• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရိုဟင်ဂျာများကို စစ်ကောင်စီ စစ်သားစုဆောင်းနေ

by ဧရာဝတီ
24 February 2024
in သတင်း
A A
ရိုဟင်ဂျာများကို စစ်ကောင်စီ စစ်သားစုဆောင်းနေ

၂၀၁၈ ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားခြံစည်းရိုး တဘက်က ရိုဟင်ဂျာများ/AFP

2.6k
VIEWS
Share on FacebookShare on Twitter

စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည်နယ်အတွင်းမှ ရိုဟင်ဂျာလူငယ်များအား စစ်မှုထမ်းရန် စစ်ကောင်စီက ဖိအားပေး စာရင်းကောက်ယူမှုသည် စစ်မြေပြင်တွင် လူသားဒိုင်းအဖြစ်အသုံးချရန် ကြိုးပမ်းခြင်းသာဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ဝေဖန်ပြောဆိုသည်။

ဖေဖော်ဝါရီ ၁၀ ရက်တွင် စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေအား အသက်သွင်းခဲ့ပြီးနောက် ၁၅ ရက်မှစတင်ကာ စစ်တွေ၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့ရှိ ရိုဟင်ဂျာရပ်မိရပ်ဖများကို ဖိအားပေးပြီး ကျေးရွာအကြီးအငယ်အလိုက် လူ ၅၀ မှ ၁၀၀ ထိ စာရင်းပေးခိုင်းနေကြောင်း သိရသည်။

ဦးအောင်ကျော်မိုးက “အမှန်က ရိုဟင်ဂျာတွေကို စစ်မှုထမ်းခိုင်းမယ်ဆိုတဲ့ စကားရပ်အစား လူသားဒိုင်းအဖြစ် စစ်ပွဲတွေမှာ အသုံးချမယ့်ကိစ္စဆို ပိုမှန်ပါတယ်။ ဒါဟာ စစ်ကောင်စီအနေနဲ့ သူခြေကုပ်မြဲဖို့ ရိုဟင်ဂျာတွေကို လူသားဒိုင်းအဖြစ် အသုံးချတာပါ။ အဓမ္မဖိအားပေးပြီး စစ်မှုထမ်းခိုင်းတဲ့ကိစ္စကို ကျနော့်အနေနဲ့ ရှုတ်ချကန့်ကွက်ပါတယ်” ဟု ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် (AA) ၏ ထိုးစစ်ဆင်မှုကြောင့် စစ်ကောင်စီအနေဖြင့် ရခိုင်မြောက်ပိုင်းရှိ တပ်စခန်းများနှင့် မြို့အားလုံးနီးပါး လက်လွှတ်ခဲ့ရပြီးနောက် ၎င်းတို့ ထိန်းချုပ်မှုအောက် ရှိနေသေးသည့် ဒေသများမှ ရိုဟင်ဂျာများအား ရပ်ရွာကာကွယ်ရေးအကြောင်းပြကာ စစ်သင်တန်းပေးရန် လုပ်ဆောင်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်ကလည်း ကျောက်ဖြူမြို့နယ်၊ ကျောက်တလုံး ဒုက္ခသည်စခန်းတွင် နေထိုင်သော ရိုဟင်ဂျာဦးရေ ၁၆၀ ခန့်ကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခြေမြန်တပ်ရင်း ခမရ-၅၄၂ မှ ဗျူဟာမှူးတို့ ပါဝင်သည့်အဖွဲ့က စာရင်းကောက်ယူမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများအား ကိုးကားပြီး နိုင်ငံတကာသတင်းဌာနများက ဖော်ပြခဲ့သည်။

စစ်ကောင်စီဘက်က ယခုကဲ့သို့ စစ်မှုထမ်းရန် ဖိအားပေးလုပ်ဆောင်မှုအပေါ် ဒေသခံရိုဟင်ဂျာများက လက်မခံသော်လည်း လွတ်လပ်စွာသွားလာခွင့် ကန့်သတ်ခံထားရသည့် ၎င်းတို့အနေဖြင့် ရှောင်လွှဲရန်ခက်ခဲသော အခြေအနေရှိနေကြောင်း ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ကိုနေဆန်းလွင်က ပြောသည်။

၎င်းက “ရိုဟင်ဂျာတွေကတော့ စစ်တပ်ထဲ မဝင်ချင်ကြဘူး။ အခု ဝင်ခိုင်းတာက နိုင်ငံတော်ကာကွယ်ရေးအတွက်မဟုတ်ဘဲ သူတို့ စစ်ရှုံးနေတဲ့ AA ကို တိုက်ခိုက်ဖို့အတွက်ရယ်၊ ရိုဟင်ဂျာတွေကို လူသားဒိုင်းအနေနဲ့သုံးဖို့ရယ် ဖြစ်တယ်။ စစ်ကောင်စီက စစ်ရှုံးပြီး အကျပ်အတည်းထဲ ရောက်နေတဲ့အတွက် လူ့အဖွဲ့အစည်းနှစ်ခုကို ရန်တိုက်ပေးပြီး ပြဿနာဖန်တီးပေးနိုင်ရင် သူတို့အတွက် နည်းနည်းလေး ချောင်သွားမယ်လို့ ယူဆနေပုံရတယ်” ဟု ဆိုသည်။

၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခနှင့် လူမျိုးရေးပဋိပက္ခများအတွင်း မြန်မာစစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာများစွာ သေဆုံးခဲ့ရပြီး ၇ သိန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ရသည်။

ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး မြန်မာစစ်တပ်သည် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်သည့် စွပ်စွဲချက်ဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရားရင်ဆိုင်နေသည်။

နေရပ်စွန့်ခွာထွက်ပြေးသွားရသည့် ရိုဟင်ဂျာများ ပြန်လည်လက်ခံရေး စစ်ကောင်စီက လုပ်ဆောင်နေသည်ဆိုသော်လည်း လက်ရှိ ရခိုင်ပြည်နယ်အတွင်းနေထိုင်သော ရိုဟင်ဂျာအများစုအား နိုင်ငံသားအသိအမှတ်ပြုကတ်များ ထုတ်ပေးခြင်း မရှိသကဲ့သို့ နယ်ကျော်သွားလာခွင့်ကိုလည်း ကန့်သတ်ထားသည်။

ဦးအောင်ကျော်မိုးက “အဓမ္မစစ်မှုထမ်းခိုင်းတာကို ရှောင်လွှဲဖို့ နည်းမျိုးစုံနဲ့ လူတိုင်းလိုလို ကြိုးစားနေကြတယ်။ ရိုဟင်ဂျာတွေကျ စစ်ကောင်စီလက်ကလွတ်ဖို့ ကြိုးစားခွင့်တောင်မရှိတဲ့ အခြေအနေဖြစ်တယ်။ ရခိုင်ဒေသမှာတင် ရိုဟင်ဂျာတွေက မြို့နယ်တခုကနေတခုကို သွားလာဖို့ ကန့်သတ်ခံထားရတယ်။ ပြေးလမ်းမရှိလို့ အဓမ္မ စစ်သား စုဆောင်းတဲ့အထဲ အဖမ်းခံလိုက်ရတဲ့ ရိုဟင်ဂျာတွေ ရှိနေတယ်” ဟု ပြောသည်။

လတ်တလော ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီကြား ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြားနှင့် စစ်တွေမြို့နယ်တို့တွင် ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၁၆ ရက်ထိ ရိုဟင်ဂျာ ၄၂ ဦး သေဆုံးခဲ့ရပြီး ၁၀၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းနှင့် ၂ သောင်းခန့် စစ်ဘေးတိမ်းရှောင်နေရ ကြောင်း ရိုဟင်ဂျာအရေးဆောင်ရွက်နေသော Rohingya FDMN Representative Committee က ဖေဖော်ဝါရီ ၁၇ ရက်၌ ထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းမှု ၃ နှစ် ပြည့်ချိန်တွင် နိုင်ငံတဝှမ်း စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီသည် စစ်အင်အား အများအပြားဆုံးရှုံးကာ အထိနာနေချိန် ပြည်သူ့စစ်မှုထမ်းဥပဒေအား အသက်သွင်းပြီး အမျိုးသား အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းနှင့် အမျိုးသမီး အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်းရှိ သတ်မှတ်ချက်များနှင့် ကိုက်ညီသူများအား စစ်သား စုဆောင်းရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး လူငယ်များကြား စိုးရိမ်ထိတ်လန့်မှုများရှိနေပြီး အိမ်နီးချင်းနိုင်ငံများသို့ နည်းလမ်းမျိုးစုံဖြင့် ထွက်ပြေးတိမ်းရှောင်မှုများလည်း ရှိနေသည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
130
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
35

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
58

ကုလသမဂ္ဂ၊ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးက စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေသည် အရပ်သားပြည်သူများအတွက် ပိုမိုခြိမ်းခြောက်မှုဖြစ်လာပြီး အရပ်သားများအပေါ် အားကောင်းသည့် လက်နက်များဖြင့် တိုက်ခိုက်မှုများ နှစ်ဆတိုးလာနိုင်ကြောင်း ဖေဖော်ဝါရီ ၂၁ ရက်၌ ထုတ်ဖော်ပြောဆိုထားသည်။

လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) ကလည်း စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်အား ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ဖေဖော်ဝါရီ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ပြည်သူများအား အကြောက်တရားဖြင့် ဖိနှိပ်အုပ်ချုပ်ရန် စစ်အာဏာရှင်များ၏ ရှက်စရာကောင်းသော ကြိုးပမ်းမှုသာဖြစ်ကြောင်း ဝေဖန်ခဲ့သည်။

You may also like these stories:

AA ထိုးစစ်ကို စစ်တွေနှင့် အမ်းမှ ခုခံရန်ပြင်

တချို့လည်း အသက်စွန့်ပြီး ပင်လယ် ဖြတ်ပြေးကြတယ်

ရက္ခိုင့်တပ်တော်က အနိုင်ယူလာနေတဲ့ ရခိုင်စစ်မျက်နှာ

၂၀၂၃ တွင် ပင်လယ်ပြင်၌ ရိုဟင်ဂျာ ၅၆၉ ဦး သေဆုံး

ရိုဟင်ဂျာ ပြန်လက်ခံရေး ကြိုးပမ်းချက် နိုင်ငံရေးအသုံးချမှုဟု ဒုက္ခသည်များ ဝေဖန်

ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများ တတိယနိုင်ငံ ထွက်ခွါမှု များလာ

Your Thoughts …
Tags: စစ်ကောင်စီပြည်သူ့စစ်မှုထမ်းဥပဒေရိုဟင်ဂျာလူသားဒိုင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်မှာ ဘယ်ပြည်သူမှ တာဝန်မထမ်းချင်ဘူး (ရုပ်/သံ)

စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်မှာ ဘယ်ပြည်သူမှ တာဝန်မထမ်းချင်ဘူး (ရုပ်/သံ)

မြန်မာရဲ့ စစ်မှုထမ်း ဥပဒေရိုက်ခတ်မှု ထိုင်းဘယ်လိုကိုင်တွယ်မလဲ အပိုင်း (၂)  (ရုပ်/သံ)

မြန်မာရဲ့ စစ်မှုထမ်း ဥပဒေရိုက်ခတ်မှု ထိုင်းဘယ်လိုကိုင်တွယ်မလဲ အပိုင်း (၂)  (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved