြစ်ပေါ်တိုးတက်မှုများတွင် အမေရိကန် ကွန်ဂရက် ပါဝင်ပတ်သက်တတ်သည်မှာ အများသိသည့် အချက်တခု ဖြစ်သည်။
မြန်မာ့အရေးတွင် အမေရိကန် ပြည်ထောင်စုသည် မြန်မာပြည်သူများ ဒီမိုကရေစီ ရရှိစေလိုသောကြောင့် နေပြည်တော်မှ စစ်ကောင်စီကို ဆန့်ကျင်သည့် NUG, EAOs များနှင့် PDFs များကို “စစ်ရေး မဟုတ်သော” အကူအညီပေးရန် ခွင့်ပြုလိုက်ကြောင်း ထင်ရှားသည်။
သမိုင်းကြောင်းအရ၊ အထူးသဖြင့် အရှေ့တောင်အာရှမှ စစ်ပွဲများသမိုင်းအရ ကြည့်ပါက ထိုသို့ “စစ်ရေး မဟုတ်သော” အကူအညီများသည် မကြာခဏဆိုသလို စစ်ရေးအကူအညီများ ဖြစ်နေတတ်သည်။ စစ်ရေးအကူအညီနှင့် စစ်ရေးမဟုတ်သော အကူအညီကြားတွင် ခြားထားသည့် စည်းမှာ ပြတ်ပြတ်သားသား မရှိပေ။ အကူအညီရသူအနေဖြင့် ရန်သူ၏ ခုခံရေးစွမ်းရည်ကို လျှော့ချရန် လေ့ကျင့်၊ အကူအညီပေးခြင်း ပါဝင်နိုင်သည်။
သမိုင်းကြောင်းအရ အထူးသဖြင့် အရှေ့တောင်အာရှမှ စစ်ပွဲများသမိုင်းအရ ကြည့်ပါက ထိုသို့ “စစ်ရေး မဟုတ်သော” အကူအညီများသည် မကြာခဏဆိုသလို စစ်ရေးအကူအညီများ ဖြစ်နေတတ်သည်။ စစ်ရေးအကူအညီနှင့် စစ်ရေးမဟုတ်သော အကူအညီကြားတွင် ခြားထားသည့် စည်းမှာ ပြတ်ပြတ်သားသား မရှိပေ။
လာမည့်လများတွင် တိုးတက်မှုကြီးကြီးမားမား မရှိပါက မြန်မာနိုင်ငံအခြေအနေသည် ထိန်းချုပ်မရတော့ဘဲ တဖြည်းဖြည်းနှင့် အသုံးချခံစစ်ပွဲငယ်အဖြစ် ပြောင်းလဲသွားနိုင်သည်။
စစ်ကောင်စီက သြဂုတ်လတွင် ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ထားသည်။ မည်သို့သော ရွေးကောက်ပွဲ ကျင်းပမည်နှင့် ပတ်သက်ပြီး ပါဝင်ပတ်သက်သူများအကြား မည်သည့် နိုင်ငံရေး ဆွေးနွေးမှု၊ သဘောတူညီမှုမျှ မရှိသောကြောင့် စစ်ကောင်စီက ထိုရွေးကောက်ပွဲလုပ်ပါက လာမည့် ၈ လအတွင်း သွေးချောင်းစီးနိုင်သည်။ ပဋိပက္ခဘက်အသီးသီးအကြား မည်သည့် ကြိုတင်တိုင်ပင်မှုမျှ မရှိသောကြောင့် ထိုရွေးကောက်ပွဲနှင့် ရလဒ်သည် အတုအယောင်သာ ဖြစ်မည်။
ထို့အပြင် လာမည့် ASEAN ဥက္ကဋ္ဌ အင်ဒိုနီးရှားသည် မြန်မာနှင့်ပတ်သက်ပြီး ကိုင်တွယ်မည့် မတူညီသော နည်းများရှိနေသည်။ ကမ္ဘာ့အကြီးမားဆုံး စီးပွားရေး ၂၀ (G 20) ဥက္ကဋ္ဌအဖြစ် အောင်မြင်စွာ ထမ်းဆောင်ပြီးနောက် ကမ္ဘာ့ခေါင်းဆောင်အဖြစ် ချီးကျူးခံရသော သမ္မတ ဂျိုကိုဝီဒိုဒိုသည် အင်ဒိုနီးရှား၏ ဦးစားပေးများကို အာရုံစိုက်နိုင်သည်။ ထိုဦးစားပေးများတွင် စားနပ်ရိက္ခာ၊ စွမ်းအင်နှင့် ကျန်းမာရေး အကျပ်အတည်းများသာမက ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးတို့ ပါဝင်သောကြောင့် ဂျကာတာ၏ အစီအစဉ်တွင် မြန်မာ အကျပ်အတည်းသည် ယခင် ASEAN ဥက္ကဋ္ဌ နှစ်နိုင်ငံလောက် အရေးမပါကောင်း မပါဘဲ ဖြစ်နေနိုင်သည်။
မည်သည့်အခန်းကဏ္ဍမှ အင်ဒိုနီးရှား ပါဝင်မည်နည်း။ မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက် ဘရူနိုင်း ဥက္ကဋ္ဌ၏ အထူးသံတမန် အာရီဝန် ယူဆွတ်သည် ASEAN ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည် ဖော်ရာတွင် သိမ်မွေ့စွာ လုပ်ဆောင်ခဲ့ပြီး တိုးတက်မှု အနည်းငယ်သာ ရခဲ့သည်။
မည်သည့်အခန်းကဏ္ဍမှ အင်ဒိုနီးရှား ပါဝင်မည်နည်း။ မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက် ဘရူနိုင်း ဒါရုဆလမ်နှင့် ဥက္ကဋ္ဌ၏ အထူးသံတမန် အာရီဝန် ယူဆွတ်သည် ASEAN ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည် ဖော်ရာတွင် သိမ်မွေ့စွာ လုပ်ဆောင်ခဲ့ပြီး တိုးတက်မှု အနည်းငယ်သာရခဲ့သည်။
ထို့နောက် ကမ္ဘောဒီးယားနိုင်ငံ ASEAN ဥက္ကဋ္ဌ ဖြစ်လာသောအခါ ဝန်ကြီးချုပ် ဟွန်ဆန်နှင့် အဖွဲ့က တိုက်တိုက်တွန်းတွန်း လုပ်လာသည်။ သူ၏ အတွေ့အကြုံနှင့် စေတနာကောင်းကြောင့် မြန်မာသည် ASEAN ၏ ကြိုဆိုမှုကို ပြန်လည်ရရှိပြီး အကျပ်အတည်း ပြီးဆုံးသွားမည်ဟု ယူဆပြီး ဟွန်ဆန်က ထိုလုပ်ငန်းစဉ်ကို ဦးဆောင်ခဲ့သည်။ စစ်ကောင်စီက ASEAN ဥက္ကဋ္ဌ ကမ္ဘောဒီးယား၏ မေတ္တာရပ်ခံချက်များနှင့် အဆိုပြုချက်များကို လက်မခံပေ။
လာမည့် ASEAN ဥက္ကဋ္ဌ အင်ဒိုနီးရှားသည် ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရေးတွင် ပိုမိုသတိထားပြီး ပြတ်ပြတ်သားသား ပြုလုပ်မည်ဖြစ်သည်။
ကမ္ဘာ့တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သော အင်ဒိုနီးရှားသည် မြန်မာနိုင်ငံဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် အကျိုးဆောင်လိုပြီး ဥက္ကဋ္ဌသစ် အနေဖြင့် ဘုံသဘောတူညီချက်ကို လက်ရှိအခြေအနေမှ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးသို့ ပြန်လည် ဦးတည်စေနိုင်သည်။ လတ်တလောတွင် ပါဝင်ပတ်သက်သူ အားလုံးသည် မည်သို့ အနိုင်ရမည်ကိုသာ စဉ်းစားနေသောကြောင့် ညှိနှိုင်းဆွေးနွေးလိုစိတ် ရှိပုံမရပေ။ အမေရိကန် ကွန်ဂရက်၏ နောက်ဆုံး ဆုံးဖြတ်ချက်ကြောင့် အတိုက်အခံဘက်သည် အကူအညီပိုမိုရရန် တိုက်ပွဲကို ပိုမို အရှိန်မြှင့်လာနိုင်စေသည်။ အင်ဒိုနီးရှားနိုင်ငံသည် လာမည့်လကုန်ပိုင်းတွင် ကျင်းပမည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ၎င်း၏ ASEAN အစီအစဉ်ကို တင်ပြမည်ဖြစ်သည်။
အခြေအနေ တစုံတခုမှားပါက မြန်မာနှင့် နယ်နိမိတ် ၂,၄၀၁ ကီလိုမီတာ ထိစပ်နေသော ထိုင်းနိုင်ငံသည် အန္တရာယ်အများဆုံး ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသောကြောင့် ပိုမိုများပြားသော မြန်မာပြည်သူများသည် မြောက်ပိုင်းမှ ထိုင်းနယ်စပ်အနီး တောင်ပိုင်းသို့ ရွှေ့ပြောင်းနေကြသည်။ လက်တွေ့တွင် ထိုင်း-မြန်မာနယ်စပ်သည် အခြေအနေ မကောင်းဘဲ အချိန်မရွေး ပေါက်ကွဲနိုင်သည်။
အခြေအနေ တစုံတခုမှားပါက မြန်မာနှင့် နယ်နိမိတ် ၂,၄၀၁ ကီလိုမီတာ ထိစပ်နေသော ထိုင်းနိုင်ငံသည် အန္တရာယ်အများဆုံး ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသောကြောင့် ပိုမိုများပြားသော မြန်မာပြည်သူများသည် မြောက်ပိုင်းမှ ထိုင်းနယ်စပ်အနီး တောင်ပိုင်းသို့ ရွှေ့ပြောင်းနေကြသည်။ လက်တွေ့တွင် ထိုင်း-မြန်မာနယ်စပ်သည် အခြေအနေ မကောင်းဘဲ အချိန်မရွေး ပေါက်ကွဲနိုင်သည်။
လွန်ခဲ့သော ၂ နှစ်အတွင်း ထိုင်းနိုင်ငံသည် ရေငုံနှုတ်ပိတ်နေသော သံတမန်ရေးကို မကျင့်သုံးဘဲ နေပြည်တော်နှင့်သာမက လူမျိုးစုလက်နက်ကိုင်များ ထိန်းချုပ်ထားသည့် နယ်စပ်တလျှောက်မှ သက်ဆိုင်သူ အားလုံးနှင့် ထိတွေ့ဆက်ဆံနိုင်ရန် တိုးတိုးတိတ်တိတ် သံတမန်ရေးကို ကျင့်သုံးသည်ဟု သုတေသီများက ပြောသည်။ ၂၀၂၁ ခုနှစ်တွင် မြန်မာစစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံသည် ပဋိပက္ခမှ အဓိက ပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်စေလိုသည်။ မြန်မာနိုင်ငံအတွင်း ပဋိပက္ခ အခြေအနေများကြောင့် လက်ရှိအချိန်အထိ ထိုသို့ မဖြစ်နိုင်သေးပေ။
မြန်မာအကျပ်အတည်းတွင် တိုက်ရိုက်နှင့်သွယ်ဝိုက် အကျိုးစီးပွားများရှိကြသော နိုင်ငံများအကြား ယုံကြည်မှု တည်ဆောက်ရန် အလွတ်သဘော ရေရှည်လုပ်ငန်းစဉ် စတင်ရေးအတွက် ထိုင်းနိုင်ငံသည် ASEAN မိတ်ဆွေများနှင့် ဆွေးနွေးရေး ဖိတ်ခေါ်ခဲ့သည်။ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ပြုလုပ်သည့် ထိုအလွတ်သဘော အစည်းအဝေးသည် ASEAN အစည်းအဝေး မဟုတ်ပေ။ မြန်မာနှင့် နယ်နိမိတ်ထိစပ်နေသော နိုင်ငံများနှင့် အနာဂတ်တွင် အမြင်ဖလှယ်ရန်လည်း ထိုင်းက မျှော်လင့်သည်။
အချုပ်အားဖြင့်ဆိုရပါက မြန်မာအကျပ်အတည်းသည် အတိုက်အခံများအတွက် ပိုမိုကြီးမားပြင်းထန်သော ပြင်ပအကူအညီဖြင့် အသွင်သစ်သို့ ဝင်ရောက်လာပြီ ဖြစ်သည်။ မြန်မာအကျပ်အတည်း ဆက်ဖြစ်နေလျှင် ဒေသတွင် ပိုမိုဆုံးရှုံးနစ်နာစေမည် ဖြစ်သောကြောင့် ထွက်ပေါက်ရှာသည့်အနေဖြင့် ထိုင်းနိုင်ငံသည် ၎င်း၏ သံတမန်ရေးကို ပိုမိုဗြောင်ကျ သတိထားပြီး အရှိန်မြှင့်တင်လိုက်ပြီ ဖြစ်သည်။
(Bangkok Post မှ Kavi Chongkittavorn ၏ Two New Potential Game-Changers in Myanmar’s Crisis ကို ဘာသာပြန် ဖော်ပြသည်။ Kavi Chongkittavorn သည် ဒေသတွင်းရေးရာ ဝါရင့်သတင်းစာဆရာတဦး ဖြစ်သည်။)
You may also like these stories :
မြန်မာ့အရေး ဆွေးနွေးပွဲ ထိုင်း ပြုလုပ်မည်
စစ်ကောင်စီက ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ကျင်းပမည်မှာ ရွေးကောက်ပွဲမဟုတ်
အာဆီယံ ဆုံးဖြတ်ချက်နှင့် မြန်မာစစ်တပ်
မြန်မာ့အရေး သမိုင်းမှန်ဘက်မှ ရပ်တည်ရန် အင်ဒိုနီးရှား တာဝန်ရှိသည်