• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီတပ်ကို တိုက်ရန် ဗန်းမောက်လူထု မြို့မှ ရှောင်ပေးဖို့ PDF သတိပေး

by ဧရာဝတီ
19 May 2023
in သတင်း
A A
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ (ဓာတ်ပုံ- CJ)

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ (ဓာတ်ပုံ- CJ)

10.6k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့ အောင်သာကုန်းဘုရားဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်မည်ဖြစ်သဖြင့် လူထုအနေနှင့် မြို့မှ ရှောင်တိမ်းပေးရန် ယနေ့နံနက်က ဗန်းမောက်မြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၏ သတိပေးစာများ လူမြင်ကွင်းများ၌ ကပ်ထားကြောင်း ဒေသခံများက ဆိုသည်။

မေလ ၅ရက်ကတည်းက ဗန်းမောက်အခြေစိုက် PDF များမှ မြို့တွင်းသို့ မိသားစုတစုစာ ထက်ပို၍ စားရေရိက္ခာ သယ်ယူခွင့် မပြုတော့ကြောင်း၊ ထို့နောက် ယခုကဲ့သို့ မြို့မှ ခေတ္တရှောင်တိမ်းရန် သတိပေးစာများ ထွက်လာခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီမနက် ဗန်းမောက်မှာ PDF က စာတွေ ထားသွားတယ်။ တပ်စွဲထားတဲ့နေရာတွေကို သူတို့က အပြတ်တိုက်တော့မှာ ဖြစ်တယ်ပေါ့။ စစ်တပ်က ပြည်သူတွေကို ကာဗာ ယူထားတာ ဖြစ်တယ်။ ဒါကြောင့် ပြည်သူတွေ တိမ်းပေး၊ ရှောင်ပေးဖို့ ဆိုပြီး ရေးထားပါတယ်” ဟု ဗန်းမောက်ဒေသခံ အမျိုးသမီးတဦးက ဆိုသည်။

PDF များက ရှောင်ပေးရန် ပြောထားသော်လည်း ဗန်းမောက်ဒေသခံအမျိုးသမီးက ၎င်းအနေနှင့် ဗန်းမောက်မြို့တွင် အခြေချ နေထိုင်လာသည်မှာ ကာလကြာနေပြီဖြစ်သဖြင့် မြို့ကိုစွန့်ခွာထွက်ပြေးရန် အစီအစဉ် မရှိကြောင်း ဧရာဝတီကို ပြောသည်။

၎င်းက “ကျမတို့ကတော့ သူတို့ တိုက်တိုက် မတိုက်တိုက် ပြေးဖို့လည်း အစီအစဉ် မရှိပါဘူး။ ပြေးပြီဆိုရင်လည်း ဆန်ပြုတ် သောက်ပြီး ဘာမှလုပ်လို့လည်း မရဘူး။ အဲဒီတော့ သေရင်လည်း ကိုယ့်အိမ်မှာပဲ ကိုယ်သေမယ်လို့ပဲ စဉ်းစားထားတယ်” ဟု ဆိုသည်။

PDF က မြို့ ကို ရိက္ခာဖြတ်သဖြင့် ပြည်သူများ မြို့ပြင်ရှောင်တိမ်းသည့်အခါမှ မြို့တွင်းရှိ စစ်ကောင်စီတပ်ကို တိုက်ရန်ဖြစ်ကြောင်း၊ အကယ်၍ မိသားစုတစုစာထက် ရိက္ခာပိုမိုသယ်ယူလာပါက ပိုသယ်သည့် ပစ္စည်းများကို PDF ဂိတ်များတွင် ထားခဲ့ရကြောင်း ဗန်းမောက်ဒေသခံ အချို့ ပြောသည်။

ဗန်းမောက်ဒေသခံ အမျိုးသမီးတဦးကလည်း “ဗန်းမောက်မှာ ကြက်ဥဆိုရင်လည်း မိသားစု တစုစာ၊ ခရမ်းချဉ်သီးဆိုရင် လည်း ၁ ပိဿာ၊ ကြက်သွန်နီဆိုရင်လည်း ၁ ပိဿာပေါ့။ အဲဒီလောက်ပဲ သယ်ခွင့်ပေးတယ်။ တချို့များတဲ့ဟာတွေဆိုရင် ဂိတ်တွေမှာ ထားခဲ့ရတယ်။ တချို့လည်း မွေးနေ့အတွက်ဆိုပြီး သယ်လာတာတွေရှိတယ်။ အဲဒါများလို့ဆိုပြီး ဂိတ်တွေမှာ ထားခိုင်းတယ်။ အဲဒါ တချို့လည်း ထိုင်ကန်တော့ပြီး သယ်ခွင့်ပေးခိုင်း အဲဒီလိုမျိုးတွေ ရှိတယ်။ ဒီနေ့သယ်တာ များတယ်ဆိုရင် ဂိတ်မှာထားခဲ့။ နောက်ရက်ကျရင် လာပြန်သယ် အဲဒီလိုတော့ရတယ်” ဟုဆိုသည်။

ထိုသို့ PDF များက ကုန်စည်သယ်ဆောင်မှု ကန့်သတ်လိုက်သဖြင့် ဗန်းမောက်တွင် စားသောက်ကုန်ဈေးနှုန်းသည်၂ ဆနီးပါး တက်သွားကြောင်း ဗန်းမောက်ဒေသခံအချို့က ပြောသည်။

အမည်မဖော်လိုသည့် ဗန်းမောက်မြို့ခံ အမျိုးသားတဦးကလည်း “ဆန်တအိတ်ကို ၅ သောင်း ၇ ထောင်၊ ကြက်သား ၁ ပိဿာ ၂ သောင်း၊ ဝက်သား ၁ ပိဿာ ၃ သောင်း အဲဒီလိုဖြစ်နေတာ။ ကြက်ဥတလုံး ၅၀၀ ပေါ့။ အရင်က ၁၀၀၀ ဆိုရင် ကြက်ဥ ၄ လုံးလောက် စားရတယ်။ အခုက ပိုက်ဆံရှိရင်တောင် ဝယ်ချင်တိုင်း ဝယ်လို့မရဘူး။ စက်သုံးဆီဈေးက ၁ သိန်း ကျော်ပြီ။ ၅ ဂါလံတပုံးကို ၁ သိန်းကျော်ပြီ။ စားသုံးဆီကတော့ ၁ ပိဿာ ၃ သောင်းလောက် ဖြစ်နေတယ်။ ကျနော်တို့ဆီကို ကုန်စည်က အင်းတော်က ဝင်တယ်။ ဝန်းသိုဘက်ကလည်း ဝင်တယ်။ အဲဒီလမ်းတွေ အကုန်ပိတ်ထားတယ်။ မိသားစု တစု စာတော့ သယ်လို့ရတယ် ပြောတယ်” ဟု ဆိုသည်။

၎င်းက ဗန်းမောက်တွင် ကုန်ဈေးနှုန်းများတက်နေသဖြင့် အခြေခံ လက်လုပ်လက်စားများအတွက် အခက်အခဲဖြစ်နေကြောင်း ပြောသည်။

ဗန်းမောက်မြို့ခံ အမျိုးသားကတဦးက “သူတို့ (PDF) ပြောတာက ပင်လည်ဘူးလို လုပ်ချင်တယ်ပေါ့။ ပင်လည်ဘူးက မြို့ထဲမှာ လူတွေ မနေကြဘူးလေ။ သွားတာလာတာလည်း မရှိဘူး။ ကျနော်တို့မြို့ပေါ်မှာ ပြည်သူတွေက‌တော့ လောလောဆယ် မြို့ကို စွန့်ခွာတာတော့ မရှိသေးဘူး။ လောလောဆယ် အခြေအနေ ကြည့်နေကြတာပေါ့” ဟု ဆိုသည်။

ဗန်းမောက်တွင် မြို့ကို စွန့်ခွာရန် PDF က ညွှန်ကြားထားခြင်း ရှိမရှိနှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် ဗန်းမောက် မြို့နယ်ပြည် သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တာဝန်ရှိသူနှင့် ဗန်းမောက်မြို့နယ်ရှိ PDF သတင်းများအား ဖော်ပြပေးနေသော Banmauk Revolution– BR အဖွဲ့အား ဧရာဝတီက အွန်လိုင်းမှတဆင့် စာပို့မေးမြန်းထားသော်လည်း ယခု သတင်းရေးသားချိန်အထိ အကြောင်းပြန်ခြင်း မရှိပေ။

ဗန်းမောက်မြို့နယ် အာဏာသိမ်းမှုဆန့်ကျင်ရေး အင်အားစုများ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီကမူ ဗန်းမောက်တွင် ကုန်စည် အဝင်နည်းနေပြီး ကုန်ဈေးနှုန်းတက်သည်မှာ မှန်ကန်သော်လည်း အသေးစိတ် အခြေအနေကို မသိရသေးကြောင်း ဧရာဝတီကို ပြောသည်။

အဆိုပါ ကော်မတီ၏ တာဝန်ရှိသူတဦးက “ကုန်ဈေးနှုန်းတက်တယ်ဆိုတာ မှန်ပါတယ်။ မြို့ထဲက သူငယ်ချင်းတွေ ပြောတာလည်း ရှိပါတယ်။ ပစ္စည်းတွေ အဝင်မရှိဘူး ဆိုတာတော့ ဟုတ်ပါတယ်။ အကြောင်းစုံ သိရရင် ပြန်ဆက်သွယ်ပေးထားပါ့မယ်” ဟု ဆိုသည်။

ဗန်းမောက်မြို့သည့် လူဦးရေ ၂ သိန်းကျော် နေထိုင်သည့်မြို့ဖြစ်ပြီး ရွှေတူးဖော်သည့် လုပ်ငန်းများရှိသဖြင့် အခြားမြို့များမှ လာရောက်နေထိုင် အလုပ် လုပ်ကိုင်သူများလည်း ရှိသည်။ မကြာသေးသည့် မေလ ၁၈ ရက် နေ့လယ် ၁၂ နာရီဝန်းကျင် ကလည်း ဗန်းမောက်မြို့ ရှိ ရဲစခန်းထဲမှ လက်နက်ကြီး လက်နက်ငယ်ဖြင့် ပစ်ခတ်မှုများရှိကြောင်း ဗန်းမောက်ဒေသခံ အချို့ က ပြောသည်။

စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များသည်လည်း မေလတတိယပတ်မှ စတင်ကာ PDF များ တပ်စွဲခဲ့ဖူးသည့် ဗန်းမောက်မြို့ အနောက်မြောက်ဘက်ရှိ ရွာအချို့အား စစ်ကြောင်းထိုး ဝင်ရောက်နေပြီး စစ်ကောင်စီတပ်၏ စစ်ကြောင်းကြောင့် ကြောင် လည်၊ နားပင်၊ မံလူ၊ ပါထွန်နှင့် ကံကြီးကုန်း စသည့် ရွာများမှ ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဗန်းမောက်ဒေသခံအချို့က ဆိုသည်။

RelatedPosts

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
1
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
14
စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

11 January 2026
26

You may also like these stories:

မုန်တိုင်းဒဏ်ခံရသူများ စားနပ်ရိက္ခာလိုအပ်၊ ကုလက သွားခွင့်ရရန် ညှိနှိုင်းနေဆဲ

မုန်တိုင်းဒဏ်သင့် မြောက်ဦး၌ ရေသန့်နှင့်အမိုးအကာများ အရေးပေါ်လို

ဆိုင်ကလုန်းမိုခါကြောင့် သေဆုံးသူ ၂၀၀ ကျော်အထိ မြင့်တက်လာ

အာဏာသိမ်းစစ်ကောင်စီ လက်နက် ဒေါ်လာ ၁ ဘီလီယံဖိုး ဝယ်ယူ

Your Thoughts …
Tags: PDFတိုက်ပွဲဗန်းမောက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
ငြိမ်းချမ်းရေး ကဗျာဆရာ၊ စာရေးဆရာကြီး ဒဂုန်တာရာ

အနုပညာ နှင့် ငြိမ်းချမ်းရေး

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့က ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် နှစ်သစ်ကူးပွဲတော် ကျင်းပနေသူများ / AFP

ကမ္ဘာ့အညွှန်းကိန်းများတွင် မြန်မာပြည် စိုးရိမ်ဖွယ် အဆင့်ချိတ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved