• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ခင်ဦးနယ်တွင် ရေတွင်းရေကန်များကို ဖျက်ဆီးခံရ၍ ရေအခက်အခဲ ဖြစ်နေ

by ဧရာဝတီ
3 May 2023
in သတင်း
A A
ခင်ဦးမြို့နယ်ထဲရှိ ဒေသခံများ သောက်သုံးရေအတွက် ဝေးလံခေါင်ဖျားသည့် နေရာများသို့ သွားရောက်ခပ်ယူနေကြစဉ် / Khin U Ko၊ IRW/CJ

ခင်ဦးမြို့နယ်ထဲရှိ ဒေသခံများ သောက်သုံးရေအတွက် ဝေးလံခေါင်ဖျားသည့် နေရာများသို့ သွားရောက်ခပ်ယူနေကြစဉ် / Khin U Ko၊ IRW/CJ

2.7k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် တပ်ဖွဲ့ဝင်များက ရေတွင်းရေကန်နှင့် ရေဘုံဘိုင်များကို ဖျက်ဆီးခဲ့သဖြင့် သောက်သုံးရေ အခက်အခဲများ ဖြစ်ပေါ်နေရကြောင်း ဒေသခံများထံမှ သိရသည်။

မြန်မာနိုင်ငံတွင် အပူချိန်မြင့်တက်နေပြီး အလယ်ပိုင်းဒေသတွင် မိုးခေါင်ရေရှားမှုပါ ကြုံနေရသည့်အပြင် စစ်ကြောင်း ထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းရှိ ရေတွင်းရေကန်များ၊ ရေဘုံဘိုင်များနှင့် လျှပ်စစ်ဓာတ် အားပေးသည့် စက်ကိရိယာများကို ဖျက်ဆီးခဲ့သဖြင့် စစ်ရှောင်ပြည်သူများအနေဖြင့် ရေအခက်အခဲ ဖြစ်ပေါ်နေခြင်း ဖြစ် ကြောင်း သိရသည်။

ခင်ဦးနယ် ဒေသခံတဦးက “ရေကအစ သောက်စရာ မရှိတော့ဘူး။ တွင်းတွေ၊ ဘုံဘိုင်တွေကို ဖျက်ဆီးသွားလို့ ရှာ သောက်နေရတယ်။ ရေရှိတဲ့နေရာကို သွားရတာ။ သူတို့ကို ကြောက်လို့ ရွာနဲ့ ၁ မိုင်လောက် ဝေးတဲ့တောထဲကို ပို့ထားတဲ့ စပါးအိတ်တို့ အဝတ်ထုပ်တို့ကအစ သူတို့ မီးရှို့သွားတယ်။ ဒီလောက်ကြီး ဒုက္ခရောက်အောင် မလုပ်ပါနဲ့” ဟု ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ရွာများရှိ ရေတွင်း၊ ရေကန်များထဲများသို့ ၎င်းတို့ သိမ်းဆည်းရမိသည့် ယမ်းနှင့် မိုင်း တချို့ကို စွန့်ပစ်ကြသည့်အပြင်၊ သတ်ဖြတ်ထားသူများကိုလည်း ရေတွင်းရေကန်များထဲသို့ ပစ်ချထားခဲ့ခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း ခင်ဦးမြို့နယ်က ဒေသကာကွယ်ရေး တပ်ဖွဲ့တဖွဲ့ဖြစ်သည့် KSO မှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
352
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
49

၎င်းက “တော်လှန်ရေး တပ်ဖွဲ့တွေဆီကရခဲ့တဲ့ ယမ်းတို့ မိုင်းတို့ကို ရေတွင်းထဲ၊ ရေကန်ထဲကို ပစ်ချထားခဲ့တော့ ရေက သုံးလို့ မရတော့ဘူး ဖြစ်နေတယ်။ နောက် မီးရှို့သတ်ထားခဲ့တဲ့ ပြည်သူတွေကို ရေတွင်းထဲ ချထားခဲ့တာလည်း ရှိတယ်” ဟု ဆိုသည်။

ထိုသို့ ရေတွင်းနှင့် ရေဘုံဘိုင်များကို ဖျက်ဆီးခဲ့သဖြင့် အချို့သော ရွာများသည် ရွာနှင့် ၄၅ မိနစ်ကြာသွားရသည့် ချောင်းရေကို သွားရောက် ခပ်ယူနေရမှုများရှိကြောင်း၊ စစ်ရှောင်နေရာတချို့တွင် အလှူရှင်များ၏ အကူအညီဖြင့် ရေ တွင်းတူးမှုများ ရှိသော်လည်း လိုအပ်ချက်များ ရှိနေဆဲ ဖြစ်ကြောင်း ဒေသခံများထံ သိရသည်။

ခင်ဦး‌မြို့နယ် အနောက်တောင်ခြမ်းဘက်ကို ဧပြီ ၁၉ ရက်ကနေ ၂၇ ရက်အထိ စစ်ကြောင်းထိုးခဲ့ပြီး မြို့သစ်ရွာမှ အိမ် ခြေ ၄၀၀ ကျော်၊ တပင်ကောင်းရွာမှ နေအိမ်၂၅ လုံး မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ယခုကာလသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် အပူချိန် မြင့်တက်နေပြီး စစ်ကြောင်း ဝင်ရောက်မှုကြောင့် ထွက်ပြေး တိမ်းရှောင်ရာတွင် အမိုးအကာ မရှိဘဲ နေထိုင်ရသည့်အပြင် သောက်သုံးရေ ရှားပါးမှုများကြောင့် ခင်ဦးမြို့နယ်တွင် သက်ကြီးရွယ်အို၂ ဦး သေဆုံးခဲ့ရပြီး သောက်သုံးရေရရှိရန် ခက်ခဲနေသော တချို့ဒေသများ၌ ကျွဲ၊ နွား တိရစ္ဆာန်များပါ အစာရေစာ ရှားပါးပြတ်လပ်ပြီး သေဆုံးမှုများ ကြုံတွေ့နေရကြောင်း၊ စစ်ရှောင်ပြည်သူများအနေဖြင့် စားနပ်ရိက္ခာများ အရေးပေါ် အကူအညီ လိုအပ်လျက်ရှိကြောင်း သိရသည်။

ဧပြီ ၁၉ ရက်ကစပြီး အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် ခင်ဦးမြို့နယ်နှင့် ရေဦးမြို့နယ်တို့ကို တလှည့်စီ စစ်ကြောင်းထိုးဝင်ရောက်နေခြင်းဖြစ်ပြီ ရွာ ၄ ရွာရှိ အိမ်ခြေ ၅၀၀ နီးပါး မီးရှို့ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းသည် ယနေ့ နံနက်ပိုင်းတွင် ရေဦးမြို့နယ် မြောက်ဘက်ခြမ်းရှိ ကံပေါက်ရွာတွင် အထိုင်ချတပ်စွဲ ထားပြီး စစ်ကြောင်းတွင် ပါဝင်သော တပ်ရင်း၊ တပ်မများကိုမူ မသိရှိရသေးကြောင်း ဒေသခံများနှင့် ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။

မေလ ၁ ရက်ကလည်း အဆိုပါ စစ်ကြောင်းသည် ရေဦးမြို့နယ်ရှိ ပေါက်သာ၊ ဆည်ကြီး၊ ငြုတ္တုံရွာ စသည့် ၃ ရွာကို မီးရှို့ခဲ့ပြီး လက်ရှိတွင် ကံပေါက်၊ ဇဝ၊ နှောကုန်း၊ တောင်ကုန်း၊ ဝက်ဖိုး မြင်းပေါက်၊ ဖလံဂုဏ် စသည့်ရွာများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ ထောက်ပံ့ရေး အဖွဲ့ထံမှ သိရသည်။

ရေဦးမြို့နယ်စစ်ရှောင်ပြည်သူ ထောက်ပံ့ရေးအဖွဲ့မှ တာဝန်ရှိသူက “ဒီအဖွဲ့က ရေဦးမြို့ကနေပဲ ခင်ဦးနယ် စစ်ကြောင်း ထိုးတယ်။ ပြီးတော့ ရေဦးကိုပြန်ဝင်တယ် ရေဦးနယ်က တောင်၊ မြောက်၊ အနောက်ဘက်ခြမ်းရွာတွေကို စစ်ကြောင်း ထိုးတယ်။ အခုလက်ရှိတော့ ရေဦးတောင်ဘက်ခြမ်း တိမ်းရှောင်နေကြတဲ့ပြည်သူတွေက သူတို့ရွာတွေထဲ ပြန်ဝင် ကုန်ပါပြီ။ မြောက်ဘက်ခြမ်းက ဒီနေ့မနက် ထပ်ပြေးနေကြရတယ်” ဟု ပြောသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနှင့် လက်အောက်ခံ အဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း ၆၀,၄၅၉ လုံး ပျက်စီးဆုံးရှုံးခဲ့သည့်အနက် စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်ပြီး ၄၇,၇၇၈ လုံး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း၊ စစ်ကိုင်းတိုင်းရှိ ဒီပဲယင်း၊ ရွှေဘို၊ ခင်ဦးမြို့နယ်ထဲရှိကျေးရွာများမှာ မီးရှို့ခံရမှု အများဖြစ်ကြောင်း Data for Myanmar ၏ စာရင်းများတွင် ဖော်ပြထားသည်။

You may also like these stories:

ပဇီကြီးရွာတဝိုက် တပတ်ကြာ စစ်ကြောင်းထိုးမီးရှို့ကာ ဒေသခံများကို ဖမ်းဆီး

မန္တလေးတွင် သောက်သုံးရေပြတ်လပ်မှု ကြုံနေ

ဒီးမော့ဆိုတွင် စစ်ရှောင်များ ဗုံးကြဲတိုက်ခိုက်ခံရ

စစ်ကိုင်းနှင့် ဝက်လက်နယ်မှ ဖမ်းဆီးခဲ့သူများကို PDF ဟုဆိုကာ စစ်ကြောရေးပို့

ထီးချိုင့်အနောက်ခြမ်း တိုက်ပွဲများအတွင်း ကျေးရွာများ မီးရှို့ခံရ

Your Thoughts …
Tags: ခင်ဦးစစ်ကောင်စီတပ်ရေတွင်းရေကန်သောက်သုံးရေ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကောလင်းကို စစ်ကောင်စီ ပြန်ထိန်းချုပ်

ကောလင်းကို စစ်ကောင်စီ ပြန်ထိန်းချုပ်

by ဧရာဝတီ
13 February 2024
11.4k

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၏ အဓိကကျသောနေရာများအား ယနေ့တွင် စစ်ကောင်စီက ဝင်ရောက်နေရာယူ၍ ပြန်လည် ထိန်းချုပ်

ဝိုင်းမော်နှင့် မိုးမောက်အကြား စစ်ကောင်စီတပ် ပိတ်မိနေ

ဝိုင်းမော်နှင့် မိုးမောက်အကြား စစ်ကောင်စီတပ် ပိတ်မိနေ

by ဧရာဝတီ
25 August 2023
11.2k

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်ကြား၊ မြစ်ကြီးနား-ဗန်းမော်ကားလမ်းအနီးရှိ ရွာအချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပိတ်မိနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီကို ပြောသည်။

ကော့ဘိန်းကို စစ်တပ် ပြန်သိမ်း

ကော့ဘိန်းကို စစ်တပ် ပြန်သိမ်း

by မိအိသဉ္ဇာမြင့်
25 April 2024
9.5k

တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် မွန်-ကရင်နယ်စပ် ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းကျေးရွာတွင် စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းမှစပြီး အင်အား ၃၀၀ ခန့်ဖြင့် ပြန်လည်ဝင်ရောက် တပ်စွဲနေကြောင်း သိရသည်။

စစ်ကောင်စီတပ် စုပေါင်းစပ်ပေါင်း ဖွဲ့ထားရကြောင်း သံဘိုတပ်စခန်း
သက်သေပြ

စစ်ကောင်စီတပ် စုပေါင်းစပ်ပေါင်း ဖွဲ့ထားရကြောင်း သံဘိုတပ်စခန်း
သက်သေပြ

by ဧရာဝတီ
5 January 2024
9.4k

အာဏာသိမ်းစစ်ကောင်စီတပ်တွင် တိုက်ခိုက်ရေးအင်အား ခမ်းခြောက်လာပြီး စစ်မတိုက်ဖူးသော လက်ရုံးတပ်ဖွဲ့ဝင်များအား စစ်မြေပြင်သို့ စေလွှတ်နေရပြီ

စစ်တပ်နှင့် AA ပဋိပက္ခ ရခိုင်ရဲတို့ ကြားညပ်နေဟုဆို

စစ်တပ်နှင့် AA ပဋိပက္ခ ရခိုင်ရဲတို့ ကြားညပ်နေဟုဆို

by ဧရာဝတီ
9 November 2023
8.4k

ရခိုင်ပြည်နယ်အတွင်း စစ်ရေးပြင်ဆင်မှုများရှိနေပြီး မြေပြင်တွင် စစ်ရေးတင်းမာမှုများကြောင့် ရဲတပ်ဖွဲ့ဝင်များမှာ ကြားညပ်ကာ အသုံးချခံဖြစ်နေရကြောင်း

စိန်လုံကို သိမ်းခြင်းဖြင့် ဗန်းမော်နှင့် မြို့ကြီးတချို့ KIA ခြိမ်းခြောက်လာ

စိန်လုံကို သိမ်းခြင်းဖြင့် ဗန်းမော်နှင့် မြို့ကြီးတချို့ KIA ခြိမ်းခြောက်လာ

by ဧရာဝတီ
1 April 2024
7.2k

KIA ဌာနချုပ်လိုင်ဇာနှင့် မိုင်ဂျာယန်မြို့တို့အား လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့် အနီးကပ် စစ်တပ်စခန်းကြီးများ အားလုံး သိမ်းပိုက်နိုင်ပြီဖြစ်သည့်အတွက် လက်နက်ကြီးပစ်ခတ်ခံရမှု နည်းပါးလာသော်လည်း လေကြောင်းတိုက်ခိုက်မှု စိုးရိမ်နေရဆဲဖြစ်ကြောင်း

Next Post
ယမန်နေ့ မေ ၂ရက်က နေပြည်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ချင်ကန်းတွေ့ဆုံစဉ် / CINCDS

စစ်ကောင်စီဘက်က မားမားမတ်မတ်ရပ်တည်တာ တရုတ်နဲ့ ရုရှားပဲရှိတယ်

ဦးသန်းရွှေ အငြိမ်းစားမယူမီ နေပြည်တော် စစ်ရေးပြအခမ်းအနားတွင် တွေ့ရစဉ်/AFP

ဦးသန်းရွှေကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ပွဲထုတ်လာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved