• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဆိုင်ကလုန်းမိုခါကြောင့် သေဆုံးသူ ၂၀၀ ကျော်အထိ မြင့်တက်လာ

by ဧရာဝတီ
18 May 2023
in သတင်း
A A
စစ်တွေရှိ ဘာဆရာ ဒုက္ခသည်စခန်းတွင် ဆိုင်ကလုန်းမိုခါကြောင့် ပျက်စီးသွားသော နေအိမ်အနီး ရေတုံကင်နှိပ်နေသည့် မိန်းကလေးတဦးကို ၂၀၂၃ ခုနှစ်၊ မေလ ၁၆ ရက်နေ့က တွေ့ရစဉ် / AFP

စစ်တွေရှိ ဘာဆရာ ဒုက္ခသည်စခန်းတွင် ဆိုင်ကလုန်းမိုခါကြောင့် ပျက်စီးသွားသော နေအိမ်အနီး ရေတုံကင်နှိပ်နေသည့် မိန်းကလေးတဦးကို ၂၀၂၃ ခုနှစ်၊ မေလ ၁၆ ရက်နေ့က တွေ့ရစဉ် / AFP

2.6k
VIEWS
Share on FacebookShare on Twitter

မြေပြင်မှ ပြည်သူများသည် အပျက်အစီးများကို စတင်ရှင်းလင်းပြီး ထိခိုက်သေဆုံးမှုများကို ရေတွက်သောအခါ မြန်မာနိုင်ငံတွင် ဆိုင်ကလုန်းမိုခါကြောင့် သေဆုံးသူအရေအတွက်သည် မေလ ၁၇ ရက်နေ့တွင် ၂၀၀ ကျော်လာပြီး ရာနှင့်ချီ ပျောက်ဆုံးနေသောကြောင့် သေဆုံးမှုမြင့်မားမည်ကို အထူးစိုးရိမ်နေရသည်။

ဆိုင်ကလုန်းမိုခါသည် တနာရီလျှင် ၁၉၅ ကီလိုမီတာ (မိုင် ၁၂၀) နှုန်းဖြင့် မြန်မာနိုင်ငံ အနောက်ဘက်ကမ်းခြေ ရခိုင်ပြည်နယ်တွင် မေလ ၁၄ ရက်နေ့က ကုန်းတွင်းမှ ဝင်ရောက်ခဲ့ပြီး အနီးရှိ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းသို့ ဆက်လက်တိုက်ခတ်ခဲ့သည်။ လူသားများသေဆုံးမှုအပြင် ပျက်စီးမှုအများအပြားကို ဖြစ်စေခဲ့ပြီး ဓာတ်အားတိုင်များကို ပျက်စီးစေသည့်အပြင် ပျဉ်ထောင်အိမ်များနှင့် သစ်သား ငါးဖမ်းလှေများကို ရိုက်ချိုးဖျက်ဆီးရုံသာမက သောင်းနှင့်ချီသော စိုက်ခင်းများကိုလည်း ရေလွှမ်းမိုးစေသည်။

ရခိုင်ပြည်နယ်သည် အထိခိုက်ခံရဆုံးဖြစ်ပြီး အထိခိုက်လွယ်ဆုံးအုပ်စုမှာ ပြည်နယ်မြို့တော် စစ်တွေအနီး စခန်းများတွင် နေထိုင်နေရသည့် ရိုဟင်ဂျာဒုက္ခသည်များ ဖြစ်သည်။

မေလ ၁၇ ရက်နေ့ နေ့လယ်အထိ စခန်း ၁၁ ခုမှ ရိုဟင်ဂျာ ၁၃၀ ခန့် မုန်တိုင်းကြောင့် သေဆုံးကြောင်း အလင်းရောင် စေတနာ့ဝန်ထမ်းအဖွဲ့၏ အဆိုအရ သိရသည်။ ထိုအဖွဲ့သည် မြေပြင်မှ ထိခိုက်သေဆုံးမှုများကို စာရင်းကောက်နေသည့် အဖွဲ့ဖြစ်သည်။ စစ်တွေတွင် ရိုဟင်ဂျာစခန်း ၁၃ ခုရှိပြီး ဒုက္ခသည် ၁ သိန်းကျော် နေထိုင်နေသည်။

သေဆုံးသူများအနက် အများစုသည် မုန်တိုင်းဒီရေကြောင့် သေဆုံးခြင်းဖြစ်ပြီး အချို့သူများမှာ ထိုစခန်းများ တည်ရှိရာ ဘာဆရာ ခေါ် စံပြ၊ ဒါးပိုင်၊ ဗေဒါနှင့် သဲချောင်းကျေးရွာများတွင် လေပြင်းကြောင့် သစ်ပင်များလဲကျရာမှ ပိမိသေဆုံးခြင်းဖြစ်သည်။

စေတနာ့ဝန်ထမ်းများသည် ကလေး ၃၀ အပါအဝင် အလောင်းပေါင်း ၁၁၀ ကို မြှုပ်နှံသင်္ဂြိုဟ်ခဲ့ကြောင်း အစ္စလမ် နာရေးကူညီရေးအသင်းများက ပြောသည်။

ဆိုင်ကလုန်းမိုခါကြောင့် ပျက်စီးသွားသော စစ်တွေရှိ ဘာဆရာ ဒုက္ခသည်စခန်းမှ တဲအိမ်နှင့် ဒုက္ခသည်တဦး/AFP

“ဒဏ်ရာရသူအရေအတွက်က အရမ်းများတယ်။ ရေလွှမ်းမိုးမှုကြောင့် လူရာချီပျောက်ဆုံးနေတဲ့အတွက် သေဆုံးသူ အရေအတွက် ထပ်တိုးလာမယ်” ဟု အလင်းရောင်အဖွဲ့မှ စေတနာ့ဝန်ထမ်းတဦးက ပြောသည်။

စစ်တွေမှ ဘုမရွာနှင့် အနီးရှိ ကောင်းတုတ်ကာ ရိုဟင်ဂျာ ကျေးရွာများတွင် သေဆုံးသူ အနည်း ဆုံး ၄၆ ဦးရှိကြောင်း AFP သတင်းဌာနက ဖော်ပြသည်။

စစ်ကောင်စီစစ်သားများသည် မုန်တိုင်းမတိုင်မီ ထရပ်ကား ၁၀ စီးဖြင့် ရောက်လာသော်လည်း စခန်းများတွင် နေထိုင်သူများသည် စနစ်တကျ မုန်တိုင်းခိုလှုံစရာနေရာ မရှိခြင်းနှင့် မုန်တိုင်းသည် ထိုမျှပြင်းထန်မည်ဟု မထင်သောကြောင့် မပြောင်းရွှေ့လိုကြောင်း ထိုစခန်းများတွင် နေထိုင်သူများက ပြောသည်။ စစ်သားများက သက်ကြီးရွယ်အိုအချို့ကို ယာယီခိုလှုံစရာနေရာများသို့ ခေါ်သွားသည်။

“မုန်တိုင်းခိုလှုံစရာနေရာက သဲချောင်းနဲ့ ကောင်းတံခါးကျေးရွာမှ နှစ်ခုပဲရှိတာ။ တခုကို လူ ၅၀၀ လောက်ပဲ ဆံ့တာ။ ကျောင်းတွေနဲ့ ဆေးရုံတွေက တခြားယာယီခိုလှုံရေး စခန်းတွေက ပြည့်နေပြီ။ ဆိုင်ကလုန်း ခိုလှုံစရာနေရာ အလုံအလောက်ရှိရင် သေဆုံးမှုနှုန်း ဒီလောက်များမှာ မဟုတ်ဘူး” ဟု လက်စားချေခံရမည်ကို စိုးရိမ်သောကြောင့် အမည်မဖော်လိုသော သက်ကယ်ပြင်ကျေးရွာမှ ရိုဟင်ဂျာအမျိုးသားတဦးက ပြောသည်။

မုန်တိုင်းဒီရေကြောင့် သေဆုံးသူတဦးကို မြေမြှုပ်သဂြိုဟ်ရန် သယ်လာစဉ်/AFP

မုန်တိုင်းအတွင်း ဒုက္ခသည်စခန်းများတွင် သေဆုံးမှုများရှိသည်ဆိုသည့် သတင်းများကို စုံစမ်းစစ်ဆေးနေကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာရုံးက ပြောသည်။

ပြည်နယ်မြို့တော်တွင် လူ ငါးဦးသေဆုံးကြောင်း၊ အမျိုးသမီးတဦးသည် သူခိုလှုံနေသည့်အဆောက်အအုံ ပြိုကျ သေဆုံးကြောင်း ဒေသခံကယ်ဆယ်ရေးအဖွဲ့ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းက ပြောသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
53
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
42
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
66

စစ်ကောင်စီထိန်းချုပ် မီဒီယာက ရသေ့တောင် မြို့နယ်တွင် ဘုန်းကြီးကျောင်းတကျောင်း ပြိုကျသောကြောင့် လူ ၁၃ ဦးသေဆုံးကြောင်းနှင့် အနီးရှိကျေးရွာတခုတွင် အဆောက်အအုံတခု ပြိုကျသောကြောင့် အမျိုးသမီး တဦးသေဆုံးကြောင်း မေလ ၁၆ ရက်နေ့က ဖော်ပြခဲ့သည်။ ထိုနေ့မတိုင်မီကမူ မုန်တိုင်းကြောင့် သေဆုံးသူ ၅ ဦးသာရှိကြောင်း စစ်ကောင်စီမီဒီယာက ပြောပြီး အခြားအသေးစိတ်များကို ဖော်ပြခြင်းမရှိပေ။

ပုဏ္ဏားကျွန်း မြို့နယ်တွင် လူတဦး မုန်တိုင်းကြောင့်သေဆုံးကြောင်း ဒေသခံပြည်သူများက ပြောသည်။

ထိုဆိုင်ကလုန်းမုန်တိုင်းသည် စစ်ကိုင်းနှင့် မကွေးတိုင်းတွင် လူ သုံးဦး သေဆုံးစေပြီး လယ်ယာများကို ရေလွှမ်းမိုးခြင်းနှင့် နေအိမ်များ ပျက်စီးခြင်းအပါအဝင် အပျက်အစီးအများအပြား ဖြစ်စေခဲ့သည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း‌ရေးရုံး (OCHA) က လူ ၃ ဒသမ ၂ သန်းသည် ထိခိုက်လွယ်သူများ ဖြစ်ကြောင်းနှင့် လူသားချင်းစာနာမှု လိုအပ်ချက်များ ရှိနိုင်ကြောင်း ပြောသည်။

“အရေးပေါ်လိုအပ်ချက် အကဲဖြတ်ချက်များ (RNAs) နှင့် ရခိုင်ပြည်နယ် မြို့နယ် ခြောက်ခုတွင် ကနဦး ဖြန့်ချိမှုများကို ခွင့်ပြုချက်ရသည်နှင့် တပြိုင်နက် စတင်မည်ဖြစ်သည်” ဟု OCHA က မေလ ၁၆ ရက်နေ့တွင် ထုတ်ပြန်သောကြောင့် ၎င်းတို့သည် အကူအညီပေးရန် စစ်ကောင်စီ၏ခွင့်ပြုချက်ကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ဖော်ပြနေသည်။

ဆိုင်ကလုန်းမိုခါကြောင့် ပျက်စီးသွားသော စစ်တွေရှိ ဘာဆရာ ဒုက္ခသည်စခန်း/AFP

တချိန်တည်းတွင် ရခိုင်ပြည်နယ်မှ ဆိုင်ကလုန်းဒဏ်ခံရသူများအတွက် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးအတွက် ကယ်ဆယ်ရေးအေဂျင်စီများသည် မေလ ၁၇ ရက်နေ့အထိ ရောက်မလာသေးကြောင်း ဒေသခံကယ်ဆယ်ရေးနှင့် စေတနာ့ဝန်ထမ်းများက ပြောသည်။

စစ်ကောင်စီမီဒီယာများကမူ စီးပွားရေး မြို့တော်ရန်ကုန်မှ ရခိုင်ပြည်နယ်အတွက် အထောက်အပံ့များ သင်္ဘောပေါ်သို့ ပို့ဆောင်နေသည့် ပုံများကို ပြသသည်။

“ကျနော်တို့က အခုလောလောဆယ် ကိုယ့်အားကိုယ်ကိုးနေရတယ်” ဟု စစ်တွေတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော ဒေသခံကယ်ဆယ်ရေးအဖွဲ့ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း အဖွဲ့ဝင်တဦးကပြောပြီး ဒုက္ခသည်များအတွက် ဆန် မလုံလောက်တော့ကြောင်း ပြောသည်။

သက်ကယ်ပြင်ကျေးရွာတွင် မုန်တိုင်းကြောင့် ဒဏ်ရာရခဲ့သော ရိုဟင်ဂျာများသည် ၎င်းတို့နေအိမ်များတွင်သာ ရှိနေပြီး ရရှိနိုင်သည့် ကုသမှုများပြုလုပ်ကာ ကျန်သည့် အစားအစာများကို မျှဝေစားသုံးနေကြောင်း ပြောသည်။

“ဘာအကူအညီမှ မရဘူး။ ကုလသမဂ္ဂလည်း မရှိဘူး။ ကျနော်တို့ပဲ ရှိတယ်” ဟု စေတနာ့ဝန်ထမ်းတဦးက ပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Cyclone Mocha’s Death Toll Reaches 202 in Myanmar ကို ဘာသာပြန်သည်။)

You may also like these stories:

စစ်ကောင်စီ ကန့်သတ်ချက်ကြောင့် မိုခါမုန်တိုင်း နောက်ဆက်တွဲ ကူညီရေး အဟန့်အတားဖြစ်

ရခိုင်တွင် ကုန်ဈေးနှုန်းတွေတက်၊ အမိုးအကာရရှိရေး အခက်အခဲဖြစ်နေ

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယတြာနှင့် ဗျာများနေသည်

မုန်တိုင်းကြောင့် ဆင်ဖြူကျွန်း၌ ရေကြီးကာ ၃ ဦး သေဆုံး၊ အိမ်အများအပြား ပျက်စီး

ချင်းပြည်နယ်အတွင်း မုန်တိုင်းကြောင့် အဆောက်အအုံ ၁၀၀၀ ခန့် ပျက်စီး

မိုခါမုန်တိုင်းကြောင့် စစ်တွေတွင် သေဆုံးသူ ရာချီရှိနိုင်

ရခိုင်၌ စားသောက်ကုန်၊ ဆေးဝါး အိမ်ဆောက်ပစ္စည်း ဝယ်မရဖြစ်နေ

Your Thoughts …
Tags: OCHAကယ်ဆယ်ရေးလုပ်ငန်းကုလသမဂ္ဂချင်းပြည်နယ်စစ်ကိုင်းတိုင်းစစ်ကောင်စီစစ်တွေမြို့နယ်စေတနာဝန်ထမ်းဆိုင်ကလုန်းမိုခါထိခိုက်သေဆုံးမှုမကွေးတိုင်းယာယီခိုလှုံရေးစခန်းရခိုင်ပြည်နယ်ရိုဟင်ဂျာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မြောက်ဦးတွင် မိုခါမုန်တိုင်းဖြတ်ပြီးနောက်ပိုင်း ပျက်စီးဆုံးရှုံးမှု ပုံရိပ်တချို့ / Voice of Mrauk U

မုန်တိုင်းဒဏ်သင့် မြောက်ဦး၌ ရေသန့်နှင့်အမိုးအကာများ အရေးပေါ်လို

၂၀၂၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့က စစ်တွေမြို့ရှိ ဘုန်းကြီးကျောင်းတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ပေးသည့်ဆန်ကို တန်းစီစောင့်ဆိုင်းနေကြသူများ / AFP

မုန်တိုင်းဒဏ်ခံရသူများ စားနပ်ရိက္ခာလိုအပ်၊ ကုလက သွားခွင့်ရရန် ညှိနှိုင်းနေဆဲ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved