• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်းအမျိုးသမီးတဦး ပန်ဆန်းတွင် လူကုန်ကူးခံရပြီးနောက် ပြန်လွတ်လာ

by ဧရာဝတီ
1 June 2023
in သတင်း
A A
ပန်ဆန်းတွင် လူကုန်ကူးခံရသူသည့် ထိုင်းအမျိုးသမီး ၁ ဦး ပြန်လွတ် / MAESAIPRESS

ပန်ဆန်းတွင် လူကုန်ကူးခံရသူသည့် ထိုင်းအမျိုးသမီး ၁ ဦး ပြန်လွတ် / MAESAIPRESS

3.5k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်နယ်မြေ ပန်ဆန်းမြို့တွင် လူကုန်ကူးခံရသော အသက် ၂၅ နှစ်အရွယ် ထိုင်းအမျိုးသမီးတဦးကို ထိုင်းနှင့်မြန်မာတာဝန်ရှိသူများပူးပေါင်းပြီး ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းထိုင်းအမျိုးသမီးမှာ ထိုင်းနိုင်ငံ နခွန်ရာချာစီမာမြို့တွင် နေထိုင်သူဖြစ်ပြီး လူကုန်ကူးသူများက TikTok အက်ပလီ ကေးရှင်းမှတ ဆင့် တာချီလိတ်ရှိ ကာရာအိုကေ (KTV) ဖျော်ဖြေရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်ရမည်ဟု စည်းရုံးသိမ်း သွင်းပြီးနောက် တရုတ်-မြန်မာနယ်စပ် ပန်ဆန်းမြို့ရှိ တရုတ်စီးပွားရေးလုပ်ငန်းရှင်များထံ ရောင်းစားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနများ ၏ ဖော်ပြထားချက်အရ သိရသည်။

ထို့နောက် အဆိုပါ အမျိုးသမီးသည် ထိုင်းအာဏာပိုင်များထံ ၎င်းအနေဖြင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားနယ်မြေတခုတွင် လူကုန်ကူးခံထားရကြောင်း အွန်လိုင်းမှတဆင့်ဆက်သွယ်ကာ အကူအညီတောင်းခံပြီးနောက် ထိုင်းနိုင်ငံလူကုန်ကူးမှုတိုက် ဖျက်ရေးအဖွဲ့က မေလ ၂၆ ရက်တွင် ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုင်း ဒုရဲချုပ် Pananchai Chuenchaitham က “သူ လွတ်မြောက်ရေးအတွက် မြန်မာအာဏာပိုင်တွေနဲ့ အစွမ်းကုန်ညှိနှိုင်း ဆောင်ရွက်ခဲ့ရပါတယ်။ သူဟာ တာချီလိတ်ကတဆင့် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း ‘ဝ’ အထူးအုပ်ချုပ်ခွင့်ရဒေသ (၂) ကို ရောက်ရှိသွားတာပါ” ဟု ထိုင်းသတင်းဌာနများကို ပြောသည်။

ပန်ဆန်းတွင် လူကုန်ကူးခံရသူသည့် ထိုင်းအမျိုးသမီး ၁ ဦး ပြန်လွတ် / MAESAIPRESS

အဆိုပါ လူကုန်ကူးခံရသည့် ထိုင်းအမျိုးသမီးကို ပြီးခဲ့သည့် မေလ ၂၉ ရက် နေ့လယ်ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင် အမှတ်(၂) ချစ်ကြည်ရေးတံတားမှတဆင့် ထိုင်းနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၏ လာရှိုးမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက “လူကုန်ကူးမှုတွေကို ကျနော်တို့က ပြတ်ပြတ်သားသား ထိထိရောက်ရောက် အရေးယူဖမ်းဆီးမှုတွေ လုပ်နေပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ဝပြည်နယ်အတွင်း ဖြစ်ပေါ်နေသော လူကုန်ကူးခံရမှုဖြစ်စဉ်များအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင် ရွက်ပြီး လုပ်ကိုင်လျက်ရှိကြောင်းလည်း ၎င်းက ဆိုသည်။
ဦးညီရမ်းက “ကျနော်တို့ဆီမှာ ကောင်းကောင်းမွန်မွန် အလုပ်လုပ်နေကြတဲ့လူတွေလည်း ရှိနေကြတာပဲ။ ပြီးတော့ ဒီလို ကိစ္စတွေက ဝပြည်နယ်အတွင်းမှာ ဖြစ်ပျက်နေတာလည်း မဟုတ်ပါဘူး။ နယ်စပ်ဒေသဆိုတော့ ဒီလိုကိစ္စတွေက ကျနော်တို့ တဖွဲ့တည်း ဖမ်းဆီးနှိမ်နင်းနိုင်တဲ့ကိစ္စလည်း မဟုတ်ပါဘူး” ဟု ပြောသည်။
ပြီးခဲ့သည့်နှစ်အတွင်းကလည်း ဝ ထိန်းချုပ်နယ်မြေအတွင်း တရုတ်ကုမ္ပဏီများက နှိပ်စက်ပြီး တိုက်ပိတ်ထားသည့် စစ်ကိုင်း တိုင်းမှ မြန်မာလူငယ် ၁၃ ဦး အပါအဝင် ထိုင်းနိုင်ငံသားတချို့ကို ကယ်ထုတ်နိုင်ခဲ့သော ဖြစ်စဉ်များလည်း ရှိခဲ့သေးသည်။

တရုတ်အွန်လိုင်းလောင်းကစားနှင့် လူလိမ်ကုမ္ပဏီများသည် လစာမြင့်မြင့်ပေး၍ မက်လုံးပေးကာ ဝန်ထမ်းခေါ်ယူမှုများပြု လုပ်ပြီး ကမ္ဘာတဝှမ်း လိမ်လည်မှုများအား မြန်မာနိုင်ငံနယ်စပ်ဒေသများရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ် ရာဒေသများ၌ အခြေစိုက်လှုပ်ရှားလျက်ရှိကြောင်း သိရသည်။

You may also like these stories:

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.3k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
76
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
60

“ဝ”ဒေသရှိ တရုတ်ကုမ္ပဏီများထံ လူကုန်ကူးခံရသူများ ထပ်မံ ရောင်းစားမည်ဟု ခြိမ်းခြောက်ခံရ

မြန်မာအခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်းလက်မှ ဖိလစ်ပိုင် ၈ ဦး လွတ်မြောက်

ဝမ်းရေးအကျပ်အတည်းက လူကုန်ကူးမှုသားကောင် ပိုများလာသလား

နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု နှိမ်နင်းရေး စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရန် တရုတ်ကြိုးစားနေ

Your Thoughts …
Tags: UWSAတရုတ်-မြန်မာနယ်စပ်ထိုင်းအမျိုးသမီးပန်ဆန်းလူကုန်ကူး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

SSPP ၏ မဟာမိတ် UWSA တပ်သားများ / ဧရာဝတီ

သံလွင်မြစ်ကို ကူးလာတဲ့ UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ

by ကိုဦး
12 April 2023
57.6k

နွေဦးတော်လှန်ရေးတွင် အကျိုးအမြတ်အရှိဆုံးက UWSA ဖြစ်သည်ဟု အချို့သုံးသပ်သည်။

နမ့်ခမ်း-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ် TNLA ပြန်ဖွင့်

နမ့်ခမ်း-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ် TNLA ပြန်ဖွင့်

by မိုင်းခြိူဝ်းဇာရ်
4 May 2024
3.9k

ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့တောင်ဘက် ရွှေလီမြစ်အနောက်ဘက်ကမ်းရှိ နောင်တောင်း နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ဧပြီ ၂၉ ရက်တွင် TNLA ၏ အကောက်ခွန်ဌာနက ပြန်လည်ဖွင့်လှစ်ပေးလိုက်ကြောင်း ကုန်သည်များထံမှ သိရသည်။

မြေရှားသတ္တု အနာဂတ်ပိုင်ရှင်သစ် KIA ဖြစ်လာ

မြေရှားသတ္တု အနာဂတ်ပိုင်ရှင်သစ် KIA ဖြစ်လာ

by ဧရာဝတီ
12 November 2024
3.9k

ဒေါ်လာဘီလီယံချီတန်သည့် မြေရှားသတ္တုများထွက်ရှိရာ တရုတ်-မြန်မာနယ်စပ် ကချင်အထူးဒေသ-၁ နယ်မြေအား ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြေရှားသတ္တုထုတ်လုပ်မှုလုပ်ငန်းများ၏ အနာဂတ်အုပ်စိုးသူသစ်အဖြစ် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က နေရာယူလိုက်ပြီ ဖြစ်သည်။

မြန်မာပြည်တွင်းရှိ အွန်လိုင်းလောင်းကစားရာဇဝတ်မှုများ အမြစ်ဖြတ်ချေမှုန်းမည်ဟု တရုတ်ဆို

မြန်မာပြည်တွင်းရှိ အွန်လိုင်းလောင်းကစားရာဇဝတ်မှုများ အမြစ်ဖြတ်ချေမှုန်းမည်ဟု တရုတ်ဆို

by ဧရာဝတီ
26 July 2023
3k

မြန်မာသည် တရုတ်အပါအဝင် သက်ဆိုင်ရာအိမ်နီးချင်းများနှင့် နောက်ဆက်တွဲ တိုက်ဖျက် နှိမ်နင်းရေး လှုပ်ရှားမှုများ ညှိနှိုင်းဆောင်ရွက်ရေး ယန္တရားတခု ထူထောင်ရန် ဆွေးနွေးနေပြီး မြန်မာပြည်တွင်း၌ ဆက်သွယ်ရေး လိမ်လည်မှုများ၊ လောင်းကစားမှုများနှင့် ဆက်စပ်နေသော မသမာသူများကို ဖမ်းဆီးကာ

တရုတ်-မြန်မာ နယ်စပ်ဖြတ်ခွင့် စာအုပ်အနီ သိန်း ၅၀ ကျော် ဈေးပေါက်နေ

တရုတ်-မြန်မာ နယ်စပ်ဖြတ်ခွင့် စာအုပ်အနီ သိန်း ၅၀ ကျော် ဈေးပေါက်နေ

by ဧရာဝတီ
28 September 2023
3k

တရုတ်-မြန်မာနယ်စပ် မူဆယ်၊ နမ့်ခမ်း ဒေသခံများကိုသာ ထုတ်ပေးသော ၁ နှစ်သက်တမ်းရှိ တရုတ်-မြန်မာ နယ်စပ်ဖြတ် ကျော်ခွင့်စာအုပ်အနီ တအုပ်လျှင် ကျပ် ၃၅ သိန်းမှ သိန်း ၅၀ ကျော်ထိ ပေါက်ဈေးရှိလာနေကြောင်း ဒေသခံများထံမှ သိရသည်။

သူတို့ကို အပြတ်ရှင်းချင်တာလားလို့ BGF မေးခွန်းထုတ် (ရုပ်/သံ)

သူတို့ကို အပြတ်ရှင်းချင်တာလားလို့ BGF မေးခွန်းထုတ် (ရုပ်/သံ)

by ဧရာဝတီ
22 January 2025
1.8k

ကရင်ပြည်နယ်၊ မြဝတီမြို့မှာဖြစ်ပွားနေတဲ့ ကျားဖြန့်လို့ခေါ်တဲ့ ငွေလိမ်ဂိုဏ်းတွေနဲ့ လူကုန်ကူးမှုပြဿနာတွေကိုအကြောင်းပြုပြီး သူတို့ကို အပြတ်ရှင်းချင်တာလားလို့ ကရင်အမျိုးသားတပ်မတော် (KNA)လို့အမည်ပြောင်းထားတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF)အဖွဲ့က မေးခွန်းထုတ်လိုက်ပါတယ်။

Next Post
ကချင်ပြည်နယ်၊ မြေရှားသတ္တုတူးဖော်ရာတွင် သုံးသည့် ဓာတုဆေးအိတ်များ / Maran

စစ်ကောင်စီလက်ထက် တရားမဝင် သတ္တုတူးဖော်မှု ပိုကျယ်ပြန့်လာနေ

၂၀၁၈ ခုနှစ် ထိုင်းနိုင်ငံခရီးစဉ်အတွင်း ဘုန်းကြီးကျောင်းတခုသို့ မင်းအောင်လှိုင်နှင့် သူ့ဇနီးတို့ သွားရောက်စဉ်

ထိုင်းနဲ့မြန်မာ ကိုး ဆယ်ဆ ကွာလိမ့်မယ်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

5 hours ago
2.3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved