ကရင်ပြည်နယ် ကော့ကရိတ်မြို့ အထွက်မှာရှိတဲ့ ခလရ ၂၃၁ တပ်ရင်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) လက်အောက်ခံတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက် ရာကနေ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတာပါ။
ဒီဇင်ဘာ ၂၂ ရက်နေ့ထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာဖြစ်ပါတယ်။
ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ် အဓိက ကုန်သွယ်ရေး လမ်းကြောင်းကြီးဖြစ်တဲ့ အာရှလမ်းမကြီး အနီးက ကော့နွှဲ့ရွာ၊ တတန်ကူး ရွာတွေ အနီးမှာ ဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီတပ်က KNLA ပူးပေါင်းတပ်တွေကို လက်နက်ကြီးတွေ၊ လေယာဉ်တွေပါ အသုံးပြု တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၆ ရက်က ကော့ကရိတ် စစ်ဆင်ရေး ကွတ်ကဲမှု့ဌာနချုပ် (စကခ) အမှတ် ၁၂ တပ် ၀န်းအနီးမှာရှိတဲ့ ခြေလျှင်တပ်ရင်း ၂၃၀ နဲ့ ၂၃၁ တို့ အပါအဝင် ၉ တိုင် လျှပ်စစ်ဓါတ်အားခွဲရုံ၊ တံ တားကျိုး စစ်ကောင်စီ စစ်ဆေးရေးဂိတ်တို့ကို KNLA ပူးပေါင်း တပ်တွေ ၀င်ရောက်စီးနင်း တိုက် ခိုက်တဲ့ ဖြစ်စဉ်တွေမှာ နှစ်ဖက်ထိခိုက်မှုတွေ ရှိခဲ့တယ်လို့လဲ သိရပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup











