• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

နိုင်ငံပိုင် ရဟတ်ယာဉ်ဝယ်ယူရေးအမှု တရားသူကြီး ဦးမြင့်ဆန်း ဘယ်လို အမိန့်ချမလဲ

by ဧရာဝတီ
29 December 2022
in ဆောင်းပါး
A A
ဒေါ်အောင်ဆန်းစုကြည်၏ အမှုများအား အဓိက ကိုင်တွယ် စစ်ဆေးနေသော တရားသူကြီး ဦးမြင့်ဆန်းအတွက်သာမက တရားရေးမဏ္ဍိုင်အတွက် သမိုင်းဝင် ဆုံးဖြတ်ချက်တခုကို ချမှတ်ရတော့မည်

ဒေါ်အောင်ဆန်းစုကြည်၏ အမှုများအား အဓိက ကိုင်တွယ် စစ်ဆေးနေသော တရားသူကြီး ဦးမြင့်ဆန်းအတွက်သာမက တရားရေးမဏ္ဍိုင်အတွက် သမိုင်းဝင် ဆုံးဖြတ်ချက်တခုကို ချမှတ်ရတော့မည်

4.5k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမှုများအား အဓိက ကိုင်တွယ် စစ်ဆေးနေသော တရားသူကြီး ဦးမြင့်ဆန်းအတွက် မကြာခင်အချိန်အတွင်းမှာပင် စိန်ခေါ်မှုတခု ကြုံရတော့မည်။

သူ့အတွက်သာမက တရားရေးမဏ္ဍိုင်အတွက် သမိုင်းဝင် ဆုံးဖြတ်ချက်တခုကို မန္တလေးတိုင်း တရားလွှတ်တော် တရားသူကြီး ဦးမြင့်ဆန်း ချမှတ်ရတော့မည် ဖြစ်သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက်တွင် သဘာဝဘေး ရန်ပုံငွေမှ သဘာဝဘေးကယ်ဆယ်ရေး လုပ်ငန်းများ နိုင်ငံပိုင် ရဟတ်ယာဉ်တစီး ငှားရမ်း၊ ဝယ်ယူခဲ့သည်။

ရဟတ်ယာဉ် ငှားရမ်း၊ ဝယ်ယူရာတွင် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့်မညီဟု စွပ်စွဲကာ အဂတိကော်မရှင်မှ ဦးရဲထက်က တရားလို ပြုလုပ်၍ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လူမှုဝန် ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့အား အဂတိ လိုက်စားမှု ၅ မှုဖြင့် တရားစွဲဆိုခဲ့သည်။

အဆိုပါ ရဟတ်ယာဉ် ငှားရမ်း၊ ဝယ်ယူရာတွင် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့်မညီဟု စွပ်စွဲကာ အဂတိကော်မရှင်မှ ဦးရဲထက်က တရားလို ပြုလုပ်၍ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လူမှုဝန် ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့အား အဂတိ လိုက်စားမှု ၅ မှုဖြင့် တရားစွဲဆိုခဲ့သည်။ အဆိုပါ အမှုအား လာမည့် ဒီဇင်ဘာလ ၃၀ ရက်တွင် တရားသူကြီး ဦးမြင့်ဆန်းက အမိန့်ချရတော့မည် ဖြစ်သည်။

အဆိုပါ အမှုအတွက် အဓိကကျသည့် တာဝန်ရှိသူသုံးဦးထဲမှ နှစ်ဦးသည် တရားရုံးသို့ လာရောက် သက်သေ ထွက်ဆိုခဲ့သည်။

ရဟတ်ယာဉ်ကို စစ်တပ်က ငှားမှ သုံးနေရ

၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရမဖွဲ့မီ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ၃ ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ သို့သော် ဆွေးနွေးပွဲများ၏ ရလဒ်မှာ မကောင်းခဲ့ပေ။

စစ်ခေါင်းဆောင်မှ ဝန်ကြီးချုပ် ၄ နေရာပေးရန်နှင့် သူရဦးရွှေမန်းနှင့် အပေါင်းအပါများအား ပြည်ထောင်စုအဆင့် ရာထူးများ မပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အား ဒေါ်အောင်ဆန်းစုကြည်မှ မလိုက်လျောသည့်အတွက် စစ်ခေါင်းဆောင်နှင့် ဒေါ်အောင်ဆန်းစုကြည်ကြား ဆက်ဆံရေးမှာ အဖုအထစ် ဖြစ်လာခဲ့သည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရတက်လာချိန်တွင် မြန်မာနိုင်ငံ၌ အစိုးရ နှစ်ရပ် ပုံစံဖြစ်လာခဲ့သည်။ စစ်တပ် ခန့်ထားသော ဝန်ကြီး သုံးဦး ဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး ၃ ဦးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ နေ့စဉ် မနက်တိုင်း အစီရင်ခံရသည်။ NLD အစိုးရ၏ လုပ်ဆောင်မှုများ အောင်မြင်မှု မရရှိရန် မြန်မာပြည်ရှိ အကြီးဆုံး လက်နက်ကိုင်အဖွဲ့ကြီး၏ ခေါင်းဆောင်ဖြစ်သူက အရပ်သားအစိုးရအား ကန့်လန့်တိုက်ခဲ့သည်။

NLD အစိုးအဖွဲ့မှ သမ္မတ၊ ဒုသမ္မတနှင့် ဝန်ကြီးများသည် သဘာဝဘေး စီမံခန့်ခွဲရေးအတွက် ပြည်တွင်းခရီးစဉ်များ သွားရောက်ရန် ရဟတ်ယာဉ် လိုအပ်လာသည့်အခါ စစ်တပ်အကြီးအကဲထံ တင်ပြ တောင်းခံမှုများ ရှိခဲ့သည်။ ထိုကဲ့သို့ တင်ပြ တောင်းခံသည့်အခါ များသောအားဖြင့် အကြောင်းအမျိုးမျိုး ပြ၍ ငြင်းပယ်ခံခဲ့ရသည်။

NLD အစိုးအဖွဲ့မှ သမ္မတ၊ ဒုသမ္မတနှင့် ဝန်ကြီးများသည် သဘာဝဘေး စီမံခန့်ခွဲရေးအတွက် ပြည်တွင်းခရီးစဉ်များ သွားရောက်ရန် ရဟတ်ယာဉ် လိုအပ်လာသည့်အခါ စစ်တပ်အကြီးအကဲထံ တင်ပြ တောင်းခံမှုများ ရှိခဲ့သည်။ ထိုကဲ့သို့ တင်ပြ တောင်းခံသည့်အခါ များသောအားဖြင့် အကြောင်းအမျိုးမျိုး ပြ၍ ငြင်းပယ်ခံခဲ့ရသည်။

“NLD အစိုးရအဖွဲ့က ရဟတ်ယာဉ်လှမ်းတောင်းရင် စစ်ဆင်ရေးရှိလို့၊ ဆီမရှိလို့ ဆိုပြီး အကြောင်းအမျိုးမျိုးပြပြီး မပေးဘူး။ တခါတလေကျတော့ လိုချင်တဲ့အချိန် မရဘူး။ သက်သက်ရစ်တာ၊ အစိုးရက စစ်တပ်ကို ခစားနေရတာကို သူတို့က သဘောကျနေတာ” ဟု NLD အစိုးရလက်ထက်တွင် ဒုညွှန်ကြားရေးမှူးချုပ် တာဝန် ထမ်းဆောင်ခဲ့သူတဦးက ဆိုသည်။

သို့သော် တခါတရံ ငြင်းဆန်ရန် ခက်ခဲသည့်အခါတွင်မူ ရဟတ်ယာဉ်အသုံးပြုခွင့် ပေးခဲ့သည်များလည်း ရှိသည်။

ထိုကဲ့သို့သော အခြေအနေကြောင့် NLD အစိုးရအနေဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်လာသည့်အခါ ကူညီကယ် ဆယ်ရေးများ လုပ်ဆောင်နိုင်ရန်အတွက် နိုင်ငံပိုင် ရဟတ်ယာဉ်တစီး ဝယ်ယူရန် စီစဉ်ခဲ့ရသည်။

NLD အစိုးရအနေဖြင့် ရဟတ်ယာဉ် မဝယ်ယူခင် ငှားရမ်း အသုံးပြုခဲ့သည်။ ရဟတ်ယာဉ် ဝယ်ယူသည့်အခါတွင်လည်း အစိုးရဘတ်ဂျက်နှင့် မလုံလောက်သည့်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေထဲက ဝင်ငွေ အချို့ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

NLD အစိုးရလက်ထက်တွင် သဘာဝဘေးအန္တရာယ် ကျရောက်သည့်အခါ ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ရန် အတွက် ပြည်တွင်းပြည်ပမှ အလှူရှင်များက NLD အစိုးရထံ ငွေကြေးမြောက်များစွာ လှူဒါန်းခဲ့ကြသည်။ အဆိုပါ လှူဒါန်း ငွေများအား လူကယ်ပြန်ဝန်ကြီးဌာနမှ လက်ခံ ထိမ်းသိန်းထားခဲ့သည်။

RelatedPosts

သဇင်ပန်း

သဇင်ပန်း

10 January 2026
19
လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

8 January 2026
115
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
4.3k

NLD အစိုးရ လက်ထက်တွင် အမျိုးသားအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌအဖြစ် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက တာဝန်ယူခဲ့ပြီး အတွင်းရေးမှူးအဖြစ် လူကယ်ပြန်ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် တွဲဖက် အတွင်းရေးမှူးအဖြစ် လူကယ်ပြန် ဒုဝန်ကြီး ဦးစိုးအောင်တို့က တာဝန်ယူခဲ့သည်။

NLD အစိုးရ လက်ထက်တွင် အမျိုးသားအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌအဖြစ် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက တာဝန်ယူခဲ့ပြီး အတွင်းရေးမှူးအဖြစ် လူကယ်ပြန်ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် တွဲဖက် အတွင်းရေးမှူးအဖြစ် လူကယ်ပြန် ဒုဝန်ကြီး ဦးစိုးအောင်တို့က တာဝန်ယူခဲ့သည်။

ထို့ကြောင့် သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါ ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နိုင်ရန်အတွက် အစိုးရ ပိုင် ရဟတ်ယာဉ်တစီးဝယ်ယူရန် ကော်မတီဥက္ကဋ္ဌ ဦးဟင်နရီဗန်ထီးယူမှ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြ ခွင့်ပြုချက်ရယူပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော ရဟတ်ယာဉ်အမှုအတွက် နေအိမ်အကျယ်ချုပ် ချခံထားရသော ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူမှ တရားရုံးသို့ သက်သေလာရောက် ထွက်ဆိုခဲ့သည်။ ရဟတ်ယာဉ် ဝယ်ယူရေးနှင့် ပတ်သက်၍ အစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြခဲ့ပြီး ဘဏ္ဍာရေး စည်းမျဉ်းစည်း ကမ်းနှင့်အညီ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက တရားရုံးတွင် ထွက်ဆိုခဲ့သည်။

စစ်ကောင်စီဘက်မှ သက်သေအဖြစ် လိုက်ပါဆောင်ရွက်သော လူကယ်ပြန် ဒုဝန်ကြီးဟောင်း ဦးစိုးအောင်ကမူ ရဟတ်ယာဉ်ဝယ်ရေးကိစ္စနှင့်ပတ်သက်၍ ၎င်းအနေဖြင့် ဘာမှ မသိရှိကြောင်း သက်သေထွက်ဆိုခဲ့သည်။ အမှန်တကယ်တွင် ဦးစိုးအောင်အနေဖြင့် မသိစရာအကြောင်း မရှိပေ။

ယခုအမှုတွင် အဓိက သက်သေမှာ ဒုသမ္မတ ဦးဟင်နီဗန်ထီးယူသာဖြစ်ပြီး ၎င်းကိုယ်တိုင် တာဝန်ခံ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ရဟတ်ယာဉ်အမှုတွင် ဦးဟင်နရီဗန်ထီးယူ၏ ထွက်ဆိုချက်မှာ အရေးပါသည်။ ရန်ပုံငွေမှ ရရှိသော ငွေဖြင့် သဘာဝဘေးကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အစိုးရအဖွဲ့ရုံးအစည်းအဝေးသို့ ပွင့်လင်းမြင်သာစွာ တင်ပြပြီး ရဟတ်ယာဉ်ဝယ်ယူခြင်း ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီစရာ အကြောင်း မရှိပေ။

ယခုအမှုတွင် အဓိက သက်သေမှာ ဒုသမ္မတ ဦးဟင်နီဗန်ထီးယူသာဖြစ်ပြီး ၎င်းကိုယ်တိုင် တာဝန်ခံ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ရဟတ်ယာဉ်အမှုတွင် ဦးဟင်နရီဗန်ထီးယူ၏ ထွက်ဆိုချက်မှာ အရေးပါသည်။

အလွဲသုံးစားလုပ်သူမှာ စစ်ခေါင်းဆောင်သာဖြစ်

အမှန်တကယ် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီဘဲ ဆောင်ရွက်ခဲ့သူမှာ လက်ရှိ အာဏာသိမ်းစစ်ခေါင်း ဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သာ ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းသည့်နေ့တွင် ပြည်တွင်းပြည်ပမှ အလှူရှင်များလှူထားသော သဘာဝဘေး ရန်ပုံငွေတွင် မြန်မာ ကျပ်ငွေ ဘီလီယံ ၄၄၀ စွန်းစွန်းကျန် ရှိခဲ့သည်။ အဆိုပါ ကျန်ရှိငွေများထဲမှ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်နယ်တိုင်း ဝန်ကြီးချုပ်များအား နေပြည်တော်သို့ ဖိတ်ကြား၍ စိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန်ဟု ဆိုကာ ကျပ်ဘီလီယံ ၃၇၀ ကို ပေးအပ်ခဲ့သည်။ အဆိုပါ သဘာဝဘေးရန်ပုံငွေ ဘီလီယံ ၃၇၀ ထဲမှ စိုက်မွေးဆည်ဝန်ကြီးဌာနကိုပါ ချေးခဲ့ပြီး နေကြာနှင့် ပဲမျိုးစုံ စိုက်ပျိုးရန် ညွှန်ကြားခဲ့သည်။

ထို့ပြင် ကျန်ရှိသော ဘီလီယံ ၇၀ ထဲမှ ဘီလီယံ ၃၀ အား အသေးစား အလတ်စား ကုမ္ပဏီများအား ထုတ်ချေးလိုက်သည်ဟု လူကယ်ပြန်ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးတဦးက ဆိုသည်။ သဘာဝဘေးအန္တရာယ်ကျရောက်လျှင် သုံးစွဲရန် ပြည်တွင်းပြည်ပမှ အလှူရှင်များ လှူထားသောငွေများ စိုက်ပျိုးစရိတ် ထုတ်ချေးခြင်းနှင့် စီးပွားရေးလုပ်ငန်းများအား ထုတ်ချေးခြင်းသည်သာ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့်မညီ ဟု ဆိုရမည် ဖြစ်သည်။

သဘာဝဘေးအန္တရာယ်ကျရောက်လျှင် သုံးစွဲရန် ပြည်တွင်းပြည်ပမှ အလှူရှင်များ လှူထားသောငွေများ စိုက်ပျိုးစရိတ် ထုတ်ချေးခြင်းနှင့် စီးပွားရေးလုပ်ငန်းများအား ထုတ်ချေးခြင်းသည်သာ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့်မညီ ဟု ဆိုရမည် ဖြစ်သည်။

ထို့ကြောင့် တရားသူကြီး ဦးမြင့်ဆန်းအနေဖြင့် ယခုအမှုတွင် မည်ကဲ့သို့ ဆုံးဖြတ်ချက် ချမည် ဆိုသည်မှာ စိတ်ဝင်စားစရာ ကောင်းလှသည်။

ဦးမြင့်ဆန်းသည် NLD အစိုးရလက်ထက်တွင် မန္တလေးတိုင်း တရားလွှတ်တော် တရားသူကြီးအဖြစ် ရာထူး တိုးခန့်အပ်ခံရသည့် တရားသူကြီး တဦး ဖြစ်သည်။

သို့သော် စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသည့် အမှုများထဲကမှ အမှု ၁၃ မှုအား ဦးမြင့်ဆန်းက ကိုင်တွယ် စစ်ဆေးခဲ့ရသည်။ ဦးမြင့်ဆန်း ကိုင်တွယ်စစ်ဆေးသော အမှု ၁၃ ထဲက အမှု ၇ မှုအတွက် ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ၁၅ နှစ် ကျခံရန် အမိန့်ချထားခဲ့သည်။

မကြာခင်အမိန့် ချတော့မည့် နိုင်ငံပိုင် ရဟတ်ယာဉ် ဝယ်ယူရေးအမှုတွင် ဦးမြင့်ဆန်းအနေဖြင့် မည်သို့ အမိန့်ချမည် ဆိုသည်ကို တရားရေးမဏ္ဍိုင်နှင့် နိုင်ငံရေး လေ့လာသူများက စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိသည်။

You may also like these stories:

နာမည်ပျက် တရားသူကြီးက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှုနဲ့ အမိန့်ချသတဲ့လား

NLD ပါတီတွင်းသပ်လျှိုရန် စစ်ကောင်စီကြိုးစားနေ

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းပိုင် ငွေနှင့်ပစ္စည်းများ သိမ်းယူရန် စစ်ကောင်စီလုပ်ဆောင်

ဗဟိုဘဏ် ဒုဥက္ကဋ္ဌဟောင်း ဦးဘိုဘိုငယ်အား ထောင်ဒဏ် အနှစ်၂၀ ချမှတ်

တည်ငြိမ်ပြီး ဖွံ့ဖြိုးသော နိုင်ငံ့စီးပွားရေးကို ပဲ့ကိုင်ခဲ့ကြသူများ

Your Thoughts …
Tags: တရားသူကြီး ဦးမြင့်ဆန်းဒေါ်အောင်ဆန်းစုကြည်ရဟတ်ယာဉ်အမှုအဂတိမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.8k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.9k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

by ဝေမင်းထွန်း
12 July 2024
20.2k

ယခုအခါ သူတို့၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ရန် လိုအပ်လာပြီ ဖြစ်၏။

Next Post
၂၀ ဒသမ ၁ ကီလိုမီတာရှည်ပြီး MRT-6 ဟုခေါ်သည့် မိုးပျံရထားလမ်းကို ဗုဒ္ဓဟူးနေ့က ဖွင့်လှစ်လိုက်သည်

ဘင်္ဂလားဒေ့ရှ်တွင် ဂျပန်အကူအညီဖြင့် မြို့ပတ်အမြန်ရထား စဆွဲပြီ

ဒီဇင်ဘာ ၉ ရက်က မဟာချိုင်ရှိ ထိုင်းနိုင်ငံ အလုပ်သမား ကူညီစောင့်ရှောက်ရေးရုံးရှေ့ ဆန္ဒပြနေကြစဉ်

အလိမ်ခံရသည့် မြန်မာလုပ်သား ၅ ထောင်ကျော်အရေး ထိုင်းအစိုးရ ဝင်ဖြေရှင်း

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved