• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

KNU ထိန်းချုပ်နယ်မြေများ ပိုမို ကျယ်ပြန့်လာနေ ဟုဆို

by စောရယ်
22 February 2024
in သတင်း
A A
KNU ထိန်းချုပ်နယ်မြေများ ပိုမို ကျယ်ပြန့်လာနေ ဟုဆို

KNLA တပ်ဖွဲ့ဝင်များ/ KNU

3k
VIEWS
Share on FacebookShare on Twitter

ကရင် အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၃ ခု အခြေစိုက် လှုပ်ရှားရာ နယ်မြေများတွင် ထိန်းချုပ်နယ်မြေ ကျယ်ပြန့်လာကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး၏ ပြောကြားချက်အရ သိရသည်။

ပဒိုစောတောနီးသည် ၂၀၂၄ နှစ်ဆန်းပိုင်းက KNU တပ်မဟာ ၁ အခြေစိုက်ရာ သထုံခရိုင်၊ တပ်မဟာ ၃ အခြေစိုက်ရာ ညောင် လေးပင်ခရိုင်နှင့် တပ်မဟာ ၆ အခြေစိုက်ရာ ဒူးပလာယာခရိုင်တို့ရှိ ရှေ့တန်းစစ်မြေပြင်များသို့ သွားရောက်ခဲ့ပြီး ခရီးစဉ် အတွင်း မြင်တွေ့ခဲ့ရသည်များကို ပြန်လည် ပြောပြသည့် ရုပ်သံ ထုတ်ပြန်လာခြင်းဖြစ်သည်။

ပဒိုစောတောနီးက မြဝတီမြို့အနီးရှိ လက်ခတ်တောင်ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၂၃ ရက်ကတည်းက KNU လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) တပ်မဟာ ၆ သိမ်းယူခဲ့ပြီး စစ်ကောင်စီတပ်၏ တန်ပြန်ထိုးစစ် ၁၃ ကြိမ်ကို အနိုင်ယူနိုင်ခဲ့ကြောင်း ရုပ်သံဖိုင်တွင် ပြောသည်။

ပဒိုစောတာနီး၏ ပြောဆိုချက်အရ KNU သည် တပ်မဟာ ၆ နယ်မြေတွင် မြဝတီမြို့ဝန်းကျင်မှသည် ကျုံဒိုးမြို့အထိ ကျေးလက်ဒေသကို အခြေပြုကာ အာရှလမ်းမတကြောအား ထိန်းချုပ်ထားသည်ဟု နားလည်ရသည်။

၎င်းက “အနေအထားက ရှင်းရှင်းလေးပဲ။ ကျနော်တို့တပ်ဖွဲ့က တကြောလုံးယူထားပြီးတော့ ဟိုးအောက်ဘက် လှိုင်ဝတို့ ကိုးတိုင်တို့၊ ၇ တိုင်တို့ ကျုံဒိုးအထိ နေရာယူထားတာရှိတယ်။ အဲဒီအပိုင်းမှာ ပြောရမယ်ဆိုရင်တော့ အာရှလမ်းမကြီး တခု လုံးဟာ ကျနော်တို့လက်ထဲကျသွားပြီဆိုတာ ဒီဇင်ဘာ ၁ ရက်ကတည်းက ထိန်းချုပ်တယ်ဆိုတာ ပြောလို့ရတယ်” ဟု ဆို သည်။

အလားတူ KNU တပ်မဟာ ၃ နယ်မြေတွင်လည်း ယခင်က KNU သည် ကျောက်ကြီး၊ မုန်းနှင့် ရွှေကျင်ဆိုသည့် မြို့နယ် ၃ မြို့နယ်၏ ကျေးလက်ဒေသများကိုသာ ဩဇာဖြန့်ကျက်ထားနိုင်ရာမှ ယခုအခါ စစ်တောင်းမြစ်အနောက်ဘက်ကမ်း ဖြူး၊ မဒေါက်၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ပဲနွယ်ကုန်းနှင့် နတ်သံကွင်းဒေသအထိ ရွာပေါင်း ၆၀ ထက်မနည်းကို စိုးမိုးထား နိုင်ကြောင်း ပဒိုစောတောနီး ပြောပြချက်အရ သိရသည်။

KNU တပ်မဟာ ၁ အခြေစိုက်ရာ သထုံခရိုင်ထဲရှိ ဘီးလင်း၊ သိမ်ဇရပ်၊ ကျိုက်ထိုနှင့် ဘားအံမြို့နယ်များတွင်လည်း စိုးမိုး နယ်မြေများ ပိုများလာနေကြောင်း ပဒိုစောတောနီးက ပြောသည်။

၎င်းက “ကျိုက်ထိုဆိုရင် ကျိုက်ထီးရိုးပတ်ဝန်းကျင် လျှောက်သွားလို့ရတဲ့ အနေအထားရောက်သွားတယ်။ အာလူးကြီး၊ အာလူးလေးဆိုရင် လူတိုင်းသိတယ်။ ဒါက အာရှလမ်းမကြီးဘေးမှာပဲ။ ကျိုက်ထိုမြို့နယ်ဆိုရင် ရွှေကျင်မြို့နယ်နဲ့ ဆက် စပ်နေတာ။ သိမ်ဇရပ်ဆိုရင် ကျနော်တို့ မြို့ကို မသွားဘူးဆိုပေမယ့် သွားမယ်ဆိုရင် ဆိုင်ကယ်နဲ့ ၅ မိနစ် ၆ မိနစ်လောက် သွားလို့ရတဲ့ နေရာအထိ ရောက်ခဲ့တယ်။ သိမ်ဇရပ်ဆိုရင် ရထားလမ်း၊ ကားလမ်းနဲ့ သိပ်မဝေးတဲ့ စစ်တောင်းမြစ်ကမ်း အထိကို ကျနော်တို့ရောက်လာနိုင်ပြီ။ အဲဒီနေရာတွေအကုန်လုံးက ကျနော်တို့ စိုးမိုးနယ်မြေ ဖြစ်သွားတယ်” ဟု ဆိုသည်။

KNU ၏ တပ်မဟာ ၃ ခုနယ်မြေ၌ စစ်ကောင်စီတပ်သည် တပ်စခန်း၏ အပြင်ဘက်သို့ ထွက်မရဲဘဲ ခံစစ် အနေအထား သာရှိကြောင်း ပဒိုစောတောနီးက ရှင်းပြသည်။

KNU အနေနှင့် စိုးမိုးနယ်မြေများ ကျယ်ပြန့်လာနေသော်လည်း မြို့သိမ်းတိုက်ပွဲကို မလိုအပ်ပါက လုပ်ဆောင်မည် မဟုတ်ကြောင်း ၎င်း၏ ပြောဆိုချက်အရ သိရသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
64
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
25
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
76

ပဒိုစောတောနီးက “နယ်မြေစိုးမိုးမှုအပိုင်းမှာကတော့ မြို့ကို ကျနော်တို့ မလိုအပ်ဘဲနဲ့ အသေမခံနိုင်ဘူး။ ပြောရမယ် ဆိုရင် ရှေ့ဆက်ရမယ့် ခရီးက အများကြီးရှိသေးတယ်လေ။ အဲဒါကြောင့်မို့ ဒီအခြေအနေ ဒီကာလမှာ ဘယ်လောက် အထိ ထိန်းချုပ်နိုင်သလဲဆိုတာ ပြောချင်တာ။ အဲဒါကို မျက်စိနဲ့မြင်ခဲ့ရတယ်” ဟု ၎င်းက ဆိုသည်။

You may also like these stories:

အပြိုင်အဆိုင် စစ်သားစုမှုကြား ပူပန်နေရတဲ့ ရှမ်းပြည်သားတွေ

မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

စစ်ကောင်စီ ရဟတ်ယာဉ် KNU ပစ်ချ၊ လိုက်ပါလာသည့် ၄၄ တပ်မမှူး သေဆုံး

Your Thoughts …
Tags: KNUထိန်းချုပ်နယ်မြေဒူးပလာယာခရိုင်
စောရယ်

စောရယ်

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

by ဧရာဝတီ
24 January 2024
21.8k

ဇန်နဝါရီ ၂၁ ရက်မှစတင်ကာ BGF တပ်များအနေဖြင့် စစ်တပ်နှင့်ပူးတွဲစစ်ဆင်ရေးဝင်နေသည့် ရှေ့တန်းစခန်းများမှ ပြန်လည်ဆုတ်ခွာခဲ့ကာ ဌာနချုပ်ရှိရာ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသနှင့် တပ်ရင်းစခန်းများတွင် ပြန်လည်စုဖွဲ့ထားပြီး တစုံတရာ ထပ်မံ ညွှန်ကြားမှု မရှိသေးကြောင်း

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

စစ်ကောင်စီ ရဟတ်ယာဉ် KNU ပစ်ချ၊ လိုက်ပါလာသည့် ၄၄ တပ်မမှူး သေဆုံး

စစ်ကောင်စီ ရဟတ်ယာဉ် KNU ပစ်ချ၊ လိုက်ပါလာသည့် ၄၄ တပ်မမှူး သေဆုံး

by ဧရာဝတီ
29 January 2024
17.6k

တပ်မ ၄၄ ၏ တပ်မမှူးအသစ် ဗိုလ်မှူးကြီး အေးမင်းနောင်သည် သင်္ကန်းညီနောင်ဗျူဟာသို့ လာရောက် မည့်သတင်းကို ရရှိထားသည့်အတွက် ကော်ဘရာစစ်ကြောင်းမှ အချိန်ယူ၍ အသင့်စောင့်ဆိုင်းခဲ့ပြီး ပစ်ချနိုင်ခဲ့ခြင်း

Next Post
KNU နှင့် ရာဇဝတ်ကွန်ရက် KK Park အပိုင်း -၁ (ရုပ်/သံ)

KNU နှင့် ရာဇဝတ်ကွန်ရက် KK Park အပိုင်း -၁ (ရုပ်/သံ)

ဝ ဒေသထုတ် သံဖြူ အခွန်တိုးမြှင့်မှု တရုတ် ထိခိုက်

ဝ ဒေသထုတ် သံဖြူ အခွန်တိုးမြှင့်မှု တရုတ် ထိခိုက်

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved