• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကိုင်းရှိ ရွာ ၂ ရွာကို စစ်ကောင်စီ ဒရုန်းဖြင့်တိုက်၊ ၄ဦးဒဏ်ရာရ

by ဧရာဝတီ
29 December 2022
in သတင်း
A A
အီနာဂါ ဗုံးစ ထိမှန်မှုကြောင့် ဒဏ်ရာရသူ အချို့နှင့် မီးရှို့ခံနေရသော ကျေးရွာများအား တွေ့ရစဉ် / CJ

အီနာဂါ ဗုံးစ ထိမှန်မှုကြောင့် ဒဏ်ရာရသူ အချို့နှင့် မီးရှို့ခံနေရသော ကျေးရွာများအား တွေ့ရစဉ် / CJ

4.1k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ကိုင်းပြင်နှင့် မြင်းဆည်ရွာများသို့ စစ်ကောင်စီတပ်က ဝင်စီးပြီး ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်ရာ ရွာသား ၄ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

ဒီဇင်ဘာ ၂၇ ရက် နေ့လည်ပိုင်းက စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ မှ အင်အား ၄၀ကျော်ပါ စစ်ကား ၂ စီးဖြင့် ထိုရွာများ သို့ ဝင်ရောက်စီးနင်း ဖျက်ဆီးပြီးနောက် ထွက်ခွာသွားကြောင်း၊ ရွာသားများ ပြန်ဝင်လာချိန် ထပ်မဝင်ရောက် စီးနင်းကာ လေကြောင်းမှလည်း ဒရုန်းနှင့် တိုက်ခိုက်သလို ရွာသား ၂၀ကိုလည်း ဖမ်းသွားကြောင်း ဒေသခံများက ဆိုသည်။

ဒေသတွင်း PDF တပ်ဖွဲ့ဝင်တဦးက “မနေ့က ဖြစ်တာက စစ်ကြောင်းထိုးလာတဲ့ကောင်တွေ ညောင်ပင်ဝန်းကို ပြန်သွားပြီ ၊ ထွက်သွားပြီ အထင်နဲ့ ပကဖတွေ ကာကွယ်ရေးအဖွဲ့တွေက တားနေတဲ့ ကြားထဲကနေ စကားကို နားမထောင်ဘဲ ရွာသား တွေက ရွာတွေထဲကို ဇွတ်ပြန်ဝင်ကြတာ၊ အဲဒီအချိန်မှာ PDF တွေပဲဆိုတဲ့ အထင်နဲ့ အပေါ်ကနေ ဒရုန်းနဲ့ ချတာမျိုးပဲဗျ၊ အဲဒီမှာ ရွာကို ပြန်ဝင်စီးခံလိုက်ကြရတာပဲ” ဟု ပြောသည်။

ဒရုန်းဖြင့် အီနာဂါဗုံးချ တိုက်ခိုက်ခြင်းကို မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ဇီးကျွန်းကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကာ ဒေသခံ ၄ဦး ဒဏ်ရာ ရရှိခဲ့ပြီး ကျေးရွာသားအချို့လည်း ပိတ်မိနေကြောင်း၊ ပိတ်မိနေသူများ ထဲမှ စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရသူ အမျိုးသား ၂၀ဦးခန့်လည်း ရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်တဦးက ပြောသည်။

၎င်းက “လတ်တလောအနေအထားမှာ ဒဏ်ရာရတဲ့သူတွေရော ကျန်တဲ့ ရွာသားတွေရော ပိတ်မိနေကြတာဆိုတော့ ဒဏ်ရာရတဲ့သူတွေ ဆေးကုသမှု မခံယူကြရသေးဘူး၊ ဒဏ်ရာတွေက စိုးရိမ်ရတဲ့ အနေအထားမျိုးမှာ မရှိလို့ ကံကောင်း တာပေါ့၊ လက်ရှိ ရှေးဦးသူနာပြုစုနည်းတွေနဲ့ ရသမျှ လုပ်ပေးထား ကြတယ်၊ ဆေးကုသမှုခံယူနိုင်အောင်လည်း ကြိုးစားပေး နေကြပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

အီနာဂါ ဗုံးစ ထိမှန်မှုကြောင့် ဒဏ်ရာရသူ အချို့နှင့် မီးရှို့ခံနေရသော ကျေးရွာများအား တွေ့ရစဉ်/CJ

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကင်းတော်၊ ကိုင်းပြင်ကျေးရွာများကို မီးရှို့ခဲ့ပြီး ဆက်လက်၍ ယနေ့တွင် မြင်းဆည် ကျေးရွာ ကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဒေသခံတဦးက “ခန့်မှန်းရသလောက်ကတော့ ဖမ်းခံရတဲ့သူတွေကို စစ်ကြောင်းနဲ့အတူ ခေါ်သွားမယ်ထင်တယ်၊ ဒီနေ့ နေ့လယ်ပိုင်းမှာလည်း မြင်းဆည်ကို မီးရှို့နေပြီ၊ မီးရှို့ပြီးတော့ ထွက်ဖို့ ပြင်နေကြပြီ၊ အနီးအနားက ရွာတွေလည်း ပြေးနေကြရတယ်”ဟု ပြောသည်။

ထို့ပြင် ဒီဇင်ဘာလ ၂၇ ရက်နေ့ကလည်း ကိုင်းပြင်ကျေးရွာရှိ သရက်ခြံအတွင်းရပ်ထားသော စစ်ဘေးရှောင်ပြည်သူများ၏ ပစ္စည်းများ တင်ထားသော ထော်လာဂျီ ၄ စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ရာ ကိုယ်လွတ်ရုန်း ထွက်ပြေး ကြရသဖြင့် ပျက်စီး ဆုံးရှုံးမှုအခြေအနေကို မသိရသေးဟု ၎င်းကဆိုသည်။

အီနာဂါ ဗုံးစ ထိမှန်မှုကြောင့် ဒဏ်ရာရသူ အချို့နှင့် မီးရှို့ခံနေရသော ကျေးရွာများအား တွေ့ရစဉ်/CJ

ဒီဇင်ဘာ ၂၅ ရက်နေ့ကလည်း မြောင်မြို့နယ်၊ ညောင်ကားယားကျေးရွာဘက်ရှိ စစ်ဘေးရှောင်စခန်းများသို့ စားနပ်ရိက္ခာများ သွားရောက် ပို့ဆောင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကို လုပ်ဆောင်ခဲ့သေးကြောင်း၊ ထိုသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ရာ ထိခိုက်မှု မရှိခဲ့သော်လည်း စစ်ဘေးရှောင်ပြည်သူများထံသို့ လိုအပ်သည့် စားနပ်ရိက္ခာများ မရောက်ရှိရေး ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးနှင့်အဖွဲ့ CDSOM တာဝန်ခံ ကိုနွေဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီ စစ်ကြောင်းသည် စစ်ကိုင်းမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရိုးတလျှောက်သို့ စစ်ကြောင်းထိုးနေသဖြင့် ကိုင်းပြင်၊ မြင်းဆည်၊ လက်ပန်တော၊ ကင်းတော် စသည့်ကျေးရွာ ၇ရွာမှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
110
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
33
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
115

You may also like these stories:

စစ်ကိုင်းတိုင်းတွင် တနှစ်အတွင်း ရွာပေါင်း ၁၀၀ ကျော်မီးရှို့ခံရ

စစ်ကိုင်းအား “အကုန်သတ်၊ အကုန်မီးရှို့” မူဖြင့်ရှင်းရန် စစ်ကောင်စီကြံစည်နေ

စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေကို စစ်ကောင်စီ မီးတိုက်ရှို့

စစ်ကိုင်းနဲ့မကွေးက စစ်ကောင်စီရဲ့ တရားလက်လွတ် သတ်ဖြတ်မှုများ

Your Thoughts …
Tags: ငါန်းဇွန်စစ်ကိုင်းတပ်မ ၃၃ဒရုန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မုန်တိုင်ပင်ရွာ လူသတ်မှု၌ တာဝန်ရှိသူ တိုင်းမှူး ဖြစ်လာ

မုန်တိုင်ပင်ရွာ လူသတ်မှု၌ တာဝန်ရှိသူ တိုင်းမှူး ဖြစ်လာ

by ဧရာဝတီ
6 August 2023
15.1k

ပြီးခဲ့သည့်နှစ် မေလအတွင်းက စကခ- ၄ လက်အောက်ရှိ ခြေမြန်တပ်ရင်း (ခမရ ၇၀၈)သည် ရေဦးမြို့နယ် မုန်တိုင်ပင်ရွာမှ အရပ်သား ၂၆ ဦးကို သတ်ဖြတ်ခဲ့ရာ ယင်းဖြစ်စဉ်တွင် ဗိုလ်မှူးချုပ် ကြည်သိုက် တာဝန်ရှိကြောင်း ပြောဆို မှုများ...

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

by ဧရာဝတီ
21 December 2023
14k

ရွှေပြည်စိုးစစ်ဆင်ရေး အရှိန်မြင့်လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် သက်ဆိုင်သော နေရာများ၊ ပျော်ပွဲရွှင်ပွဲများသို့ မလိုအပ်ဘဲ သွားလာခြင်း မပြုကြရန်နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ လက်အောက်ခံ Non CDM များအနေဖြင့် ပြည်သူနှင့်အတူ အမြန်ဆုံး ရပ်တည်ကြရန်

ကရင်နီထိုးစစ်မှာ စစ်တပ်ကို ရုရှားပညာရှင်တွေ ကူနေသလား

ကရင်နီထိုးစစ်မှာ စစ်တပ်ကို ရုရှားပညာရှင်တွေ ကူနေသလား

by စောလွင်
21 November 2024
13.8k

ရှမ်းပြည်နယ်တောင်ပိုင်းမှ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ထိုးရာတွင် ရုရှားပညာရှင်များကူညီနေသည့် သတင်းများကြားနေရကြောင်း

“၁၀၂၇ စစ်ဆင်ရေး” စစ်ကိုင်းအထက်ပိုင်း ဝင်ရောက်လာ

“၁၀၂၇ စစ်ဆင်ရေး” စစ်ကိုင်းအထက်ပိုင်း ဝင်ရောက်လာ

by ဧရာဝတီ
30 October 2023
11.9k

ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင်အနောက်ဘက် တောင်ရိုးတလျှောက်တွင် စစ်ဆင်ရေး စတင်သည့် အောက် တိုဘာ ၂၇ ရက်က စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်အဖွဲ့ဝင် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး

ဗန်းမော်ကို KIA ဘာကြောင့် မသိမ်းနိုင်သေးလဲ

ဗန်းမော်ကို KIA ဘာကြောင့် မသိမ်းနိုင်သေးလဲ

by ဧရာဝတီ
7 May 2025
9.5k

ဗန်းမော်စစ်မျက်နှာသို့ စစ်ကောင်စီ စစ်ကူများ ရောက်လာခြင်းနှင့် ပတ်သက်၍ စစ်ရေးသုံးသပ်ချက်များ ပြုလုပ်နေသည့် CDM ဗိုလ်ကြီး ဇင်ယော်က ရဟတ်ယာဉ် သုံးစီးတိုက် အင်အားသည် KIA တပ်ပေါင်းစု၏ အသားစီးရနေမှုကို တိုက်ပွဲ ပြောင်းလဲမသွားန်ိုင်သော်လည်း စစ်ကူလမ်းကြောင်း ပွင့်သွားခြင်း၊...

လူမဆန်တဲ့ လက်ထုတ္တောရွာ လူသတ်ပွဲ

လူမဆန်တဲ့ လက်ထုတ္တောရွာ လူသတ်ပွဲ

by ဧရာဝတီ
23 May 2024
9.2k

ဒီလို အဖြစ်ဆိုးကြီးနဲ့ ကြုံရတဲ့ လက်ထုတ္တောရွာခံတွေအဖို့ အရာရာကို မျက်စေ့သူငယ် နားသူငယ်နဲ့ ကြောက်ရွံနေပြီး အမြဲတမ်းစိုးရိမ်ပူပန်မှုကြီးတခု သူတို့ ရင်ထဲမှာ စွဲကပ်နေသလို ခံစားနေရပါတယ်။

Next Post
ဒေါ်အောင်ဆန်းစုကြည်၏ အမှုများအား အဓိက ကိုင်တွယ် စစ်ဆေးနေသော တရားသူကြီး ဦးမြင့်ဆန်းအတွက်သာမက တရားရေးမဏ္ဍိုင်အတွက် သမိုင်းဝင် ဆုံးဖြတ်ချက်တခုကို ချမှတ်ရတော့မည်

နိုင်ငံပိုင် ရဟတ်ယာဉ်ဝယ်ယူရေးအမှု တရားသူကြီး ဦးမြင့်ဆန်း ဘယ်လို အမိန့်ချမလဲ

၂၀ ဒသမ ၁ ကီလိုမီတာရှည်ပြီး MRT-6 ဟုခေါ်သည့် မိုးပျံရထားလမ်းကို ဗုဒ္ဓဟူးနေ့က ဖွင့်လှစ်လိုက်သည်

ဘင်္ဂလားဒေ့ရှ်တွင် ဂျပန်အကူအညီဖြင့် မြို့ပတ်အမြန်ရထား စဆွဲပြီ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved